koyin sithuAugust 23, 20121min41930
ပြတင်းဝမှ လှမ်းကြည့်မိသော ည၏ သဏ္ဍန်သည်ပီသခိုင်မာနေ၏ ကြယ်ပွင့်ငယ်တို့က နေထိုင်းမကောင်း၍ အလင်းအားနည်းနေသော မီးသီးလေးများပမာ ခပ်ဖျော့ဖျော့တောက်ပနေကြသည်။ ပင်လယ်လှိုင်းများက ကျွန်တော့်စိတ်ထဲတွင် ယိမ်းထိုးနေသလိုပင်။ လေပြေအေးအေးတို့က ညင်သာစွာ ဖြတ်သန်းလျက်ရှိကြသည်။ တိမ်စိုင်တို့သည် တိုးတိုးဖွဖွရွေ့လျားနေကြသည်။ တစ်ချက်တစ်ချက်တွင် စင်ရော်ငှက်အော်သံ စူးစူးတို့က ညကိုတစ်စိတ်တစ်ပိုင်းလှပစေသည်။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်လျက်ရှိလေ၏ တစ်ချိန်က ဂျစ်ပစီလူငယ်လေး တစ်ယောက် ဂီတာတစ်လက်၊ ကတ္တီပါအိတ်မှာ ထည့်ထားသော တဲ့ရောတစ်ထုပ် နှင့် ထိုကဲ့သို့ ညတစ်ညတွင် လမင်းကို ဖတ်ရူ့နေခဲ့ဖူးလေသည်။ ယခုတော့ ထိုလူငယ်မှာ ညဗေဒင်တွက် နေလေ၏ ပြီးတော့ အမှားတွေကို ရင်ခုန်နေပြန်သည်။ တကယ်ပါဗျာ။ အရာအားလုံးဟာ ရူးသွပ်မှုတွေ လှလှပပဆွဲသားထားတာပဲ။တစ်ညမှာပေါ့။ လမင်းသာတဲ့ တစ်ညမှာ…..။ ရင်ထဲကို မှုတ်သွင်းပြီး ဂီတနဲ့ တဲရော့ခ်ကို အားရပါးရ ရူရှိူက်ပစ်ခဲ့ရတယ်။ တစ်ချိန်တုန်းက […]


koyin sithuAugust 9, 20121min33820
အခါတစ်ပါး၌ လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ “အကျွန်ုပ်သည် မည်သည့် အရာကိုပဲ လုပ်လုပ် မအောင်မမြင် ဖြစ်နေပါသည်။ အဘယ့်ကြောင့် မအောင်မမြင် ဖြစ်ပါသနည်း” ဟု မေးလျှောက်သည်။ “အသင်သည် အလှူဒါနမပြုတတ်၍ ဖြစ်သည်” ဟု မြတ်စွာဘုရားက ဖြေကြားတော်မူသည်။ ငွေကြေးတစ်ပြား တစ်ချပ်မှ မရှိသော ဆင်းရဲသား အကျွန်ုပ်ဖို့ မည်ကဲ့သို့ အလှူဒါနပြုနိုင်ပါမည်နည်း။ အသင်ဤသည်ကို မှတ်သားလော့။ တစ်ဦးတစ်ယောက်သောသူသည် ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော အလှူဒါန ခုနှစ်မျိုးရှိသည်။ ထိုခုနှစ်မျိုးမှာ … ၁။ မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း – အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း၊ ၂။ နှတ်ဖြင့် အလှူဒါနပြုခြင်း – အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသောစကားများ၊ ပြောဆိုခြင်း။ ၃။ စိတ်ဖြင့်အလှူဒါနပြုခြင်း […]


