etoneMarch 18, 20111min16110
ကိုယ်လိုရာ ဆွဲတွေး တတ်တဲ့ လူကြီးတွေ ကျမ လေးနှစ်ကျော်လောက်ကပေါ့… အဒေါ်အပျိုကြီးတွေဆီ သွားလည်ပါတယ် ။ အမေက နှစ်ပတ်တခါလောက် လိုက်ပို့ပေးပါတယ် ..။ ကျမကလည်း အဒေါ် သုံးယောက်ကို ချစ်ပါတယ် … သူတို့က အလိုလိုက်တာကိုး ။ ကျမကို ထမင်းကျွေးတာကအစ ဆူတာအဆုံး နှစ်ပတ်စာ အမြဲ ပြောပြနေကျပါ … ။ ကျမပြောတာကို အဒေါ်တွေက စောဒက မတတ်ပဲ ပြုးံပြီး နားထောင်ပေးပါတယ်….။ တစ်နေ့ တော့ ကျမက အဒေါ်တွေကို ခဲတံနဲ့ စာရွက်တောင်းပါတယ် ။ အဒေါ် သုံးယောက်လည်း ချက်ချင်း ခဲတံနဲ့ စာရွက်ချပေးပါတယ် … ပါးစပ်ကလည်း အမေ၊ အဖေကိုသာမက သူတို့ အမေ ကျမအဖွားလေးနဲ့ ကျမအဖွားတို့ကိုပါ […]


etoneMarch 18, 20111min612
ငယ်ငယ်က ကျမမိဘတွေ အလုပ်သွားတော့ အဖွားရဲ့ အမေဖြစ်သူ အဘွားနဲ့ နေခဲ့ရတာပေါ့ … ။ မှင်စာ ခြောက်သံကြားရတဲ့ အိမ်ကြီးမှာပါ … ။စမ်းချောင်းက မဟာမြိုင်လမ်းနဲ့ အောင်သပြေလမ်း အိမ်မှာပါ … နံပါတ်ကတော့ ၄၂ ပေါ့… ။ နှစ်လုံး အတိတ်ပေးတယ် မထင်နဲ့နော် 😛 တအိမ်လုံး အလုပ်သွားကျတော့ နေ့ဘက်ဆို ကျမနဲ့ အဘွား နှစ်ယောက်ပဲ ကျန်ခဲ့တယ် ။ ကျမက သုံး နှစ်ကျော်လောက်ရှိပြီထင်တယ် … ။ အိမ်ကြီးက အကြီးကြီးဆိုတော့ နေ့ခင်းဘက်တောင် မဲမှောင်နေတာပေါ့ … ။ လူနေတဲ့ အခန်းလောက်သာ မီးဖွင့်ထားတာမို့ တခြား အခန်းတွေက မှောင်နေပါတယ်… ။ ကျမသွားလို့ရတဲ့နေရာ နှစ်နေရာပဲ ရှိပါတယ် […]


etoneMarch 17, 20111min1088
အသက်ရွယ် ကြီးရင့်လာတာနဲ့ အမျှ အတွေ့ကြုံလေးတွေလည်း တဆတဆပိုတိုးလာခဲ့တာပေါ့ ။ တချို့ အတွေ့ကြုံတွေက သင်ခန်းစာ ယူလို့ရသလို၊ တချို့ အတွေ့ကြုံတွေအရ ပိုမို တွေးတော တတ်ခဲ့ပါတယ် ။ အခုလည်း အတွေ့ကြုံတစ်ခုကြောင့် မထင်မှတ်ထားတဲ့ ကိစ္စရပ်တွေကို နားလည်ခဲ့ပြန်တယ်။ ယောကျာ်းနှင့် မိန်းမ အမျိုးစား နှစ်ခုမှာ မိန်းမတွေက ပစိ ပစပ် နိုင်တယ် ။ စပ်စုတယ် ။ စွာတယ် ၊ အတင်းပြောတယ် ။ ရန်တွေ့ကောင်းတယ် စသည်ဖြင့် ပြောခဲ့ကြပေမဲ့… ယောကျာ်းတွေကတော့ ဒီလို ကိစ္စမျိုး မရှိဘူးလို့ ယေဘုယျလက်ခံကြပါတယ် ။ ယောကျာ်းတယောက်ယောက်ကများ အထက်က နည်းတွေထဲ နှစ်မျိုးလောက်ပဲ လုပ်ကြည်ဦး မိန်းမလို မိန်းမရလုပ်တယ် အပြောခံရမှာပါ … ။ […]


