ပြီးခဲ့သောတစ်ပတ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်က ဖြစ်လေသည်။ ကျနော် ရွာစားကျော်သည် စိတ်အားလက်အားရှိသည့်အလျောက် ရုံးဖွင့်ရက်တွေမှာ သေချာငုံ့မကြည့်ဘဲ ခိုင်းချင်သလိုခိုင်းထားသည့် စီးတော်ယာဉ်မော်တော်ဖွတ်ချက်လေး၏ ကြံ့ခိုင်ရေးကို စစ်ဆေးကြည့်မိသည်။ ကျနော့ဆိုင်ကယ်နောက်ဘီးမှာ လေထိုးပါသော်လည်း မကြာ ပြန်ကာ ပြားပြားသွားနေသလို ဘရိတ်ကလည်း အတော်နင်းမှ မိချင်ချင်ဖြစ်နေပါသည်။ ဘီးပေါက်သလို ထိုးသမျှလေ အကုန်ထွက်တာလည်း မဟုတ်..။ သေချာကြည့်တော့ ဘားတိုင်က လေထွက်နေတာ ဖြစ်သည်။ ကျွတ်အဟောင်း တစ်ခုက ဘားဆံလေးနဲ့ လဲသုံးလို့ အိုကေနိုင်သေးသည်။ ဘရိတ်မမိတာကတော့ ဘရိတ်ရှူး အသစ်လဲမှကောင်းမည် ဆုံးဖြတ်ကာ လိုတဲ့ပစ္စည်းပြေးဝယ်လို့ ကိုယ်တိုင် ပြင်ဆင်ဖို့ လုပ်ပါတယ်…။ ရာသီဥတုက မိုးလေးတစိုစိုကြောင့် လမ်းကလျှော်တတ်တာမို့ အနာ္တရာယ်ကင်းဖို့လည်း ဂရုထားရပေမည်မဟုတ်ပါလား။ ကျနော် တကုပ်ကုပ်နဲ့ ဘီးဖြုတ်၊ ဘာဖြုတ်လုပ်နေတော့ ဇနီးသည် ရှင်မွေးလွန်းက ခွလေးယူပေး၊ […]


စကြာင်္ဝဠာကြီးဟာ တနေ့ထက်တနေ့ ပြန့်ကားသွားနေတယ်လို့ နတ္ခက်ဗေဒသိပ္ပံပညာရှင်တွေ လေ့လာသိရှိထားကြပါတယ်။ ဆိုတော့ ကျနော်တို့ နေအဖွဲ့အစည်းမှာပါဝင်တဲ့ ဂြိုလ်တွေ လတွေဟာ ဟိုးအရင်နှစ်သန်းပေါင်း မြောက်များစွာက ယနေ့ လက်ရှိအကွာအဝေးထက် နီးကပ်ခဲ့ကြလိမ့်မယ် ဆိုတာ ရွာသူရွားသားတွေ ငြင်းချက် မထုတ်လောက်ပါဘူးနော်။ ချားလ်စ်ဒါဝင်ရဲ့ လူဆိုတာ မျောက်က ဆင်းသက်ကြောင်း အဆိုနဲ့ ကွဲလွဲပြီး အထက်က သိပံ္ပတွေ့ရှိချက်နဲ့လည်း ကိုက်တဲ့ ပုံပြင်လေး ခင်ဗျားတို့ကို ပြောပြချင်တယ်..   ဟိုးရှေးရှေးတုန်းကပေါ့ဗျာ..။ (အချိန်အတိအကျမှမသိတော့ လမ်းအိုကြီးအတိုင်းပဲ လျှောက်တာပေါ့။) နေအဖွဲ့အစည်းအတွင်းက ကျနော်တို့နေနေတဲ့ ကမာ္ဘဖြစ်လာမယ့်ဂြိုလ်နဲ့ သူ့ဘေးက လ (ပညာရှင်တွေက လ ဆိုတာလည်း ကမာ္ဘက ပဲ့ထွက်သွားခဲ့တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်မယ်ဆိုပဲ.. ကမာ္ဘ့ရင်ဘတ်ထဲက ပျောက်သွားတဲ့ သူ့နံရိုးတစ်ချောင်းပဲဆိုပါတော့ဗျာ. အားပါး ဇာတ်လမ်းကတော့ လှသွားဘီဗျို့) တို့ဟာ အတော်ကြီးကို […]


