may flowersApril 29, 20121min6910
အငြင်းပွား ရေပြင်ပိုင်နက်တွင် မြန်မာကို အနိုင်ရရှိခဲ့သဖြင့် ဘင်္ဂလာဒေချ့် ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာအား ဂုဏ်ပြုသော အောင်ပွဲ အခမ်းအနားကို ဧပြီလ ၂၈ ရက်နေ့က မြို့တော် ဒက္ကားရှိ ပါလီမန် အဆောက်အအုံ ရှေ့မျက်နာစာတွင် ပြုလုပ်ခဲ့သည်။   ဘင်္ဂလာဒေချ့် ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာ လူထုမှ အပ်နှင်းသော အောင်ပွဲဆုကို လက်ခံယူနေစဉ်။ အဆိုပါ ဂုဏ်ပြု အောင်ပွဲကို ဘင်္ဂလာဒေချ့်နိုင်ငံ National Citizens’ Committee မှ ကမကထပြု စီစဉ် ကျင်းပခဲ့ခြင်း ဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်လာသူ လူပေါင်း တစ်သောင်းကျော်မှ ဘင်္ဂလာဒေချ့် အမျိုးသား သီချင်းကို ပြိုင်တူ သီဆိုကာ ဂုဏ်ပြု အောင်ပွဲကို ဆင်နွဲခဲ့ကြသည်။ အခမ်းအနားတွင် National Citizen’s Committee […]


may flowersApril 29, 20121min12917
KFC ကြက်ကြော်စားခဲ့မိသောကြောင့်    ဩစတြေးလျနိုင်ငံမှ  မော်နီကာ ဆယ်မွန်   ဆိုသောမိန်းကလေးတစ်ဦးသည်   ၂၀၀၅  ခုနှစ် အောက်တိုဘာလမှကာ  ဦးနှောက်ထိမိပြီး အဆိပ်အတောက်ဖြစ်ကာ  လေဖြတ်သွားခဲ့သည်ဟုဆိုပါသည်။   ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှ  အခြားသော KFC အသင့်စားကြက်ကြော်ကို စားသုံးခဲ့မိသောသူများမှလဲ  ထိုကြက်ကြော်   ကြောင့်  အခန့်မသင့်ပါက  ဖျားတတ်ခြင်း ခြေလက်အင်္ဂါ များ  အကြောဆိုင်းကာ မသန်စွမ်းတော့ခြင်းများ  ဖြစ်နေကြောင်း စော   ဒကတက်  ပြောဆိုမှုများလည်းရှိနေပါသည်။   New  South  Wale တရားရုံးမှ  သက်သေခိုင်လုံသောကြောင့်  KFC ကြက်ကြော်ကုမ္မဏီအား ဝေဒနာခံစားနေရသော အမျိုးသမီး   လေးအား  ဩစတြေးလျဒေါ်လာ (၈.၃) သန်းပေးရန်  အမိန့်ချမှတ်လိုက်သည်။ KFC  မှတရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ်  ပြန်လည်   […]


may flowersApril 29, 20121min16220