etoneMarch 16, 20111min463
မြန်မာနိုင်ငံမှာလည်း ငလျှင်လှုပ်သွားပါတယ်ဆိုတဲ့ သတင်းလေးပါ ။ ရာသီ ဥတုကြီး ဖောက်ပြန်ပြီး ဘာတွေများ ဖြစ်နေမလဲ မသိတော့ပါဘူး ။ မနက်ကတည်းက ပို့စ်တင်ဖို့ ကြိုးစားတာ အဆင်မပြေတာကြောင့်… အခုမှပဲ ပုံတွေတင်လို့ရတော့တယ် ။


etoneMarch 16, 20111min490
Email ထဲက ရတာပါ ။ မှန်လား မှားလား မဆုံးဖြတ်နိုင်ခင်ပဲ ပို့စ်တင်ပေးလိုက်ပါတယ် ။ သတိဆိုတာ ပိုတယ်လို့ မရှိပေမဲ့ … တထစ်ချ အတည်မပြုနိုင်သေးတဲ့ မေးလ်ထဲက သတင်းတစ်ခုအတွက်နဲ့ တုန်လှုပ်စရာမလိုဘူးလို့လည်း ပြောလိုက်ပါရစေ ။ ဖြစ်လာခဲ့လျှင် ဆိုတာမျိုးတွေးပြီး စားစရာသောက်စရာတွေနဲ့ လုံခြုံတဲ့ အဆောက်ဦးထဲ ရှိနေသင့်ပေမဲ့ …. ချင့်ယုံကြစေချင်တယ် ။ ——————————————— ဂျပန်မှာရှိတဲ့ သင့်မိတ်ဆွေများကို ထပ်မံသတိပေးကြပါ(အသစ်မုန်တိုင်းသတင်း) ဩစတေးလျ Seismological Centre မှ ဒါရိုက်တာဖြစ်တဲ့ ဒေါက်တာ ကီဗင်မက်ခ်ရု က ဂျပန်မှာ ငလျင်ကြီးမလှုပ်ခင် ငလျင်ငယ်ကလေးများ အကြိမ် ရာကျော်ပြီး လှုပ်ကတည်းက အင်အားပြင်း ငလျင်ကြီး လှုပ်တော့မယ်လို့ ကျန်ခဲ့တဲ့ သောကြာနေမှာ သတိပေး ပြောကြားခဲ့ပါတယ်။ သူပြောပြီး […]


etoneMarch 14, 20111min624
တောသူ ၊ မြို့သူ ခွဲမတူရအောင် ခပ်ပေါပေါ ဆေးတွေဆိုး ၊ ဆံပင်ကို အမျိုးမျိုးလုပ်ပြန်တယ်။ တီဗွီက မြင်မြင်သမျှ ကိုရီးယားမတွေကို သရေကျပြီး ရှိုးထုတ်တော့ ချောကလက်မှိုတတ်ဖြစ်နေခဲ့တာ ကိုယ်ကိုယ်တိုင်တောင် မသိဘူးပေါ့ ။ Brand ပေါင်းစုံ လူအမြင်ကောင်အောင် အင်ထုပြီးလည်း ဝတ်ခဲ့တယ် ။ ဟိတ်ကြီး ဟန်ကြီး လူအထင်ကြီးအောင် အကောင်ကြီးနဲ့လည်း တွဲပြပြန်တယ် ။ အကောင်သာကြီးပြီး အချောင်တီးချင်တဲ့ ငနဲနဲ့ တွေ့တော့ အာလူးတွေပဲ စားခဲ့ရတာပေါ့ ။ အားလူးစိုက်ခင်း မြေနေရာရှင်းနေတုန်း FOC တွေနဲ့ချည်း တိုးပြန်လို့ ခေတ်တစ်ခါ ပြန်ကောင်းပြီဟေ့ ဆိုပြီး လက်သီးလက်မောင်းတန်းကာ ကြွေးကျော်နေတုန်း အရှေ့အလည်ပိုင်း ပြသနာ တက်လို့ ရွာကို ပြန်ခဲ့ရပါတော့တယ် ။ ဒန် တန့် […]


