ဩောင်း တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက် တစ်ဆယ့်လေးချက် ဓမ္မစက် တစ်ဆယ့်ရှစ်ချက် သံဃစက် လရောင်ဝင်းလျက် ရှင်ပစ္စေက ဗုဒ္ဓါ ရဟန္တာစက် မြင့်မိုရ်တောင်ဦး မြင့်ခေါင်ကြူးလျက် မိဘစက် ဂုဏ်ကျေးဇူး အထူးသိလျက် ဆရာ့စက် ဝရဇိန်လက်နက် ဗြဟ္မာ့စက် မိုးကြိုးလက်နက် သိကြားစက် လောင်မီးကျလျက် နတ်တို့စက် ဘွဲ့ဖြူလက်နက် ဘီလူးစက် မာန်ဟုန်ပြင်းလျက် ဂဠုန်မင်းစက် အာခံတွင်းက ဝင်းဝင်းတောက်လျက် နဂါးစက် သုံးထောင့်သချင်္ာ ဟိမဝန္တာ အာဏာစိုးလျက် သီဟစက် … စက်ကြီး ၁၃ ပါး ရွတ်သံကြားက ဘေးများမြင်မူ မကောင်းမူတို့ ဝေးကကြဉ်ရှောင် အောင်စေတတ်သည် မြတ်သည့်ပညာ ဆရာတည်း … ။ ဩောင်းနမော ဗုဒ္ဓ နုဘာဝေန … ဩောင်းနမော ဓမ္မာ နုဘာဝေန … […]


ဘီလူးအင်း ……… ဘီလူးအင်း ဆိုတာ လောကီ ပညာရပ် ဖြစ်တဲ့ အင်း အမျိုးအစား တစ်မျိုးပဲ ဖြစ်ပါတယ်။ အင်းကွက် ရေးတယ်၊ အင်းကွက် ဆွဲတယ် ဆိုတဲ့ စကားတွေကိုလည်း ကြားဖူးနားဝ ရှိကြပါလိမ့်မယ်။ အင်းရေးတဲ့အခါမှာ အရာဝတ္ထု တစ်မျိုးမျိုးပေါ်မှာ ရေးကြပါတယ်။ တစ်ချို့က စက္ကူ စာရွက်ပေါ်မှာ၊ တစ်ချို့က သစ်သား ပျဉ်ချပ်ပေါ်မှာ၊ တစ်ချို့က နံရံပေါ်မှာ စသည်ဖြင့် ရေးကြလေ့ ရှိပါတယ်။ အခု ဘီလူးအင်း ကိုတော့ သိမ်ဝင်တဲ့အခါမှာထားတဲ့ သပိတ်ရဲ့ ကွဲသွားတဲ့ အပိုင်းအစ တစ်ခုပေါ်မှာ ရေးဆွဲ ထားခဲ့ခြင်း ဖြစ်ပါတယ်။ ဘုရား သာသနာမှာ ကိုရင် အဖြစ်ကနေ အသက်ပြည့်လို့ ရဟန်း အဖြစ်ကို ပြောင်းတဲ့အခါမျိုးမှာ သိမ်မှာ သွားပြီး […]


သူငယ်ချင်း တစ်ယောက်ရဲ့ ဓာတ်ပုံလေးပါ … ။ ဓာတ်ပုံကို သေချာကြည့်ပါ ………… ။ သရဲမ ကို တွေ့လိမ့်မည် ……… ။ ကျွန်တော်က ကွန်ပျူတာနဲ့ လုပ်ထားတာပါကွာ လို့ ပြောတော့ ကျွန်တော့် သူငယ်ချင်းက မဟုတ်ဘူးကွ … တဲ့။ ဖုန်းနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံထဲ ပါလာတာ … တဲ့။ ကွန်ပျူတာဖိန့် မဟုတ်ဘူး … တဲ့။ ကျွန်တော်ကတော့ ပြောလိုက်တယ်။ ‘ ယုံဘူး ‘ …. လို့ ။


