KingJune 30, 20111min20913
ရွာထဲမှာ မန္တလေးမှာ တရုတ်-မြန်မာ ကုန်သည်တွေ ရိုက်ပွဲ ဖြစ်ခဲ့ဆို Posted by PaukPhaw on Jun 27, 2011 in မှာ တင်ခဲ့ပါတယ် အဲဒီသတင်းကိုလည်း စိတ်ဝင်စားစွာ ကျွန်တော်ဖတ်ရှုခဲ့ပါတယ် ….သူတင်ထားတကတော့ . https://myanmargazette.net/wp-admin/post-new.php?post_type=post မှာဖြစ်ပြီး သူဖတ်ခဲ့တဲ့ သတင်း Link လေးကိုပါ အောက်ပါအတိုင်း တင်ပေးခဲ့တာကို ကျွန်တော်ဖတ်ရှုခဲ့ရပါတယ် … ” မူရင်း..http://anyarnwaytamarmyay.blogspot.com/2011/06/blog-post_27.html ” ဒါနဲ့ ကျွန်တော်လည်း ဆိုဒ်တစ်ခုမှာ ဒီသတင်းကိုပဲ ပုံနှင့်တကွ ဖတ်လိုက်ရပါတယ် ကို PaukPhaw ရဲ့ သတင်းမှာတော့ ” ဖြစ်စဉ်ကတော့ သိန်း ၄ဝနဲ့ ဈေးဆိုင်ထားတဲ့ ကျောက်လွှာထုပ်ကို တရုတ် ကုန်သည်က ဝယ်မယ်ဆိုပြီး လက်မှတ်ထိုး တိပ်ပတ်ထုတ်ထားခဲ့ပါတယ်။ […]


KingJune 24, 20111min653
လမ်မပြောတတ်တဲ့ ညီမလေးတစ်ယောက် က Gtalk ကနေ သတင်းပို့လာပါတယ် သူပို့လာတဲ့ သတင်းများကတော့  ……(၂၄.၆.၂၀၁၁)နေ့လည် ၁၂နာရီကျော်အချိန်တွင် ၈၄လမ်းနဲ့ ၂၈လမ်းထောင့်အနီးမှာ ဂျစ်ကားတစ်စီးဗုံးကွဲကြောင်းသိရပါသည်။ မန်းလေးမြို့ ဈေးချို မန်းမြန်မာပလာဇာတွင်ဗုံးပေါက်ကွဲသည် (၁၁ နာရီ ၅ဝ မိနစ်ခန့်တွင် ဟု သတင်းရပါသည်) ဆက်လက်ပြီး မန္တလေးသားများ သတင်းမျှဝေပေးပါအုန်း ….


KingJune 24, 20111min23530
အခုတစ်လော မိုးလေးက အေး နဲ့ …. စာအုပ်ပုံတွေကို ဟိုလှန်ဒီလှန်လုပ်ရင်း စာအုပ်တစ်အုပ်ရဲ့ နောက်ဖက်မှာ ကျောင်းမှာ သူငယ်ချင်းတွေနဲ့ အတူ ပေါက်ကရတွေ လျှောက်ရေးတာတွေကို ဖတ်ရင်း အတိတ်က ကျောင်းတော်ထဲကို အတွေးတွေ စီးဆင်း သွားခဲ့ပါတယ် ……. ကျောင်းဆိုတဲ့ အတိုင်း စာကိုသိပ်စိတ်မဝင်စားတဲ့ ကျွန်တော်က ဆရာ/မနဲ့လေ ဝေးလေ ပိုကောင်းလေ ဆိုပြီး အတန်းရဲ့ နောက်ဆုံးမှာပဲ ထိုင်လေ့ရှိတယ်ပေ့ါဗျာ (ကျွန်တော့်နောက်မှ ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော် မြေပုံတွေ ကိုကပ်ထားတဲ့ ကျောက်သင်ပုန်း …. အဲဒီနောက်မှာတော့ ကျိုးပဲ့ပျက်စီးနေတဲ့ ခုံအပိုင်းအစတွေပဲ ရှိတယ်ပေါ့ဗျာ) …… အော် ပြောရအုန်းမယ်ဗျ ကျွန်တော်တို့ စာသင်ရတဲ့အခန်းက လူ(၂၀၀)ယောက်လောက် စာသင်လို့ရအောင် ကျယ်တဲ့ အခန်းဗျ …. […]