ကျွှန်မတို့အမေကြီးအိမ်နဲ့ အင်းကြီးနဲ့ကြားမှာ ငှက်ပျောပင်တောလေးရှိပါတယ်။ နောက်အဲဒီငှက်ပျောပင်အုပ်လေးကိုကျော်သွားရင်ဝါးရုံပင်တွေပတ်လည်ဝိုင်းနေတဲ့ အင်းကြီးကိုရောက်ပါတယ်။ နယ်ရွာလေးဆိုတော့ တစ်အိမ်နဲ့တစ်အိမ်က တော်တော်လေးလှမ်းကြပါတယ်။ အမေကြီးတို့အိမ်ကကြည့်ရင်လဲ အဲဒီအင်းကို ငှက်ပျောပင်တွေ ဝါးရုံပင်တွေကြောင့် မမြင်နိုင်ပါဘူး။ ကျွှန်မတို့တစ်တွေအတွက်က တော့ အဲဒီအင်းကြီးဟာပျော်စရာ ကစားကွင်းကြီးပါပဲ။ ဒါပေမဲ့ အင်းကြီးအော်သံကြားပြီဆိုရင်တော ့ လူကြီးတွေကအဲဒီနားကိုပေးမသွားတော့ပါဘူး။ အင်းကြီးကလဲ ညဘက်တွေမှသာအော်တာပါတဲ့။ တစ်နေကုန် တစ်နေခမ်း ပြောင်းဆန်အောင်ဆော့ကြတဲ့ ကျွှန်မတို့ကတော့တစ်ခါမှ မကြားခဲ့မိတာအမှန်ပါ။ ဒါပေမဲ့ မနက်ဘက်ရောက်လို့ လူကြီးတွေအချင်းချင်း ဟဲ့…ညကအင်းအော်သံကြား တယ်နော် ကလေးတွေဂရုစိုက်ဦးလို့ အသိပေးပြောနေတာကြားရလို့ အမေကြီးကို မေးကြည့်ဘူးပါတယ်။ အမေကြီးကအင်းအော်တယ်ဆိုတာ ရေတံခွန်ကရေတွေကျသံနဲ့ တူတယ်တဲ့ ညဘက်အင်းဘက်က ရေတံခွန်က ရေကျသံလို..တစ်ဝေါဝေါ မြည်သံကြားရင် ဒါအင်းအော်သံပါပဲတဲ့။ နောက်ပြီးအဲဒီအင်းကြီးရဲ့ အောက်မှာကျောက်ဖြာကြီးရှိတယ် အဲဒီကျောက်ဖျာမှာ မောင်နှမနှစ်ယောက် စောင့်တဲ့ဥစ္စာစောင့်သိုက်လည်းရှိတယ်လို့ပြောပါတယ်။ ကျွှန်မက အမေကြီုးက သိုက်ရှိတယ်သာပြောတာ အမေကြီး…….မြင်ဘူးလို့လားလို့မေးကြည့်ပါတယ်။ ဒီတော့ […]


may flowersApril 28, 20121min11916
ဘာကြောင့်မုန်းရတာလဲဆိုတဲ့ နာနာသံတွဲရဲ့ ပိုစ့်မှာကွန်မန့်ဝင်ရေးဖို့ ကြိုးစားတာ မအောင်မြင်တဲ့အတွက် အခုလိုဆောင်းပါးတစ်ပုဒ်ရေးလိုက်ရတာပါ။ ဟုတ်ပါတယ် နာနာ(သံတွဲ) ရေးသလိုပဲ မြန်မာပြည်မှာ ဘာသာပေါင်းစ ုံစုပေါင်းနေထိုင်ကြတာပါ ခရစ်ယာန်ဘာသာ ဟိန္ဒူ ဘာသာ ဗုဒ္ဓဘာသာ အာလုံးတော်တော်စုံပါတယ်။ ဒါပေမဲ့ မူဆလင်တွေက ဘာလို့သူတို့ဘာသာဝင်တွေကိုပဲ မုန်းရတာလဲဆိုတဲ့အဖြေကို ကိုယ်တိုင်တွေ့အောင်မရှာကြပါဘူး။ ဘာကြောင့်ဟန္ဒူဘာသာလူမျိုးတွေကိုမမုန်းရတာလဲ ဘာကြောင့်ခရစ်ယာန်ဘာသာဝင် တွေနဲ့ အေးအေးချမ်းချမ်းလက်တွဲသွားနိုင်တာလဲ ဒီအဖြေကို ကိုယ်တိုင်မရှာကြပါဘူး။ မုန်းတယ်ဆိုတာ ဘယ်သူမှအကြောင်းမရှိပဲ မုန်းနေကြတာမဟုတ်ပါဘူး။ သေချာတာကတော့ အိန္ဒိယကဝင်လာတဲ့သူမို့လို့မုန်းတာမဟုတ်ကြပါဘူး။ လူကိုမုန်းတာလဲမဟုတ်ကြပါဘူး။ မြန်မာပြည်တွင်းမှာနေထိုင်ကြတဲ့ မူဆလင်ဘာသာ ဝင်တော်တော်များများတွေရဲ့ အလွန်အစွန်းရောက်တဲ့ ဘာသာရေးမူကြောင့်သာမုန်း ကြတာပါ။ လူကိုမုန်းတာမဟုတ်ပဲ မူကိုမုန်းနေကြတာပါ။ ကဲဘာတွေအစွန်းရောက်နေလဲ ဆိုတာကျွှန်မပြောပြပါ့မယ်။ သူများပြောစကား ကြားတာနဲ့ ကျွှန်မမပြောချင်ပါဘူး။ ကြားတဲ့စကားနဲ့ပြောရင် မသေချာမရေရာနိုင်တဲ့အတွက်ကျွှန်မကိုယ်တိုင် ကိုယ်တွေ့ကြုံတွေ့ရတာလေးတွေကို ပဲပြောပြပါ့မယ်။ လွန်ခဲ့တဲ့(၂) နှစ်လောက်ကကျွှန်မတို့ နှစ်ဆန်း-၁ ရက်နေ့မှာ […]


may flowersApril 27, 20121min13616
မယုံရင်လည်း ပုံပြင်လို့တော ့မမှတ်စေချင်ပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီအဖြစ်အပျက်လေး ဟာကျွှန်မ တကယ်ကြုံတွေ့ခဲ့တဲ့အဖြစ်လေးမို့လို့ပါပဲ။ ကျွှန်မကိုမွေးခဲ့တာက ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ နယ်လေးတစ်နယ်မှာပါ။ ဒီတော့ ကျွှန်မကတောသူဆိုရင်လဲ မမှားဘူးပေါ့ရှင်။ ဒီအဖြစ်လေးဟာ ကျွှန်မငယ်ငယ် (၇) နှစ်အရွယ်လောက်ကဖြစ်ပျက်ခဲ့တာပါ။ ကျွှန်မတို့ရဲ့အမေကြီး (ကျွှန်မအမေရဲ့ အမေကိုကျွှန်မတို့ကအမေကြီးလို့ပဲ ခေါ်ပါတယ်) ကတော့ ကျွှန်မတို့ထက်ပိုပြီး ချောင်ကျတဲ့ တောရွာလေးတစ်ရွာမှာနေပါတယ်။ အဲဒီရွာလေးက တစ်ရွာလုံးအမျိုးတွေချည်းစုဖွဲ့ထားသလား ထင်ရလောက်အောင် လက်ညှိးထိုးမလွဲအမျိုးတွေချည်းပါပဲ။ ဦးကြီးဝမ်းကွဲ ဦးလေးဝမ်းကွဲ ဖွားလေးဝမ်းကွဲ ဝမ်းကွဲတွေများစွာကလက်ညှိးထိုးလို့မလွဲ တစ်ရွာလုံးနီးပါးပါပဲ။ လမ်းမှာအမြင်မတော်တာတွေ့လို့ ဆူဆုံးမသွားလည်း ဘယ်မိဘမှစိတ်ဆိုးတာ စိတ်တိုတာမတွေ့ပါဘူး။ သူတို့ကိုယ်တိုင်တိုင်ကလည်း အမြင်မတော်တာတေ ွ တွေ့ရင်ဆုံးမပိုင်ခွင့် ပြောပိုင်ခွင့်ရှိပါတယ် ။ ကိုယ့်သားသမီးအမြင်မတော်တာ ဆော့တာတို့ အန္တရာယ်တွေ့စရာဆော့ရင်တောင် ကိုယ်စား ဆုံးမပေးမဲ့လူတွေ ရှိတာမု ို့ စိတ်ချလက်ချလွှတ်ထားကြပါတယ်။ ကြိုက်တဲ့နေရာသွား ကြိုက်တဲ့နေရာမှာဆော့ […]


may flowersApril 26, 20121min15110
“သားကနမော်နမဲ့နဲ့…..ဒီကော်ရေခွက်လေးနဲ့ဘဲ…သောက်နော်..ရော့” “ဟင့်အင်း..ဟင့်အင်း…မေမေသောက်တဲ့ဖန်ခွက်နဲ့ပဲသောက်မယ်” “မရဘူး…ဒီရေခွက်နဲ့ပဲသောက်ရမယ်” ပြေစကားနားမထောင်သောသားကို ..ကျွန်မစိတ်တိုလာသည်။ ဒါကြောင့်..ကျွှန်မတို့ ရေသောက်နေကျ ဖန်ခွက်လေးထဲ..ရေပြည်လုနီးပါးထဲ့ကာ..သားဆီလှမ်းပေးလိုက်ပြီး….. “ရော့…သောက်…..ကျကွဲရင်..နင်အသိပဲ” ဒါပေမဲ့ ကျွှန်မထင်တဲ့အတိုင်းပါပဲ။ သားလက်ထဲက..