koyin sithuAugust 7, 20121min12211
အဝေးကြီးမှ မိုးကုတ်စက်ဝိုင်းကို ကျွန်တော်ငေးလိုက်၏ ငါမလွမ်းဘူးဟု စိတ်ထဲမှာ တေးထားသော်လည်း ရင်ထဲက ခံစားချက်ဆို ထူးဆန်းလွန်းပါသည်။ အခုတော့ ကျွန်တော် ရူးနေပြီထင်ပါသည်။ သူမလည်း ကျွန်တော်ကဲ့သို့ပင် အလိုမတူသော အလွမ်းများဖြင့် ကျွန်တော်အားလွမ်းဆွတ်နေပေလိမ့်မည်။ ကျွန်တော် ခြေဖျားတွေအေးစက်နေ၏ ပင်လယ်ပြင်ပြာပြာ၏ ဘယ်အရပ်ကြည့်ကြည့် သူမပုံရိပ်တွေ၊ သူမအသံတွေ ဝေ့ဝဲနေကြသည်။ ဒီလိုနေဝင်ချိန်မျိုးမှာ သူမက ဆူးစူးနေသော ကျွန်တော့်လက်ဖဝါးကို တယုတယကိုင်တွယ် ခဲ့ဖူးသည်။ ကျွန်တော့်ဆံပင်ရှည်တွေကို သူမက ကိုင်ကြည့်ရင်း ဆံပင်တိုတို ဘိုကေနောက်မြင့်ပုံစံ ညှပ်ဖို့ တိုက်တွန်းဖူးသည်။ “နင် ငါ့ကိုချစ်ရင်လေ…” ဘယ်တော့မှ အဆုံးမသတ်သော သူမ၏ စကားသံများသည် ကျွန်တော့်နားထဲတွင် ပဲ့တင်ထပ်လာသည်။ တခါတုန်းက ရှိခဲ့ဖူးသော ရိုးသားမှု ခေါင်းစဉ်အောက်တွင် သံယောဇဉ်များကို ကျွန်တော်မက်မောနေဆဲဖြစ်သည်။ ကျွန်တော်က တကယ်ညံ့သူဖြစ်သည်။ ဘာမှမဖြစ်စလောက် အမှားအယွင်းကို […]


koyin sithuJuly 31, 20121min30924
မိမိမွေးရပ်မြေမှ ကျွန်တော်ထွက်လာလိုက်တာ ဒီနေ့နဲ့ဆို တစ်လတင်းတင်းပြည့်တော့မည်။ ရန်ကုန်မှာနေစဉ်တုန်းက အလုပ်မရှိ၊ အချိန်ကလည်းရသည်မို့ စာတွေ ပို့စ်တွေရေးလိုက်တာ ခုတော့ ပြန်ဖတ်ကြည့်တာ ကိုယ့်ကိုယ်တောင် ငါ ဒီလောက်တောင် ရေးနိုင်ပါလားလို့ အံ့ဩသင့်မိသည်။ ဂေဇက်ရွာကိုကော၊ မိတ်ဆွေ ရွာသူားများကိုပါ ဘယ်ပင်လယ်ပြင်ထဲ ရောက်ရောက်သတိရနေမိသဖြင့် ဂေဇက်ရွာကိုလည်း အချိန်မရသည့်ကြားမှ အင်တာနက်လိုင်း ရရင်ရသလို ရွာသူားများ ပို့စ်တွေကို အမြဲဖတ်၍ အားပေးနေမိသည်။ ယခုကိုယ်တိုင်တော့ စာရေးဖို့ အချိန်သိပ်မပေးသလို Duty နားရင်လည်း ပင်ပန်းလို့ အိပ်ပျော်သွားသလို၊ ပို့စ် ရေးနေတုန်း Walkie-talkie မှ ဟိုခိုင်းဒီခိုင်းဆိုရင်လည်း Mood ကပျက်သွားပြီး စာသိပ်မရေးဖြစ်တော့။ ကျွန်တော်တို့ သင်္ဘောပေါ်တွင် ဖားပြုတ်(ဖိလစ်ပိုင်)၊ အီဂျစ်၊ အိန္ဒိယ၊ ရွှေ စတဲ့ လူမျိုးတွေပါဝင်သလို ရွှေမြန်မာကလည်း ကျွန်တော်ပါ အပါမှ […]


