မွေးနေ့ . . .

marblecommetApril 27, 20121min25836

ကမ္ဘာကြီးလည်တာကို

အကြောင်းပြပြီး

သံသရာထိ  လိုက်လည်ဖို့

မိုက်မှားနေမိသူ

အသက်   မီးတောက်လေး

တစ်ပွင့်ရဲ့

(၃၂)ကောဌာသ

(၃၂)ဌာလီ ဒါန၊ သီလ၊ ဘာဝနာ

ဒုက္ခ . . .နဲ့ . . .

ပုံအပ်မိတဲ့  သံယောဇဉ်တွေ

အပြစ်ကျတဲ့ နေ့ပါပဲ . . .။

 

ကြုံလို့ ခွင့်တောင်းပါရစေ

ရန်သူမျိုးငါးပါးက

မကင်းလွတ်နိုင်သရွေ့

သတိ သံဝေဂနဲ့

ကုသိုလ် . . .အကုသိုလ်အလွှာကြား

ဗျာ…မများရတဲ့

ဉာဏ်ပညာကို  ပေးပါအမေ . . .။

 

ကြုံလို့ ခွင့်တောင်းပါရစေ

ကြာမျိုးငါးပါးဆီ

မလှော်ခတ်နိုင်သေးသရွေ့

သေငယ်ဇောနဲ့

ပါးလှပ်ကြုံလှီ အသက်ဓာတ်ကလေးကို

အတ္ထာဟိ အတ္ထနော နာထော   တဲ့

သတ္တိတွေ ပေးပါ အဖေ . . .။

 

မေတ္တာတရားနဲ့ ပေါက်ဖွားခံရတဲ့

လောက ကမ်းပါးပေါ်က ခရီးသွား

မဝံ့မရဲ   နာဖျားနေပုံ . . . ။        ။

 

(27 . 4 . 2012 fri)

နံနက်..8 း 45 နာရီ

36 comments

  • ဗိုက်ကလေး

    April 27, 2012 at 11:45 am

    အူးပဉ္ဇင်းက ပါဠိလိုတွေ ထည့်ရေးတော့ များတို ့က ငုတ်တုတ်မေ့ပါပကော ဦးဘဇင်းရာ
    လဂါးနောက်ဒါ..

    အူးလေးကလဲ
    မြေးပဲသုံးယောက်ရနေပြီ..ဘာအခုမှ အမ့ဆီက တောင်းဆိုနေရတာတုန်းဗျာ..မကြီးမငယ် သူငယ်ပြန်ချင်နေသေးဒယ်..
    လူဇိုး

  • marblecommet

    April 27, 2012 at 11:51 am

    ဟင် …..
    မြေးသုံးယောက်……ဟလား ….ကိုဗိုက်…..
    (ဂီ့ ဇဂါးနဲ့ ပြောရရင် စိတ်ထိခယက်လိုက်ထှာအေ…..)
    ……………
    အမှန်ကတော့ ဖြစ်ချင်ထှာကို
    လေဥ ဥတယ် မှတ်ပါ ဒဂါဂျီး
    …….
    ပုံ ….ဇောချွေးများဖြင့် ရောက်ရက်ခတ်နေသူ
    စောကြီးကမ်း

  • windtalker

    April 27, 2012 at 11:53 am

    ကမ်းဝေး ရဲ ့၃၂ နှစ်မြောက်မွေးနေ ့မှသည် နောက်နှစ်ပေါင်းများစွာတိုင် ပျော်ပါးမော်ကြွား သောက်စား နိုင်ပါစေ ဗျား ။
    ( ဟေ့လူ မှားရင်လဲ မှားသွားတယ်လို ့မှတ် )