မောင်းတောသတင်းအမှန်ဖတ်ကြမယ် အနည်းဆုံး ရိုဟင်ဂျာရွာပေါင်း (၃၀)ကျော် မီးရှို့ခံရပြီး ရိုဟင်ဂျာ ဦးရေး ခလေး လူကြီးနည်းဆုံး (၁၀၀)နီးပါး အကြမ်းဖြတ်သတ်ဖြတ်ခံရကြောင်း ထိုသို့ သတ်ဖြတ်ရာတွင် ရခိုင်လူမျိုးအရပ်သားများက သတ်ဖြတ်ခြင်းမဟုတ်ဘဲ စစ်သားနှင့် ရဲတပ်ဖွဲ့တို့က အရပ်သားဟန်ဆောင်၍ အကြမ်းဖက်သတ်ဖြတ်နေကြောင်းသိရသည်။ မိုးဆယ်အုပ်စုက ရိုဟင်ဂျာရွာအားလုံး၊ ၃ မိုင် ၊ ၄မိုင် ရှိရိုဟင်ဂျာရွာများနှင့် မြို ့ဦး ဒူလာဖာရာရှိ ရိုဟင်ဂျာရွာအားလုံးရှိ အိမ်းပေါင်း ထောင်ကျော် မီးရှို့ခံရပြီး အိမ်တွင်းနေ အိမ်သားများ အိမ်ပြင်ထွက်လာပါကအဆင်သင့် စောင့်နေသူ စစ်သား ရဲသားများက သေနတ်ဖြင့် ပစ်ခတ်၍ အကြီးအကျယ်သတ်ဖြတ်နေကြောင်း သိရသည်။ ရိုဟင်ဂျာကို မျိုးပြုတ်သတ်ဖြတ်နေသူများသည် ရခိုင်လူမျိုး ရဲတပ်ဇွဲ့ဝင်များ၊ န.စ.က တပ်ဖွဲ့ဝင်များ နှင့် လုံထိန်းများနှင့် စစ်သားများသာဖြစ်ပြီး အရပ်သား ရခိုင်လူမျိုးအားလုံးကို ဘုန်းကြီးကျောင်းအသီးသီး၌ […]


မြန်မာ ဟစ်ဟော့ အဆိုတော် တစ်ဦးမှ ” Facebook  မှ သူငယ်ချင်းများ နဲ ့ ကျွန်တော်ရဲ ့ပရိတ်သတ်များ အားလုံး အပန်းမကြီးဘူးဆိုရင် profile picture နဲ ့cover picture နေရာတွေမှာ ဖယောင်းတိုင်လေးတွေ ထွန်းပေး ကြ ပါ လား ဗျာ. … .. လမ်းပေါ် မတက်နိုင်ပေမဲ့ Facebook က တစ်ကမာ္ဘလုံးကို ရိုက်ခတ် နိုင်ပါတယ်..” ဆိုပြီး ကမ်ပိန်လေး လုပ်နေပါတယ်..။ လမ်းပေါ်ထွက်ပြီး မလုပ်နိုင်ပေမယ့် မြန်မာတပြည်လုံးက ဖယောင်းတိုင်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသကြတဲ့ ပြည်သူပြည်သားတွေကို ဂုဏ်ပြုလျက် ကျနော့် ဖေ့စ်ဘွတ် မှာရော ဂေဇက်က ပရိုဖိုင်ပုံကိုပါ ဖယောင်းတိုင်လေး ထွန်းထားပါတယ်..။ တတ်နိုင်သလောက် ပါဝင်တဲ့ […]


