မြစ်ကြီးနား-မန္တလေး ခရီးစဉ်ပြေးဆွဲသော ၄၃အစုန် အိပ်စင်ရထား မိုင်းဗုန်းထိမှန်မြစ်ကြီးနားမြို့မှ မန္တလေးမြို့ (၂၈-၄-၂၀၁၂)နေ့ သို့ ထွက်ခွါလာ သော ၄၃အစုန် အိပ်စင်ရထား (နေ့ ၁း၄၅ထွက်) သည် နန်စီးဟောင်ဘူတာနှင့် မော်ဟန်ဘူတာ အကြားတွင် မိုင်းဗုန်း ထိခဲ့သည်ဟု ဒေသခံများ ပြောကြားချက် အရသိရှိရပါသည်။ အဆိုပါ ရထား၏ တွဲတစ်တွဲ ကို မိုင်းဗုန်း ထိခဲ့ပြီး အခြား ရထား တွဲများမှာ ဘီးချော်ခြင်း ၊ တိမ်းမှောက်ခြင်းများ ဖြစ်ခဲ့သည် ဟု သိရှိရပါသည်။ အဆိုပါ တိမ်းမှောက် သည့်နေရာ သို့ လူနာများကို တင်ဆောင်နိုင်ရန် အတွက် မြစ်ကြီးနားဘူတာမှ ၃၈ တရုတ်ရထား ထွက်ခွါသွားပြီ ဟု မြစ်ကြီးနားဘူတာမှ အမည်မဖေါ်လို သူတစ်ဦး မှ ပြောကြားခဲ့ပါသည်။ […]


မန္တလေးဂေဇက် ဝိုင်းတော်သားတွေ သီတဂူ သုမေဓာဆေးရုံ စုပေါင်းအလှူနဲ့ ပတ်သက်ပြီး ဘာတွေရေးရရင် ဘာတွေပွားရရင်ကောင်းမလဲလို့ စဉ်းစားနေတာကြာဘီ။ ဓာတ်ပုံတွေ ရိုက်လားပြီး တင်မလား..၊ ကိုယ့်ထက် ဆရာ့ ဆရာ ရွာထဲက ဓာတ်ပုံဆရာတွေ အစွမ်းပြ ကြမှာဆိုတော့ မဖြစ်သေးဘူး။ ခရီးသွားဆောင်းပါးလိုလေး ရေးပြီးတင်ရင် ကောင်းမလား၊ ကိုယ့်ထက် အရေးအသား ညက်တဲ့ မဆူးတို့ကိုယ်တိုင် ခေါင်းဆောင် ပါဝင်တာ ဆိုတော့ သူတို့တင်တာတွေ ဖတ်ရတာ ပိုကောင်းမှာပါလေ…နဲ့ပေါ့။ ဒါနဲ့ အရင် နာရေးကူညီမှုအသင်းကို လှူတုန်းက တလွဲဖြစ်တာလေးတွေ ရေးပြီး ရွာထဲမှာ ပို့စ် စတင်ဖြစ်တာကို အမှတ်ရတာနဲ့ ရေးစရာက ရသွားတယ်။ အလှူခရီး မထွက်ခင် ခုကတည်းက လွဲနေတာကိုး။ နီကိုရဲကတော့ ကြည်ပြာရောင် နဂ္ဂတစ်များ ဆိုပြီး အလွဲတွေကို စာဖွဲ့လိုက်တာ […]