ဒါကတော့ နောက်ဆုံး အပို်င်း ဖြစ်ပါတယ်။ ကမ္ဘာ့ အဆန်းကြယ်ဆုံး တိရစ္ဆာန် (၂၅) မျိုး – အပိုင်း (၁) ကမ္ဘာ့ အဆန်းကြယ်ဆုံး တိရစ္ဆာန် (၂၅) မျိုး – အပိုင်း (၂) ကမ္ဘာ့ အဆန်းကြယ်ဆုံး တိရစ္ဆာန် (၂၅) မျိုး – အပိုင်း (၃) ၁၈။ Dumbo Octopus Octopus ဆိုကတည်းက ရေဘဝဲ အမျိုးအစားထဲက တစ်မျိုးဖြစ်တယ်ဆိုတာ သိရပါတယ်။ Dumbo ဆိုတဲ့ စကားကို ကြားဖူးကြမလား မသိဘူး။ ကာတွန်းဇာတ်ကောင်လေးရဲ့ အမည်ဖြစ်ပါတယ်။ ဆင်ပျံလေး Dumbo ပေါ့။ Dumbo Octopus တွေရဲ့ ခေါင်းအပေါ်ပိုင်းမှာ နားပုံစံနဲ့တူတဲ့ ရေယက်ကလေးတွေ ရှိပါတယ်။ Dumbo […]


ကမ္ဘာ့ အဆန်းကြယ်ဆုံး တိရစ္ဆာန် (၂၅) မျိုး – အပိုင်း (၁) နဲ့ (၂) ကို တင်ပြီး နောက်ထပ် မတင်ဖြစ်ခဲ့တာကို အခု တင်လိုက်ခြင်း ဖြစ်ပါတယ်။ ၁၂။ Proboscis Monkey ဒီမျောက်တွေရဲ့ ထူခြားချက်ကတော့ မျောက်ထီးတွေရဲ့ နှာခေါင်းဟာ ကြီးမားပြီး ရှေ့ကို ထိုးထွက်နေတာပါပဲ။ ဘယ်လို အကြောင်းကြောင့် အဲဒီလို ဖြစ်နေတာလဲ ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။ လိင်ပိုင်းဆိုင်ရာကြောင့် ဖြစ်တာလို့ အကြံပြုကြတာပါပဲ။ မျောက်မတွေကလည်း နှာခေါင်းကြီးတဲ့ မျောက်ထီးကို ပိုပြီး နှစ်သက်ကြတယ်ဆိုပဲ။ Proboscis Monkey တွေဟာ နှာခေါင်း ကြီးရုံတင်မက ဝမ်းဗိုက်ကလည်း ကြီးကြပါသေးတယ်။ ၁၃။ Pink Fairy Armadillo Armadillo ဆိုတဲ့ […]


WordPress မှာ Blog (Free) တစ်ခု တည်ဆောက်ဖို့အတွက် ပထမဆုံး WordPress.Com ကို သွားပါ ………. ။ SignUp လုပ်ရန် – ၁။ Get Started Here ဆိုတဲ့ Button အောက်က Sign up now ဆိုတဲ့ link ကို နှိပ်ပါ။ ၂။ Username နေရာမှာ ကိုယ်ပေးချင်တဲ့ နာမည်ကို ပေးပါ။ (Login ဝင်သည့်အခါ သုံးရမည့် နာမည်ဖြစ်သည်။) ၃။ Password နေရာမှာ ကိုယ်ပေးချင်တဲ့ Password ကို ပေးပါ။ (Login ဝင်သည့်အခါ သုံးရမည့် password ဖြစ်သည်။) ၄။ Comfirm နေရာမှာ အပေါ်မှာ […]


မြန်မာ ရှေးဟောင်း သတင်းစာများ (၁) သို့သွားရန် … ၁၁။ ဗမာသစ် သတင်းစာ ၁၂။ ကွန်မြူနစ် နေ့စဉ်သတင်းစာ ၁၃။ မြို့မမောင် ၁၄။ အိုးဝေ ၁၅။ ဇဝန ၁၆။ နဂါးနီ ၁၇။ ရန်ကုန် နေ့စဉ်သတင်းစာ ၁၈။ သမာဓိ သတင်းစာ ၁၉။ The Voice of Burma ၂၀။ ဇွဲနေ့စဉ် မြန်မာ ရှေးဟောင်း သတင်းစာများ (၁) သို့သွားရန် …