ပုံ-၂- ဖူးမျှော် ဦးတည် ဥပ္ပါတသိန္တိစေတီ ပုံ-၃- ရောင်စုံကုက္ကားတွေနဲ့ တံခွန်တိုင်  ပုံ-၅- ဘုရားလှိုဏ်ဂူအဝင်ဝက ကျောက်ဆစ်လက်ရာ ပုံ-၆- လှိုဏ်ဂူတော်အတွင်း မြင်ကွင်းကျယ်   ပုံ-၁၃- ရွှေတောင်ကြီးနဲ့ အရိပ် (ဒီပုံလေးရိုက်တော့ ရေထဲကအရိပ်ကို ခရေဇီဖြစ်တဲ့ သူတစ်ဦးကို သတိရ)   နေပြည်တော်မှာ နေထိုင်ပေမယ့်လို့ နေပြည်တော်တခွင်က လည်ပတ်စရာနေရာတွေကို တစ်လနေလို့ တစ်ခါ မသွားနိုင်ခဲ့ပါဘူး။ ရုံးဖွင့်ရက်မှာလည်း မိုးလင်းကစ ညနေ ၅ နာရီကျော်မှ အိမ်ပြန်ရောက်တာမို့ မသွားဖြစ်။ စနေ၊ တနင်္ဂနွေကျတော့ တပတ်လုံးပုံထားတဲ့ အိမ်အလုပ်တွေ ရှင်းရတာနဲ့ လည်ဖို့မလွယ်ပြန်။ ဒီလိုနဲ့ နေပြည်တော်က ရေပန်းဥယျာဉ်၊ တိရိစာ္ဆန်ဥယျာဉ်တို့၊ တိုင်းရင်းသားကျေးရွာ (National Landmark) ဆိုတာတွေဟာ နီးလျက်နဲ့ ဝေးနေခဲ့ရပါတယ်။ ဒီတပတ်ထဲမှာ မတွေ့တာ […]


(၆၃) ကြိမ်မြောက် အာဆီယံ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ကော်မတီ အစည်းအဝေး (The 63 rd Meeting of the ASEAN Committee on Science and Technology) ကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနမှာ မေလ ၁၄ ရက်မှ ၁၈ ရက်နေ့ အထိ ကျင်းပနေပါတယ်။ အဆိုပါအစည်းအဝေးတွင် အာင်္ဆီယံဒေသတွင်း နိုင်ငံများအချင်းချင်း သိပ္ပံနှင့်နည်းပညာဆိုင်ရာကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေး သုတေသနပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာပူးပေါင်းဖလှယ်ရေး ၊သိပ္ပံနှင့်နည်းပညာဆိုင်ရာ ရန်ပုံငွေကိစ္စများ ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေး ကျင်းပသည့် နောက်ဆုံးရက်(၁၈.၅.၁၂)တွင်  ဆွေးနွေးဘက်နိုင်ငံများအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဥရောပသမဂ္ဂ၊ ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့လည်း တက်ရောက်မှာဖြစ်ပါတယ်။ ယနေ့ အစည်းအဝေးတွင် အဆိုပါဆွေးနွေးဘက်နိုင်ငံများအနေဖြင့် အာဆီယံနိုင်ငံများအား သိပ္ပံနှင့်နည်းပညာ […]


နိုင်ငံတော်သမ္မတ၏ သတင်းများကို နိုင်ငံတော်သမ္မတရုံး သတင်းနှင့်ပြန်ကြားရေး ဝက်ဘ်ဆိုက်မှ စတင်လွှင့်တင်သွားမည် ဖြစ်ကြောင်း ကြားတာကို မန္တလေး ဂေဇက်မှာ တဆင့်ပြန်လည် ကြေညာမောင်းခပ်အပ်ပါသည်။ ဝက်ဘ်ဆိုက်ပေါ်တွင် အဖွင့်စာမျက်နှာ၊ မိန့်ကြားချက်၊ အခန်းကဏ္ဍ၊ အုပ်ချုပ်ရေး၊ အစိုးရအဖွဲ့၊ လွှတ်တော်ကဏ္ဍ စသည့် ကဏ္ဍခွဲများပါရှိပါတယ်.. Latest News ဆိုတဲ့ လင့်ခ်မှာတော့ ယနေ့ နံနက်ပိုင်း နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သော အစည်းအဝေး သတင်းအား ဖော်ပြပါ ဆိုက်တွင် လွှင့်တင်ထားပြီးဖြစ်၍ စိတ်ဝင်စားသူများ ကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။ P.S.. တလက်စတည်း (Government Websites) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဝန်ကြီးဌာနများ၏ ဝက်ဘ်ဆိုက်များ ကိုလည်း သိရသလောက် တပါတည်း တင်ပြလိုက်ပါတယ်။ လို အပ် လျှင် အ […]