  • ထုံးဘဲဥ

    April 27, 2012 at 11:54 am

    မူးတွားဘီ …….. ဂေ့

  • marblecommet

    April 27, 2012 at 12:05 pm

    ရဲဘော်ကြီးရေ့……
    မွေးနေ့က မနက်ဖြန်မှပါ….
    ဒီနေ့ အိပ်ရာနိုးတော့ အာသီသကလေး
    နည်းနည်းဖြစ်လာတာနဲ့….ရေးဖြစ်သွားတာပါ
    ပျော်ပါး(ကောင်းသောအမှုကိစ္စ)
    မော်ကြွား(ကောင်းသောဂုဏ်ယူမှု)
    သောက်စား(ဟဲဟဲ စားချိန်တန်စား သောက်ချိန်တန်သောက်)
    အားလုံး ပေးတဲ့ဆုနဲ့ ပြည့်စေဗျား……..
    …..
    ထုံးဘဲဥက တော့
    စောစောစီးစီး ဆုတောင်းပြည့်သွားလေပြီ…
    ခင်တဲ့…..
    ငကမ်း

    • laypai

      April 27, 2012 at 5:29 pm

      မွေးနေ့ က မနက်ဖြန်မှ ဆို လဲ ကော်နက်ရှင်ရ တုံး ဆုတောင်း ပေးတယ် လို့ မှတ် ပါ နော်။
      HAPPY BIRTH DAY!!!!!!!!!!!
      ကျမ္မာ ချမ်းသာလို့ အသက်ကတော့ မွေးနေ့ ရှင် ဆန္ဒ အတိုင်း ရှည်ပါစေ သောဝ်။

  • Moe Z

    April 27, 2012 at 12:11 pm

    (28. 04. 12) မှာပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေနော် …
    နောက်ထပ်နှစ်ပေါင်းများစွာတိုင် …
    (ဆုတော့တောင်းပေးလိုက်ပြီ ကိုယ်တိုင်ရဲ့မွေးနေ့လား သက်ဆိုင်သူရဲ့မွေးနေ့လားမသိ) 😀

  • blackchaw

    April 27, 2012 at 12:15 pm

    သက်ဆိုင်သူရဲ့ မွေးနေ့ပါဗျို့။

  • marblecommet

    April 27, 2012 at 12:18 pm

    မိုးဇက်ရေ့
    မွေးနေ့ကို ကြိုတင်ဆုတောင်းပေးတဲ့အတွက်
    အခုတ်တရ ကျေးဇူးတင်ပါတယ်ဗျာ
    ဟုတ်ကဲ့ ….
    ကျနော့်ရဲ့ ပကတိ
    အရှင်လတ်လတ်မွေးနေ့ဖြစ်ပါကြောင်းခင်ဗျ
    ခင်တဲ့….
    ငကမ်း….

  • marblecommet

    April 27, 2012 at 12:20 pm

    ကိုကြီး ဘလက်ရေ့
    မနေ့က အစ်ကိုနဲ့ဖုန်းဆက်ပြီးနောက်ပိုင်း
    ရုံးမှာ ကွန်နက်ရှင်မရ
    မေးဖွင့်လို့မရ
    ဖေ့ဘွတ် ဖွင့်လို့မရနဲ့
    ဒီတော့ အစ်ကိုကို ပေးချင်တာတွေလည်း
    တစ်ခုမှ မပေးဖြစ်လိုက်ဘူး
    ခွင့်လွှတ်ပါဗျာ…..

  • Khaing Khaing

    April 27, 2012 at 1:07 pm

    ကိုကမ်းကြီးရေ ညီမကမနက်ဖြန်မှ မွေးနေ့ဆုတောင်းပေးမလို့ စဉ်းစားထားတာ အစ်ကို့မွေးနေ့နဲ့ညီမ မောင်လေးမွေးနေ့က တူနေတယ် ……. ကိုကမ်းကြီးရေ မွေးနေ့ကျော်ရင်တော့ ကောင်းမယ်ရှင် …. ဒါပေမယ့် စိတ်ရင်းနဲ့ပြောမယ်နော် ရွှေဝါရောင်အရည်တွေကိုသိပ်မသောက်နဲ့ရှင် အဲဒါတွေသောက်ရင် ကိုယ်လိုတဲ့ခရီးကိုရောက်မှာမဟုတ်ဘူး …… ကိုကမ်းကြီး မွေးနေ့မှစပြီး နောက်နှစ်ပေါင်းများစွာ ပျော်ရွှင်စိတ်ချမ်းသာမှုတွေ ရပါစေလို့ ညီမဆုတောင်းပေးလိုက်ပါတယ် ……..

