ရေခဲမုန့် ၊ ရေခဲချောင်း ကြိုက်တဲ့ ကြောင်ကလေး

etoneMarch 3, 20111min24515

ကြောင်တော်တော်များများ အသား ၊ ငါး ကြိုက်ကြတာ ရှေးရှေးကတည်းကပါ။ တစ်ချို့ ကြောင်တွေကတော့ အသား၊ ငါး ကို မကျော်ချက်ရသေးတဲ့ အစိမ်း ငြီနံ့ ပြင်းပြင်း အသားကို ပို ကြိုက်ပါတယ် … ။ အသား မစားတဲ့ ကြောင်ဆိုလို့ ကိုကြောင်ကြီးပဲ ရှိပါတယ် 😀 အနည်းနဲ့ အများတော့ ကြောင်တွေ အသားစားတယ်ပေါ့ … ။ အခု နောက်ပိုင်း ဈေးကွက်ထဲမှာ တွင်တွင် ကျယ်ကျယ် ရောက်ရှိလာတဲ့ ကြောင်စာတွေကြောင့် ကြောင်စာ ပြင်ဆင်ပေးရခြင်း သက်သာခဲ့တယ်လေ ။ တစ်ချို့ အိမ်တွေမှာ ဆို ကြောင်က များလွန်းတဲ့အတွက် ငါးဖယ် အရေခွံတွေကို ဈေးမှာ သွားဝယ်ပြီး ပြုတ်ကာ ထမင်းနဲ့ နယ်ကျွေးရတယ်လို့ ကြားမိပါတယ် ။ ကြောင်တကောင် စားစာလောက်ကိုတော့ အိမ်သားတွေ စားတဲ့ အသားဟင်းထဲက ဖယ်ကျွေးရတာ ဘာမှမသိသာပေမဲ့ .. ကြောင်တွေ များလာတဲ့အခါတော့ သူတို့စားဖို့သက်သက်စီစဉ်ပေးရတဲ့ အလုပ်ပိုလာပြီပေါ့ … ။ အခုနောက်ပိုင်းကြောင်စာ ကျွေးတဲ့အခါ … တစ်ချို့ကြောင်တွေက အသားတွေမစားတော့ပါဘူး ၊ ကြောင်စာကိုပဲ မြိန်ယှက်စွာ စားသောက်ကြပါတယ် ။ အသားစားရတာတော့ နှစ်သက်ပေမဲ့ … အသားနဲ့ ရောကျွေးတဲ့ ထမင်းကို မနှစ်သက်တာကြောင့် ဘာအရောနှောမှ မပါတဲ့ ကြောင်စာကိုပဲ စားတာလို့ထင်ပါတယ် …။ ဒါတောင် တစ်ချို့ အိမ်တွေက ကြောင်စာကို ထုချေပြီး ထမင်းထဲ ထည့်ကျွေးသေးတာ … သနားစရာ ကြောင်လေးတွေ ခမျာပဲထဲ ကျောက်ခဲ ရော တဲ့ အဖြစ်နဲ့ ကြုံတော့လည်း ကျွေးတာလေးနဲကပဲ ကျေနပ်ရရှာတာပေါ့ …။
အကျမ်းဖျင်းအား ဖြင့်တော့ ကြောင်တွေက ငါးတွေ ၊ ပုဇွန်တွေ ၊ အသားတွေ ကြိုက်ပါတယ် … ။ အစိမ်းဖြစ်စေ ၊ အကြော်လှော်ဖြစ်စေ ချက်ပြုတ်ပြီးလျှင်လည်း စားပါတယ် ..။ ကျမ အိမ်က ကြောင်လေးကတော့ အသားငါးတွေထက် အသီးရွက် ပိုကြိုက်ပါတယ်လို့ ပြောရင် ယုံနိုင်စရာတောင် မရှိပါဘူး … ။ အိမ်မှာ ကြောင်မမွေးတာ ကြာပါပြီ … ကျမတတ်နင်းခဲ့တဲ့ ကြောင်လေးသေပြီးကတည်းကပေါ့ … နှစ်နဲ့ တောင် ချီနေပြီလေ ။
ဘေးအိမ်က ကြောင်လေး ၊ သူတို့ အိမ်မျက်နှာကြပ်တပ်တော့ ဝုန်းဒိုင်းထုတာကြောက်လို့ ထင်ပါ့ … အိမ်ကိုရောက်လာရင် း ကြောင်ချစ်တတ်တဲ့ ကျမ ခေါ်ကျွေးထားရင်း မပြန်တော့တာပါ .. ။ သူ့သခင်က နောက်ပိုင်း လာလာခေါ်ပါတယ် .. ခဏတော့ပြန်သွားပြီး အစာစားပြီးရင် အိမ်ပဲပြန်လာတတ်ပါတယ် .. ။ ကျမနဲ့ အတူအိပ်ပြီး ၊ ကျမ အိမ်ယာက မထမချင်း သူလည်း