ကျုပ်လည်း ဒီပို့စ်ကို တင်မယ်၊ တင်မယ်နဲ့ မတင်ဖြစ်ခဲ့ဘူး။ အခုမှပဲ တင်ရတော့တယ်။ ကျုပ်တို့ အနေနဲ့ နောက်ပိုင်းမှာ ကိုယ့်အတွက် မရှိမဖြစ် သဘောမျိုး အသွင် ဆောင်လာပြီး သွားလေရာ ယူသွားရတတ်တဲ့ ပစ္စည်း တစ်မျိုး ရှိလာပါတယ်။ ဒါကတော့ အားလုံးနီးပါး ကိုင်နေကြတဲ့ မိုဘိုင်းဖုန်း၊ တိတိကျကျ ပြောရရင် Android ဖုန်းများ ပါပဲ။ ဒီဖုန်းတွေမှာ အင်တာနက် လိုင်းပါ ထည့်ပေးလိုက်တော့ လူသုံးအများဆုံး Facebook ရော၊ အချို့အချို့သော ဝက်ဘ်ဆိုက် များကိုပါ မိမိရဲ့ ဖုန်းလေးနဲ့ပဲ ဝင်ရောက် ကြည့်ရှုလာကြတာ များပါတယ်။ ဒီနေရာမှာ ပြောစရာ နည်းနည်း ရှိလာတာက မန်းဂဇက် ပါပဲ။ ကျုပ်တို့ အနေနဲ့ မန်းဂဇက်ကို ဝင်ဖတ်မယ် ဆိုရင် […]


အဲ့ဒီနေ့ ညနေက နေ မပူဘူး ဇူလိုင်လရဲ့ ညနေခင်းမှာ မိုးရေတွေ ဖွေးဖွေးလှုပ်နေတာလည်း မထူးဆန်းဘူး ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာ ရေလျှံတဲ့ ကိစ္စဟာလည်း မထူးဆန်းဘူး အဲ့ဒီ မိုးရေတွေကြား အသက်မဲ့စွာ လှုပ်ရှားနေတဲ့ ကိုယ့်ကိုယ်ကိုလည်း ထူးဆန်းတယ် မထင်မိပြန်ဘူး …။ ထူးဆန်းမှုတွေကိုမှ နှစ်သက်ခုန်မင် တတ်သူ လူတစ်ယောက်အဖို့ မထူးဆန်းသော အချိန်များကို မထူးဆန်းစွာပဲ ဖြတ်သန်းနေမိခဲ့တယ် အဲ့ဒီ ထူးဆန်းချင်သူတဲ့ မထူးဆန်းသော အချိန်ကာလကို ပြက္ခဒိန်များမှာ ဟောဒီလို သတ်မှတ်ထားတယ် …။ ——————————————– “ဇူလိုင် ၂၂၊ ၂၀၁၃” ——————————————– ဒါပေမယ့် အချိန်ကာလရဲ့ လှည့်စားမှုဟာ ကြောက်ဖို့လန့်ဖို့ ကောင်းတယ် တစ်နေ့လုံး မထူးဆန်းခဲ့သမျှ ညအခါကျကာမှ ထူးဆန်းလာခဲ့တယ် …..။ ဘယ်တော့မှ မျှော်လင့်လို့ […]


ဇွန်လ၏ မိုးရေစက်များနှင့် အတူ ကျွန်ုပ်၏ ရင်အစုံအတွင်းသို့ ဝင်ရောက်၍ လာခဲ့သော အကြောင်းအရာ တစ်ခု ရှိလေသည်။ ယင်းကား အခြားမဟုတ်။ “၁၉ ဇူလိုင်၊ မမေ့နိုင်” ဟူသော “အာဇာနည်” နေ့ပင် ဖြစ်ချေသည်။ {လာမည့် ၂၀၁၄ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ၆ရ နှစ်ပြည့်မြောက်တော့မည်။} လွန်ခဲ့သော ၁၉၄ရ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် မသမာသူ လူတစ်စု၏ လက်ချက်ဖြင့် မြန်မာ့ အာဇာနည် ခေါင်းဆောင်ကြီးများ အသက် ဆုံးရှုံးခဲ့ကြရသည်။ ယင်းနေ့ ယင်းရက်ကား မြန်မာပြည်၏ ဝမ်းနည်းဖွယ် အကောင်းဆုံးသော နေ့ရက်၊ ဆုံးရှုံးမှု အကြီးမားဆုံးသော နေ့ရက် ဖြစ်ပါပေ၏။ ထိုအချိန်က မြန်မာပြည် တစ်ဝှမ်း လူအများတို့ […]