ဖန်ခွက်လေးရောက်တာနဲ့… ရေအပြည်နီးပါးနဲ့ ဖန်ခွက်လေးဟာ သားလက်ထဲက..လျှောကျသွားပါတယ်။ “ခွမ်း” “ဟင်…နင်..နင်..ပြောထားရဲ့သားနဲ့..ကဲ..ကဲ” “အား…ကြောက်ပါပြီမေမေ..ကြောက်ပါပြီမေမေ” ဒေါသအရမ်းထွက်သွားသော..ကျွှန်မ..သားရဲ့အသားနုနုလေးကို..အညှာအတာမဲ့စွာ..ဆင့်ကဲဆင့်ကဲရိုက်လိုက်မိပါတော့တယ်။ သားရဲ့မျက်ဝန်းလေးတွေထဲမှာတော့…ဝမ်းနည်းနာကျင်လို့…ကျလာတဲ့မျက်ရည်လေးတွေ… xxxxxxxxxxx                                xxxxxxxxxx                                        xxxxxxxxxxxxxxx “သားေ၇..လာ..မေမေထမင်းခွံ့ကျွေးမယ်နော်” “ဟင့်အင်း…သားဘာသာသားစားမယ်” “အားလုံးဖိတ်ကုန်မယ်…လာပါ…သားကလိမ်မာပါတယ်…မေမေခွံ့မယ်နော်” “ဟင့်အင်း…ဟင့်အင်း” သားနဲ့..ကျွှန်မတို့ရဲ့ အငြင်းအခုံပွဲလေးပါပဲ.. သားထမင်းစားရင်..တစ်အိမ်လုံး..ပွစာတက်အောင်ထမင်းစေ့တွေ..ဖိတ်တတ်တာမို့..ကျွှန်မကိုယ်တိုင်ခွံ့ကျွေးဖို့…ပြောနေခြင်းပါ. ဒါပေမဲ့..သားက..လက်မခံပါဘူး။ ခေါင်းကိုအတင်းခါပြီး..ပါးစပ်ကိုစေ့ထားတာမို့…ကျွှန်မလဲ…ထမင်းပန်းကန်ကို..သားဆီလှမ်းပေး ရင်း…. “ရော့စား…ဖိတ်ကုန်ရင်..သားနာမယ်နော်” သားက အားရဝမ်းသာနဲ့..ထမင်းပန်းကန်လေးကိုကိုင်ပြီး..ဆက်တီခုံတွေဆီပြေးသွားပါတယ်။ သူ့ထမင်းပန်းကန်လေးကို…စားပွဲပေါ်..အရင်တင်လိုက်ပြီး…သူကိုယ်တိုင်က…ဆက်တီပေါ်အကျအနထိုင်ပြီးမှ..ထမင်းပန်ကန် လေးကိုလှမ်းယူလိုက်ချိန်မှာတော့… “ခွမ်း” မမှီတမှီနဲ့..လှမ်းဆွဲလိုက်တဲ့..ထမင်းပန်းကန်လေးဟာ..ကြမ်းပြင်ပေါ်ကို..ကျကွဲသွားပါတော့တယ်။ ကြမ်းပြင်လျှှာထိုးပေါ်မှာတော့..ထမင်းစေ့တွေ..ဟင်းဖတ်တွေနဲ့..ပွစာကျဲနေပါတော့တယ်။သားသားကအထိတ်တလန့်နဲ့..ကျွှန်မကို လှမ်းကြည့်ပါတယ်။ ဒါပေမဲ့ ကျွှန်မမျက်လုံးထဲမှာတော့..အသနားခံစွာ..ကြောက်ရွံ့စွာ ငေးကြည့်နေတဲ့သားအစား…ကြမ်းပြင်ပေါ်မှာ..ပြန့်ကျဲနေတဲ့ ထမင်းစေ့လေးတွေကိုသာ..မြင်မိပါတယ်။ “ဟင်…နင်…နင်…လုပ်ပြန်ပြီ…ကဲဟာ…ကဲဟာ” “ဖြန်း….ဖြန်း” “အား…မေမေ…နောက်မလုပ်တော့ပါဘူးမေမေ…သားသားနောက်မလုပ်တော့ပါဘူး…” “နင်ဟာငါ့ကို..ဘာကောင်းကျိုးမှ မပြုဘူး…အလကားကောင်  ငါ့အတွက်…နင်ဟာ..ဂြိုလ်ဆိုးပဲ…………………..” ကျွှန်မ  နာရီအတန်ကြာအောင်..သားကို  […]