KingJune 21, 20111min52647
အခုတစ်လော ရွာထဲမှာ လူသစ်တွေ အခြေအချနေထိုင်လာကြတော့ ရွာကလည်း အရင်ကထပ် ပိုပြီး စည်ကားလာတာတော့အမှန်ပါပဲ … သူကြီးရဲ့ အုပ်ချုပ်မှုစွမ်းရည် ရွာသူ/သားတွေရဲ့ ချစ်စဖွယ် စိတ်ထားတွေနဲ့ အတွေးသစ်အမြင်သစ်တွေ ပေါများလှတဲ့ ရွာထဲမှာ လူများတာလည်း ဆန်းတော့ မဆန်းလှပါဘူး … ဒါနဲ့ပဲ ရွာထဲမှာ စီးပွားရေး စလုပ်ဖို့ ကြံမိတော့တယ် အဲဒါနဲ့ပဲ ဟိုပို့စ်ကို ဝင်ပြီး 10 ယူလိုက် ဒီပို့စ်ကို ဝင်ပြီး 10 ယူလိုက်နဲ့ စုထားတဲ့ ပွိုင့်တွေကို ကိုအောင်ပုတို့ဆီမှာ ကြိုပွိုင့်နဲ့ ရောင်းပြီး လုပ်ငန်း တစ်ခု တည်ထောင်လိုက်ပါတယ်…  အခုလောလောဆယ်တော့ အနုပညာနဲ့ဆိုင်တဲ့ လုပ်ငန်း အရင်စလုပ်မယ်ပေါ့ … နောက်မှ ရလာတဲ့ အမြတ်ငွေတွေနဲ့ ပရဟိတ အတွက် ဖောင်ဒေးရှင်းတွေထောင်မယ် …နောက်တော့ […]


KingJune 19, 20117min1154
ဘာရယ်လို့တော့ မဟုတ်ပါဘူး မရေးတာကြာလို့ ခေါင်းရှုပ်နေတာလဲပါ တာပေါ့ ဘာရေးရမှန်းမသိတာလည်း ပါချင်ပါမှာပေါ့ … ငါရေးလိုက်တာ မတော်မတည့်ဆိုရင် အထုခံရမှာလဲ ကြောက်ရသေး ရွာထဲမှာက လူသစ်တွေများလာတော့ နည်းနည်းတော့ရှိန်တာကလည်းတစ်ကြောင်း … အကြောင်းအမျိုးမျိုးနဲ့ စဉ်းစားရင်း စဉ်းစားရင်း ပေါက်ကရလုပ်ဖို့ကပဲ ခေါင်းထဲ ထွက်လာတော့ ပေါက်ကရပဲ အရင်လုပ်လိုက်တယ်… အော်ပြောရအုန်းမယ်ဗျ အမှန်အကန်ကတော့ ပြီးမှ နောက်တစ်ခု ဆက်တင်လိုက်အုန်းမယ်…. နှစ်ခုတင်ဖို့ ခွင့်ပြုထားတာဆိုတော့လေ … ကဲ မပြောမပြီး မတည်မမြည် ဆိုသလို ကဲ ပေါက်ကရ ဇာတ်လမ်း စလိုက်ပါပြီဗျ …. မူရင်းကို ကြည့်ချင်ရင်တော့ … http://www.facebook.com/photo.php?fbid=234728576541242&set=a.234726136541486.75967.100000123042722&type=1&theater Wai Yan ငါ့ညီမသည်သာ အလှဆုံး (မှတ်ချက် မုန့်ဝယ်ကျွေးရန်အလို့ငှာ)  June 13 at 10:42am […]


KingJune 9, 20111min23315
ကျွန်တော်တို့ရဲ ဘဝအမောတွေကို ပြေပျောက်ဖို့အတွက် ရွာသူ/သားတွေရဲ့ ဒီတစ်ပတ်အတွင်း အကြိုက်ဆုံး ဟာသလေးတွေကို အောက်မှာ comments လေးတွေ ရေးပေးပြီး ဖော်ပြပေးဖို့ တောင်းဆိုပါတယ် …. ကဲ .. ကျွန်တော်ကပဲ အစဆုံး ဈေးဦးဖောက်လိုက်ပါ့မယ် … သိခွင့်ရတဲ့ ဟာသလေးကိုတော့ ဘယ်ကနေ ဘယ်လိုသိခွင့်ရတယ်ဆိုတာတော့ ကျွန်တော်မသိပါဘူး လက်ဆင့်ကမ်းကြားသိတာလေးကို ပဲ ပြန်လည်မျှဝေပေးလိုက်တာပါ အဲဒီအတွက် မူရင်းကိုမဖော်ပြပေးနိုင်တဲ့အတွက် ခွင့်လွှတ်ပါ သူငယ်ချင်းတို့ကတော့ မူရင်းသိရင် ဖော်ပြပေးကြပေါ့ဗျာ … သမ္မတ အိုဘားမား . ကျွန်တော်တို့တိုင်းပြည်မှာ ဝန်ထမ်းတွေဟာ ဒေါ်လာ ၄၀၀၀  လောက်ရကြတယ် စားဝတ်နေရေးအတွက် ဒေါ်လာ ၃၀၀ဝ လောက် ကုန်ကျတယ်။ ကျန်တဲ့ ဒေါ်လာတစ်ထောင် သူတို့ ဘာလုပ်လုပ် ကျွန်တော် ဂရုမစိုက်ဘူး ….. […]


