သုရွင္January 9, 20131min55168
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြသော နိုင်ငံတစ်ခုဖြစ်ပါသည်။ မျိုးမတူကွဲပြားသော ဓလေ့ထုံးစံများ ယဉ်ကျေးမှုအစဉ်အလာများကို လိုက်လျောညီထွေဖြစ်အောင် ညှိပြီးနေထိုင်နေကြသော တိုင်းပြည်တစ်ခုပင်ဖြစ်ပါသည်။ တိုင်းရင်းသားတို့ သည် များသောအားဖြင့် နယ်စပ်ဒေသများ ၊ပြည်နယ်များ တွင် အခြေချနေထိုင်နေကြပေသည်။ လူမျိုးရေးခွဲခြားမှု ( Discrimination ) သည် လွန်စွာမှ အကဲဆတ်သော ၊ ကြောက်မက်ဖွယ်ကောင်းသော အန ္တရာယ် ပေါင်းစုံတို့၏ မြစ်ဖျားခံရာ ပြဿနာဖြစ်သည်ကို မူ ကမ ္ဘာကလက်ခံထားပြီဖြစ်ပါသည်။ လူဖြူ-လူမည်း ပြဿနာ၊ ကျွန်-သခင် ပြဿနာ၊ အရှေ ့တိုင်းသား- အနောက်တိုင်းသား ပြဿနာ ၊ ဘာသာ အယူဝါ ဒ ကွဲပြားခြင်းပြဿနာ စသည်တို့သည် ယနေ့ထိတိုင် အောင် ပြေလည်အောင်မဖြေရှင်းနိုင်သေးသော ပြဿများပင်းဖြစ်ပါသည်။ ကျွန်တော်တို့ နိုင်ငံတွင်မူ လူသားတိုင်းတန်းတူအခွင့်အရေးရနေသည်လော […]


သုရွင္December 27, 20121min1053
ခွန်အား   မနေအနားရုန်းကန်နေရ နေ့စဉ်ဖြတ်သန်းတဲ့ ခက်ခဲမှုဘဝတွေ သူ့အကျိုး ကိုယ့်အကျိုးနဲ ့ အမှားနဲ့အမှန်ကို ရေတွက် အားအင်တွေကိုလောင်စာထိုး နံနက်မိုးလင်းတိုင်း..အလုပ်က ဆင့်ခေါ်ခြင်းခံနေရပေါ့။   ရှေ  ့ကိုတစ်လှမ်းတိုးဖို့ အပေါ်ကိုတစ်ထစ်တက်ဖို့ ကဆုန်စိုင်းပြီးရင်းနှီးထားရတဲ့ တန်ဖိုးဖြတ်ခံခွန်အားတွေ.. ငါတို့ရဲ့အနုပျိုမှုတွေကို တိုက်စားနှစ်မြ ှုပ် တစ်ရက်ထက်တစ်ရက်နီးနီးလာတဲ့.. ငါတို့ လျစ်လျူရှုထားရာ..နေရာတစ်ခုခု ဆီကို…။                                                                              သုရှင်      


သုရွင္December 1, 20121min35214
မိုးကုတ်ဆောင်းက အေးလွန်းလှပါတယ်။ မြူနှင်းငွေ့လေးတွေနဲ့ ခပ်ဝေဝေ  မိုးကုတ် ဆောင်းည တွေကို မေ့ဖျောက်ပစ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အေးလွန်းလို့ ဖိုပြီး ဝိုင်းလှုံ ခဲ့ကြတဲ့ မီးပုံလေးတစ်ခုဘေးမှာ ဂီတာ နှစ်လက်နဲ့ သူငယ်ချင်းတွေ ညသန်းခေါင်ကျော်လို့ကျော်သွားမှန်းမသိ အောင် သီဆိုဟစ်ကြွေးခဲ့ဖူးတယ်။ ထင်းရှုး မျှင်တွေကိုလည်း လောင်စာအဖြစ် ထင်းရှုးကိုင်းခြောက်တွေနဲ့ ဖိုထားတဲ့ မီးပုံထဲကို ပစ်ထည့်ခဲ့ကြဖူးတယ်။ ကြာတော့ကြာခဲ့ပါပြီ။ တောင်တွေပတ်ချာလည်ဝိုင်းထားတဲ့ မြို့။ မြို ရဲ့ အသည်းနှလုံးကို ဖြတ်စီးသွားတဲ့ ရေနီချောင်းလေး။ ပတ်လည်ဝိုင်းထားတဲ့တောင်တွေ ထိပ်က ထုံးဖြူဖြူစေတီလေးတွေ။ ကျွန်တော်တို့ မိုးကုတ်မြို ့ဟာ မာန ကင်းတဲ့ ကြီးကျယ်မှုနဲ့ တည်ဆောက်ထားတဲ့ ငြိမ်းချမ်းသူတို့ စံပျော်ရာ။ရုပ်ရှင်ထဲကလို မီးပုံဘေးမှာ လူတွေစုပြီး အိုးစည်ဗုံမောင်းတီးခေတ်ကခုံနေကြတာမျိုးမဟုတ်ပါဘူး။ သူငယ်ချင်း လေးတွေစုပြီး တိုးတိုးသက်သာ ဂီတာတီး […]