etoneMarch 14, 20111min936
တကယ့်ကို လက်ရာမြောက်တဲ့ ဆိုက်ကားလေးရဲ့ သေးငယ်ပုံကို လက်ဖဝါးပေါ်တင်ပြထားတာပါ ။ xxxx xxxxxxxxxxx —- အနုစိတ်ခက်ခက်ခဲခဲ လုပ်ရတဲ့ ကိစ္စမျိုးဆိုလျှင် အပ်ပေါက်ထိုးတာတောင် မလုပ်ချင်ခဲ့တာပါ ။ ဒါကြောင့်လည်း သေသေသပ်သပ်နဲ့ သေးသေးကွေးကွေးလေးတွေကို စုစည်းပြီး စိတ်ထဲဖြစ်လာတဲ့ပုံစံလေးတွေ လုပ်နေတဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့တဲ့အခါ အမိရမှတ်တမ်းတင်ထားလိုက်တာပါ ။ သူ အသုံးပြုတဲ့ပ စ္စည်းတွေက ဘာမှ ထွေထွေထူးထူးတွေ မပါပါဘူး ။ ဒီဇိုင်းလေးတွေကတော့ သူ့စိတ်ကူးထဲပေါ်လာတဲ့ အရာဝထ္ထု ပုံကို လုပ်တာပါတဲ့… ။ လူတွေ အသုံးပြုနေတဲ့ အရာတွေကို အနုစိတ်ပြီး လုပ်ထားတာ တော်တော် စိတ်ရှည်နိုင်တဲ့လူမျိုးမို့ပါ… ။ ကျမသာဆို … စိတ်မရှည်တာနဲ့ တစ်စီကျိုးပဲ့ကုန်မှာပါပဲ။ မြင်ရတာ သဘောကျလို့ ရွာသူ၊ ရွာသားတွေလည်း ကြည့်ရအောင် […]


etoneMarch 12, 20111min36620
ပြီးခဲ့တဲ့ တပတ်က ကျွန်မသူငယ်ချင်းတယောက် အိမ်လာလည်ပါတယ် ။ မိန်းမတွေ အချင်းချင်းစုမိပြီဆိုလျှင် မဖြစ်မနေ အလုပ်တစ်ခုကို လုပ်ပါတယ်… အဲ့ဒါကတော့ တတွတ်တွတ်စကားပြောတာပါပဲ ။ ထမင်းမေ့ ဟင်းမေ့ကို ပြောဖြစ်ကြတာ ပြောတဲ့ အကြောင်းရာတွေကလည်း စုံပလုံစိနေတာပါပဲ … အိမ်တွင်းရေးက စလို့ ဈေးဝယ်ရင်းအလေးခိုးတဲ့ ဈေးသည်အဆုံး ပြောဖြစ်ခဲ့ပါတယ် ။ စကားစပ်မိရင်း မန္တလေးဂေဇက်မှာ ပို့စ်တွေ တင်ဖြစ်နေတာနဲ့ ပတ်သတ်တဲ့အကြောင်းရောက်သွားပါလေရော … ။ သူ ဇာတ်လမ်းလေး တစ်ပုဒ်ပြောပြမယ် တင်ပေးပါဆိုတာနဲ့ အခုဇာတ်လမ်းလေးကို ကျမက ဆီလျှော်အောင်ရေးပြီး တင်ပေးလိုက်တာပါ ။ ကျမအတွက်တော့ နှစ်ဆင့်ကြားပြီး မှ ပြန်ရေးရတဲ့ ဇာတ်လမ်းလေးပေါ့ … ။ အဖြစ်မှန်လို့လည်း ပြောပါတယ် ။ ဖြစ်ပုံက ဒီလိုပါ …… […]