မထပါဘူး ။ ပေတေပြီး အိပ်တတ်ပါတယ် ။ အိပ်ယာနိုးတယ် ထင်လို့ကတော့ ကျမကို ဆက်မအိပ်စေပဲ အတင်း နှိုးတတ်ပါတယ် ။ အသံပေးတာက တစ်မျိုး မျက်နှာကို အတင်းလက်နဲ့ လာကုတ်တာက တမျိုး မရိုးအောင် နှိုးတတ်ပါတယ် … ။ ကြောင် က အိမ်ကို ရောက်ရောက်ချင်း သူများတွေလို စားမယ်ထင်တာနဲက ပုစွန်ခြောက်ထောင်းပြီး ထမင်းလေးနဲ့နယ်ကျွေးပါတယ်… ။ သူကလည်း စိတ်ပျက်လက်ပျက်နဲ့ ဗိုက်ပြည့်ယုံသာ စားရှာပါတယ် .. ။
တစ်နေ့ကျတော့ ကျမ ကန်စွန်းရွက် ကြော်ပြီး ဒယ်အိုးထဲကနေ ပန်းကန်ထဲထည့်နေတုန်း အတင်း အစာတောင်းပါတယ်… ။ ကျမလည်း အစာတောင်းတော့ ကြောင်စာပဲ ချကျွေးတာပေါ့… ဒါကို သူက ကြောင်စာမစားပဲ ကျမခြေထောက်ကို ခေါင်းနဲ့ အတင်း ဝှေ့ပြီး အစာတောင်းပြန်ပါတယ်… ။ စိတ်မရှည်တာနဲ့ ကန်စွန်းရွက်ကြော်ဟဲ့ … ဘာအသားမှ မဟုတ်ဘူး စားချင်လည်း စား ဆိုပြီး ကန်စွန်းရွက် တစ်ရွက်ကို လက်ဖဝါးပေါ်တင်ပြီး သူ့မျက်နှာနား ကပ်ပေးလိုက်ပါတယ် .. ။ အံ့ဩစရာကောင်းအောင်ပဲ ကန်စွန်းရွက် ကိုမြင်မြင်ချင်း အသားစားသလိုပဲ တဗျတ်ဗျတ် ဝါးပါတော့တယ် … နောက် ထပ်စား ချင်သေးတယ် ထင်တာနဲ့ ထပ်ကျွေးတာ ဟင်းစားဇွန်း အကြီး နဲ့ တစ်ဇွန်းစာလောက် ကုန်သွားပါတယ်.. ။ ကြိုက်တိုင်းကျွေးလို့ကလည်း မဖြစ်ပေဘူးလေ … သူ့သဘာဝက အရွက်စားလို့ ရမရမသိပဲကိုး … ။ဒါနဲ့ပဲ ကြောင်လေးက အသားထက် ကန်စွန်းရွက်ပိုကြိုက်တာ သိလိုက်ရပါတယ်.. ။ နောက်ပိုင်း ကန်စွန်းရွက် ကြော်တိုင်း သူ့အတွက် နည်းနည်း ဖယ်ပြီး ကျွေးပါတယ် .. ။ တခြား အ သီးရွက်တွေ ၊ ကြော်တိုင်းလည်း သူစားမလား ချကျွေးမိပြန်တော့ ကြက်ဟင်းခါးသီးမစားပါဘူး … ။ ပန်းဂေါ်ဖီလည်း ကြိုက်ပါတယ် ။ ပဲပြား လည်းစားပါတယ် ။ ပဲပင်ပေါက်လည်း အလွန်ကြိုက်ပါတယ်.. ။ ဒါ့အပြင် နို့လည်း သောက်ပါတယ် … ။ နွားနို့ ၊ ပဲ နို့ အကုန်ကြိုက်ပါတယ် … ။ ထူးဆန်းတာ တစ်ခုက ရေခဲမုန့်တွေ ၊ ရေခဲချောင်းတွေလည်း ကြိုက်ပါတယ်…။ သူစားနေတဲ့ပုံကို ဓါတ်ပုံရိုက်ရင် အငြိမ်မနေပါဘူး ဟိုလှည့်ဒီလှည့်နဲ့ ဘယ်လိုမှ အဆင်မပြေပါဘူး… ပုံမှာပါတဲ့ အတိုင်း ပဲ ရေခဲချောင်း ကျွေးထားတာပါ.. ။ အများကြီးတော့ မကျွေးပါဘူး အနည်းငယ်ပဲ ကျွေးတာပါ .. သူ့သဘာဝနဲ့ က တည့် မှန်းမသိ ၊ မတည့်မှန်းမသိကိုး ။ အသီးရွက်စားပေမဲ့ … သူ့ကို အခု ကြောင်စာပဲ ကျွေးပါတယ်… ။ အသီးရွက်က လူတွေ အတွက် အကျိုးပြုပေမဲ့ ကြောင်တွေအတွက် ဘယ်လို အကျိုး ပြုလဲ မသိနိုင်တဲ့ အတွက်ပါပဲ ။ ။