koyin sithuJuly 23, 20121min35835
ချစ်သူရေ… ကြယ်တစ်ပွင့် လတခြမ်းနဲ့ အလင်းအိုတွေကို ဖြတ်ရင်းနဲ့ ဉာဥ့်ဦးယံက ဓူဝံကြယ်တောင် ထွက်လာပြီပေါ့။ ပင်လယ်ကမ်းနံဘေးကနေ အလွမ်းအဆွေးတွေ မပြောပြချင်ပေမဲ့ ကဗျာတပုဒ် စာတစ်အုပ်ကို ငါ့နှလုံးသားက ဆွဲထုတ်ပြီးမင်းကို ပေးချင်လိုက်တာ။   ချစ်သူရေ… မင်နဲ့ ပတ်သက်ရင် ငါဟာ အရှူံးပေးခြင်းကိုသာ ယဉ်ပါးခဲ့ရ ငါတို့ဟာ မရှာဖွေပဲ တွေ့ရှိကြသူတွေလည်းဖြစ်တယ်။   ချစ်သူရေ… အလွမ်းတွေက ထုတ်ချင်းခတ်လို့ ဒီရာသီ၊ ဒီပင်လယ်ပြင်ကြီးထဲမှာ ငါလည်း နေသားတကျရှိခဲ့ရပြီ….။


koyin sithuJuly 11, 20121min1389
မင်းသိင်္ခ အသံထွက်မှာ (မင်းသိန်ခ)။ မြန်မာ အမျိုးသား စာရေးဆရာတစ်ဦး၏ ကလောင်အမည်ဖြစ်သည်။ မင်းသိင်္ခသည် တီထွင်ကြိုးပမ်းမှုရှိသော ဝတ္တုအတို အရှည်များကို နိုင်နင်းစွာဖွဲ့နိုင်သော စာအရေးအသား ကောင်းသူတစ်ဦးလည်းဖြစ်သည်။ စိတ်ကူးအထင်အမြင် ပြောင်းလဲခြင်းမှ အစပြုပြီး (အတတ်ပညာများ) (လက်တွေ့ ရုပ်ဝတ္တုများ) (အောင်မြင်ပျော်ရွှင်မှုများ) ရရှိနိုင်ပုံကဲ့သို့ စိတ်ပညာ သဘောတရားများကို (ပုဏ္ဏားဘကွန်း) (ဖြစ်ချင်ရာဖြစ်မောင်ဘချစ်) (ပြည်ကြီးမဏ္ဍိုင်မြကြီး) စသည့်ဇာတ်လမ်းများရေးဖွဲ့ရင်း ကျွဲကူးရေပါ သဘော မိတ်ဆက်ပညာပေးခဲ့သည်။ သရုပ်ပီပြင်သော ဇာတ်ကောင်စရိုက်များ ရေးသားနိုင်ရန် လူ့စရိုက်လူ့သဘာဝများကို မှတ်တမ်းပြုစုထားသော အလေ့ တီထွင် ကျင့်သုံးခဲ့သည်ဟု သိရပြီး အမှန်တစ်ကယ်လည်း မူသေ စရိုက်ရှိဇာတ်ကောင်များ ဖန်တီးကာ ဆွဲဆောင်မှုရှိသော ဝတ္တုများရေးသားနိုင်ခဲ့ပါသည်။ စာရေးဆရာ မင်းသိင်္ခကို ၁၉၃၉ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့၌ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်၊ […]