etoneMarch 10, 20111min17214
လွန်ခဲ့သော ခြောက်နှစ်ခန့်က …. လျှပ်စစ်မီးလုံးဝမရသော မြို့လေးတစ်မြို့သို့ ရောက်သွားခဲ့ဖူးသည် ။ ရောက်သွားပုံမှာလည်း အနည်းငယ် အူကြောင်ကြောင် နိုင်လှသည် ။ မိဘ ဆွေမျိုး ၊ သူငယ်ချင်းများနှင့် သွားခြင်းမျိုး မဟုတ်ပဲ ရုပ်ရှင်အဖွဲသားများ နှင့် ဇာတ်လမ်းတစ်ပုဒ်အတွက်သွားရောက်ခဲ့ခြင်းဖြစ်သည် ။ ကျမဧ။် ငယ်သူငယ်ချင်းတစ်ဦးသာ အဖော်လိုက်ခဲ့သည် ။ ဒါရိုက်တာ နှင့် ခင်မင်ရင်းနှီးသဖြင့် ရိုက်ကွင်းကြည့်ချင်သောကြောင့် လိုက်ပါသွားခြင်းဖြစ်သည် ။ နာမည်ကြီး သရုပ်ဆောင်များဖြစ်ကြသော ရန်အောင် ၊ စိုးမြတ်နန္ဒာ ၊ သူထူးစံ ၊ ဖြိုးငွေစိုး တို့အပြင် ဥက္ကာမင်းမောင် ၊ပြည့်စုံ ၊ စိုင်းကျော်စွာ၊ စိုးမိုးကြည၊်ဘူန်းလျံ တို့အပြင် တခြား ဇာတ်ပို့၊ ဇာတ်ရံများလည်း ပါဝင်သည် ။ နယ်မြို့လေးတွင် သွားရိုက်ရမည်ဖြစ်သဖြင့် […]


etoneMarch 7, 20111min1589
မျက်မှန် wrote : အနည်းအကျဉ်း ဝင်ရောက်ဆွေးနွေးလိုပါသည်။ ကို Kai ပြောသော နံပါတ်လေး အချက် သည် ဒက်ထိ မှန်ပါသည်။ မန္တလေး ဂေဇက်တွင် ရေးနေသူတိုင်း တန်းတူ အခွင့်အရေးရှိရပါမည်။ ငါရေးတဲ့ ပို့စ် ငါပိုင်တယ် ဟူ၍ လုပ်ချင် တာ လုပ်လို့မရပါ။ ကို Kai ပြောသလို Like or Dislike အားဖြင့် နှစ်သက်စရာမကောင်းသော ကွန်မန့်မှာ Auto Hide ဖြစ်သွားပါလိမ့်မည်။ မန္တလေး ဂေဇက်တွင် Mod များ မရှိပါ။ စာရေးသူကိုယ်တိုင်သာလျှင် အစစ အရာရာ တာဝန်ယူရမည်ဖြစ်သည်။ (ဤကား စည်းကမ်းချက်တွင် ထင်ရှားပြီး။) ဤအချက်ကို လက်ခံခြင်းအားဖြင့် စာရေးသူသည် Mod တစ်ဦးအနေဖြင့်ပါ တာဝန်ယူဆောင်ရွက်ရမည်ကို […]


