ည 8 နာရီသတင်းအစီအစဉ်တွေလာရင် တခါတရံ သေသေချာချာလေးကြည့်ဖြစ်ပါတယ်.. ဘာပြောချင်တာလဲဆိုတော့ကာ.. လူကြီးက သက်ဆိုင်ရာဒေသ၊ဌာန၊စီမံကိန်းများကို လိုက်လံကြည့်ရှုစစ်ဆေးတဲ့သတင်းပါ။ ဟိုးဘုရင်လက်ထက်တုန်းကတော့ တိုင်းခန်းလှည့်လည်တယ်ပေါ့…
လူကြီးလာစစ်တော့မယ်ဟေ့ဆိုရင် မြင်ကောင်း၊ရှု့ကောင်းအောင်လုပ်ကြ ( ခဏတာ) .. သဲဖြူခင်း၊ရာဇမတ်ကာ … ဆိုတဲ့စကားပုံလိုပေါ့ .. လူကြီးနောက်ကနေ လူတွေအများကြီးလိုက်.. ကြည့်ရှုခံရတဲ့ ဌာနကလဲ သေသေချာချာပြင်ပြီးကြိုဆို။ အဲဒီလိုပုံစံအတိုင်းသွားနေတာ တော်တော်ကြာပေါ့… လိုအပ်သည်များမှာစားသွားပါတယ် (အဲလေ မှားလို့) လိုအပ်သည်များ မှာကြားသွားပါသည်နဲ့ နိဂုံးချုပ်။ လူကြီးပြန်လို့မှ နောက်ကျောရှိသေးတိုင်း ဒုံရင်းကဒုံရင်း ။

အခုလိုလွတ်လပ်ပွင့်လွင်းမှုရှိလာတဲ့အချိန်မှာ ဖြစ်စေချင်တာကတော့ အဲဒီလိုတွေစီမံပြီးလိုက်မကြည့်ပဲနဲ့ … လာစစ်မှန်းတောင်မသိလိုက်အောင် လူကြီးရဲ့အတွင်းရေးမှူးဖြစ်ဖြစ်၊ တစ်ဦးဦးကိုကြည့်ခိုင်းပြီး အရှိကိုအရှိအတိုင်းတင်ပြမယ်၊ တွေ့နေရတဲ့အနေအထားကို ဘယ်လိုကိုင်တွယ်မယ်၊ စည်းကမ်းသတ်မှတ်မယ် … ဒီလိုတွေလုပ်မယ်ဆိုရင် ပိုပြီးတိုးတက်မယ်လို့မြင်မိပါတယ်။ ဥပမာ.. လာဘ်စားပါတယ်လို့နာမည်ကြီးနေတဲ့ ဌာနဆိုင်ရာတွေ၊ ရုံးတွေကို Customer အနေနဲ့ဝင်ထွက်လေ့လာကြည့်မယ်ဆိုရင် လက်တွေ့သိသွားမှာပါ..  အဲဒီက ၀န်ထမ်းတွေ ဘယ်လိုပျက်စီးနေသလဲ၊ လာဘ်မရရင် မလုပ်ချင်တာတွေ၊
1000 ပေးတာတောင် နောက်တခေါက် Case ပြန်တက်လာရင် ထပ်ပြီးလိုက်ရမယ်နော် 1000 ထဲနဲ့တော့ မလုပ်ပေးနိုင်ဘူးလို့ ပေါ်တင်တောင်းတာတွေ …(စိတ်ဓါတ်တွေတအားပျက်စီးနေတာတွေ) ရလေလိုလေ အိုတစ်စေဖြစ်နေကြတာကို ထဲထဲဝင်ဝင် ၀င်ရောက်လေ့လာပြီး ပြင်သင့်တာပြင်လို့ရအောင် လုပ်သင့်နေပြီလို့ထင်မိပါတယ်… ဟိုးဘုရင်လက်ထက်တုန်းကတောင် ရုပ်ဖျက်ပြီး တိုင်းပြည်ရဲ့ပကတိအခြေအနေကို လေ့လာခဲ့တာတွေရှိခဲ့ပါတယ်…ဘာကြောင့် ဒီလိုလုပ်ဖို့အစီအစဉ်မရှိကြတာလဲ

တိုင်းပြည်ခေါင်းဆောင်တွေ မသိဘဲတော့မနေပါဘူး .. မသိချင်ယောင်ဆောင်နေတာလား၊ ဒီလိုဆိုရင်တော့ တိုင်းပြည်ကတိုးတက်ဖို့ဝေးနေဦးမှာပဲ ( လာဘ်လာဘကြောင့်ပျက်စီးနေတဲ့စိတ်ဓါတ်တွေအရိုးစွဲနေကြသရွေ့)

ဌာနကလူကြီးတစ်ဦးကပြောဘူးတယ်……. ကြွေကျတဲ့အသီးကိုပဲစားပါ၊ မကျကျအောင် အပင်ကိုလှုပ်ခါပြီးမစားပါနဲ့တဲ့ (မပေးရင် ပညာပြလိုက်မယ်) ဆိုတာမျိုးမလုပ်ကြဖို့ပေါ့………. ဒါပေမယ့်လဲ သူတပည့်တွေက လောဘသမားတွေများသား…..
တို့လိုပဲ ရုံးပြင်ကနားသွားလာနေရတဲ့သူတွေ သိမှာပါနော် ( ဘယ်နေရာဖြစ်ဖြစ်လာဘ်ပေးမှဆိုတာလေ :D
ကဲ……… တော်သေးပြီနော်…

About Phaung Phaung

has written 25 post in this Website..

သစ်တစ်ပင်ကောင်းလို့ ငှက်တစ်သောင်းနားနိုင် တဲ့သူဖြစ်လို၏....