ကမ်းစပ် ဂ ငယ်ကွေ့လေးဆီက လှိုင်းရိုက်သံသဲ့သဲ့လေး လွင့်လာတယ်…..။ အနောက်တောင် မုတ်သုန်လေရယ် ဆားငံရနံ့ရယ်… ပင်လယ်ကဗွီးနဲ့ အုန်းပင်တန်းကို တညီတညွတ်တည်း နမ်းကြတယ်…..။ ကျောက်စရစ်သားဖြူဖြူနဲ့ မြိုု့မုဒ်ဦးစာသားပြာပြာမှာ သူ့က္ကန္ဒြေကို ခင်းပြလို့ ပြာမှောင်မှောင်ပင်လယ်ဝက ဝပ်ပျနေတဲ့ မြို့ကလေးလေ……။ အင်္ဂလိပ်စာရေးဆရာကြီး မောရစ်ကောလစ် နေဖူးခဲ့တဲ့မြို့ကလေး နှစ် 180 သက်တမ်းကို ကျော်လွန်ခဲ့ပြီဖြစ်တဲ့ ငါ့ရဲ့မြို့ကလေး…. တန်ခိုးကြီးဘုရားများနဲ့ ရေပေါ်ရေအောက် မြေပေါ်မြေအောက် တန်ဖိုးကြွယ်ဝလွန်းတဲ့ မြို့ကလေး….။ ငါ့ရဲ့ ပုန်းကွယ်နေတဲ့အလှတရားလေး ငါချစ်တဲ့မြို့ကလေးဟာ.. တစ်ခါတစ်ရံများမှာ ဘင်္ဂလားပင်လယ်အော်ရဲ့ လေဆင် လေရိုင်းတွေကို ကြောက်ရရုံကလွဲလို့ ပကတိတည်ငြိမ်အေးချမ်းလွန်းတဲ့ ချက်မြှုပ်ဌာနေလေး..။ အခုတော့ မြို့ကလေးရေ့.. ဘင်္ဂလားတစ်ဖက်ကမ်းက အရိုင်းအစိုင်းရန်စွယ်တွေက ရှိနေပေမဲ့….မကြောက်နဲ့ ဘာကိုမှ မကြောက်လေနဲ့မြို့ကလေးရေ့ သင်ဟာ အမှန်တရားအတွက် သစ္စာတိုင်ခဲ့တာ…. နှစ်ပေါင်း (180)တောင် ကျော်လွန်လာခဲ့ပြီဖြစ်လို့ပါပဲ။ […]