ရွာသူ/ရွာသား အပေါင်းတို့ရေ ပြည်တွင်းအခွန်များ ဦးစီးဌာနက လစဉ်ဖွင့်လှစ်ပေးနေတဲ့ ကျပ်၂၀ဝ တန် အောင်ဘာလေ ထီလက်မှတ်များကို ဧပြီလမှာ ကျန်လများထက် အက္ခရာအရေအတွက်လျှော့ချပြီး ထုတ်တယ်ဆိုတာ သိကြပါသလား..? ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည့် (၂၇ရကြိမ်) မှစ၍ အောင်ဘာလေထီကို သိန်း(၁၅၀၀) ဆုကြီး တစ်ဆုထပ်တိုးပြီး ယခင်ဆု သိန်း(၁၀၀၀) ဆု အပါ အခြားဆုများ ထပ်တိုးတယ်။ အက္ခရာများကိုလည်း `က´မှ `လ´အက္ခရာထိ(၂၈)လုံးနဲ့  ထုတ်ထားခဲ့ပါတယ်။ (credit-1) ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ ထီဆုမဲတွေကို ကြည့်ရင် ကျပ်သိန်း(၁၅၀၀) ဆုကြီး တစ်ဆု၊ သိန်း(၁၀၀၀) ဆုကြီး တစ်ဆု၊ သိန်း(၅၀၀) ဆုကြီး တစ်ဆု၊ သိန်း(၃၀၀) ဆုကြီး နှစ်ဆု၊ သိန်း […]


ဘယ်လို စိတ်ဆိုးစိတ်ယုတ်တွေနဲ့ အဖျက်သမားတွေက မြန်မာ့ နှစ်ကူးသင်္ကြန်ကို အမင်္ဂလာ ဖြစ်အောင် ကြံနေတာပါလိမ့်ဗျာ။ မကျေနပ်ရင်လည်း မကျေနပ်တဲ့ သူကို သတ်နိုင်အောင်ကြိုးစားကြပါလား။ ခုတော့ ပျော်ရွှင်ကြည်နူးနေတဲ့ အပြစ်မဲ့ပြည်သူတွေပဲ အသက်ပေး ခံစားကြရရှာတယ်..။ ငရဲအိုး ဂျိုးကပ်မယ့် ဆန်ကုန်မြေလေးတွေ… မြစ်ကြီးနားမြို့ ထူးမဏ္ဍပ်တွင် ဗုံးပေါက်ကွဲ၊ သေပျောက် ဒဏ်ရာရမှု မသိရှိရသေး ည ၁ဝနာရီခွဲ-ဧပြီ ၁၄ ရက်၊ ၂၀၁၂ ခုနှစ်၊ ဆိုင်းဆွတ် YPI မြစ်ကြီးနားမြို့ခံများ သင်္ကြန်အကြတ်နေ့ မဏ္ဍပ်များတွင် ဖျော်ဖြေပွဲများ ကြည့်ရှုနေခိုက် ည ၉နာရီဝန်းကျင်တွင် ဗုံးတလုံး ပေါက်ကွဲခဲ့သဖြင့် ဖျော်ဖြေမှုများ အားလုံး ရပ်ဆိုင်းပြီး မိမိတို့ နေအိမ်များသို့ အမြန်ဆုံး ပြန်နေကြသည်။ ပေါက်ကွဲသည့်နေရာမှာ စိမ်းမြဧရာ ပန်းခြံအနီး ထူးမဏ္ဍပ်တွင် ဖျော်ဖြေနေစဉ် […]


ငပလီကမ်းခြေ၏ ရေမိုင် ၁၅ မိုင်အကွာရှိ ကျွန်းနံ့သာကျွန်းပေါ်တွင် ယနေ့ ၃ နာရီ ၄၅ မိနစ်က မီးတောင်ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး မီးညွှန့်များမှာ တစ်နာရီလျှင် တစ်ကြိမ်တက်လာလျှက်ရှိနေကြောင်း သတင်းရရှိသည်။ 7Day News Journal ———————————————- သံတွဲဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းချက်အရ ထိုကျွန်းကို ဒေသခံများက ကျွန်းနံ့သာဟု ခေါ်ကြပြီး သံတွဲကမ်းခြေနှင့်မဝေးလှကာ၊ ကျွန်းအနီးပင်လယ်ပြင်ထဲမှ ပြာမှုန်များ လေထဲသို ပေလေးငါးဆယ်ခန့်အမြင့်အထိ ထိုးတက်နေသည်ကိုမြင်ရကြောင်းသိရသည်။ Popular Myanmar News Journal Credit: သစ်ထူးလွင်