သုရွင္November 27, 20122min20213
အလွမ်းပြေ     ဓါတ်ပုံလေးတွေ ကြည့်နေမှ လား စကားသံလေးတွေ ကြားနေမှ လား ဒါမှမဟုတ်..လေပြေအသွေးမှာ ပင့်သက်ရှိုက်မှု တစ်ခု တစ်လေ နဲ့ ထိတွေ့ လှုပ်ခတ်သွားမှ တဲ့ လား။ တိုက်ဆိုင်မှ သတိရနေဖို့ဆိုတာ တောင် အမှတ်တရတွေ တစ်သီတစ်တန်းကြီး ရင်းနှီးထားရသေးတာပဲ။ မ..အတွက်…မောင့် သတိရခြင်းမှာ တိုက်ဆိုင်မှ…ဆိုတာထက် ကျော်လွန်နေပါပြီ။ ဘာလုပ်လုပ် ဘာပြောပြော ဘာစားစား ဘယ်မှာ ရောက်ရောက် သိစိတ်မှာရော မသိစိတ်မှာရော ဘာကို သတိရနေတာပါ လို့.. ပြစရာမရှိလောက်အောင် သတိရခြင်းတွေက များပြားလွန်းလှပေါ့။ လွမ်းလို့ သတိရ..နေပေမယ့် သတိရ လို့ အလွမ်းပြေ သွားပါရဲ့လား မောင်…လွမ်းလို့ အလွမ်းပြေရေးတဲ့ကဗျာ မှာ မောင်…မေး ပြီး မောင် မဖြေ နိုင်တဲ့ […]


သုရွင္September 6, 20121min681
 ညွှန်တံမဲ့ ကွန်းပတ်စ်နှင့် ကိုယ့်ကိုကိုယ်ရှာဖွေခြင်း     နေရာအတည်အကျ တစ်ခုဆီကို မဟုတ်ပဲ     .. ရွက်လွှင့်..ခုတ်မောင်းခဲ့တဲ့ ငါ၊     အကြိမ်ကြိမ်ဝင်ရောက်ဖြတ်သန်းခဲ့ ဘာမြူဒါ တြိဂံတောင်     ငါ့ခံစားချက်တွေကို ဖျောက်မပစ်နိုင်ခဲ့။     ခြေရာတွေ ပျားပန်းခတ်နေတဲ့     လူမဲ့ကျွန်းတစ်ခုမှာသောင်တင်ရင်း     ရေဒါတွေ အလုပ်လက်မဲ့ ဖြစ်လောက်အောင်     ငါ့ခံစားချက် ပေါက်ကွဲမှုက အေးစက် ဆိတ်ငြိမ်လွန်းလှပေါ့။     အခုရေးတဲ့ကဗျာ ဟာ တစ်ဦးတစ်ယောက်ရဲ့ စကားလုံးတွေ     အပေါ်မှာ ခုတ်မောင်းနေတဲ့ ဒီရေလှိုင်းတွေဆိုရင်……….။     ဘယ်သူတစ်ဦးတစ်ယောက်က..ငါ့လို….   […]