  ♣ ♣ ♣ ♣ ♣ ♣ ♣ မိုးကား မစဲ။ သည်​းသည်​းမဲမဲ ရွာ​နေသည်​။ လျှပ်​စီးများလည်​း မည်​းမည်​း​မှောင်​​နေ​သော ​ကောင်​းကင်​ယံတွင်​ ဝင်​းကနဲ လက်​ခနဲ။ မိုး​ရေ​ပေါက်​များ သည်​လည်​း သွပ်​မိုးများ ​ပေါက်​သွားမတတ်​ တဝုန်​းဝုန်​း တဒိုင်​းဒိုင်​း ရိုက်​ခတ်​​နေ​လေသည်​။ ဤသို့​သော မိုးညမျိုးတွင်​ မည်​သူ အိမ်​အပြင်​ ထွက်​ချင်​ပါမည်​နည်​း။ သို့တ​စေ ကိုကြိုး ဆိုသူ လူတစ်​​ယောက်​ အတွက်​မူကား အိမ်​ပြင်​ ထွက်​ရုံသာ မဟုတ်​၊ ၁၅ မိုင်​ခန်​့ ​ဝေးကွာ​သော အိမ်​ဆီသို့ ပြန်​ရ​ပေဦးမည်​။ အိမ်​အပြန်​ လမ်​းသည်​လည်​း လျှပ်​စစ်​မီးများ ထိန်​ထိန်​ဝင်​း​နေ​သော လမ်​းမများအား ဖြတ်​သန်​းသွားရမည်​ မဟုတ်​။ မည်​း​မှောင်​​နေ​သော ​တောလမ်​းအား ဖြတ်​သန်​းသွားရ​ပေမည်​။ မိုး စဲနိုးစဲနိုးဖြင်​့ ​အ​ဝေး​ပြေး […]


သတိ !!! “အိမ်ဒေါင်သည်များသာ ဖတ်ရှုသင့်သည်” – = == === မဖတ်သင့်ဘူး ပြောရက်နဲ့ ဖတ်လျှင်ဒေါ့ဖြင့် ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲနော်။ ကျော်တောင် ဖတ်မိသွားလို့ ခုလို ပြန်ရေးမိနေတာ …. – = == ဟိုတစ်နေ့က ဒေးလီးမေးလ် သတင်းထဲမှာ အိမ်ထောင်သည်တွေကို သုတေသန စစ်တမ်းကောက် ထားတာကို ဖော်ပြခဲ့တယ်။ အဲ့ဒီမှာ ပျော်ပျော်ရွှင်ရွှင် ပေါင်းဖက် နေကြတဲ့ အိမ်ထောင်သည် တွေရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ် နိုင်ခဲ့တယ် ဆိုပဲ။ အဲ့ဒီ လျှို့ဝှက်ချက် က ဘာလဲ ဆိုတော့ ….. အိပ်တဲ့အခါ အဝတ်ဗလာနဲ့ အိပ်ကြခြင်း ဖြစ်ပါတယ်ဒဲ့ … ဟီးးဟီးး ခညားဒို့ရော အိုက်ဒလို အိပ်လို့ အိုက်ဒလို […]


– – – – – ================================ ကြားဖူးတဲ့ သီချင်းစာရေးတစ်ခု ရှိတယ် …။ ဘာတဲ့ ….. ” ဇွန်၊ ဇူလိုင်မှာ ရွာတဲ့ … မိုးလေးများ မစဲသလို … သူ့ရဲ့အချစ်တို့ အမြဲ ရှိနေမလား .. ဆိုလားပါပဲ “ အခုတော့ ….. ရန်ကုန်မြို့ပြကြီးရဲ့ … “ဇွန်” မကျသေးတဲ့ “မေလ” ဟာ “ရေဝ” လို့ နေပါတော့တယ် …။ “ဇွန်” မတိုင်ခင် “မေ” ဟာ ရေတွေ လှိုင်လှိုင်ဝေနေတယ် …။ “ဇွန်” မဦးခင် “မေ” ဟာ မိုးရေတွေနဲ့ ပျော်မြူးနေတယ် …။ ဒီလို … အချိန် […]


– – – – – ================================ စာလာမည် ….။ ================================ ယနေ့ပို့စ် (ဧပြီ၊ ၂၀၁၄) ပို့စ်အမည် ရေးသူ ဖတ်ရှုရန် (လင့်ခ်) 1-4-2014 တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည် johnnydeer Click Here စကားလေးတစ်ခွန်း zaw win Click Here ဘလက်ချော ၏ ဘလက်ချော black chaw Click Here စုဆောင်းမိဖို့ ဆုတောင်းကြည့်သည် ကေဇီ Click Here 2-4-2014 ဘော ဒဏ္ဍာရီ ဦးကျောက်ခဲ Click Here ဒုက္ခဘုံမှာ သက်​ရှိထင်​ရှားရှိ​နေသ၍ ko six Click Here “(၆-၄-၂၀၁၄) မှာအလှူ ပွဲ […]