မြန်မာ့သမိုင်းပါမောက္ခကြီး ဒေါက်တာသန်းထွန်းက မအအောင် သမိုင်းသင်ကြရမယ် လို့ ပြောထားဖူးလေတော့ကာ အားလုံးကို ကျနော်ကြိုပြီး ဝန်ခံထားချင်တာတွေရှိပါတယ်။ ကျနော်ဟာ တော်တော်ကြီးကို အ.ပြီး တော်တော်ကြီးကိုညံ့တဲ့ လူအ.လူညံ့လေး တစ်ယောက်ပါဗျာ။ ဆယ်တန်းမှာ သချင်္ာ ၉၅ မှတ်ရအောင်ဖြေနိုင်ခဲ့ပေမယ့် သမိုင်းအဖြေလွှာမှာ ၁၅ မှတ်ဖိုးလောက် ပါသွားဖို့ အတော်ဖြစ်ညှစ်ရေးခဲ့ရလောက်အောင် ညံ့လှ၊ အ.လှ ပါတယ်။ ကိုစံလှကြီး ရေးနေတဲ့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ အကြောင်းရုပ်ပုံလွှာ ပို့စ်တွေကိုလည်း ရှေးရှေး တခေတ်ဆီက ဘုရင်တပါးအကြောင်းရယ်သာပဲလို့ (ကျနော့အနေနဲ့) ဟိုးငယ်ငယ် မောင်ရှင်လောင်းလှည့်တုန်းက ရွှေထီးဆောင်းခဲ့တဲ့ အဖြစ်လောက်တောင် ပြန်အောက်မေ့စရာမထင်ခဲ့တော့ ဖွင့်မဖတ်မိတဲ့အကြောင်း ထပ်ပြီး ဝန်ခံပါအုံးမယ်။ ဘဖောကြီးရေးတဲ့ စဉ်းစားကြစေလိုပါတယ်(၁၈) ကိုဖတ်မိတော့မှပဲ ဟာ.ဟင်ဆိုပြီး ရွာထဲမှာခေါင်းစားနေကြတဲ့အကြောင်းသိပြီး ဦးအောင်ဇေယျကိုရော၊ လူမျိုးကြီးဝါဒ မြန်မာပြည်ကိုပါ ပြန်လှန်လှောကြည့်မိပါတော့တယ်။ အဲဒီကမှ […]


နှစ်သစ်ကူး စတုဒီသာ တို့ရုံးမှာ လုပ်စားကြ ကျတော်များက ရွှေရင်အေး ဟိုဘက်ဘေးက မုန့်လက်ဆောင်း စားလို့ကောင်းပြီး အများပျော်ရွှင် ခင်မင်သူ ရွာသားများ အားပေးကြစို့လား….။         ကဲ ကိုယ့်ဦးစီးဌာနက လုပ်တဲ့ ရွှေရင်အေးကျွေးပြီးရင် ဟိုဘက်ဌာနမှာ မုန့်လက်ဆောင်းတိုက်နေတယ်တဲ့..။ သွားတန်းစီရအောင် လိုက်ခဲ့ကြအုံး..ဟီး။     ရွှေရင်အေးရော မုန့်လက်ဆောင်ရော စားလိုက်ရတော့ ရွာသူားတွေ အီသွားပြီလားဗျ.. ကျနော်တော့ ကော်နက်ရှင် သိပ်မကောင်းတော့ ပုံတစ်ပုံတင်လိုက် ဆေ့ဖ်လုပ်လိုက်မို့ ဗိုက်နဲနဲ ချောင်သွားတယ်..။ အဲ အဲ ပို့စ်ရေးနေတုံး နောက်ဌာနတစ်ခုက ကျောက်ကျောနဲ့ မုန့်လုံးရေပေါ်တဲ့ လာပို့ပြန်ဘီ..။ အို..လာထား ထပ်စားတာပေါ့..နောက်ဆက်တွဲ တစ်ပုံ ဘိုင့်ဘိုင် နှစ်ဟောင်း၊ စိတ်ဟောင်း၊ အတွေးအခေါ်ဟောင်းနဲ့ စနစ်ဟောင်းတို့ရေ.. ကျနော်တို့ […]