သုရွင္August 30, 20121min905
  ဗိုက်ပူနံကား တစ်ခုခု ကို ကုန်းပြီးအသည်းအသန် ရှာနေစဉ်တွင် လူပျိုကြီး ကိုမိုးဆွေ ရောက်လာပါတယ်။ ကိုမိုးဆွေ ကြီးက ကြီးမှ ဝက်သက် ပေါက်ရန် အသည်းအသန် ကြိုးစားနေသူဖြစ်ရကား ရွာထဲက မိန်းမပျိုများ၊ တစ်ခုလတ်များ၊လင်ကွာ၊လင်ပစ်၊ မုဆိုးမ များ အားလုံး အထူးသတိထားနေ ရ ပါသော ပြဿနာ ကောင်ကြီးဖြစ်ချေသည် တမုံ့။ ကိုမိုးဆွေကြီးက သူ့အသက်ကို ( ရှက်၍ ) မည်သူ့ကိုမျှ အတိအကျ ပြောဖူးသည် မရှိသော်လည်း ( ကိုမိုးဆွေကြီးက သူ့အသက်ကို သုံးဆယ်လိုလို သုံးဆယ့်ငါးလိုလို ယောင်ဝါးဝါးလိမ်တတ်သေးတယ်ချင်ဗျ ) ကိုမိုးဆွေ ကြီး ၏ ဇာတာရက်ချုပ်ကို ခိုးကြည့်ဖူးသူ မယ်ဝင်းစိန်ကတော့ လေးဆယ့်ငါးနှစ်ထဲမှာ ဟုကြေငြာလိုက်သည်တွင် ကိုမိုးဆွေကြီး ရှက်ရှက်နှင့် ဗြောင်လိမ်ဖူးတယ်။ […]


သုရွင္August 28, 20121min732
ပေါက်ပန်းမို့တဲ့…………………………………………………ကျွန်တော့်ကို အနံ့မမွှေး အဆင်းမလှ အသုံးမဝင် တဲ့နောက်မှာ ………………………. တစ်ပင်လုံးဝေ..နေအောင်ပွင့်တာတောင်….ဥပေက္ခာပြုရက်ကြတယ်။ ဒါများ နှလုံးသားရှိတဲ့သူတွေဆိုပဲ……………………….ကဗျာတွေထဲမှာ လင်္ကာတွေထဲမှာ….ကျွန်တော့်အကြောင်းဘယ်သူက ကောင်းကြောင်း ပြောလို့လဲ။………………………………………………………………………. ခိုင်းနှိုင်းဥပမာပေးကြရင်တောင် …ကျွန်တော့်လိုကောင်မို့..လူရာမဝင်.. အဆင်းမရှိ အချင်းမရှိ လူ့ပေါက်ပန်းရယ်လို့.တန်ဖိုးနှိမ့်ပြီး ယှဉ်ကြတယ်။ ကျွန်တော်ကိုယ်တိုင်ရွေးချယ်ခွင့် ရခဲ့လို့လား  ဘယ်ပန်းဖြစ်ချင်လှပါတယ် ဆိုပြီးတော့လေ။………………………………………………………………… မပြောပါနဲ့ဗျာ..ခင်ဗျားတို့နှုတ်က  ……………………..တရားမျှတမှုရယ်လို့ အဆင်းရှိမှ အချင်းရှိမှ အသုံးဝင်မှ…ပန်းဘဝ၊လူ့ဘဝ နေရာပေးကြတဲ့သူတွေ။ ဘယ်မှာလဲ…သဘာဝကပေးတဲ့ …အလှတရား….။………………………………. ကျွန်တော့်ကို ပြောနေလိုက်ကြတာများ..ဖြင့်…ပန်းအဖြစ်ရှင်သန်ဖြစ်တည်နေ..တာကိုက အရှက်ရစရာ။…………………………………………………………………………… အဲဒါထက်…ဆိုးတာရှိတယ်။ ပေါက်သား၊ပေါက်ကိုင်း ၊ ပေါက်ဖက်၊ပေါက်ပင်၊ ထင်းအဖြစ်က လွဲရင်…ကျွန်တော့်ကို..တစ်နေရာလောက်ဖြစ်ဖြစ် ……………. နေရာမပေးကြချင်ဘူးလား..ဟင်…………………………………………………….. အခြားတစ်ပင်နဲ့ ယှဉ် စိုက်ထားရင် ရွေးစရာရှိလို့မှ………………………………… ဒီပေါက်ပင်ကိုချန်ထားမယ် ဟိုအပင်ကို ခုတ် ( ချိုင် ) လိုက်လို့..တစ်ခါမှ…….. မကြားခဲ့ဖူးဘူး။………………………………………………………………………….. အဲဒီလောက် မျက်ကွယ်ပြုခံရတဲ့ […]