    ခင်မင်ရင်းနှီးစွာဖြင့်
    Khaing Khaing

    • marblecommet

      April 27, 2012 at 3:16 pm

      ညီမ ခိုင်ခိုင်ရေ့….
      ကိုယ့်မွေးနေ့ကို ကြိုကြိုတင်တင်ကတည်းက
      သတိတရရှိပေးတဲ့အတွက် ကျေးဇူးပါနော်.
      ညီမရဲ့ မောင်လေးလည်း ကိုယ်၊ စိတ်၊ နှလုံး
      သုံးပါး ငြိမ်းချမ်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါစေနော်..
      …..
      ကိုယ့်က ရွွှေဝါရောင်အရည်တွေတော့ မသောက်ပါ ညီမရယ်…
      ရွွှေအဘိုးကြီးရောင်ပဲ (ဆြာဒဂုန်တာရာဇဂါးဖြင့်) နည်းနည်းပါးပါး ဆေးဖြစ်ဝါးဖြစ် မှီဝဲတာပါ…
      ခင်တဲ့….
      ကိုကြီးကမ်း….

  • ဆူး

    April 27, 2012 at 1:10 pm

    ပျော်ရွင်ဖွယ် မွေးနေ့ ဖြစ်ပါစေ။

  • Shwe Tike Soe

    April 27, 2012 at 1:26 pm

    ယခုမွေးနေမှသည် လူပြိုဘဝမှ အမြန်ကျွတ်ကာ ဗလချာနှိုက် တဲ့အထိ ဖြစ်ပါစေ………. တိုတမ်းဂျီး

  • Ma Ei

    April 27, 2012 at 1:32 pm

    မွေးနေ့ပေါင်းများစွာကို
    ချစ်ခင်သူများနှင့်အတူ
    ပျော်ရွှင်ချမ်းမြေ့စွာ
    ဖြတ်သန်းနိုင်ပါစေ…

  • kyeemite

    April 27, 2012 at 2:48 pm

    ဦးပဇင်း မယားအမြန်ရပါစီ
    ဆုမတောင်းရဲဘူးဗျာ..သဂျီးကိုကျောက်လို့..
    ————————————
    ဟေ့ကောင်ကြီးမိုက် မင်းကွာ နာမည်နဲ့မလိုက် သဂျီးများကျောက်ရတယ်လို့
    ကိုယ့်အယူ နဲ့ကိုယ်ပေါ့ကွ..
    ———————————————-
    အော်..အေး အေး..
    မာဘယ်ကော်မန့်ကြီးတစ်ယောက် မွေးနေ့ပေါင်းများစွာကိုချစ်ခင်သူများနှင့်အတူ
    ပျော်ရွှင်ချမ်းမြေ့စွာဖြတ်သန်းနိုင်ပါစေ…
    ခင်တဲ့..

  • marblecommet

    April 27, 2012 at 3:23 pm

    ကိုဆူးရေ့
    ကျေးကျေးဗျို့…ပေးတဲ့ဆုနဲ့ပြည့်ပါစေ….
    ……..
    ဟေ့လူ ကိုရွှေတိုက်….
    စာလုံးပေါင်းကို သေချာပေါင်းပါဗျ
    စာပုံအဖွဲ့ကြီးကြောင့် ပြောတာတော့ဟုတ်ပါဝူး
    လူပျို လို့ ပေါင်းဘာ…လူပြိုလို့မီပေါင်းဘာနဲ့ဂျ….
    ပုံ…
    ……ကိုရွှေတိုက်ဆုတောင်းကို ကြိတ်သဘောကျနေသူ…..
    …….
    မအိခင်ဗျား…..
    ကျေးဇူးတင်ပါတယ်လို့ပဲ ရိုးရိုးလေး ပြောလိုက်ပါတယ်နော်…..
    ………
    ဟဲဟဲ …
    ကိုကြီးဦးမိုက်ရယ်….
    အစ်ကိုကြီး ဆုတောင်းက လျှာစက်အာစက် တယ်ကောင်းတာပဲ
    ဒီညနေကို အဲဒီဆုတောင်းက တန်းပြည့်တာပဲဗျာ……ငှဲငှဲငှဲ……
    လေးစားလျှက်…..
    ငကမ်း…

