မိဘတို့ရဲ့ထုံးစံအတိုင်း ကိုယ့်သားသမီးတွေရဲ့ အနာဂတ်ကို အကောင်းဆုံး ဖြစ်စေချင်ကြတာပေါ့။
အခုလဲလင်မယားနှစ်ယောက် တိုင်ပင်ပြီးအောက်ပါအတိုင်း စီစဉ်ကြသတဲ့။

သားလေးကျောင်းကပြန်မလာခင် စားပွဲပေါ် မှာ

ဓမ္မကျမ်းစာအုပ်ရယ်၊ ပိုက်ဆံရယ်၊ အရက်ပုလင်းရယ် တင်ထားသတဲ့။

တကယ်လို့ ဓမ္မကျမ်းစာအုပ်ကိုယူရင် ဖာသာကြီးဖြစ်မယ်ပေါ့။

ပိုက်ဆံယူရင်တော့ စီးပွားရေးသမားကြီးဖြစ်နိူင်ပြီး၊

တကယ်လို့အရက်ပုလင်းဆွဲရင်တော့ သိတဲ့အတိုင်း အရက်သမားဖြစ်မဲ့လူလို့

မှန်းကြည့်နိူင်တယ်ပေါ့လေ။

ဒီလိုနဲ့သားကျောင်းကပြန်လာတော့ လင်မယားနှစ်ယောက် အိပ်ခန်းတံခါးကြားက

ရင်တထိတ်ထိတ်နဲ့ချောင်းကြည့်နေကြတယ်။

ပထမဦးဆုံး သားက ဓမ္မကျမ်း စာအုပ်ကိုယူ လှန်လှောကြည့်ပြီး ဂျိုင်းကြားညှပ်လိုက်တယ်။

နောက် ပိုက်ဆံကို ယူပြီးအိပ်ထဲထည့်လိုက်ပါတယ်။

နောက်ဆုံးမှာ အရက်ပုလင်းကိုလဲ မပြီး သူ့အခန်းထဲဝင်သွားပါလေရော။

အဲတော့မှ အဖေလုပ်တဲ့သူက နဖူးရိုက်ပြီးထအော်ပါတော့တယ်။ အား..ဒီကောင်ကြီးလာရင်တော့ နိူင်ငံရေးသမား ဖြစ်မှာဘဲ ……တဲ့။….။

 

 

အမတ်မင်းလုပ်မယ့်သူတွေ

နိူင်ငံရေးတွေ ခေတ်စားလာတဲ့ ခုလိုအချိန်မှာ ဒီဟာသလေးကိုသတိရပြီးတင်ဆက်လိုက်ပါတယ်။ ဘော်ဒါတို့လဲ ………….ကြိုးစားထားကြအုံးဟေ့ ။။ဒီလို အရည်အချင်းစုံအောင်ပေါ့။။။။။။။။

About goldstar

Ko Oo has written 4 post in this Website..

ကျွန်တော်က ရန်ကုန်စီးပွားရေးတက္ကသိုလ် ထွက်ပေါ့။ အလုပ်ကတော့ ကျောက်မျက်ရတနာလုပ်ငန်း ။ စာအုပ်တွေ၊ ကွန်ပျူတာတွေ၊ တော့ အရမ်းကို စိတ်ဝင်စားပါတယ်။ ဒီဆိုဒ်ကို အခုမှတွေ့တာနောက်ကျတယ်လို့ခံစားရတယ်။ ကျောင်းတက်တုန်းက အဆောင်မှာ ညလုံးပေါက်ဆွေးနွေး ငြင်းခုံကြတဲ့ တက္ကသိုလ်ကျောင်းသား ဘ၀တောင်ပြန်သတိရတယ်။ ဒီလို နိုင်ငံအတွက်လိုအပ်နေတဲ့ အကျိုးကျေးဇူးများမဲ့ ဆွေးနွေးငြင်းခုံမူမျိုးတွေ ဖတ်ရတာ သိပ်တန်ဖိုးကြီးလှပါတယ်။ အဖွဲ့ဝင်အားလုံးကိုလဲ လေးစားစွာခင်မင်ပါကြောင်း။