အလှူတုန်းက ဓါတ်ပုံမုဆိုးတစ်ဦး ပြောင်းထုတ်ပြီး ချောင်းနေတုန်း လျှပ်တပျက်ဖမ်းထားတဲ့ ဘိုခေဲးပါဂျာ.. ဂီ့ ဘိုခေဲးပို့စ်ဖတ်ပြီး အမှတ်ရတာနဲ့ တင်လိုက်တာ..


ဆူး says: ယပ်တောင် ရိုက်မယ် ဆိုပြီး စိတ်ကူး ရခဲ့တာကို အကောင် အထည်ဖော် ခဲ့ပါတယ်။ သဂျီးလိုဂိုကို ယူပြီး အကောင်အထည်ဖော် ခဲ့တယ်။ ပြီးတော့ သေချာပေးပြီး အပ်လိုက်ပါတယ်။ ယပ်တောင်က တခါ အပ်ရင် ၁ပတ် အတွင်းရမယ် ဆိုလို့ ယပ်တောင် အပ်ခဲ့ပြီး နောက် တနေ့မှာ ယပ်တောင်အပ် လက်ခံတဲ့ ကောင်မလေးက ခရီးထွက်လို့ သူများနဲ့ လွှဲခဲ့တယ် ဆိုလို့ စိတ်က တော်တော်လေး ကသိကအောက်နဲ့ စိတ်ထဲမတင်မကျ.. အပ်ပြီးသား ပြန်သွားယူမယ် ဆိုတော့လည်း မကောင်းဘူးလေ.. ဒါနဲ့ ကောင်မလေးက ၃ရက် ခရီးထွက်သွားပြီး သူ ပြန်မလာခင် နေ့မှာမှ သူ လွှဲထားခဲ့တဲ့ သူက ယပ်တောင် စာရိုက်ဖို့ လုပ်ပါတယ်။ […]


ဒီနေ့ မနက်ပဲ အိမ်းသူသက်ထား ချစ်မယားလေး ရှင်မွေးလွန်းက ပြောတယ်.. ကားစီးချင်ဘီ ကိုကိုရယ်တဲ့.. စိတ်ထဲကတော့ လစာလေး သုံးသောင်းလောက်တိုးတာမှ မကြာသေးဘူး ကားစီးချင်တယ် လုပ်နေဘီပေါ့၊ (ချဉ်ပါတယ်အေ.. ဂယ်ပဲ) နှုတ်ကနေတော့.. အို ကွယ် တနေ့တော့ စီးရလိမ့်မပေါ့..။ ခုလည်း မော်တော် ဆိုင်ကယ်လေးနဲ့ အဆင်ပြေနေတာပဲဟာ.. လို့ နှစ်သိမ့်လိုက်ရပါတယ် ..ဟီး။ သိန်းထောင့်ငါးရာ ဆုကြီးပေါက်လို့ကတော့ ကားကောင်းကောင်းဝယ်ပြီး မြန်မာပြည်အနှံ့  အမျိုးတွေအကုတ်လုံး ဘုရားဖူးပို့မယ် မှန်းထားတာ..။ ထီကလည်းမပေါက်။ ကားစီးချင်တယ် ပြောလို့မှ ဆုံးရုံရှိသေး ဟော.. သတင်းကြားဘီ။ အင်ဂျင်ပါဝါ ၁၃၀ဝ စီစီအောက် ကားများကို ပါမစ်သီးခြားမလိုပဲ လွတ်လပ်စွာ တင်သွင်းခွင့်ပြုမယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းကြောင့်တဲ့ ကားဈေးတွေထိုးကျတယ်ဆိုပဲ..။ ရွာစားကျော်တို့ ဆန္ဒပြင်းလို့ သကြားမင်း ပန္တုကမ္ဗလာ […]


