အမှတ်တရ ပုဂံပြည် အပိုင်း – ၂
ကန်တော့ပုလ္လင်ဘုရား ဖူးအပြီးမှာ .. မြစေတေီဘုရားကို ဆက်လက်ထွက်ခွါခဲ့ကြပါတယ်..မိုးအုံနေတဲ့ အတွက် မြစေတီဘုရား က ကန်တော့ပုလ္လင်ဘုရား ရဲ့ အရှေ့ ၊ အနောက် ၊ တောင်၊ မြောက်ဘယ်မှာ ရှိသိကို မသိရှိခဲ့ပါ.. ။ လမ်းဘေးဝဲယာမှာတော့ စေတီပုထိုး အမျိုးမျိုးကို မြင်တွေ့ခဲ့ရပါတယ်..။ အဲဒီ ထဲမှာ မှ ဘယ်မှာခြမ်းမှာ တည်းထားတဲ့ မင်္ဂလာစေတီ က တော့ မိန်းကလေးများ ဦးတစ်ကြိမ်ချရင် ယောက်ျားတစ်ယောက်ရတယ်တဲ့.Guide က ပြောတာ..။ (ရွာထဲက အပျိုကြီးတွေ ကိုသတိရလိုက်တာ.. :D)
မြစေတီဘုရာ ကို ကျန်စစ်သားမင်းကြီး၇ဲ့ သားတော် ရာဇကုမာရ် တည်ထားကိုးကွယ်ခဲ့တဲ့ ဘု၇ားဖြစ်ပါတယ်။ ဖခင် ကျန်စစ်မင်းကြီးနဲ ပုံစံတူ ထုလုပ်ထားတဲ့ ဆင်းထုတော်ကို ဌာပနာထား တည်ထားကိုးကွယ်ခဲ့တာလို့ သိ၇ပါတယ်.။ မြစေတီကျောက်စာ တည်၇ှိတဲ့ နေ၇ာလည်းဖြစ်ပါတယ်။ မြစေတီဘု၇ား၇ဲ့ ထူးခြားချက်က စိန်ဖူး ၅ ခု၇ှိတာပါ..။
မြစေတီဘု၇ားပေါ်မှာ လိပ်ဥတွေတူလိုက်ကြတာ (ဓါတ်ပုံ၇ိုက်တာကို ဆိုလိုခြင်းဖြစ်သည်.).. :D ဗိုက် တဂွီဂွီမြည်လာတော့ မှ နာ၇ီကို ကြည့်မိတော့ ၁၂ နာ၇ီကျော်နေပြီ..။ ကလည်း အလိုက်သိစွာ မြန်မာဘူဖေး ထမင်းဆိုင်ကို သွားမှာ ဖြစ်ကြောင်းပြောပြပါတယ်.. ။ မြန်မာဘူဖေး ဖြစ်လာ၇ခြင်း အကြောင်း၇င်းကိုလည်း ထမင်းဆိုင်သွား လမ်းမှာ ပြောပြပါတယ်.။ ပြောပြချက်အ၇ ပုဂံဘု၇င် နရသီဟပတေ့ မင်းလက်ထက စခဲ့တာဆိုပဲ.။ နရသီဟပတေ့ မင်း ဟာ ဘီလူဝင်စားဖြစ်လို့ ဒေါသလည်း အလွန်ကြီးပြီး. ထမင်းစား၇င် ဟင်းခွက်က ၃ဝဝ ပြည့်မှ စားတယ်တဲ့..။ အဲဒီကနေ ဆင်းသက်လာတယ်ပြောတာပဲ.။ ဆိုင်ေ၇ာက်တော့ ဟင်းခွက်က ၃ဝဝ မ၇ှိပါဘူး. ၇ မျိုးလောက်တော့၇ှိမယ်ထင်တယ်..။ စားပွဲတစ်ဝိုင်မှာ လူခြောက်ယောက်စာ.။ ကုန်သွားတဲ့ ဟင်းခွက်တွေကို လိုက်ဖြည့်ပေးပါတယ်။ ဗိုက်လည်းဆာဆာနဲ တအားလွေပစ်လိုက်မယ် လို့ စိတ်ကူးထားပေမဲ့လည်း ညံဖြင်းတဲ့ ဟင်းချက်လက်၇ာကြောင့် တစ်ပန်ကန်တောင် မနည်းကုန်အောင် စာခဲ့၇တယ်..။ ကျွန်မ စားဖူးသမျှ ဗမာ အစားအစာ ထဲမှာ ဒီဆိုင်အညံဆုံးပါ..။ အမုန်းဆွဲ ၊ ဗုံကြဲ ( မှတ်ချက်။ ။ အမုန်းဆွဲ= ထမင်းစား ၊ ဗုံးကြဲ = အိမ်သာသွား ) :D အပြီးမှာ မနူဟာ ဘု၇ားကို ဆက်လက်ထွက်ခွါခဲ့ကြပါတယ်.။..
ဆက်ပါအုံးမည်…
we R one
ဟယ်..
