may flowersAugust 20, 20121min813
မွန်မွန်ရဲ့ ဆရာမတစ်ယောက်နဲ့ပြောဖြစ်ခဲ့သမျှ ပိုစ့်လေးကိုဖတ်လိုက်ရတော့ ကျွန်မလည်းကျောင်းသားမိဘတစ်ယောက်အနေနဲ့ ပြောချင်တဲ့စကားလေး တွေပေါ်လာမိလို့ ဒီပိုစ့်လေးကို ရေးလိုက်မိပါတယ်။ ကျူရှင်မှာလည်း အသင်အပြကောင်းပြီး ကျောင်းမှာလည်း စေတနာပါပါနဲ့ သင်တယ်ဆိုတဲ့ မွန်မွန့်ရဲ့ ဆရာမကိုလည်း တကယ်လေးစားမိပါတယ်။ ကျွန်မတို့ငယ်ငယ်က ဆရာမတွေထဲမှာ လည်း ကျူရှင်ပြတဲ့ဆရာမတွေရှိကြပါတယ်။ ဒါပေမဲ့ကျူရှင်မှာတစ်မျိုး ကျောင်းမှာတစ် မျိုး   ဆိုပြီးခွဲခြားသင်တဲ့ဆရာမက တစ်ဦးစနှစ်ဦးစလောက်သာရှိကြပါတယ်။ ကျူရှင်ကော ကျောင်းမှာပါ တကယ်စေတနာကိုအရင်းခံပြီးသင်တဲ့ ဆရာ၊ဆရာမတော် တော်များပါတယ်။  အခု ကျွန်မပြောချင်တာက ဆရာမတွေရဲ့ လစာရှစ်သောင်းရှစ်ထောင်ဆိုတာပါ…တကယ်တော့ အဲဒီလစာနှုန်းက ဆရာဆရာမတွေတင်ကွတ်ပြီး ရကြတဲ့ လစာနှုန်းထားမဟုတ်ပါဘူး ကျန်တဲ့အပြင်ဝန် ထမ်း စာရေးစာချီတွေလည်း အလားတူလစာထက်လိုရင်သာနေကြမယ် မပိုပါဘူး လို့ပြောချင်ပါတယ်။ သာမန်ရိုးရိုးဘွဲ့ရတစ်ယောက် (ဆေး၊ စက်မှု၊ အသက်မွေးဝမ်းကြောင်း တက္ကသိုလ်တွေကိုမဆိုလိုပါ) တစ်ယောက်ဟာ စာရေးစာချီထက်ပိုပြီး အရာရှိအဆင့် ကို တက်လှမ်းနိုင်ဖို့ဆိုတာ အိမ်မက်လိုပါပဲ။ […]


may flowersAugust 10, 20121min15516
မချစ်စုတစ်ယောက်ဗေဒင်ကို ယုံကြည်ကိုးစားပုံများကတော့ အံ့မခန်းဖြစ်ရပါတယ်။ဘာလေးဖြစ်ဖြစ် ဗေဒင်လေး သွားမေးလိုက်ရမှ ဘာလေးလုပ်လုပ်ဗေဒင်လေးမေးပြီးလုပ်မှ အဆင်ပြေတယ်ထင်တတ်တာလား။ တစ်နေ့တစ် နေ့ဗေဒင်အကြောင်းပြောလိုက်ရမှ ထမင်းစားဝင်တယ်ထင်သူဆိုတော့ ဘယ်နေရာမှာ ဘယ်ဗေဒင်ဆရာက မှန် လိုက်တာ၊ ကွက်တိပဲလို့ပြောများမပြောလိုက်လေနှင့် မချစ်စုကသွားပြီးသားပဲ ရောက်ပြီးသားပဲ။ ကြာတော့ သူ့ ယောက်ျားက စိတ်ဆိုးလာတယ်။ တစ်ခါလာလဲဒီဗေဒင်၊ နှစ်ခါလာလဲဒီဗေဒင်နဲ့ ဗေဒင်အမေးကောင်းလို့ ထမင်း ချက်တာနောက်ကျဖူးပေါင်းများပြီ။ ဗေဒင်မေးဖို့ ကားခ ခရီးစရိတ်မရှိလို့ ချေးငှားသုံးပြီး လကုန်တော့အကြွေးသ မားတွေလာလိ်ု့ အကြွေးဆပ်ရပေါင်းများပြီမဟုတ်လား။ဒါနဲ့  