etoneMarch 3, 20111min24215
ကြောင်တော်တော်များများ အသား ၊ ငါး ကြိုက်ကြတာ ရှေးရှေးကတည်းကပါ။ တစ်ချို့ ကြောင်တွေကတော့ အသား၊ ငါး ကို မကျော်ချက်ရသေးတဲ့ အစိမ်း ငြီနံ့ ပြင်းပြင်း အသားကို ပို ကြိုက်ပါတယ် … ။ အသား မစားတဲ့ ကြောင်ဆိုလို့ ကိုကြောင်ကြီးပဲ ရှိပါတယ် 😀 အနည်းနဲ့ အများတော့ ကြောင်တွေ အသားစားတယ်ပေါ့ … ။ အခု နောက်ပိုင်း ဈေးကွက်ထဲမှာ တွင်တွင် ကျယ်ကျယ် ရောက်ရှိလာတဲ့ ကြောင်စာတွေကြောင့် ကြောင်စာ ပြင်ဆင်ပေးရခြင်း သက်သာခဲ့တယ်လေ ။ တစ်ချို့ အိမ်တွေမှာ ဆို ကြောင်က များလွန်းတဲ့အတွက် ငါးဖယ် အရေခွံတွေကို ဈေးမှာ သွားဝယ်ပြီး ပြုတ်ကာ ထမင်းနဲ့ နယ်ကျွေးရတယ်လို့ […]


etoneMarch 3, 20111min22623
ငေးတိငေးတိုင်ထိုင်ရင်း ကွန်ပျူတာကိုသာ မမှိတ်မသုန်ကြည့်ကာ တောင်စဉ်ရေမရ တွေးတောနေစဉ် ထမြည်လာသော ဖုန်းသံကြောင့် ကျမ အသိစိတ်ပြန်ဝင်လာခဲ့ရသည် ။   ” မြန်မာတိုင်းမ်ကပါ … မနက်ဖြန်  ထရိတ်ဒါးမှာ နေ့လည်စာ စားဖို့ရှိပါတယ် …  ဆယ့်နှစ်နာရီ အရောက်လာပေးပါ ။ ”   အမ် … လူှ မှားပြောနေခြင်းထင်ပါသည် … ။ ကျမလည်း စိတ်မရှည်သည့် လေသံဖြင့် ..။   ” အစ်မ ဘယ်သူနဲ့ ပြောမှာလဲ ”   ”  xxx နဲ့ပါ ”   ” ဟုတ်ကဲ့ xxx ပြောနေပါတယ်.. ။ ”   ” မြန်မာတိုင်းမ်ကပါ […]


etoneFebruary 25, 20111min1665
ပျောက်သွားလို့ ပြန်တင်ထားတာ 🙁 လှိုင်သာယာက ဘုန်းကြီးတစ်ပါးနဲ့ စကားလက်စုံကျတုန်း ဘုန်းကြီး ပြောပြခဲ့သော ကိုယ်တွေ့ အဖြစ်ပျက်တစ်ချို့နဲ့ ၊ ရယ်စရာလေးများ အကြောင်းကို ရွာသူ၊ရွာသားများ သိစေရန်ရေးထားတာပါ… ။ ဘုန်းကြီးက သက်တော်ငါးဆယ်ရှစ်နှစ်ပါ ။ ဝါတော်ကတော့ ၁၂ နှစ်ပါတဲ့ … ။ မိခင်ကြီး မသေဆုံးမီ ဘုန်းကြီးဝတ်နှင့် မြင်ချင်သည်ဟုပြောသောကြောင့် မိခင်ဆန္ဒအတိုင်း တစ်ပတ်ဝတ်မည် ရည်ရွယ်ပြီး သာသနာ့ဘောင် ဝင်ခဲ့ရာမှ မိခင်ဆုံးပါးသွားချိန် အမိမဲ့သား ရေနည်းငါးဖြစ်နေချိန်က အစပြုပြီး ရာသက်ပန်ဘုန်းကြီးဝတ်မည်ဟု သံဓိဌာန်ချထားသူလည်း ဖြစ်ပါတယ် ။ မိခင်အိုကြီကို လုပ်ကျွေးရသူဖြစ်ပြီး ၊ အိမ်ယာထူထောင်ခြင်း မရှိခဲ့သော လူပျိုကြီးသည် ယခုအခါ သာသနာ့ဘောင် ၌ ပျော်မွေ့နေပါတယ် …။ အမျိုးများသည် အညာတွင်သာ ရှိသည်ဟု […]