ကြာတော့ ကြာခဲ့ပါပြီ။ အဟောင်းတန်းက ဝယ်ခဲ့တဲ့ စာအုပ်လေးတစ်အုပ်။ တက္ကသိုလ်ထင်ကြီး ရေးထားတာပါ။ မြန်မာနိုင်ငံ သတင်းစာများ အညွှန်း … ဆိုတဲ့ စာအုပ်ပါ။ အဲဒီထဲမှာ ပါတဲ့ ရှေးက မြန်မာ သတင်းစာ ပုံတွေကို ရွာထဲက မသိသေးတဲ့ ရွာသူားတွေအတွက် တင်ပေးလိုက်တာပါ။ သတင်းစာတွေက များတော့ အပိုင်းလိုက် ခွဲပြီး တင်သွားပေးပါ့မယ် ခင်ဗျာ။ မြန်မာ ရှေးဟောင်း သတင်းစာများ ၁။ The Burman ၂။ စီးပွားရေး သတင်းစာ ၃။ မွန်-မြန်မာ သမဂ္ဂ ဂေဇက် ၄။ အလင်းရောင် ၅။ New Times of Burma ၆။ လူထု ၇။ ဗဟိုစည် ၈။ ခေါင်းဆောင် […]


ညဉ့်၏အဆုံး နောက်နေ့ရောက်လာရသည်။ အပူချည်းလည်း ရှိမနေ၊ အပူ၏ တွဲဖက်အနေဖြင့် အအေးရှိနေသည်။ သုခ၏ နောက်ခံ အဖြည့်ဒုက္ခရှိနေသည်။ အဆိုးနောက်ခံ မရှိက အကောင်းသည် ကြွမလာနိုင်ပေ။ အတိုရှိမှ အရှည်၏ တိုင်းတာမှု ဖြစ်နိုင်သည်။ အဝေး၏ အကွာအဝေးကို အနီးဖြင့်သာ မှန်းဆနိုင်သည်။ အမှောင်မရှိဘဲ အလင်းဖြစ်မလာနိုင်ပေ။ အနိမ့်ကို ထောက်၍ အမြင့်ဖြစ်လာသည်။ လူ့ဘဝ၌လည်း အကောင်း အဆိုး၊ အတက် အကျ၊ အလင်း အမှောင်ဟူ၍ ဆန့်ကျင်ဘက် သဘောတရားနှစ်ခု ဒွန်တွဲနေသည်။ မွေးကတည်းကစပြီး မြေပေါ် ခေါင်းချသည်အထိ သူတော်ကောင်းစိတ်မွေးသွားသည့် ပုဂ္ဂိုလ်မျိုး မရှိမဟုတ်ပေ။ ယင်းကဲ့သို့သော ပုဂ္ဂိုလ်များအတွက်မူ အထူးပြောဖွယ် မလိုပေ။ သို့ရာတွင် ဘဝ၏ တစ်စုံတစ်ခုသော ကာလအတွင်း၌ အဆိုးဖြင့် စာရင်းပိတ်ပြီး ယင်းအဆိုး၏နောက်ပိုင်း၌ အကောင်းပေါ်လာလျှင် […]


သူကြီးခင်ဗျာ …. ကျွန်တော့်အနေနဲ့ ဂေဇက် ဝက်ဘ်ဆိုက်နဲ့ ပတ်သက်ပြီး သူကြီးကို ပြောချင်တာလေးတွေ ရှိနေပါတယ် ခင်ဗျ ။ ပြောချင်တာ ဆိုတာထက် တင်ပြချင်တာ လို့ ဆိုရမှာပါ။ ဘာတွေလည်း ဆိုတော့ ကျွန်တော် ပြောတတ်တဲ့ အတိုင်း ပြောရမယ်ဆိုရင် ……. ကျွန်တော်တို့ ဂေဇက် ဝက်ဘ်ဆိုက်ကို ဖွင့်လိုက်ရင် ပို့စ် ခေါင်းစဉ်တွေကို တွေ့ရပါတယ်။ အဲဒီ ပို့စ်ခေါင်းစဉ်ရဲ့ နောက်မှာ စာရေးသူ ရဲ့ နာမည်ကို ဖော်ပြပေးထားပါတယ်။ ဖော်ပြတယ် ဆိုတာထက် စာရေးသူနာမည်ကို Link (လင့်) ပါ ပေးထားပါသေးတယ်။ အဲဒီ လင့်ကို ဖွင့်ကြည့်လိုက်ရင် စာရေးသူ ရေးသားခဲ့တဲ့ ပို့စ်တွေကို တန်းစီပြီး တွေ့ရပါတယ်။ တန်းစီပြီး တွေ့ရတယ် ဆိုတာထက် […]