ချစ်စုယောက်ျားက နောင်ဗေဒင်မေးရင် အသိပဲ ဆို ပြီး ကြိမ်းမောင်းထားတော့ မချစ်စု  ခုတစ်လောတော်တော်လေးငြိမ်နေရတယ်။ သူ့မယောက်ျားအကြောင်းကို လည်း သူမကောင်းကောင်းကြီးသိတယ်လေ လူဖြောင့်စိတ်တိုသမားဆိုတော့ တော်ကြာအိမ်ပေါ်ကဆင်းခိုင်း နေမှ ခက်ရချည်ရဲ့လို့ တွေးမိတာလည်းပါတာပေါ့။ ဒါပေမဲ့ တစ်ပါတ်ကျော်ကျော်လောက်ကြာတော့ မချစ်စုဈေးသွားရင်း သတင်းတစ်ခုကြားလာတယ်။ မှော်ဘီ တိုက်ကြီးဘက်မှာ […]


may flowersAugust 1, 20125min32719
လွန်ခဲ့သော အနှစ်သုံးဆယ်ကျော်ကာလက ဦးချမ်းသာ၊ ဒေါ်ခင်မီတို့ဟာ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုုံး ရပ်ကွက်လေးမှာ အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်တဲ့မိသားစု အဖြစ်သူတို့ ဆွေမျိုးအသိုင်းအဝိုင်းကကော ရပ်ကွက်သူ၊ရပ်ကွက်သားတွေကပါ ချစ်ခင်ကြတဲ့ လေး စားကြတဲ့ မိသားစုလေးဖြစ်ခဲ့ပါတယ်။ ဦးချမ်းသာတို့မှာ ကိုယ်ပိုင်လုပ်ငန်းစီးပွားရေးလေး နဲ့ အချမ်းသာကြီးမဟုတ်တောင် မ ကြောင့်မကျ မတောင့်မတ ဘဝမျိုးနဲ့နေနိုင်ကြပါတယ်။ သူတို့မှာ သားသမီးသုံးယောက် နဲ့ ဘဝကိုစိုးရိမ်ကြောင့်ကျစရာမလိုပဲ ပျော်ပျော်ကြီးဖြတ်သန်းခဲ့ကြတာပါ။ ဦးချမ်းသာက လည်း နံမည်နဲ့လိုက်အောင် အလှုအတန်း၊အပေးအကမ်းရက်ရော တတ်တာကြောင့်ခြွေ ရံသင်းပင်းလည်း အလွန်များလှပါတယ်။ လစဉ် သီတင်းသီလစောင့်တည်ခြင်း အပြင် အခါအခွင့် သင့်တိုင်းလင်မယားနှစ်ယောက် ဝိပသနာတရားစခန်းတွေကို လည်းမကြာခ ဏ အလျှင်းသင့်သလို ဝင်ပြီး တရားအားထုတ်ကြပါသေးတယ်။ ဒါပေမဲ့ ခန္တာကိုယ်ကြီး နဲ့ဖွဲ့ စည်းထားတဲ့ လူပီပီ ရောဂါဝေဒနာကိုလည်း ခံစားကြရတာ ဓမ္မတာမို့ […]


may flowersJuly 26, 20121min17712
မျက်စိထဲ မြင်ရာ ရိုက်ထားတဲ့ ပုံ     ဒါက ညဈေး   မိုးတွေ အုပ်မှိုင်းနေတဲ့ ကောင်းကင်ကြီးက အရမ်းလှတယ်ထင်လို့ (ကိုယ့်ဘာသာအထင်)   မျက်စိထဲ မြင်ရာရိုက်ထားတာပါ။     ဝါဆို လပြည့်နေ့က လင်းထိန်နေတဲ့ လမင်းကြီးကို ဖုန်းနဲ့ လက်တဲ့စမ်းထားတာလေးပါ။   ပုံကြီးတင်တာ ဘယ်လိုမှတင်လို့မရဘူး ဗျို့..ဘာများဖြစ်နေလို့ပါလိမ့်။(အားလုံး မြင်ရာလက်တဲ့စမ်းပြီး ရိုက်ထားတဲ့ပုံများပါ)  


