ကျုပ် ၂၀၀၄ ခုနှစ်က နောက်ဆုံးနှစ်စာမေးပွဲဖြေပြီး အလုပ်လက်မဲ့ဖြစ်နေခဲ့တယ်..

သူငယ်ချင်းတစ်ယောက်က သူနဲ့တရုတ်ပြည်လိုက်ပြီး ဆိုင်ကယ် ကယ်ရီစီးဘို့ခေါ်

တယ်..ဒါနဲ့ အလကားနေမယ့်အတူတူ မထူးဘူးဆိုပြီးလိုက်သွားခဲ့တယ်..

ပထမတစ်ခေါက်နှစ်ခေါက်ကတော့ ဗန်းမော်ကနေနမ့်ခမ်းကို ကားနဲ့သွားပြီး

အဲ့ဒီကနေမှ တဆင့် ကြယ်ခေါင်ကိုကူးတယ်..ကြယ်ခေါင်ဆိုတာကတော့

ကျုပ်တို့ဆီမှာလိုပြောရရင်ရွာပါဘဲ..ဒါပေမယ့်တော်တော်ကိုတိုးတက်တာဗျ..

ကြယ်ခေါင်မှာ ဆိုင်ကယ်ထုတ်တဲ့စက်ရုံတော့မရှိပါဘူး..ပြည်မထဲကနေ

ပစ္စည်းတွေကို ကားနဲ့သယ်လာပြီး ကြယ်ခေါင်ရောက်မှ ပြန်ဆင်တာပါ..

စရောက်တော့ ကျုပ်တော်တော်အံသြသွားတယ်..ဆိုက်ကားဆရာက

ဟန်းဖုန်းနဲ့ဗျ..ပြီးတော့ဟန်ဖုန်းတွေကြော်ငြာထားတာ တရုတ်ငွေနဲ့

၂၃၀၀ တဲ့ဗျ..အဲ့တုန်းကတော့ မြန်မာငွေနဲ့ဆိုရင်သုံးသိန်းမပြည့်ဘူးဗျ..

ကျုပ်တို့ဝယ်တဲ့ ဆိုင်ကယ်ဆိုလည်း တရုတ်ငွေ ၃၀၀၀ကနေ ၃၄၀၀ဆိုရင်ရပြီ..

ပြီးတော့ ဆိုင်ကယ်တိုင်ကီ အပြည့် ဓာတ်ဆီထည့်တာမှ မြန်မာငွေနဲ့

၁၁၀၀ဘဲကျတယ်…ကျုပ်တို့ဒီကနေယူသွားရတာက မြန်မာငွေလေးသိန်း

လောက်ပေါ့ အထုပ်လိုက်ပေါ့ဗျာ..ဟိုရောက်လို့ တ၇ုတ်ငွေနဲ့လဲပြီးသွားရင်

အင်္ကျီအိပ်ကပ်ထဲမှာ ထည့်သွားလို့ရပြီ..ကိုယ်ကြိုက်တဲ့ ဆိုင်ကယ်ကိုဝယ်ပြီးရင်

ပြင်စရာရှိတာပြင် ရပြီဆိုရင်တောက်လျှောက်ပြန်ထွက်ရင်ထွက် မထွက်ရင်လည်း

ကြယ်ခေါင်ထဲမှာညအိပ်ပေါ့..ကြယ်ခေါင်ညဈေးတန်းလေးကလည်းပျော်စရာလေးဗျ

တိုလီမုတ်စ၀ယ်စရာလေးတွေ အများကြီးပါဘဲ…ကျုပ်တို့အဖွဲ့ကတော့ ညအိပ်ပြီး

နောက်နေ့မနက်မှဘဲ ပြန်ထွက်တာများပါတယ်..မနက် ၂နာရီလောက်ကိုစပြီး

ထွက်တာပဲ ကြယ်ခေါင်ရွှေလီလမ်းမကြီးအတိုင်းစီးပြီး မန်ဝိန်းကြီးဘက်ခွဲတဲ့ဆီကနေ

စီးကြရတာပေါ့…မြန်မာပြည်ဘက်ကိုကူးတဲ့နေရာရောက်ရင်ဝေလီဝေလင်းပါဘဲ..