တစ်ခါ ကန်တော့ရင် ယောက်ျား တစ်ယောက်ရသတဲ့
မှတ်ထားဦးမှ..
ဘာတဲ့..ဘာတဲ့..မင်္ဂလာ စေတီဟဲ့
ဝရုန်းပြောမှ သိတော့တယ်..
ဘူဖေးစနစ်ကို နရသီဟပတေ့မင်း တီထွင်ခဲ့တာဂိုး..
Was this answer helpful?
LikeDislikeဘာလဲ ကပေါက်ဖော် သွား ကန်တော့မလို့လား.. တစ်ခါကန်တော့၇င် ယောက်ျားတစ်ယောက်တဲ့နော်… ကန်တော့ပြီး၇င်တော့ မာမီပေါက်ဖော် လို့ဘဲနာမည်ပြောင်းလိုက်တော့.. :D
Was this answer helpful?
LikeDislikeပုဂံကတော့ ဘယ်နှစ်ခေါက်သွားသွား မရိုးပဲ ……. သွားချင်နေတဲ့ နေရာတစ်ခုပါပဲ၊ ပုဂံက တရုပ်ပြေးဘုရားပေါ်က ကြည့်ရတဲ့ ရူ့ခင်းလေးကို အရမ်းသဘောကျတယ် ………
Was this answer helpful?
LikeDislikeသရပါ တံခါး နားက ရွှေမြန်မာ မြန်မာဘူဖေး ထမင်းဆိုင် ကို မစားဖူးခဲ့ရင် ၊ မပြည့်စုံလှဘူး အမတော် ရဲ့ 
ဘုရားပုံတော်တွေ ကို ဖူးမျှော်ခွင့်ရလို့ ကျေးကျေးပါနော်
Was this answer helpful?
LikeDislikeဘယ်သိပါမလဲ… လိုက်ပို့တဲ့ ဆိုင်စား၇တာပေါ့.. ဟွန်းကြိုမပြောဘူး..လူဆိုး. :P
Was this answer helpful?
LikeDislikeအင်…တခါကန်တော့ရင်ယောကျာ်းတယောက်ရတယ်ဆိုတော့
ဟာမငေးငေးငေးအခါတရာများကန်တော့မိရင်တော့..ဟေဟေ့
Was this answer helpful?
LikeDislikeအဲဒီ ဟင်းခွက် ၃၀၀ ပြည့်အောင်စားတဲ့ မင်းလက်ထက်မှာ မုန့်ဟင်းခါးကို တီထွင်ခဲ့တာဟုပြောသံကြားဖူးသည်။ ဟင်းခွက် ၃၀၀ မပြည့်လို့ ၃၀၀ ပြည့်အောင် မုန့်ဟင်းခါးလုပ်ခဲ့လို့ မုန့်ဟင်းခါးစတင်ပေါ်ပေါက်လာသည်ဟုဆိုသည်။ ပြောသံကြားဖူးကို တဆင့်မျှ ဝေခြင်းပါ။ ဟုတ်သည်မဟုတ်သည် မသိ။ စိတ်ဝင်စားသူများ ဆက်လက် သုတေနပြု ရှာဖွေရန်။
Was this answer helpful?
LikeDislikeပုဂံလား၊ ညောင်ဦးလားတော့ မသိဘူး။
ရောက်ခဲ့တုန်းကတော့ ပုန်းရည်ကြီးသုတ် အရမ်းကောင်းပဲ။
အမုန်းဆွဲရုံမက၊ ဗုံးပါ ကြဲခဲ့သေးသကိုးးးးး
Was this answer helpful?
LikeDislikeအမုန်းက တော့ ထမင်းဆိုင်ေ၇ာက်မှ ဆွဲ၇တာ ဗုံကတော့ေ၇ာက်တဲ့ နေမှာ ကြဲတာပဲ… :D
Was this answer helpful?
LikeDislikeဖြည်းဖြည်း ကျဲနော်

မောင်ပေ့ကို မစင်စေနဲ့ ..
Was this answer helpful?
LikeDislikeအဲဒါ သူ့ မျက်နှာ မှာ အပြည့်စင်ခံလိုက်ရလို့ 
ကျေနပ်နေတဲ့ လေသံ နဲ့ မန့် ထားတာ
ကိုယ်က ရန်ကုန်မှာ မဟုတ်လို့ အေးဆေး…
ဟဲဟဲ
Was this answer helpful?
LikeDislikeခရီးသွားထုံးစံကတော့ အမုန်းဆွဲပြီး ဗုံးကျဲတာပါပဲ..
နောက်ထပ် ဘယ်နားမှာ ရပ်မှ ကျဲရမယ်မှန်း မသိတော့.. ရတဲ့ နေရာမှာ မဖြစ်ဖြစ်အောင် ကျဲရတာ ထုံးစံလို ဖြစ်နေပြီ။
ဗိုက်ဆာနေရင်တော့ ဘာမဆို စားကောင်းတာ အမှန်ပဲ..
ဘူဖေး အစ မြန်မာပေါ့..
Was this answer helpful?
LikeDislike