KingJune 6, 20111min23714
ဒီပို့စ်လေးကို ရေးရတဲ့ ရည်ရွယ်ချက်ကတော့ ရွာထဲမှာရှိတဲ့ ရွာသူ/သားတွေရဲ့ ခံယူချက်ကလေးကို သိချင်တာကြောင့် တစ်ကြောင်း ကျွန်တော့်ရဲ့ အဖြစ်အပျက်တွေကို နားလည်စာနာပေးနိုင်လိမ့်မယ်လို့ ယူဆရခြင်း ဆိုတဲ့ …….. အကြောင်းအမျိုးအမျိုးတွေကြောင့် ရေးတင်ရခြင်း ဖြစ်ပါတယ်။ နောက်ပြီးတော့လည်း မနေ့က ရွာထဲက ရွာသူ/သားတွေ တွေ့ဆုံပွဲအစီအစဉ် ကြောင့်လည်း ပိုပြီးရင်ဖွင့်ချင်စိတ်များ ပေါ်ပေါက်လာခဲ့ပါတယ်။ ကျွန်တော်ဟာ ဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်တဲ့အတွက် အချိန်တော်တော်များဟာ ကျွန်တော်မပိုင်ပါဘူး။ နိုင်ငံ့ဝန်ထမ်းတစ်ယောက်ဟာ နိုင်ငံအတွက် ၂၄ နာရီလုံး တာဝန်ရှိပါတယ်။ အဲဒီအတွက်ကြောင့်လည်း ကျွန်တော်ဟာ တာဝန်ဆိုတဲ့ စကားလုံးအောက်မှာ ဝတ္တရားဆိုတဲ့ လူမှုရေးများ ပျက်ကွက်မှုများရှိခဲ့ပါတယ်။ အထူးသဖြင့် ပြင်ပပေါင်းသင်းဆက်ဆံရေးများဘက်မှာ အထူးပင် အားနည်းမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ရွာထဲမှာပဲ ပေါက်ကရလျှောက်ပြောရင်းနဲ့ လူပြောင်လူနောက်ရွာသားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ရွာကိုသံယောဇဉ်ရှိသလို ရွာသူ/သားတွေအပေါ်မှာလည်း အတော်လေး […]


KingMay 27, 20111min23521
ကျွန်တော် king ဟိုပို့စ်ကို ဖတ်လိုက် ဒီပို့စ်ကို ဖတ်လိုက်နဲ့ ခေါင်းတွေလည်း ရှုပ်ရပါပြီ ဒါကြောင့် ပို့စ်တစ်ခု ရေးတင်လိုက်ရတာပါ ရွာသူ/သားများအနေနဲ့ ဆုံတွေ့ပွဲလေးလုပ်ချင်တယ်/မလုပ်ချင်ဘူးဆိုရင်ဖြင့် ဒီပို့စ်ရဲ့ commet တွေမှာ Like ပဲဖြစ်ဖြစ် dislike  လုပ်ပြီး ဖော်ပြပေးရုံတင်မက ကိုယ်တိုင်ကိုယ်ကျလည်း commet လည်း ဝင်ပေးပေးကြပါ. ဒီပွဲလေးကို ဦးစီးဦးဆောင်လုပ်ပေးမယ့် လူတွေကို လည်း ဖိတ်ခေါ်ပါတယ်။ ရွာသူ/သားတွေကလည်း ဘယ်သူကို ဘာတာဝန်ပေးသင့်တယ်ဆိုတာ အကြံဉာဏ်ကောင်းများ ပေးကြပါအုန်း အားလုံးကိုချစ်တဲ့ King 😛