koyin sithuJune 19, 20121min20610
အဘ…. အဘပြောတဲ့ ဘာပဲလုပ်လုပ် အဖြစ်ရှိအောင်လုပ်ဆိုတဲ့ စကားဟာ ကျွန်တော်တို့ကို ပေါ့ပေါ့နေ ပေါ့ပေါ့စား ဘဝကနေ လွတ်မြောက်စေခဲ့ပါတယ်။ အဘ…… အဘပြောတဲ့ နောက်မဆုတ်နဲ့ ဆိုတဲ့ ပုံပြင်လေးဟာ ကျွန်တော်တို့ကို ဇွဲသတ္တိတွေ ရှိစေခဲ့ပါတယ်။စိတ်ဓါတ် ကြံ့ခိုင်စေခဲ့ပါတယ်။ အဘ…. အဘပြောတဲ့ မပျင်းနဲ့ ဆိုတဲ့ စကားလေးဟာ ကျွန်တော့်ကို ဝီရိယတွေ ရှိစေခဲ့ပါတယ်။ အလုပ်ကြိုးစားသူ အလုပ်ကို တန်ဖိုးထား ချစ်တတ်သူဖြစ်စေခဲ့ပါတယ်။ အဘ…. အဘပြောတဲ့ ချဲလင့်ချ်-စိန်ခေါ်မှု့ ဆိုတဲ့ ပုံပြင်လေးဟာ ကျွန်တော့်ကို အခက်အခဲ အနှောင့်အယှက် ဆန့်ကျင်ဖက် အတားအဆီးများကို ရင်ဆိုင်ရဲသူ ကြိုဆိုရဲသူ ဖြစ်လာစေခဲ့ပါတယ်။ အဘ….. အဘပြောတဲ့ ဂေါ့ဖားသား ဆိုတဲ့ ဇာတ်လမ်းကလေးတွေဟာ ကျွန်တော့်ကို ကျွန်တော် ယုံကြည်မှု့တွေ ရစေခဲ့ပါတယ်။ အရာရာကို သေသေချာချာ […]


koyin sithuJune 16, 20121min53225
ကောင်းကင်၏ အပြာရောင်သည် ကြည်စင်သော အဓိပ္ပါယ်တစ်ချို့ကို သယ်ဆောင်လျက် လူတို့ကို ငြိမ်းချမ်းစွာ နေထိုင်တတ်အောင် သင်ကြားပေးနေသည်။ သူမကို စကားတွေအများကြီး ပြောဖို့ အချိန်ရသောနေ့တွင် နွေရာသီ၏ လတ်ဆတ်သော ငှက်အော်သံများအကြောင်းကို ပြောပြချင်နေမိသည်။ အချစ်ဆိုသည်မှာ ဒုတိယအကြိမ် ထပ်မံဖြစ်နိုင်ကြောင်း၊ သူမ နားလည်ပေးဖို့ မလွယ်မှန်း ကျွန်တော်သိပါသည်။ အဝေးကြီးဆီမှ လိုအပ်သည့် ရယ်မောသံများသည် ကျွန်တော်တို့ နှစ်ယောက်၏ အတိတ်စိမ်းစိမ်းတွေဖြစ်ကြလေ၏ ကံ့ကော်ရနံ့တွေက လေထဲတွင် ဝေ့ခနဲပါလာလေသည်။ ဒါမျိုးကို တစ်ချိန်တုန်းဆိုရင် သူမက ပြုံးရယ်လိုက်မှာ သေချာသည်။ ကျွန်တော်က သူမရယ်မောဖို့အတွက် စကားလုံးတွေကို အမြဲမပြတ်ရှာဖွေတတ်သူဖြစ်သည်။ ညက သူမနှင့်ပတ်သက်သော အိပ်မက်ဆိုးတွေမက်သည်။ မိုးလင်းတော့မှ ကျွန်တော်က အိပ်မက်တွေမှန်း သဘောပေါက်ခဲ့သော်လည်း သူမအတွက်တော့ စိုးရိမ်နေမိဆဲဖြစ်သည်။ “အိပ်မက်ဆိုတာ လူတွေရဲ့ အတွင်းအဇ္ဈတ္တကို ဖော်ပြတာဟ” […]