တရုတ်နဲ့မြန်မာကိုခြားထားတဲ့..ချောင်းကလေးကို လှေနဲ့ကူးကြရတယ်..

ချောင်းလေးမှာမြန်မာပြည်ကနေလာတဲ့ ဆိုင်ကယ်လေးတွေနဲ့ကျွန်းသစ်သယ်တဲ့

လူတွေနဲ့အမြဲဆုံပါတယ်..သူတို့ဆီမှာ လမ်းကြောအခြေအနေမေးပေါ့..သူတို့

ကလည်းပြောပြပေးတယ်ဘယ်နားဘယ်နားမှာ စစ်ကြောင်းရှိတယ် ဘယ်ကနေရှောင်ပေါ့

ဒီဘက်ကမ်းရောက်ပြီဆိုရင် တစ်တောင်တက်တစ်တောင်ဆင်းစီးကြရတော့တာပါ..

တော်ရုံသတ္တိနဲ့တော့မရဘူးဗျ..တစ်ချို့တောင်တက်တွေဆို ညာဘက်တောင်ကမ်းပါးရံဆို

ဘယ်ဘက်ကချောက်ဘဲ..နဲနဲ တွေဝေလိုက်တာနဲ့အသက်နဲ့ကိုယ်အိုးစားကွဲပြီသာမှတ်ပေါ့

မြန်မာပြည်ဘက်ရောက်ရင် ဆင်းကြတာအဓိကသုံးလမ်းရှိတယ်..အင်ဖာပါ၊ဂိုက်ထိပ်နဲ့

နဂျီအုံလမ်းဆိုပြီးတော့ပေါ့ ..တလမ်းကအခြေအနေမကောင်းရင်တလမ်းပြောင်းဆင်းပေါ့

အဲလမ်းတလျှောက်လုံးထမင်းစားရဘို့တော့မစဉ်းစားလေနဲ့..ရွာလေးတွေကရှိပေမယ့်

အိမ်ခြေက ဆယ်အိမ်ဆယ့်ငါးအိမ်အလွန်ဆုံးဘဲရှိတာ..လမ်းမှာဆင်းလိုက်စုံစမ်းလိုက်နဲ့

ပေါ့..တစ်ခါတစ်လေတော့ စစ်ကြောင်းနဲ့တိုးတာပေါ့ အစတော့ဖမ်းမယ်ဆီးမယ်ပေါ့

ကျုပ်တို့ကလည်း ဦးဝိုင်းနဲ့တေ့ပေးလိုက်တာပေါ့..ဦးဝိုင်းဆိုတာတော့သိကြမှာပါ..

ငွေပေးရတာကိုပြောတာ..စီးရတဲ့လမ်းကတချို့နေရာတွေက လား လမ်းတွေဆိုတော့

လှေကားထစ်တွေလိုနေတာ..ပထမတစ်ခေါက်နှစ်ခေါက်ကတော့ တော်တော်ကြောက်မိတယ်

အတွေ့အကြုံမရှိတာလည်းပါတာပေါ့လေ..နောက်ပိုင်းတော့ရဲသွားပြီ ဆင်ဖမ်းရမလား

ကျားဖမ်းရမလားဆိုသလိုပါ..ကြယ်ခေါင်ကနေမနက် ၂နာရီထွက်တာညနေဆို

ဟန်ထက်လို့ခေါ်တဲ့ ရွာကိုရောက်လာပါတော့တယ်..အဲ့ရွာမှာမှ မနက်စာ ညစာပေါင်းစား

ရတာ..ဒါကလည်းလမ်းမှာ အခက်အခဲမရှိမှ ရောက်တာ တစ်ခါတစ်လေဆိုတောထဲမှာ

ဘဲ ခေါက်ဆွဲခြောက်လိုဟာမျိုးနဲ့ပြီးရင်လည်းပြီးလိုက်ရတာဘဲ..ဟန်ထက်ရောက်

ပြီဆိုရင်တော့ သိပ်မပူရတော့ဘူး နောက်တနေ့ ဆိုရင် ကသာ ရောက်တော့တာကိုး

ကသာမှာ ဆိုင်ကယ်ကို ရေဆေးဆီလိုက်လုပ်ပြီး ..ရောင်းတော့တာပါပဲ….