KingMay 25, 20111min20511
ဖတ်မိဖတ်ရာ တွေးမိတွေးရာ နေရင်းကနေ ရွာထဲက လူတွေနဲ့ လေကန်နိုင်ဖို့ ခေါင်းစဉ်တစ်ခုပေးထားတယ်နော်ဗျ ချင်းမိုင် (မဇ္ဈိမ) ။     ။ ဆရာအောင်သင်းသည် ၁၉၅၈  ခုနှစ်က ရန်ကုန်တက္ကသိုလ်သို့ ကျောင်းသားတဦးဖြစ်ပြီး၊ ၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် နည်းပြ၊ ၁၉၆၅ ခုနှစ်တွင် ပြင်ဦးလွင် စစ်တက္ကသိုလ် မြန်မာစာဌာန၏ လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းအပြင် အလွတ်ပညာသင် အထက်တန်းကျောင်းများတွင် မြန်မာစာ နည်းပြအဖြစ် သင်ကြားပို့ချပေးခဲ့သည်။ ဆရာသည် ပညာရေးနှင့် ပတ်သက်သည့်ဆောင်းပါးများ လူငယ်များတိုးတက်ရေးအတွက် စာပေများ စသည့် စာအုပ်၊ ဆောင်းပါးများ စုစည်းမှုနှင့် ဘာသာပြန် စာအုပ်ပေါင်း ၄ဝ ကျော်ကို ရေးသားခဲ့ပြီးဖြစ်သည်။ ဆရာသည် အသက် ၈၅ နှစ်ရှိပြီဖြစ်ပြီး လူငယ်ပြုပြင်ရေးစာပေများ ရေးသားနေဆဲဖြစ်သည်။ […]


KingMay 24, 20111min18010
မန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကျပ် ၁ဝသိန်းခွဲဖြင့် တပ်ဆင့် အသုံးပြုပေးလျက်ရှိသော ကြိုးဖုန်းများကို မေလ ၂၅ ရက်နေ့မှစ၍ ကျပ်ခြောက်သိန်းခွဲဖြင့် အလုံးရေ အကန့်အသတ် မရှိ ချပေးမည် ဖြစ်ကြောင်း နေပြည်တော် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အော်တို တယ်လီဖုန်းဌာန အင်ဂျင်နီယာချုပ် ဦးသိန်းဟုတ်က မေလ ၁၆ ရက်နေ့တွင် ပြောကြားခဲ့သည်။ “တစ်နိုင်ငံလုံးကို တစ်ပြိုင်နက်တည်း ချပေးတာပါ။ သက်ဆိုင်ရာ ဌာနတွေမှာ အရင် လျှောက်သလိုပဲ လျှောက်ရင် ရပါတယ်” ဟု ဆိုသည်။ ယင်းကြိုးဖုန်းများ လျှောက်ထားရာတွင် သန်းခေါင် စာရင်းမိတ္တူ၊ မှတ်ပုံတင် မိတ္တူနှင့် ဖုန်းလျှောက်လွှာ တစ်စောင်ရေး၍ အော်တို အိတ်ချိန်းရုံးတွင် လျှောက်ထားရပြီး အနည်းဆုံး သုံးလ အကြာတွင် ရရှိကြောင်း၊ […]


KingMay 21, 20111min23311
မြန်မာ့ရိုးရာ စကားပုံ များ၏ အဓိပ္ပါယ်များ ဧဒင်ဥယျာဉ် Website မှာ တင်ထားတဲ့ ဘလော့လေးကို သဘောကျ နှစ်သက်တဲ့အတွက် ကူးယူခွင့်တောင်းပြီး ရွာထဲမှာရှိတဲ့ မိတ်ဆွေတွေကို ခဏတာ ပြုံးရွှင်စေဖို့ တင်ပြထားတာပါဗျ။ အားလုံးကြိုက် မကြိုက်တော့ မသိဘူး ကျျွန်တော်ကတော့ ကြိုက်တယ်ဗျ ရီရလို့ 😛 အော် နောက်ပြီး ရှိသေးတယ် ကျွန်တော်က မူရင်းခေါင်းစဉ်ကို ခေတ်သစ်ဆိုတဲ့ စာသားလေးပါ ဖြည့်စွက်ထည့်သွင်းထားပါကြောင်း…. ကဲစပြီး ဖတ်ကြည့်ရအောင် ….. (ပိုနေမြဲ ကျားနေမြဲ) Gateway များပြုပြင်ပြီးသွားသောအခါ နဂိုအတိုင်းပြန်ဖြစ်သွားသော ကွန်နက်ရှင်ကိုဆိုလိုသည်။ (ကိုယ့်ဖင်မနိုင်ပဲ ပဲကြီးဟင်းသောက်ချင်) Connection မကောင်းလျက်နဲ့ Facebook ဗွီဒီယိုများ ကြည့်လိုခြင်းကို ဆိုလိုသည်။ (ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း) ကွန်နက်ရှင်ကောင်းရာ လိုင်း/ အင်တာနက်ကို ပြောင်းသုံးသည်။ […]