may flowersJuly 25, 20121min30723
ဝက်သားကင် ၊ အရွက်စုံနဲ့ မုန့်ဖတ်   ဒါကစားဖို့ အသင့်  ကိုယ်နှစ်သက်သလို ငရုတ်သီး၊ ရှာလကာရည် ၊ ကြက်သွန်ဖြူ ၊ ငရုတ်ကောင်း..စပ်ထဲ့ထားတာ   ကဲ………..စားဦးနော်     လမ်းဘေး ဘွမ်းချာ ( Bun cha  ) ဆိုင်လေးကို  အမှတ်တရ ရိုက်ထားတာ   ဗီယက်နမ်နိုင်ငံမှာ (Bun Cha  ) ဘွန်းချာကို  မြန်မာပြည်က မုန့်ဟင်းခါးဆိုင်လေးတွေလို နေရာတိုင်းမှာတွေ့ရတတ်ပါတယ်။ အဆီလုံးဝမပါပဲ ချဉ်ချဉ်စပ်စပ် လေးကိုယ် နှစ်သက်သလို ရောစပ်စားနိုင်တာမို့ မေဖလားဝါးအကြိုက်အစားအစာတွေထဲ ထိပ်ဆုံးကပေါ့..။  


may flowersJuly 13, 20121min21714
အဲဒီနေ့က ကျောင်းကိုသုံးနာရီထိုးခါနီး (ကျောင်းဆင်းခါနီး) အချိန်လောက်မှ မေဖလား ဝါးတို့ သူငယ်ချင်းနှစ်ယောက်ပြန်ရောက်ကြပါတယ်။ နယ်ကျောင်းတွေရဲ့ထုံးစံ အတိုင်း အပြင်ဘက် လမ်းမတန်းဘက်ကိုသာ လူမြင်ကောင်းအောင်အုတ်တံတိုင်းကာ ခြံစည်းရိုး ခတ်ထားပေမဲ့ ဘေးနှစ်ဘက်နဲ့ ကျောင်းအနောက်ဘက်က အကာအရံမရှိတာကြောင့် မေဖလားဝါးတို့ သူငယ်ချင်းနှစ်ယောက် ကျောင်းထဲကိုဘယ်သူမှမမြင်အောင် ကျောင်း အနောက်ဘက်က ပါတ်ပြီးတိုးတိုးတိတ်တိတ်ဝင်လာနိုင်ကြပါတယ်။ အဲဒီနေ့က နောက် ဆုံးအချိန်က ကာယအချိန်ဖြစ်ပြီး ကာယဆရာမကလည်းခွင့်ယူထားမှန်း မေဖလားဝါး တို့ နှစ်ယောက်သိတာကြောင့် ဒီအချိန်ကိုမှန်းပြီးပြန်ဝင်လာကြတာပါ။ ကျောင်းမှာ လွယ် အိတ်နဲ့အခြားထမင်းဘူးတို့ ထီးတို့ ကျန်ခဲ့တာကြောင့် ပြန်လာယူကြတာပါ။ ဒါနဲ့ အေး ဆေးပဲ ကိုယ့်ပစ္စည်းလေးတွေကိုယ်ယူပြီး ကျောင်းလွှတ်တော့အခြားကျောင်းသားတွေ လိုပဲ ရောနှောပြန်ကြတာပါ။ ဒါပေမဲ့ အတန်းထဲမှာမေဖလားဝါးတို့ နှစ်ယောက်နေ့လည် ကျောင်းပြန်မတက်တာကို အတန်းပိုင်ကိုဘယ်သူကချွန်လိုက်တယ်မသိပါပဲ အတန်းပိုင် ဆရာမ မှတဆင့် နောက်နေ့နံနက်မှာ မေဖလားဝါးတို့နှစ်ယောက် […]


may flowersJuly 11, 20121min1439