တစ်ခေါက်ကတော့ဆိုင်ကယ်တွေက ကသာမှာ ရောင်းရတာမကိုက်ဘူးဖြစ်နေတယ်..

အမြတ်မကျန်ဘူးပေါ့ဗျာ..ဒါနဲ့ကျုပ်ကရွှေဘိုသွားရောင်းမယ်လို့

သူငယ်ချင်းတွေကိုတိုင်ပင်တယ်..ကျုပ်တို့အဖွဲ့က၆ ယောက်ရှိတယ်လေ.

.၄ ယောက်ကတော့လိုက်မယ်..၁ယောက်ကတော့ မလိုက်ဘူး

ဆိုပြီးနေခဲ့တယ်..ကျုပ်တို့ ၅ ယောက်လည်း ကသာကနေ

ညနေ ၂ နာရီကိုစထွက်တယ် ဧရာဝတီ မြစ်ကမ်းအတိုင်းစီးတယ်

နောက်တော့ ရွာတွေဖြတ်ပြီး ထီးချိုင့်ကိုရောက်တယ်

ဒီ ၅ ယောက်လုံး တစ်ယောက်မှ ရွှေဘိုထိအောင် ဆိုင်ကယ်မစီးဘူးကြဘူး..

ကျုပ်ကခေါင်းဆောင် ဘာကြောက်စရာရှိလဲပေါ့ အဖမ်းခံရလည်း

ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာနေ့တိုင်းဆင်းနေကြတာ

ဆိုင်ကယ်အစီးရေ ၁၀၀ ကျော်လောက်ရှိနေတာကိုးလို့

ပြောထားရတယ်..ထီးချိုင့်မှာ ဘော်ဒါတစ်ကောင်ရဲ့

ဆိုင်ကယ်ပျက်လို့ ပြင်နေလိုက်ရတယ် ည ၁၀နာရီလောက်မှ

ထီးချိုင့်ကနေထွက်ခဲ့ရတယ်…ထီးချိုင့်ကနေထွက်တော့ မိုးကစရွာ

ပြီ..လူ ၅ ယောက်သား စီးလာကြတာ..ဓားလည်းတစ်လက်မှမပါ.

.မီးခြစ်လေးတောင်မပါကြဘူး မဲဇာ တံတားကျော်တော့

့ကျုပ်ဆိုင်ကယ်မီးကမရတော့ဘူး…သူငယ်ချင်းနှစ်ယောက်ကဘေးက

နေ မီးထိုးပေး ကျုပ်ကအလယ်ကစီးပေါ့… မဲဇာတံတားကျော်တော့

ဒိုးပင်တောင် စတက်ရတော့တာပေါ့…မိုးကလည်းတဖွဲဖွဲရွာနေတုန်းပေါ့…

တောင်တက်တ၀က်လောက်မှာ ကတ္တရာပေါက်နေပြီး

တဆင့်ကျဖြစ်နေတာကိုရှေ့ကကောင်က တက်လိုက်တော့

မိုးရေနဲ့ချောနေတာမို့ ဆိုင်ကယ်ကတပတ်လည်ပြီး

သူ့နောက်ကကျုပ်နဲ့ ဒဲ့လာရမ်းမိတော့တာ…

မိုးကလည်းချောဆိုတော့ ရုတ်တရက်ကျုပ်ကလည်း ဘေးကိုဆွဲ

ရှောင်လိုက်ရတယ်…တော်သေးတာပေါ့ ပွတ်ကာသီကာလေး..

ဒါနဲ့ရှေ့ဆက်စီးကြတာပေါ့ ည တစ်နာရီလောက်

မှာ မိုးဒဏ်နဲ့ခိုက်ခိုက်တုန်နေပြီ..ဒါနဲ့ခဏနားကြတယ်..