သုရွင္August 27, 20121min23511
သိကြတဲ့အတိုင်း ပို့စ် ခေါင်းစဉ် ဆိုတာ ပို့စ် တစ်ခုရဲ့ အသက် ခင်ဗျ။ ကိုက အောက် က စာသားတွေ ဘယ်လောက်ကောင်းအောင်ရေးထားရေးထား ခေါင်းစဉ်နဲ့ တက်Tag မှာ လူအများကို ဆွဲဆောင်မှု မရှိဘူးဆိုလို့ကတော့ အဲဒီပို့စ်မှာ comment တစ်ခုတောင် လာပေးဖို့မရေရာတော့ပါဘူး။ ဆိုတော့………. ပို့စ်ခေါင်းစဉ် ဟာ တော်တော်အရေးကြီး တာကို တွေ့နိုင်ပါတယ်။ ၁- target ရွေးတတ်ရပါမယ်။ ဆိုလိုတာက ပို့စ် တင်တယ်ဆိုတာ ဈေးကွက်ထဲကို ကိုယ့်ရဲ့ product တစ်ခု ချပြရသလိုပါပဲ။ ကိုယ့်ရဲ့ ပို့စ်က ဘယ်သူတွေကို အဓိက ရည်ရွယ်ပါသလဲ။ ဒါကို တော့ ကိုယ့်ဟာကိုယ် ရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်။ ကိုယ်က ဘယ်လိုလူမျိုးတွေကို ကိုယ့်ပို့စ်ကို ဖတ်စေချင်တာလဲ။ လူငယ်လား၊လူကြီးလား၊ အပေါ့ဖတ်လား၊ […]


သုရွင္August 27, 20121min1217
ခေါင်းကအောက်က ကိုယ်ခန္ဓာက အပေါ်က လူမျိုးသင်တို့တွေ့ဖူးကြပါသလား။ ဒီမှာပါ။ ဗိုက်ပူနံကား။ ဇာတ်လိုက်ကျော် ကြီး ဗိုက်ပူနံကားက ဘယ်လိုဖြစ်လို့ ခေါင်းက အောက်က ကိုယ်က အပေါ်က ဖြစ်နေရလေသနည်း။ အကြောင်းရှိပါသည်။ သူက သစ်ပင်ပေါ်တတ်ပြီး ခြေနှစ်ခြောင်းကို သစ်ကိုင်းမှာ ချိတ် ပြီး တွဲလန်းကြီး ချထားပါတယ်။ ရွာထွက်က မန်ကျည်းပင် ပေါ်မှာ ပါ။ရုတ်တရပ်ကြည့်ရင် တော့ လင်းဆွဲလိုလို သရဲလိုလို ပေါ့ဗျာ။ ပြောထားခဲ့သည့်အတိုင်း ဗိုက်ပူနံကားတွင် အရှက်တရား ကလည်း အလွန်တကာမှ နည်းလွန်းရကား။ ပုဆိုးကြီးကလည်း ကျွတ်လို့ခင်ဗျ။ လူမမြင်ဝံ့စရာပါ။လက်ထဲမှာလည်း တောက်တဲ့ကြီးနဲ့ခင်ဗျ။ ဟုတ်ပါတယ်။ ဗိုက်ပူနံကား တောက်တဲ့ ဖမ်းနေတာပါ။အခုတလော ရွာထဲမှာ သတင်းတစ်ခု ထွက်နေတယ်။ တောက်တဲ့ တစ်ကောင်( အစိတ်သား ကျော်ပါက ) ၁၀၀၀၀ဝ […]