က ဆုန် လ ပြည့် ဗုဒ္ဓ နေ ့မှတ် သား စ ရာ များ ၁ ။ အား လုံး သော ဗုဒ္ဓ မြတ် စွာ တို ့သ စ္စာ လေး ပါး ကို သိ မြင် ကြ သော နေ ့ ၂ ။ ဂေါ တ မ ဗုဒ္ဓ မြတ် စွာ ဖွား မြင် သော နေ့ ၃ ။ ဂေါ တ မ ဗုဒ္ဓ ဘု ရား ဖြစ် သော နေ ့ […]


ဂေဇက် စုပေါင်းကုသိုလ် ပန်းတနော်၊ အစုကြီးကျေးရွာ သီတဂူ သုမေဓာဆေးရုံ အလှူခရီးမှ ပြန်လာခဲ့ပြီး နောက်တနေ့ ရန်ကုန်မြို့မှာ ဘုရားဖူး၊ လည်ပတ်ရင်း တွေ့ခဲ့တဲ့ ထူးထူးဆန်းဆန်း တွေ့ခဲ့ရတဲ့ မြန်မာ့ ရှေးဟောင်း ဒဏ္ဍာရီလာ အစိမ်းရောင် လူ့ဘီလူးကြီး ဟော့ခ်၊ အစ်ကိုကာလသားများ တွေ့ဖူးမြင်ဖူး ချင်နေတဲ့ ရေသူမ နဲ့ ခေါင်းနှစ်လုံး၊ အတောင် နှစ်ဖက်၊ ခြေခြောက်ချောင်း၊ အကြေးခွံ အထူကြီးလည်းရှိတဲ့ လိုခိပ် သတ္တဝါပုံကို ရွာသူရွာသားများ ဗဟုသုတ အလို့ငှာ ဝေမျှလိုက်ပါတယ်..   မန်းဂေဇက် ရွာမိတ်ဆွေတွေ ပြုံးပျော်နိုင်ကြပါစေ ခင်မင်စွာဖြင့် ရွာစားကျော်


ဂေဇတ် မိတ်ဆွေများရဲ့ အစုကြီးကျေးရွာ သီတဂူ သုမေဓာဆေးရုံအလှူနဲ့ပတ်သက်ပြီး လိုက်ပါခဲ့ကြတဲ့ အသီးသီးက အမှတ်တရ ဆောင်းပါးလေးတွေ၊ ဓာတ်ပုံဆရာတွေကလည်း လက်စွမ်းပြထားတဲ့ ရိုက်ချက်တွေကို ပို့စ်တွေ တင်ထားကြတာ အားရစရာကြီးဗျာ။ လိုက်ခဲ့သူတွေလည်း တသသ ပြန်ပြောဆို၊ မလိုက်ခဲ့နိုင်သူတွေက အားကျ နောက်တပွဲကို မလွဲစေရ ဆိုသူဆို..။ ကျနော်လည်း စကားခံထားတဲ့ အတိုင်း အလွဲကလေးတွေတင်အုံးမှာပေါ့။ တကယ်တမ်းပြောကြေးဆို ဦးဆောင်စီစဉ်ထားသူတွေရဲ့ စေ့စပ်သေချာ စေတနာပါတဲ့ ပြင်ဆင်မှုကြောင့် သိပ်ကြီးကြီးမားမား အလွဲရယ်လို့ မရှိခဲ့ပါ။ အားလုံးချောချောမွေ့မွေ့ ပျော်ပျော်ပါးပါး စိတ်လက်ချမ်းသာစွာ သာဓုခေါ်နိုင်ခဲ့တဲ့ အလှူခရီးပါ..။ ဒါ့ကြောင့် ပေါ့ပေါ့ပါးပါးလေးနဲ့ အလွဲလို့ မဆိုနိုင်တဲ့ တေ့လွဲကလေးတွေကိုပဲ ကျနော့မှာ ပြန်ပြောပြရမှာပါ..။ 30.4.2012 ညနေ ၄း၃ဝ နာရီ။ ရုံအဆင်းလက်မှတ်ထိုးပြီး ဆိုင်ကယ်နဲ့ အိမ်ကို အသော့နှင်.. […]