ကျနော်တို့ မြန်မာပြည်မှာ သေနတ်ဆိုတဲ့ လက်နက်ဟာ တော်ရုံလူနဲ့ အပ်စပ်တဲ့အရာ မဟုတ်ပါဘူး.. အဲဒီလက်နက်သုံးပြီး ဖြစ်တဲ့အမှုက အန်အယ်လ်ဒီ အောင်ပွဲခံရာက အမှုဖြစ်ပွားတယ်ဆိုတော့ ကြည့်လည်းလုပ်ကြပါအုံး အရပ်ကတို့ရယ် ဒါမျိုးတွေဖြစ်လာမှာစိုးလို့ အန်တီစုက ကြိုမှာထားရက်နဲ့… ထူးဆန်းတာကတော့ အောင်ပွဲခံရာမှ ကျေးရွာ လူကြီးတဦးနှင့် တပ်မတော်မှ ဗိုလ်ကြီး တဦးအချင်းများတာတဲ့.. ဓားခုတ်ရာတော့ လက်ဝင်မလျှိုမိကြပါစေနဲ့လို့လဲ ခွပ်ဒေါင်းတွေကို သတိပေးပါရစေဗျာ.. ဒီမိုကရေစီမျိုးစေ့လေးက ခုမှ အပင်ပေါက်ဖို့ အားယူတုန်းအခါရှိသေးလို့ပါ.. <blockquote> Yangon Press International အန်အယ်လ်ဒီ အောင်ပွဲခံရာမှ သေနတ်ပစ်မှုဖြစ်ပွား ဧပြီ ၃ ရက်၊ ၂၀၁၂ ခုနှစ်၊ ညနေ ၅ နာရီ (YPI) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မဲအောင်နိုင်သည့် အထိမ်းအမှတ် အောင်ပွဲခံရာမှ ကျေးရွာ လူကြီးတဦးနှင့် […]


ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်ကို  7 Day ဂျာနယ်သတင်းထောက် အဘဥက္ကာကိုကို ၏ ဖေ့စ်ဘွတ်မှ ကူးယူပြီး CJ ဖြစ်ချင်တဲ့ ရွာထဲက လူတွေအတွက် ပြန်လည် ဝေငှလိုက်ခြင်းဖြစ်ပါတယ်…. း-) မီဒီယာသမားများသည် အောက်ပါဥပဒေပုဒ်မများကိုလည်း ကြိုတင်လေ့လာ သိရှိထားပြီး တိကျစွာသတိပြုလိုက်နာကြရန် လိုအပ်သည်။ (က) ပုဒ်မ ၆၀။ ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်တစ်ဦးဦးအား နှောက်ယှက်ခြင်း။ (ခ) ပုဒ်မ ၆၁။ ရွေးကောက်ပွဲနေ့တွင် မဲရုံအတွင်းနှင့် မဲရုံမှ ကိုက် ၅၀ဝ အတွင်း မဲဆွယ်ခြင်း၊ တစ်ဦးတစ်ယောက်ကို မဲပေးရန်၊ ဆန္ဒမဲမပေးဘဲနေရန် တိုက်တွန်းသွေးဆောင်ခြင်း။ (ဂ) ပုဒ်မ ၆၃။ ရွေးကောက်ပွဲနေ့တွင် မဲပေးချိန်အတွင်း မဲရုံမှူး၏ အမိန့်ကိုငြင်းဆန်ပြီး မဲရုံအတွင်းသို့ ဝင်ရောက်ခြင်း။ (ဃ) ပုဒ်မ ၆၄။ ရွေးကောက်ပွဲပြစ်မှုများကို […]


ဖေ့စ်ဘွတ်မှာ ဖတ်ရတဲ့သတင်းလေးပါဗျာ။ တောင်ငူမြို့ ကွင်းပိုင်းရပ်ကွက်မှာ မဲဆွယ်တဲ့ ကြံ့ခိုင်ရေးအမတ်လောင်း ဒေါက်တာ ဝေဝေသာ ရဲ့ အဖြစ်ကို သတင်းဖတ်ပြီး ရွာထဲက အိမ်နီးချင်းသူငယ်ချင်းရောင်းရင်းတွေလည်း ဖတ်ပီး ဟာဒယရွှင်ဆေးလေး ခံစားရစေဖို့ ပြန်လည် ဖောက်သည်ချ လိုက်ပါတယ်။ အားလုံး ကိုယ်စိတ်နှလုံး ရွှင်ပြုံးကြပါစေ..။


လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာနအတွက် ဘတ်ဂျက်ဖြတ်တောက်မှုနဲ့ ပတ်သက်လို့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးက လွှတ်တော်ကိုယ်စားလှယ်အပေါ် ပုတ်ခတ် ပြောဆိုထားတာကို အရေးယူ ဆောင်ရွက်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော် အခွင့်ရေးကော်မတီကို စုပေါင်း တိုင်ကြားထားပါတယ်။ မတ်လ ၂၃ ရက်နေ့ထုတ် Hot News ဂျာနယ်မှာ ဖော်ပြထားတဲ့ အင်တာဗျူးအတွင်း လယ်/ဆည် ဝန်ကြီးရဲ့ ပြောဆို ချက်တချို့ဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး မကျေမနပ် ဖြစ်ကြတာဖြစ်သလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုလည်း ထိခိုက်မှု ရှိတယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ရှိနေပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာနအပေါ် ဘတ်ဂျက်ဖြတ်တောက်မှုနဲ့ ပတ်သက်လို့ မတ်လ ၂၃ ရက်နေ့၊ သောကြာနေ့ထုတ် Hot News […]


၂၀၁၂ ခနှစ်၊ ဧပြီလ မှ စတင်ကာ ဝန်ထမ်းများလည်း ဝင်ငွေခွန်ပေးဆောင်ရတော့မှာဖြစ်ပါတယ်။ ဦးစီးအရာရှိအဆင့်မှ စတင်ကာ အခွန်ပေးရမည်ဖြစ်ကာ အမှုထမ်းအဆင့်များကတော့ ပေးဆောင်ဖို့မလိုပါဘူး..။ အခွန်ပေးဆောင်ရမည့် ရာခိုင်နှုန်း၊ ကျသင့်တဲ့ပမာဏတွေ ပြောင်းသွားပါပြီ။ ဒီနေ့ ရုံးမှာ အသိပေးတဲ့အနေနဲ့ ဝေငှတဲ့ စာလေးကို ဂေဇက်ရွာသားများကို အသိပေးလိုက်ပါတယ်ဗျား..။ ရွာစားကျော်


သတ္တုတွင်းဝန်ကြီးဌာနက the Voice Weekly ဂျာနယ်ကို တရားစွဲမတဲ့ ဟူသော ခေါင်းစဉ်နဲ့ ပို့စ်ရဲ့ အဆက်လို့ပဲ ပြောပါရစေတော့ သတ္တုတွင်းဝန်ကြီးဌာနက The Voice ဂျာနယ်မှ ထုတ်ဝေသူ၊ အယ်ဒီတာချုပ်နှင့် သတင်းရေးသား သူတို့အား တရားစွဲဆိုထားပါပြီ။ သတ္တုတွင်းဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ကိုကိုက တရားလိုပြုလုပ်ကာ ဒဂုံမြို့နယ်တရားရုံးတွင် ဦးတိုက် လျှောက်ထားခြင်းဖြစ်ပြီး  ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀ဝ ဖြင့် တရားစွဲဆိုခဲ့လို့ တရားရုံးကဆင့်ခေါ်စာကို မတ်လ ၂ဝ ရက်နေ့ နံနက် ၁၁ ခန့်မှာ ဂျာနယ်ရဲ့ စာဝင်ဌာနက လက်ခံရရှိခဲ့ပါတယ်တဲ့။ မတ်လ ၂၂ ရက်နေ့တွင် ၎င်းအမှုကိုစတင်စစ်ဆေးမည်ဖြစ်ကြောင်းသိရပါတယ်။ The Voice ဂျာနယ် အင်တာနက်စာမျက်နှာမှာ အကျယ်ဖတ်ကြည့်ကြပါ.. Eleven Media Group […]