ကျွန်မအဒေါ်ရဲ့ ကျေးဇူးနဲ့လူခြောက်ဆိုတာလေးကို လေ့လာခွင့်ကြည့်ရှုခွင်ရခဲ့ပါတယ်။ အဲဒီလူခြောက်လေးဟာ ကျွန်မတို့သွားကြည့်တဲ့အချိန်က မွေးတာနှစ်ပါတ်လောက်ရှိနေ ပြိီမို့ တော်တော်လေးခြောက်နေပါပြီ။ လူပုံသဏ္ဍန်နဲ့ လက်လေးတွေခြေထောက်လေး တွေအပြည့်အစုံပါပါတယ်။ ဒူးနေရာလေးတွေဆို ဒူခေါင်းလုံးပုံသဏ္ဍန်လေးဖုနေပါတယ်။ အရှည်ကလက်တစ်ထွာလောက်သာရှိတဲ့လူခြောက်ယောက်ျားလေးပါ။ထိုလူခြောက် လေးကို ကိုရာစနိုးဘူးတွေထဲ့တဲ့ စက္ကူဘူးဖုံးလေးပေါ်တင်ထားတာပါ။  မျက်နှာမှာလည်း မျက်နှာဖုံးလို့ ပြောတဲ့အရေပြားစအခြောက်စတစ်ခုလိုလိုကပ်နေပါသေးတယ်။ ကိုင် တော့မကြည့်ခဲ့ရပါဘူး။ ပိုင်ရှင် ၊ အိမ်ရှင်တွေက သိပ်လိုလိုလားလားမရှိလှတာကြောင့် ခဏပဲကြည့်ပြီး ပြန်လာခဲ့ရပါတယ်။ ကျွန်မအဒေါ်ပြောတာကတော့ ခုခြောက်သွားလို့ တဲ့ အရင်မွေးခါစက တကယ့်ကလေးလေးတစ်ယောက်လိုပဲ အသားတွေပြည့်ပြည့် ဖြိုးဖြိုးနဲ့ပါတဲ့။ယောက်ျားလေးအင်္ဂါတွေကအစအကုန်လုံး(လူသေးသေးလေးဖြစ်နေတာ ကလွဲလို့) နားရွက်သေးသေးလေးတွေတောင်ပါသေးတယ်တဲ့။ ဒါပေမဲ့ ကျွန်မ တို့ကြည့်ချိန်မှာတော့ သိပ်သဲသဲကွဲကွဲမရှိလှတော့ပါဘူး။ တော်တော်လေးခြောက်နေပါ ပြီ။ ဒါနဲ့ ကျွန်မတို့သူငယ်ချင်းနှစ်ယောက်ကျောင်းကိုပြန်မယ်ဆိုပြီး နာရီကိုကြည့်လိုက် တော့ ကျောင်းတက်ချိန်ကိုတောင်ကျော်နေပါပြီ။ ဒါကြောင့်အဒေါ်တွေအိမ်မှာခဏဝင် ပြီး အချိန်ဖြုန်းကြပါတယ်။ အဲဒီမှာ အဒေါ်ကပြောပြပါတယ်။ ဒီလူခြောက်လေးရဲ့အမေဟာ ရိုးရိုးကလေးသုံးယောက် […]


may flowersJuly 10, 20121min28519
ကျွန်မတို့ နေထိုင်ရာဒီလောကကြီးမှာ တစ်ခါတစ်လေ အံ့ဩဖွယ်ရာ မယုံနိုင်ဖွယ်ရာ ကိစ္စတွေနဲ့ ပြည့်နေတတ်ပါတယ်။ တစ်ခါတစ်လေကိစ္စတွေဟာ ကြုံဖူးတဲ့သူတွေ၊ တွေ့ဖူး တဲ့သူတွေ၊ မြင်ဖူးတဲ့သူတွေသာ ယုံကြည့်နိုင်ကြပြီး မမြင်ဖူးမတွေ့ဖူးတဲ့ သူတွေအတွက် ပုံပြင်လာပြောနေတာပါလို့ အထင်ခံရလောက်အောင်ဆန်းကြယ်တတ်ပါတယ်။ ရွာသူ ရွာသားတွေကော လူခြောက်( လူပုံသဏ္ဍန်သေးသေးလေး) လေးတွေ ရှိတယ်ပြောရင် ယုံနိုင်ကြမယ်မထင်ပါဘူး (မမြင်ဘူးရင်ပေါ့)။ ကျွန်မလည်း တော်တော်အရွယ်ရောက်တဲ့အထိ သူများတွေလူခြောက်ကလေးမွေးတဲ့ အကြောင်းပြောတာဖြစ်ဖြစ် ၊ စာအုပ်တွေမှာလူခြောက်ကလေးတွေအကြောင်းပါတာဖြစ် ဖြစ် ကြားရရင် ဖတ်ရရင်မယုံကြည်ခဲ့တာအမှန်ပါ။ ဒါပေမဲ့  ကျွန်မရှစ်တန်းကျောင်းသူအ ရွယ် ၁၉၉၂ ခုနှစ်လောက်ကတော့ အဲဒီမယုံကြည်မှုတွေကို အပြီးတိုင်ခြေဖျက်နိုင်မဲ့ကိစ္စ လေးတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်က ကျွန်မတို့နေတဲ့မြို့လေးနဲ့ လေးမိုင်လောက် ဝေးတဲ့ ရွာလေးမှာ လူခြောက်လေးတစ်ယောက်မွေးတယ်ဆိုတဲ့ သတင်းကိုကျွန်မကြား တော့ သိပ်တော့မယုံကြည်လှပါဘူး။ ဒါပေမဲ့ အဲဒီကိစ္စကို ကျွန်မသူငယ်ချင်းနဲ့ကျောင်း မှာ […]


may flowersJuly 10, 20121min33933
ရွာသူားတို့ရေ…….မေဖလားဝါးလဲရွာထဲကို  ဝင်ပြီးမမန့်ဘူးမရေးဘူးဆိုပြီး နေတာတစ်ပါတ်လောက်တော့ရှိပြီ ပေါ့။ ဒီတစ်ပါတ်အတွင်း အပြန်ပြန်အလှန်လှန်စဉ်းစားတယ်………ငါဘာမှားသွားလဲပေါ့လေ။ အမှန်တော့ မေဖလားဝါးရေးတဲ့ ပိုစ့်တွေတော်တော်များများက( ကောင်းချင်မှလည်းကောင်းမှာဖြစ်ပေမဲ့) မေ ဖလားဝါး ကိုယ်တိုင်ရေးတာတွေသာများပါတယ်။ အမှန်တော့ ပထမပိုစ့်မှာ မေဖလားဝါးမှားတယ်ထင်ရင်၊ မန့် တာ( နောက်နောက်ပြောင်ပြောင်မန့်လိုက်ပေမဲ့) ကိုစိတ်ထဲမတွေ့လို့ ပြောချင်ရင်အဲဒီပိုစ့်မှာ ပြောလိုက်ပါ။ မေဖလားဝါးမှားတယ်ထင်ရင် ပြန်တောင်းပန်ဖို့ ၊ မမှားဘူးထင်ရင် ပြန်ဖြေရှင်းဖို့အဆင်သင့်ပါပဲ။ ဒါပေမဲ့ ကိုယ့်နံမည် တပ်ပြီး အခြားပိုစ့်တစ်ခုမှာ မန့်ထား၊ တိုက်ခိုက်ထားတော့ ခံစားရတာတော့အမှန်ပါပဲ။ နောက်ပြီး အဲဒီလူကလဲ မေဖလားဝါး ဒီဂေဇက်ကိုစဝင်ပြီး ရေးကတည်းကမေဖလားဝါးရဲ့ပိုစ့်တွေမှန်သမျှ ဝင်ပြီးမန့်နေတဲ့သူ၊ ထိုသူကိုလဲ မေဖလားဝါးအပြင်မှာ မမြင်ဘူးပေမဲ့ ဂေဇက်ရွာထဲမှာတော့ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ သူငယ်ချင်း ကောင်းအဖြစ် သတ်မှတ်ထားမိသူပါ။ ထိုလိုလူက မူရင်းပိုစ့်မှာမဟုတ်ပဲ အခြားပိုစ့်တစ်ခုမှာ မေဖလားဝါးနံ မည်တပ်ပြီး  ကော်ပီကူးတင်မည်ဟုကြေငြာထားသူမှာ […]


may flowersJune 28, 20121min31120