မီးတွေကလည်းမိုက်လို့ပေါ့ဗျာ..အဲ့ဒီနေရာကရွာလေးပါဘဲ

ခုံလေးတွေနဲ့ဆိုတော့ ခဏနားကြတယ်..နာရီဝက်လောက်နေတော့

သွားကြမယ်ဆိုပြီး…ထွက်လာကြတယ်

ပြီးတော့ကိုယ်ဆိုင်ကယ်ကိုယ်စက်နိုးကြတာပေါ့ဗျာ.

.အဲ့ဒီအချိန်မှာ..လူတစ်ယောက်က ဟေ.ကောင်တွေရပ်စမ်း..

ဆိုတဲ့အသံနဲ့ ..ဓာတ်မီးကိုင်ပြီး..ပြေးဆင်းလာတယ်..

ကျုပ်ကလည်းသူ့အော်သံနဲ့မရှေးမနှောင်း

ဟေ.ကောင်တွေလစ်ဟေ.လို့ အော်လိုက်တော

့အကုန်လုံးတစ်ပြိုင်တည်းလစ်တော့တာပေါ့…..

တစ်ညလုံးစီးပြီးနောက်တစ်နေ့ မနက်၈နာရီမှာ

ရွှေဘိုကို ရောက်ပါတယ်…ရွှေဘိုမှာက ဆိုင်ကယ်တွေရောင်း

တဲ့ဝိုင်းရှိတယ် ရောင်းခတော့ပေးရတာပေါ့…

ကိုယ်ကရောင်းချင်တဲ့ဈေးပြောထား..၀ယ်ချင်တဲ့လူလာရင်

ပွဲစားကပိုင်ရှင်နဲ့တေ့ပေးအဆင်ပြေရင်ရောင်းပေါ့ ..

အဲ့နေ့ညနေပိုင်းမှာဘဲ ရောင်းရပါတယ်….နောက်ရက်ကိုဘဲ

ရွှေဘိုကနေ မန္တလေးကိုကားနဲ့သွားပြီး….ကျွဲဆည်ကန်ကနေ

မူဆယ်တက်တဲ့ကားကိုစီးခဲ့ရပါတယ်…ကားကည ၈နာရီလောက်မှ

မန္တလေးကနေထွက်ရတယ်….တစ်ညလုံးမောင်းပြီး….ရေပူဂိတ်ရောက်

တော့ ရှေ့ဆက်မောင်းမရလို့ အိပ်လိုက်ကျတယ်…မနက် ၅

နာရီလောက်ကျတော့ ဂိတ်ဖွင့်လို့ ဆက်မောင်းခဲ့ရတယ်..

ကွတ်ခိုင်မှာခဏနားပြီးဆက်ထွက်လာ..၁၀၅ မိုင်မှာအစစ်ဆေးခံ

၁၂ နာရီလောက်မှာ မူဆယ်ရောက် ငွေလဲပြီး ကြယ်ခေါင်ထဲ

ဝင်ပြီး ဆိုင်ကယ်ဝယ်ပြီးပြန်ဆင်းကြရပြန်ရော……

အဲလိုတစ်ခေါက်ပြီးတစ်ခေါက်ဆင်းရင်း..

လမ်းမှာတွေ့ရသမျှဟာမကျေနပ်စရာတွေများလာပါတယ်..

ကိုယ်ကသက်စွန့်ဆံဖျား…အသက်နဲ့ရင်းပြီးစီးလာခဲ့ရတာ..