  ပြီးခဲ့တဲ့ သင်္ကြန်ပိတ်ရက်အတွင်း ရွာကို ပြန်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ သရဲမ က နောက်ကျောကို လက်နဲ့ ရိုက်လွှတ်လိုက်တဲ့ အဖြစ်ကို ကြုံခဲ့ရတာပဲ။ ကျုပ်ကို ရိုက်လွှတ်လိုက်တာ မဟုတ်ဘူးနော်။ ကျုပ်လုပ်ရင် ပြန်ပြီး လုပ်ပစ်လိုက်မှာပေါ့။ သရဲမ ဆိုတော့ကာ နပန်းဖတ်လုံးရင်တောင် ဟောဒီကောင်ကြီးက အနိုင်ရမှာပဲ … ထင် .. ပါ .. တယ် …။ :mrgreenn: ဖြစ်ပုံက ဒီလိုဗျ။ ရွာက ကျုပ် ဘော်ဒါ တစ်ယောက်ပေါ့ဗျာ။ သူက သူ့မိန်းမနဲ့ ရွှေစက်တော်၊ ပုဂံညောင်ဦးကို ခရီးသွားခဲ့တယ်။ သူ့အဖေလည်း အပါအဝင်ဆိုတော့ကာ စုစုပေါင်း သားအမိ သားအဖ သုံးယောက်ပေါ့ဗျာ။ ဂျစ်ကားလေးနဲ့ ခရီးထွက်ကြတာပါ။ သူ့အဖေနဲ့ သူနဲ့က တစ်ယောက်တစ်လှည့် ကားမောင်းပေါ့။ […]


သင့် အနေနဲ့ စိုပြေ လှပသော အသားအရည်ကို ပိုင်ဆိုင်ဖို့အတွက် ဈေးကြီး ပေးဝယ်ရတဲ့ အလှကုန်ပစ္စည်းတွေကို အသုံးပြုနေကြရပါသလား? ဒါဆိုရင်တော့ ဈေးနှုန်းကြီးမြင့်လှတဲ့ ဒီပစ္စည်းတွေအစား ဈေးနှုန်းချိုသာပြီး စွမ်းရည်ထက်လှတဲ့ အောက်ပါ အစားအစာတွေကို စားသုံးပေးခြင်းဖြင့် စိုပြေဝင်းပတဲ့ အသားအရည်ကို ပိုင်ဆိုင်နိုင်ကြောင်း ဖောက်သည်ချပါရစေ။ အသားအရည် စိုပြေဝင်းပစေတဲ့ အစားအစာ (၁၀) မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁။ အနီရောင် ငရုပ်ပွသီး ဒီအနီရောင် ငရုပ်ပွသီးတွေကို ချက်ပြုတ်ပြီးလည်း စားသောက်နိုင်သလို၊ ဒီအတိုင်းလည်း စားသောက်နိုင်ပါတယ်။ အရသာ ရှိတဲ့ အသီးအနှံတစ်မျိုးပါပဲ။ အနီရောင် ငရုပ်ပွသီးမှာ ဆိုရင် နေ့စဉ် လိုအပ်တဲ့ ဗီတာမင် စီ ဓါတ် ၁၀ဝ ရာခိုင်နှုန်းအထက် ပါရှိပါတယ်။ ဒါ့အပြင် လုံလောက်တဲ့ ဖိုင်ဘာဓါတ်တွေနဲ့ ဗီတာမင် […]


အမေရိကန် နိုင်ငံ၊ နယူးယောက် က Kristina Kovalevskaya အမည်ရတဲ့ အမျိုးသမီးဟာ Park Avenue Laser Vision မှ ဒေါက်တာ Emil Chynn ထံမှာ အရွယ်အစား အားဖြင့် 3.5mm ရှိတဲ့ ပလက်တီနမ် အသည်းနှလုံးပြားလေးကို သူမရဲ့ မျက်လုံးအတွင်း ထည့်သွင်းခဲ့ပါတယ်။ ဒီအတွက်ကြောင့် သူမဟာ နယူးယောက်ရဲ့ အမျိုးသမီးထုကြားမှာ မျက်လုံးအတွင်း ကျောက်မျက်ရတနာ ထည့်သွင်းတဲ့ ပထမဆုံး အမျိုးသမီး ဖြစ်လို့ လာခဲ့ပါတယ်။ သူမ အနေနဲ့ ယခု ထည့်သွင်းထားတဲ့ အသည်းနှလုံးပုံ အစား အခြားသော ပုံစံတွေကိုလည်း ပြောင်းလဲ ထည့်သွင်းသွားချင်ပါတယ်လို့ ပြောခဲ့ပါသေးတယ်။ ဒီမျက်လုံးအတွင်း ထည့်သွင်းတဲ့ ကျောက်မျက်ရတနာ တွေဟာဆိုရင် FDA နဲ့ American […]