လက်တွေ့မှ ယုံကြည်တတ်သော ကျောင်းဆရာ တစ်ယောက်သည် စာတတ်၊ ပေတတ် ဆရာတော်ကြီး တစ်ပါးအား ဤသို့ လျောက်ထားလေသည်။ ကျောင်းဆရာ ။ ။ အရှင်ဘုရား … တပည့်တော် တစ်ခုလောက် မေးလျောက်ပါရစေ ဘုရား။ ဆရာတော် ။ ။ မေးပါ ကျောင်းဆရာ။ ကျောင်းဆရာ ။ ။ တပည့်တော် မေးမှာက အရှင်ဘုရားတို့ ဟောဟောနေတဲ့ နတ်ပြည်ဆိုတာ၊ ပြီးတော့ ငရဲပြည်ဆိုတာ တကယ် ရှိလို့လား ဘုရား။ တပည့်တော်ကတော့ လက်တွေ့သမားဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် မယုံဘူး ဘုရား။ နတ်ပြည်နဲ့ မြှောက်ပြီး၊ ငရဲပြည်နဲ့ ခြောက်တာလို့ပဲ ထင်တယ် ဘုရား။ ဆရာတော် ။ ။ ဘုန်းကြီးတို့က မြှောက်တာ၊ ခြောက်တာ […]


ဒီနေ့ Dailymail.co.uk မှာ ဖတ်ရင်းနဲ့ ဒီသတင်းလေးတွေ့လို့ သတင်းထဲက ပုံတွေကို ကူးတင်ပေးလိုက်တာပါ။ သတင်း အပြည့်အစုံကိုတော့ သူ့ရဲ့ မူရင်း ဝက်ဘ်ဆိုက်မှာပဲ သွားဖတ်လိုက်ကြပါဗျာ။ အောက်ဆုံးမှာ လင့်ပေးထားပါတယ်။ Powertrekk – How it works from PowerTrekk on Vimeo. Read Full Story@ DailyMail


တစ်နှစ်ရဲ့တန်ဖိုးကို သိချင်ရင် စာမေးပွဲကျတဲ့ ကျောင်းသားကို မေးကြည့်ပါ ။ တစ်လရဲ့တန်ဖိုးကို သိချင်ရင် လ မစေ့ဘဲ ကလေးမွေးတဲ့ မိခင်ကို မေးကြည့်ပါ။ တစ်ပတ်ရဲ့တန်ဖိုးကို သိချင်ရင် အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာကို မေးကြည့်ပါ။ တစ်ရက်ရဲ့တန်ဖိုးကို သိချင်ရင် ကလေးခြောက်ယောက်ကို ရှာကျွေးနေရတဲ့ နေ့စား အလုပ်သမားကို မေးကြည့်ပါ။ တစ်နာရီရဲ့တန်ဖိုးကို သိချင်ရင် ဆုံစည်းခွင့်ကို စောင့်နေကြတဲ့ ချစ်သူများကို မေးကြည့်ပါ။ တစ်မိနစ်ရဲ့တန်ဖိုးကို သိချင်ရင် ရထားမမီလိုက်တဲ့ ခရီးသည်ကို မေးကြည့်ပါ။ တစ်စက္ကန့်ရဲ့တန်ဖိုးကို သိချင်ရင် ယာဉ်တိုက်မှုနဲ့ သီသီလေးလွဲသွားတဲ့ ဒရိုင်ဘာကို မေးကြည့်ပါ။ တစ်မီလီစက္ကန့်ရဲ့တန်ဖိုးကို သိချင်ရင် အိုလံပစ် ငွေ တံဆိပ်ဆုရှင်ကို မေးကြည့်ပါ။ စာရေးဆရာ ကျော်ဝင်း ၏ နှစ်ဆယ့်တစ်ရာစု သားရွှေဥ စာအုပ်မှ […]