Mouse မပါပဲ သွားရင် Alt Tab,Win Tab ပေါ့

ညာဘက် System Trey ထဲကိုကော ဘယ်လိုသွားမလဲ ?

 

မောက်စ် မပါပဲ Taskbar,Quick Launch,System trey ထဲက ရမ်းနေတဲ့ ပဒိုဂရမ်တွေဆီ ကီးဘုတ်နဲ့ 

သွားတတ်လားခင်ည

သွားတတ်တယ်ဆို ပြန်အိပ်တော့ ဆက်မဖတ်နဲ့ တော့.. :lol:

မသွားတတ်တဲ့လူတွေ လိုက်ခဲ့ :D

 

ကျနော်တော့ လက်ကမြင်းကျောထလို့  ဟိုတစ်နေ့ ကမှ သိတာ

ဒီနည်းလေးသိထားရင် မောက်စ် မလိုပဲ USB Devices တွေပါကီးဘုတ်နဲ့  ဖြုတ်လို့ ရတယ်ဗျ

ဝါသနာပါရင် မှတ်ထားလိုက်ပါ..လွယ်လွယ်ကလေး

 

♠-အရင်ဆုံး ကီးဘုတ်ဘယ်ဘက်အောက်နားက ၀င်းဒိုးကီး ကိုနှိပ်လိုက်ပါ

 

♠-ပြီးရင် ကီးဘုတ်ဘယ်ဘက်အပေါ်ဆုံးက Esc ကီးကို ထပ်နှိပ်လိုက်ပါ

ဒါဆို Start Menu ကို အော်တို  Select လုပ်ပြီးသား ဖြစ်သွားပြီ

 

♠-အဲဒီအခါ Tab ကီးကို နှိပ်ကြည့်လိုက်

Tab Key

Start Menu ကနေ ညာဘက် Quick Launch ဆီရောက်သွားလိမ့်မယ်

Quick Launch မှာ Item ၃ ခုရှိတယ်ဆိုပါဆို့ ..သုံးခုထဲက ကိုဖွင့်ချင်တဲ့ဆီကို

ကီးဘုတ်က Right Arrow,Left Arrow ကီးကိုနှိပ်ပြီး ရောက်ရင် Enter ခေါက်လိုက်ပါ

လိုချင်တဲ့ Item ကို မျှားလေးနဲ့  ရွေးပြီး Enter

ဒါဆို သင်ဖွင့်ချင်တဲ့ ပရိုဂရမ် ပွင့်လာပါလိမ့်မယ်။

 

♠-အဲလိုပဲ Tab key နဲ့ သွား-လိုချင်တဲ့နေရာရောက်ရင် Arrow key နဲ့ ရွေး-

ရောက်ရင် Enter နှိပ်လိုက် အိုကေပြီဗျ။

 

အများအားဖြင့် အဲနေရာတွေက မောက်စ်နဲ့ ပဲ သွားလို့ ရတာများသဗျ

ဒါကတော့ မောက်စ်မလိုပဲ သွားတဲ့နည်းဖြစ်ပါတယ်..

XP,7  ၀င်းဒိုး နှစ်ခုလုံး အလုပ်လုပ်ပါတယ်..။

 

မရေးတာကြာလို့  ပုံတောင် တင်တတ်တော့ဘူး..

ညှင်း.ညှင်း.. :D

 

 

ဂျစ်စူ

About ဂျစ်စူ

has written 258 post in this Website..

စိတ်ဆတ်တယ် အကြွေးမဆပ်ဘူး