15 comments

  • Sandakuu

    March 3, 2011 at 1:16 pm

    ကျွန်မအရင်က ကြောင်ကလေး နာမည်က ပေါင်ချိန်တဲ့.. မျက်နှာတစ်ခုဘဲမဲနေတာ.. အဲဒီကြောင်လေးဆို ကန်းဇွန်းရွက်…ကြိုက်မှကြိုက်… အစိမ်းတောင်စားတယ်.. မာမီဈေးကပြန်လာတော့ ချထားတဲ့ကန်ဇွန်းစည်းက အညွန့်တွေအကုန်ပျောက်ကုန်တာနောက်မှ သူ့လက်ချက်မှန်းသိတယ်.. အာလူးလဲစားတယ်.. ဟင်းဆိုအကုန်စားတယ်… ကြက်ဥ၊ နဲ့အခြားဟင်းသီးဟင်းရွက်လဲစားတယ်။ ရေခဲချောင်းလဲကြိုက်မှကြိုက်.. ကိတ်မုန့်လဲစားတယ်.. မုန်လာဥနီဆို ပြုပ်ကျွေးသိပ်ကြိုက်..
    ပေါင်ချိန်လေးက နှလုံးမကောင်းဘူး… မွေးရာပါဘဲ… အခုတော့ သူဆုံးသွားတာ နှစ်နှစ်ကျော်ပီ…
    ကြောင်ကလေးအကြောင်းဖတ်မိတော့ ပေါင်ချိန် ကိုသတိရလိုက်တာ.. သူ့ကို ချစ်စနိုး ချိန်ချိန် လို့ခေါ်တယ်။ သူက ယုန်ကလေး တုန်တုန်နဲ့လဲ သူငယ်ချင်းဖြစ်နေတာ..

    • bigcat

      March 13, 2011 at 4:29 am

      စန္ဒကူးရဲ့ကြောင်လေးချိန်ချိန်က နေပြည်တော်က ကြိုင်ကြိုင်နဲ့ရော သိလား..

  • shwe

    March 3, 2011 at 2:42 pm

    အိမ်မှာလဲ ကစ်တီ (၁၆) ကောင်လောက်ရှိဘူးတယ် အိတုန်ရေ .သူများကျန်ခဲ့တဲ့ ကစ်ီတီတွေကို မေမေကသနားပြီး ကျွေးထားတာ . ရေခဲချောင်းကြိုက်တာတော့မတွေ့ဖူးဘူး။
    ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဟင်းသီးဟင်းရွက်စားတဲ့ ပူစီတော့တွေ့ဘူးတယ
    မြင်ဖူးတာတော့ဘာမှမဖြစ်ဘူး အိတုန်ရေ ကျွေးပါ . သူနာမည်ဘယ်လိုပေးထားလဲ . ပြောပါဦး ။
    အိတုန် ချစ်သူကောနေကောင်းပြီလား

    • etone

      March 4, 2011 at 2:29 am

      ကြောင် ဆယ့်ခြောက်ကောင်လား … ဒဏ်တော်တော်ခံရမှာပဲ .. ။ etone အိမ်မှာ ကြောင် ဆယ့်နှစ်ကောင်ထိ ပွားလာဖူးတယ် .. အခုတော့ တစ်ကောင်ပဲ ရှိတော့တယ် .. ။ အင်္ကျ ီ ချုပ်တဲ့ အပ်ချုပ်ဆိုင်မှာ ကြောင် အကောင် လေးဆယ်နီးပါးရှိတယ် .. ဓါတ်ပုံရိုက်လာသေးတယ် ပျောက်နေလို့ .. နောက်မှ ပို့စ်တင်ပါဦးမယ် … ။
      etone ကြောင်လေးနာမည်ကတော့ မည်းမည်းပါ ။
      ချစ်သူလည်း နေကောင်းပြီး ပုံမှန်အလုပ်ပြန်လုပ်နိုင်ပါပြီ ။ သတိတရနဲ့ မေးတာ ကျေးဇူးတင်ပါတယ် ။