  • htet way

    April 27, 2012 at 3:34 pm

    ကောင်းလိုက်တဲ့ကဗျာပါ
    ကျုပ်တို့ ကတော့ ခင်ဗျားလောက်ပါရမီ မပါဘူး
    ဇာတာ အသက် ၁၂ဝရှည်စေသော်(ဝ်)

  • သူရဇော်

    April 27, 2012 at 3:48 pm

    Birthday Wish လေးပါ…….. ကိုကမ်းကြီးရေ မွေးနေ့မှစ နောင်နှစ်တစ်ရာတိုင်သည် ဆော်ကြည်ထီပေါက် နိဗ္ဗာန်ရောက်ရအပြင် ဘာမှမလုပ်မကိုင်ပဲ စားချိန်တန်စား သောက်ချိန်တန်သောက် မှောက်ချိန်တန်မှောက်နိုင်ပါစေခင်ည……………. ခင်မင်ခြင်းများစွာဖြင့်
    သင်္ကြန်ကာလမှ ဦးဇင်း တူရဇော်

  • etone

    April 27, 2012 at 3:56 pm

    ဟတ်ပီ ဘတ်ဒေးပါ ကိုငှက်ကြီးပေါက်စ ……..အဲ ကိုကမ်းကြီးရေ …
    လေးဘက်မထောက်
    မျက်မှန် မပျောက်
    ရေမှန်မှန်ချိုးလို့ … (အဲမွှားဘီ) …. ဝင်ငွေအမြန်တိုးလို့
    လေဒီလေးနဲ့ ဒိုးနိုင်ပါစေနော် အဟဲ … (ခင်လို့နောက်တာပါ .. 😛 )

    ကိုကမ်းကြီးရဲ့ ဒီနှစ်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ၊ စိတ်ရောကိုယ်ပါ ကျန်းမာပြီး ၊ လာဘ်လာဘတိုးလို့ … မျက်နှာလည်း ပွင့်ပါစေနော် …. :mrgreen:

  • ရွာစားကျော်

    April 27, 2012 at 4:35 pm

    အတ္ထာဟိ အတ္ထနော နာထော တဲ့

    မိမိ မိန်းမကိုသာ မိမိ ကိုးကွယ်ကာ သတ္တိတွေ မွေးပါ ဦးကမ်းရေ..

    ဟီး.. နောက်တာနော်.. ရှေ့ကလူတွေ ပေးထားသမျှ ဆုတွေနဲ့ ပြည့်ပါစေဗျာ..

  • Khin Latt

    April 27, 2012 at 8:22 pm

    မောင်ကမ်းရေ

    ပျော်ရွှင်ဖွယ်ရာ မွေးနေ့မှသည် မိမိလိုချင်သော နှစ် 😉
    အထိ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း များနှင့် ပြည့်စုံကာ လိုအပ်သောဆု၊ မြတ်သောဆု များ တောင့်တတိုင်း ရပါစေ သောဝ်။