koyin sithuJune 15, 20121min26817
မင်းတို့ကို ငါ ပုံလေးတစ်ပုံ ပြောပြမယ်။ ဟိုး… ရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါးရှိတယ်။ အဲဒီ ဘုရင်ရဲ့ တိုင်းပြည်ကို တစ်ခြား အင်အားကြီးတိုင်းပြည်က ဘုရင်တွေက တိုက်ခိုက်ဖို့ ကြံစည်နေကြတယ်။ အဲဒီမှာ ဘုရင်ကြီးဟာ စိတ်ညစ်ရတော့တာပေါ့ကွာ။ အဲဒီတော့ သူနဲ့ရင်းနှီးတဲ့ ရသေ့ကြီးဆီမှာ အဆောင်ကလေးတစ်ခု သွားပြီးတောင်းတယ်။ သူတောင်းတဲ့အဆောင်က စိတ်ညစ်စရာတွေ ကြုံရင်လည်း စိတ်မညစ်ရဘဲ ပြေပျောက်သွားရမယ်တဲ့။ ပျော်စရာနဲ့ ကြုံရင်လည်း အရမ်းမပျော်ဘဲ တည်တည်ငြိမ်ငြိမ် ဖြစ်သွားရမယ်တဲ့။ အဲဒီလို အစွမ်းထက်တဲ့ အဆောင်လေးတစ်ခု ပေးပါလို့ တောင်းတယ်။ အဲဒီတော့ ရသေ့ကြီးက ကျောက်အနက်ကလေးနဲ့ ကွင်းထားတဲ့ လက်စွပ်ကလေးတစ်ကွင်း လုပ်ပေးလိုက်တယ်။ လက်မှာ ဝတ်ထားဖို့လည်း မှာလိုက်တယ်။ ပြီးတော့ စိတ်ညစ်စရာတွေ ကြုံတဲ့အခါမှာ ဒီလက်စွပ်ကလေးကို စိုက်ပြီး ကြည့်လိုက်တဲ့။ ကြည့်တဲ့အခါ ဘာမှတွေ့ရမှာ […]


koyin sithuJune 14, 20123min42612
  ကျွန်တော်က တားရော့ခ် ခရေဇီဖြစ်တဲ့အပြင် ဗေဒင်တွက်လျှင်လည်း တားရော့ခ်သည် ကျွန်တော်ရဲ့ Major အနေနဲ့ စတွက်ပါတယ်။ သိပ်တိကျတဲ့ အဖြေတွေကို အမြဲတမ်း ကျွန်တော့်ကို ထုတ်ပေးလေ့ရှိတယ်။ အဘဆရာကြီးက တားရော့ခ်ကို ယုံကြည်စွာနဲ့ အဆောင်လက်ဖွဲ့ အဖြစ် ထားလို့ရတယ်လို့ သင်ကြားပေးခဲ့ပါတယ်။ ဒါကြောင့် ဂျစ်ပစီ လူမျိုးတွေဆီမှ စီးဆင်းလာတဲ့ ဂျစ်ပစီ ပညာရပ်တစ်မျိုးဖြစ်တဲ့ တားရော့ခ်ကတ်တွေကို ယုံကြည်လေးနက်စွာဖြင့် ဆောင်ထားခြင်း၊ ဖယောင်းတိုင်းမှာ ပတ်၍   နေ့စဉ် မီးထွန်းပြီး ဆုတောင်းမှုပြုခြင်းဖြင့် လိုအင်ဆန္ဒ ပြည့်စုံစေနိုင်ပါတယ်။ မိမိအဆောင်ထားသည့် တားရော့ခ် ကတ်ပြားအား နေ့စဉ် ရေမွှေးဆွတ်၊ နမ်းရှူံ့ပေးခြင်း အပြင် တားရော့ မန္တန်တော်အား ၃ ကြိမ်ရွတ်ဆိုပေးရပါမည်။ Within me and around me, is […]


koyin sithuJune 10, 20121min50550
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၊ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၁၂ ၁၃၇၄၊ နယုန်လပြည့်ကျော်၊ ၆ ရက်၊ ၂၀၁၂ ဇွန် ၁၀ အရေးပေါ်အခြေအနေကြေငြာခြင်း ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ပြည်နယ်အေးချမ်းမှုပျက်ပြား သည့်အခြေအနေများ ဖြစ်ပေါ်နေမှုကြောင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် ၂၀၁၂ ဇွန်လ ၈ ရက်မှ စတင်၍ ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်၍ထိန်းသိမ်းခဲ့ပါသည်။ သို့သော်လည်း အကြမ်းဖက်မှုများမှာ ပိုမိုများပြားကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ရုံဖြင့် ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေနိုင်ရေးကို […]