– – – – – =-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-= ခင်ဗျားတို့လည်း သိပြီးကြရောပေါ့ …..။ နိုင်ငံတကာ သတင်းမီဒီယာများရဲ့ ရှေ့မျက်နှာစာပေါ်မှာ အခုလောလောဆယ် ခေတ်စား ရေပန်းအစားဆုံး ဖြစ်နေတဲ့ သတင်းတစ်ပုဒ် ရှိပါတယ်။ ဒီသတင်းကတော့ဖြင့် ….. သို့လော …. သို့လော … သဘောဆောင်ထားတဲ့ မလေးရှား လေယာဉ် ပျောက်ဆုံးမှုကြီးပါပဲ။   ဒီလေယာဉ်က (၂) နာရီပဲ ကြာမြင့်တဲ့ ခရီးစဉ်အတွင်းမှာ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ပါတယ်။ ပျောက်တယ် ဆိုပေမယ့် … ပျောက်တာလား .. ပျက်တာလား .. ပြန်ပေးဆွဲခံရလေသလား .. ဆိုတာကို ခုထိ သေချာ မသိကြသေးပါဘူး …။ လေယာဉ် ဖြတ်သန်းရာ ပင်လယ်ပြင်အတွင်းမှာ ဆီကွက်ကြီးနဲ့ အခြား […]


မနက်စာ ခပ်ချိုချို မုန့်တွေကို စားသုံးပါ။   ဝိတ်ချနေတဲ့လူတွေရဲ့ စားသောက်မှုကို လေ့လာကြည့်တဲ့အခါ အဲ့ဒီလူတွေဟာ ဒီထက်ပိုပြီး ဝိတ်တက်မလာအောင် သူတို့ရဲ့ မနက်စာအဖြစ် အချိုပါတဲ့ အစားအစာတွေကို များများ စားသောက်တတ်ကြပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ကာ … အဲ့ဒီနေ့ အဲ့ဒီရက်ရဲ့ ကျန်ရှိနေတဲ့ အချိန်ပိုင်း (နေ့ခင်း၊ ညနေ၊ ည) တွေမှာ အချိုတွေ စားခြင်းကို ထိန်းချုပ်ဖို့ အတွက်ပဲ ဖြစ်ပါသတဲ့။ စားစရာတွေကို ဖြတ်တောက်ပြီး စားပါ။   ဟုတ်ပါတယ်။ အစာ စားတဲ့အခါ ရှိရင်းစွဲ အစာတွေကို သေးသေးလေးတွေ ဖြတ်တောက်ပြီး စားသောက်ခြင်းကို ဆိုလိုပါတယ်။ ဒီလို ဖြတ်တောက် စားသောက်ခြင်းဟာ ဆိုရင် မိမိရဲ့ ဦးနှောက်ကို “ဟာ … ငါ့ပန်းကန်ထဲ […]


– – – – – ~~~~~~~~~~~~~~~~~~~~~~~~ “ဘဝ ဟူသည် သောကတို့ ပင်လယ်ဝေရာ နေရာတစ်ခု ဖြစ်လေသည်” … ဟူ၍ တစ်စုံတစ်ယောက်မှ အဓိပ္ပါယ် ဖွင့်ဆို၍ လာပါအံ့။ ဤဖွင့်ဆိုချက်ကို ကျွန်ုပ် ဦးအောင် အနေဖြင့် အပြည့်အဝ ထောက်ခံချက် ပေးမိပေလိမ့်မည်။ အဘယ်ကြောင့်နည်း။ ကျွန်ုပ်၏ ဘဝသည် အပူသောက တို့ လောင်မြိုက်နေရာ ဌာနတစ်ခုသာ ဖြစ်ပေသောကြောင့်ပါတည်း။ ထိုထိုသော သောကပင်လယ်တို့သည်လည်း ကျွန်ုပ်တည်းဟူသော မြစ်အသွယ်သွယ်မှ လွန်စွာမှ မိုက်မဲခြင်းတည်းဟူသော ရေအလျဉ်တို့ကြောင့် ဖြစ်ထွန်း၍ လာသော ပင်လယ်တစ်ခုသာ ဖြစ်ပါပေ၏။ အကြောင်းကို ရှင်းပြပါဦးအံ့။ ကျွန်ုပ် ဦးအောင်နှင့် ကျွန်ုပ်၏ ဇနီးမယားဖြစ်သူ ဒေါ်အိမ်သူ တို့၏ အိမ်ထောင်သက်တမ်း (၁၀) နှစ်မြောက်တွင်း […]