အောက်ကျနောက်ကျခံတောင်းပန်ပြီး..ငွေပေး ဒါတောင်

မကိုက်ဘူးလို့ဆိုတဲ့ငနဲတွေနဲ့ကကြုံရဆိုတော့…

ကျုပ်နည်းနည်းရိုင်းလာတယ်…သိပ်လည်းမကြောက်တတ်

တော့ဘူး…မင်းဘာလဲ ငါဘာလဲပေါ့ဗျာ…..ဒါနဲ့

ပြသနာတက်မဲ့ အခေါက်က ကျုပ်တို့အဖွဲ့က မများတော့ဘူး

၃ ယောက်တည်းရယ်.. လမ်းမှာမိုးကရွာ စစ်ကြောင်းကရှိ

ဆိုတော့ တောထဲမှာ ၃ ရက်လောက်ခိုနေရတယ်…

လမ်းကြောရှင်းတော့ ဆက်ဆင်းခဲ့ရတယ်…

ဒီဘက် လမ်းကြော..ဆိုလိုတာက မြို့ပေါ်လမ်းရောက်တဲ့

အခါမှ ပြသနာက စတွေ့တာဗျို့..ဘော်ဘော်နှစ်ယောက်

ကျုပ်ရှေ့ကစီးသွားကြတယ်..ကျုပ်နဲ့တော်တော်ကွာသွား

တာပေါ့ …ကျုပ်တို့ပထမဆုံး ရွှေဘိုဆင်းတဲ့အခေါက်က

ဓာတ်မီးနဲ့ဆင်းလာပြီးတားတဲ့ဂိတ်နားရောက်တော့

ကျုပ်ကောင်နှစ်ကောင်လမ်းပေါ်မှာ..လက်နှစ်ဘက်

ခေါင်းပေါ်တင်ပြီး ပုံစံထိုင်နေရပြီ..ကျုပ်သိလိုက်တယ်ပြသနာတက်ပြီ

ဆိုတာကို..ကျုပ်ကိုလည်းရပ်ဘို့တားတယ်..အချိန်ကလည်း..

ည ၁၂ နာရီကျော်နေပြီ..အနားရောက်ပြီး ဆိုင်ကယ်အသာရပ်

အခြေအနေကိုအကဲခတ်တော့ ငနဲကတစ်ယောက်တည်း..

ကျုပ်ကို မအေကိုင်တုတ်ပြီး ဆဲတယ်..ပြီးတော့

ပုံစံထိုင်စမ်းတဲ့..ကျုပ်ဘ၀တစ်လျှောက်လုံး သူတစ်ပါးကို

မအေကိုင်တုတ်ပြီး မဆဲခဲ့ဘူးပါဘူး..ဒီကောင်ကျုပ်ကိုဆဲ

တော့ ကျုပ်က ဟေ့ကောင်ငါ့ကိုမဆဲနဲ့လို့

ပြောတယ်..ဒီကောင်ကဆဲတော့ဘာဖြစ်လဲတဲ့…

ကျုပ်သည်းခံ့နိုင်တဲ့ အတိုင်းအတာလွန်သွားပြီလေ..

ကျုပ်ဒီကောင်ကို ဘာမှသိပ်မပြောတော့ဘူး..

အတင်းဝင်ထိုးတော့တာပါဘဲ..ဒီကောင်ကမူးလည်းမူးနေ

တော့စိတ်ကြိုက်တွယ်လိုက်ရတယ်..မျက်နှာနဲ့ရင်ဝကို

ပယ်ပယ်နယ်နယ်လက်သီးမိုးရွာချလိုက်တာ..

ဒီကောင်လမ်းပေါ်ကိုမှောက်သွားတော့တာ..

ဒါနဲ့ကြောင်နေတဲ့ ကျုပ်ကောင်နှစ်ကောင်ကို

ဟေ့ကောင်တွေလစ်မယ်ဆိုပြီး..

အသားကုန်လစ်တော့တာပေါ့…

ဒါကအစပျိုးလိုက်တဲ့ မခံချင်စိတ်ရဲ့

တုန့်ပြန်မှုပေါ့ …နောက်ပိုင်းဒါနဲ့အလားတူ

ပြသနာလေးတွေဒီထက်ဆိုးတာတွေရှိနေပေမယ့်

ဒီလောက်ကိုဘဲပြောပြလိုက်ပါတယ်….

အဲ့ဒီပြသနာဖြစ်ပြီး….   ကြယ်ခေါင်ကိုထပ်

တက်ဖြစ်ပါသေးတယ်..နောက်တော့လမ်းကခဏပိတ်သို့

ကျုပ်လည်းနောက်ထပ်မတက်ဖြစ်တော့ပါဘူး..

About kotun winlatt

ကို ထွန်းဝင်းလတ် has written 134 post in this Website..

ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ......။