KingMay 11, 20111min1196
အခုတစ်လော သူငယ်ချင်းတွေပို့စ်တွေမှာ အယူဝါဒတွေနဲ့ ပတ်သတ်ပြီး ငြင်းကြခုန်ကြ ဆွေးနွေးကြ ထောက်ခံကြနဲ့ပေါ့ ဒါနဲ့ သူငယ်ချင်းတွေရဲ့   ဦးနှောက်ကို ခဏတာ အပန်းဖြေစေဖို့အတွက် forward mail မှ ရရှိထားတဲ့ မေးလ်တစ်ခုကို အားလုံးအတွက် ဖောက်သည်ချလိုက်ရပါကြောင်း …………………………………… အောက်ပါဝေါဟာရများကို ၁ ကြိမ်စီအသုံးပြု၍ စာစီကုံးပါ *ဂါ/ဘွတ်စမံ/ဂျွတ်/ပျားတုပ်/လန်း/ဖလမ်းဖလမ်း/ဂိ/ညောင ်း/ဂျင်းထဲ့/ဖောင်း/ပိန်း/ဖလာကြိတ်/ကုန်းဆင်း/အရောက်ပို့/ရှော်/နားကား/ရှော့/ကျော/ဘီးဂျဲ/ငုတ်တုတ်မေ့/ဂန့်/ဘူ/ကျွတ်ဆင်/ပွေး/ဖောရှော/အီစီကလီ/လန်ထွက်/ဖု/ကြူ/ရေလျှံ/တင်း/ပြဲ/အိုင်စီလွတ်/ဂေါက်/အမ်း/ဂိုက်ပေးကြမ်း/တိုင်ပတ်/ဗျင်း/ခိုက်/၉လောက်ရှိ/ထု/ငြိ/ဖွန်ကြောင်/ကျ/ကိုဝင်းကြည်/စတေးရှောင်/ကျွေး/ကြုံး/မျိုးကန်း/ဥ* ကျော်ကျော် သည် *ဂိုက်ပေးကြမ်း * သောလူ *ပွေး *၁ ယောက်ဖြစ်သည်။မူမူသည်*ရေလျှံ* သည့်အပြင် *လန်ထွက်* နေသော သူဋ္ဌေးသမီး ၁ ဦးဖြစ်သည်။စတိတ်ရှိုး ၁ခုတွင်* ဖလမ်းဖလမ်း* ထနေသောမူမူကို ကျော်ကျော်* ခိုက် * သွားပြီး *ငုတ်တုတ်မေ့* သွားသည်။ ထို့နောက် ကျော်ကျော်သည် ရည်းစားဟောင်းအမကြီး ၁ ဦးထံမှ *ကျော်*ထားသော […]


KingMay 8, 20111min1496
အရင်ဦးဆုံး သူငယ်ချင်းတွေကို ဒီနေရာကနေ အကူအညီတစ်ခုတောင်းချင်ပါကြောင်း ပြောကြားပါရစေဗျ ကျွန်တော်အခု အရေးတကြီး ဖုန်းနံပါတ်လေးများ လိုချင်လို့ပါဗျ အဲဒါကတော့ စာအုပ်အရောင်းဆိုင်တွေရဲ့ ဖုန်းနံပါတ်တွေပါ (ရန်ကုန်မြို့အတွင်း) စာအုပ် (၂)အုပ် အရေးတကြီးလိုချင်လို့ပါ စာအုပ်(၂)အုပ်ရဲ့ နာမည်ကတော့ တောရဆရာတော်ဘုရားကြီးရေးသားတဲ့ ညီအစ်ကိုကောင်းမှုနဲ့ နောက်တစ်ခုကတော့ ထေရဝါဒအရှင်ဩဘာသ ရေးသားတဲ့ ဒီလိုလှူရမယ် စာအုပ်တွေပဲ ဖြစ်ပါတယ် အားလုံးပဲ Comment ဝင်ရေးပေးမယ်လို့လည်း မျှော်လင့်ပါတယ် အားလုံးရဲ့ သူငယ်ချင်း King