ကိုဖိုးအေးအိမ်ထောင်ကျပြီး ဆယ်နှစ်လောက်အကြာ သားနှစ်ယောက်မွေးပြီးချိန်အထိ ကိုဖိုးအေးရဲ့ဘဝမှာ အဆင်ပြေချောမွေ့ပြီး ပန်းခင်းသောလမ်းဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ သားကြီးလေးငါးတန်းစတက်မဲ့နှစ်မှာတော့ ကိုဖိုးအေးရဲ့မိန်းမဟာစပြီးခြေလှမ်းပျက်လာ ခဲ့ပါတယ်။ ကိုဖိုးအေးမိန်းမ မမီမီဟာ ကျောင်းဆရာမလေးအလုပ်အပြင်  အပြင်ဝင်ငွေ ရရန်ဆိုသောအကြောင်းပြချက်နဲ့ နီးစပ်ရာကျေးရွာလေးတွေမှာ အဝတ်အထည်လေး တွေကို လပေးစနစ်နဲ့ လိုက်လံရောင်းချပါတယ်။ မြို့ကအဝတ်အထည်လေးတွေ၊ ထီးဖိ နပ်လေးတွေကို အနီးအနားကတောရွာလေးတွေမှာ ကျောင်းအားရက်စနေနေ့နဲ့ တနင်္ဂ နွေနေ့တွေမှာ စက်ဘီးလေးတစ်စီးနဲ့လိုက်လံရောင်းချပြီး လကုန်ပြီးလို့လဆန်းရက်တွေ မှာတော့ ကျောင်းအဆင်းအိမ်ကိုတန်းမပြန်ပဲ ရစရာရှိတဲ့အထည်ကြွေးတွေကို ရွာစဉ် လှည့်ပြီးလိုက်လံကောက်ခံရပါတယ်။ များသောအားဖြင့် လဆန်းတစ်ရက်နေ့ကစလို့ ဆယ်ရက်နေ့လောက်အထိ မမီမီအိမ်ပြန်မိုးချုပ်တတ်ပါတယ်။ အဲဒီရက်တွေဆို ကိုဖိုး အေးကရုံးကစောစောပြန်လာရပြီးသားနှစ်ယောက်နဲအိမ်အလုပ်တွေကိုကိုယ်တိုင်လုပ် ပြီးချက်ပြုတ် လျှော်ဖွတ် ထားရပါတယ်။ သူ့မိန်းမ မမီမီစပြီးခြေလှမ်းပျက်နေပေမဲ့ လူအများကတိုးတိုးတစ်ဖုန် ကျယ်ကျယ်တစ် ဖုန်နဲ့ ပြောဆိုနေသံတွေကိုကြားနေရပေမဲ့ လူရိုးကြီးကိုဖိုးအေး အစကမယုံကြည်ခဲ့ပါဘူး။ နောက်  လူပြောသူပြောအရမ်းများလာရုံမျှမက သူ့မိန်းမနဲ့ဖြစ်နေတဲ့လူကလည်း […]


may flowersJune 26, 20121min22214
မောင်ဖိုးအေးလေး ဘဝမှာမိမိလူဝင်စားဖြစ်ကြောင်း သူ့ရဲ့ဘကြီးကို ဒေါသတစ်ကြီးပြန်ပြော လိုက်တဲ့ အချိန်နဲ့ အဖွားဖြစ်သူကို စိတ်လိုလက်ရပြန်ပြောပြတဲ့ အချိန်ရယ်  ဒီနှစ်ကြိမ် သာပြောပြခဲ့ ဘူးပါတယ်။ နောင်များမှာတော့ ဘယ်လိုအကြောင်းနဲ့မှ မိမိရဲ့အတိတ်ဘဝ ကိုလုံးဝပြောပြခဲ့ဖူးခြင်းမရှိတော့ပါဘူး။ အတိတ်ဘဝက ဆိုးမိုက်ခဲ့တဲ့မောင်ဖိုးအေးလေး ဟာ ဒီဘဝမှာတော့ လူများရဲ့ပြောစရာဖြစ်လောက်အောင်ကို လိမ္မာရေးခြားရှိရှာပါတယ်။ နားတစ်ဖက်မကြားရတော့ပေမဲ့ ကျန်ကြားတဲ့နားတစ်ဖက်ကိုအာရုံစိုက်ပြီး မောင်ဖိုးအေး လေး သူတို့ရွာရဲ့ မူလတန်းပညာကိုကျော်လွန် အောင်မြင်ခဲ့ပါတယ်။ မောင်ဖိုးအေးလေး