သုရွင္August 20, 20121min792
နားလည်မှု နဲ့ တည်ဆောက်ထားတာ တစ်ယောက်ကို တစ်ယောက် ခွင့်လွှတ်သည်းခံမယ်။ စကားတစ်ခွန်း၊အပြုအမူလေးတစ်ချက်နဲ့ …အပြစ်မရှာဘူး။ အပြောသက်သက် ချစ်တာမဟုတ်အောင်… အချစ်အတွက်ဘဲ…အရာရာကို စွန့်လွှတ်ပြလိုက်ဖို့.. ဝန်မှ မလေးကြတာပဲလေ။ တစ်ဦးခံစားကြေကွဲနေဖို့..တစ်ဦးက မလိုလား…။ တစ်ဦးစိတ်ချမ်းသာမှု ဆိုတာ.. ကျန်တဲ့သူတစ်ဦးအပေါ်မှာ ဘဲ အားလုံးမူတည်နေလေရဲ့။ သူပျော်မှ..ကိုယ်ပျော်မှာ။ သူ စားရမှ ကိုယ် က ဗိုက်ဝမှာ။ သူ့အပြုံးနဲ့ ဝမ်းသာ နေရတဲ့ ကျန ်တဲ့သူဘဝ။ သူ့အတွက် ဆို မာန ဆိုတာမရှိဘူး။ သူ့အတွက် ဆို အတ္တဆိုတာ မရှိဘူး။ သူ့အတွက် ဆို ကိုယ့်ရှင်သန်ဖြစ်တည်မှု အားလုံး အရင်းစိုက် ရဲ တဲ့ သူမို့။ သူ့အစား ကိုယ်ပင်ပန်းပါစေ။ သူ့အစား ကိုယ် နာကျင်ပါစေ။ သူ့အစား ကိုယ် […]


သုရွင္August 17, 20121min64
နင်…….လေ……..နင်…..။ ပန်းဦးချွေ ခံရပြီးမှ….ငါ့ရင်ကို ခိုဝင်လို့လာခဲ့။ တသသ ဖြစ်မနေပါဘူး…လို့…ကတိတွေပေး….. မစခင်ကတည်းက ဆုံးနေခြင်းတွေက ငါ့ရင်ကို.. ကဆုန်ပေါက်ဝင်လာ..။ငါမှ…မာန…မရှိတာ.ဟာ။ ဒီပြဇာတ်ကိုက မူလ အမှားပြဿနာပါ။ …။ …။ ငါအပြင်းထန်ဆုံးမပေါက်ကွဲခင်အထိ…………… ငါ့ရင်မှာ…နင်မှနင်..။ဒါတွေက်ို နင်သိပါတယ်။…။ ဒါကို သိရက်နဲ့..နင်……..။ဖုံးကွယ်ဖို့ ကြိုးစားခဲ့။ ငါ့ရဲ့ယုယမှုမှာ နင် ခဏ ခဏ နာမည်မှားခေါ်ခဲ့။ နင့် ထန်းလက် က ဘယ်လို မိုးကြိုးမျိုးကို ကာ ကွယ် နိုင် မှာ မို့ လဲ.. ဟာ။ နားလည်ပေးနို်င်မှု …ဆိုတာ အတိုင်းအတာ ရှိ တယ် လို့…နင်မထင်ခဲ့ဘူးမဟုတ်လား ။ နင်သိဖို့ကောင်းတာက…ငါ့…အနာကို တုတ်နဲ့ ထိုးရင်.. ငါသေမတတ် နာတယ် ဆိုတာကို ..လေ။ ငါ့အနာက..နင့် … ခန္ဓာကိုယ်ပေါ်မှာ […]


သုရွင္August 17, 20121min1043
ဗိုက်ပူနံကား နှင့် ကို်ကြီးကျော်   နတ်ကတော် ခင်စိန် က ဂေဇတ်ရွာ မှာ နာမည်ကြီး ၊ဟောတယ် ၊ ရွှီးတယ် ၊ ရိုက်တယ် ၊ ပြီးရင်..ကျသလောက်ပေး။ အဲလိုတောင်းတယ်။ တစ်ချို ့ ကိစ္စတွေမှာ နတ်ကတော် ခင်စိန် လွန်မှန်း တစ်ရွာလုံးက သိကြပေမယ့် တစ် ရွာ လုံးမှာ နတ်နဲ့ ပတ်သက် ရင် သူမှ အားကိုးရတာ။ နတ်ကတော် ခင်စိန်က နောက်မှ ပြောင်းထားတဲ့နာမည်။ အရင်က ကျော်စိန်..။ သူ့အကြောင်းက လည်း နည်းနည်း ပလ္လင်ခံဦးမှ ရမှာ ကိုးဗျ။ ကျော်စိန် က ငယ်ငယ် ကတည်းက ဖတ ဆိုးလေး၊ လူကောင်က ကြီးပေမယ့် ပျော့တီးပျော့ညံရယ်။ […]