  • ယောလေး

    March 4, 2011 at 2:36 am

    အသီးအရွက်ကြိုက်တယ်တဲ့…ကျတော့်အိမ်ကကြောင်ကတော့ အသားကျွေးတာတောင် မစားချင်ဘူး…

    • etone

      March 4, 2011 at 10:12 am

      ကြောင်က ဘဝမြင့်နေတာဖြစ်မယ် …. အစာမကျွေးပဲ တစ်နေကုန်ထားကြည့် ညကျ ဗိုက်ဆာရင် ဘာကျွေးကျွေးစားလိမ့်မယ် ။

  • bigcat

    March 4, 2011 at 4:24 am

    အီးတုံးဘဲကြီးက ကြောင်ဆိုအသေမုန်းဆိုပဲ။

  • ဆူး

    March 4, 2011 at 2:08 pm

    ကြောင် ဘယ်လောက် မုန်းမုန်း အီးတုံးကို မမုန်းရင် ပြီးတာဘဲ.. ဟုတ်ဘူးလား။

  • cherrykoko

    March 5, 2011 at 10:34 am

    ကျနော့်အိမ်ကကြောင်ထီးလေးကတော့ငပျင်းလေး…ကြွက်ကင်
    ဝယ်ကျွေးရတယ်..ကြွက်သားစားဖူးအောင်လို့ ..သူ့ပာာသူသာ ခုတ်ပြီးမစားတာ ဝယ်ကျွေးတော့အင်မတန်ကြိုက်တယ်…

  • ဆူး

    March 5, 2011 at 1:40 pm

    တော်တော် သဘောကောင်းတဲ့ သခင်ဘဲ

  • Gong Zhu

    March 7, 2011 at 3:22 pm

    အရင်ကမွေးတဲ့ကြောင်လေးကတော့ ချောကလက်ကြိုက်တယ် … ဟီးဟီး … အိပ်ရင်လည်း အခင်းပေါ်မှာအိပ်တယ် … အခင်းမရှိရင် မြင့်တဲ့ အမြင့်မှာပဲအိပ်တယ် … ကြောင်တွေကလည်း ကြီးကျယ်တယ်တော့

  • etone

    March 8, 2011 at 4:32 am

    အိမ်က ကြောင်က အိပ်ရင် ဗိုက်ပေါ်တက်အိပ်တယ် ။
    သူအိပ်ဖို့နေရာလုပ်ပေးလဲ မရဘူး ။ မောင်းထုတ်လဲ ခဏပဲ ။ ညဘက်ကျရင် အတင်းဗိုက်ပေါ်ပဲလာအိပ်တယ် ။ ကိုယ်ကိုစောင်းအိပ်လို့ ဗိုက်ပေါ် တက်အိပ်မရရင် ခေါင်းအုံးပေါ်လာအိပ်တယ် … ။ တညလုံးတော့ သူလာမအိပ်အောင် ထိုင်မစောင့်နေနိုင်တော့လည်း ဝင်လာပြီး အိပ်တာပဲ ။

  • ဆူး

    March 8, 2011 at 1:17 pm

    အီးတုံး ရေ.. ညီမ ကြောင်နဲ့ ဖက်အိပ်တာ အနီးအနားမှာ အိပ်တာတော့ ကျန်းမာရေး အတွက် မကောင်းဘူး။ အဲဒါမျိုးတော့ ဘယ်လောက် ချစ်ချစ် လက်မခံ သင့်ဘူး။

  • Gong Zhu

    March 12, 2011 at 4:58 pm

    ဟုတ်တယ် … သမီးကြောင်လည်း ဗိုက်ပေါ်မှာအိပ်တယ် … ဖယ်ရင် ခြေထောက်နားမှာ ခေါင်းနားမှာ အိပ်တယ် … မာမားက ပြောတယ် ကြောင်ကို ဗိုက်ပေါ်တင်မအိပ်ရဘူးတဲ့ ကိုယ်မွေးလာတဲ့ကလေးကကြောင်လေး ဖြစ်တတ်တယ်တဲ့ … မမအီးတုန်း သတိထားနော် … ယောကျာ်းယူမှာမလား 😛

  • ဆူး

    March 12, 2011 at 5:20 pm

    မွေးတဲ့ ကလေး ကြောင် ဖြစ်မဖြစ်တော့ မသိဘူး မွေးပြီး ၅လ လောက်နေရင် ခလေးတိုင်း က ကြောင်လေးလို လေးဘက် စထောက်တော့တာဘဲ။

Leave a Reply