လေးတန်အောင်တော့ သူ့ရဲ့မိခင်က မောင်ဖိုးအေးရဲ့နားတစ်ဖက်ကမကြားတာကြောင့် ရော၊ မောင်ဖိုးအေးအမတွေပါ လေးတန်းအောင်ရင်ကျောင်းထွက်ကြတာရော၊ နောက် အထက်တန်းပညာရေးက ရွာနဲ့တော်တော်လှမ်းတဲ့ ငါးမိုင်လောက်အကွာမှာရှိတဲ့ ရွာကြီး မှာသာ အထက်တန်းကျောင်းခွဲရှိတာမို့ ရွာထဲက ကလေးတော်တော်များများလေးတန်း အောင်တာနဲ့ ကျောင်းပြီးနေသလိုဓလေ့ဖြစ်နေတာရော ၊ နောက်အဓိကဖြစ်တဲ့မောင်ဖိုး အေးလေးရဲ့ ကျောင်းစရိတ်ကို ကလေး ခြောက်ယောက်နဲ့ မနဲရုန်းကန်နေရတာရော စသည့် […]


may flowersJune 25, 20121min19514
အဆိုပါလူမိုက်ဘသာ ၊ ကြာကူလီဘသာ၊ လူယုတ်မာဘသာက မောင်ဖိုးအေးလေးအ ဖြစ်ဝင်စားတယ်ဆိုတော့ သူတို့မိဘတွေ အဖိုးအဖွားတွေကတော့မယုံကြည်နိုင်ကြရှာပဲ တစ်အံ့တစ်ဩတွေဖြစ်ကြရှာပါတယ်။ ဒါပေမဲ့ ဘသာသေတဲ့နှစ်ရဲ့နောက်နှစ်မှာ မောင်ဖိုး အေးလေးကိုမွေးခြင်း၊ မွေးမွေးခြင်းဘိုက်မှာဒဏ်ရာနဲ့သွေးစတွေတောင်ပါလာခြင်း၊ မောင်ဖိုးအေးလေးရဲ့ သူ့ဘကြီးကို ရုတ်တရက်ဒေါသဖြစ်ပြီးပြောလိုက်တဲ့စကားများနဲ့ လေးနှစ်အရွယ်မောင်ဖိုးအေးလေးရဲ့စကားဟာ မှန်ကန်နိုင်မယ်လို့ယူဆကြတာကြောင့် မောင်ဖိုးအေးလေးအမေက မောင်ဖိုးလေးကိုချော့မေးကြည့်ပါတယ်။ ဘာကြောင့်၊ ဘယ် သူ ဆိုတာနဲ့ ဘယ်လိုလူပြန်ဖြစ်လာလဲ ဆိုတာတွေပါ။ ဒါပေမဲ့ မောင်ဖိုးအေးလေးဟာ ဘယ်သူဘာမေးမေးဘာမှပြန်မပြောတော့ တာကြောင့်လက်လျှော့ရတော့မလိုတောင် ဖြစ်လာပြီး မောင်ဖိုးအေးလေးဟာ ဘသာဝင်စားတာမဖြစ်နိုင်ပါဘူးလေလို့ပြန်ပြီးမှက် ချက်ချရမလိုတောင်ဖြစ်လာခဲ့ပါတယ်။ တစ်နေ့ညနေပိုင်းမှာတော့ မောင်ဖိုးအေးလေးဟာတစ်ယောက်ထဲဆော့နေရင်း အိမ်ပေါ် ကိုတက်လာပြီး အဖွားနားမှာလာထိုင်နေပါတယ်။ နောက်ရုတ်တရက် သူ့ဖွားအေကြီးကို ကြည့်ပြီး “အဘွား….အဘွား……….သားသားကိုလေ..ဒီနေရာကို…ဓါးနဲ့ထိုးလိုက်တာလေ……..အ ရမ်းနာတာပဲ” လို့မိမိဘိုက်နဲ့ ရှေ့ရင်ပိုင်းနေရာကို  လက်နဲ့ထိုးပြပြီး အဆက်အစပ်မရှိတဲ့ စကားနဲ့စပြောပါတယ်။ အဘွားဖြစ်သူလည်း ပထမတော့ရုတ် ရက်ကြောင်တောင်တောင်ဖြစ်သွားပေမဲ့ သူ့မြေးရဲ့ဟိုဘဝကအကြောင်းပြောပြတယ်ဆို တာကို […]