    ရန်သူမျိုးငါးပါး အန္တရာယ် က ကင်းရုံမက
    (၁) ရာဂမီး (လောဘမီး) – တပ်နှစ်သက်ရသဖြင့် ပူလောင်ခြင်း။
    (၂) ဒေါသမီး – အမျက်ထွက်၊ စိတ်ဆိုးရသဖြင့် ပူလောင်ခြင်း။
    (၃) မောဟမီး – အဟုတ်အမှန်ကို မမြင်မသိရသဖြင့် ပူလောင်ခြင်း။
    (၄) ဇာတိမီး – ပဋိသန္ဓေနေရမှု၊ ဘဝအသစ်၌ ဖြစ်ရသဖြင့် ပူလောင်ခြင်း။
    (၅) ဇရာမီး – အိုမင်းရသဖြင့် ပူလောင်ခြင်း။
    (၆) မရဏမီး – သေပျက်ရသဖြင့် ပူလောင်ခြင်း။
    (၇) သောကမီး – စိုးရိမ်ကြောင့်ကြရသဖြင့် ပူလောင်ခြင်း။
    (၈) ပရိဒေဝမီး – ငိုကြွေးရသဖြင့် ပူလောင်ခြင်း။
    (၉) ဒုက္ခမီး – ဒုက္ခဆင်းရဲကြောင့် မသာယာသဖြင့် ပူလောင်ခြင်း။
    (၁၀) ဒေါမနဿမီး – စိတ်ကိုမှီ၍ မသာယာသဖြင့် ပူလောင်ခြင်း။
    (၁၁) ဥပါယာသမီး – ပြင်းစွာပူပန်မှု၊ ဆို့တက်မေ့မြောသွားမှုများ ဖြစ်သဖြင့် ပူလောင်ခြင်း။
    မီးတစ်ဆယ့်တစ်မီး လဲ ငြိမ်းပါစေသား။ 🙂

    ခင်မင်စွာဖြင့်
    အရီးလတ်

    • Inz@ghi

      April 28, 2012 at 11:58 am

      ဟာဂျာ …အရီးလတ် ….
      အနှီ မီးတွေ အတို်င်းအတာတခုထိ တောက်လောင်မှ
      လူဖြစ်ရတာ နေသာထိုင်သာရှိတာဗျ…

      ဇဂါးအတင်းစပ် ကိုကမ်း …
      လောင်တဲ့မီးကို စကော့တလန် စမ်းရေလေးနဲ့ ဖျန်းကြစို့ရဲ့ဗျာ…..

      ဂနေ့တော့ ကျုပ်တိုက်ပါရစေ..
      မျက်နှာမြင် တိုက်ချင်ပါစေ ….

      ခင်တဲ့
      ဂီ

      • Mလုလင်

        April 28, 2012 at 11:17 pm

        ဂယ် .. တိုက် မှာရား ဟင် …

  • surmi

    April 27, 2012 at 9:08 pm

    ဖြစ်ချင်တဲ.ဆန္ဒနဲ. ၊
    ဖြစ်ရတဲ.ဘဝ
    တထပ်တည်း ကျပါစေ …..။
    (အမှန်တော. နောက်ပြောင်ဦးမလို.ဘဲ ၊ ကဗျာလေးကိုအားနာလို. )

  • Swal Taw Ywet

    April 27, 2012 at 10:29 pm

    Dear brother, marblecommet,
    HAPPY BIRTHDAY.
    Wishing for you to be in good health, good wealth and good special one…
    🙂
    With respect,
    Swal Taw Ywet.

  • amatmin

    April 28, 2012 at 12:51 am

    ချစ်ခင်ရစွာသော ကိုကမ်းဝေးရေ..
    ခင်ဗျား မွေးနေ့ ရက် လင်းအားကြီး အချိန်မှာ အိပ်ရေးပျက်ခံပြီး ဆုတောင်းပါသဗျို့..
    ခင်ဗျားလိုအပ်တာတွေ အကုန် ကျုပ်မမန့်တတ်တဲ့ အရီးလတ် ကွန်မန့်ထဲကလို.
    ဆယ့်တစ်မီး ငြိမ်းပြီး အကုန်ရပါစေလို့…..

    မွေးနေ့ မှာ..ပျော်ရွှင်ပါစေ ချစ်သော ကိုကမ်းရေ…..

  • kotun winlatt

    April 28, 2012 at 12:55 am

    အော်….လူပျိုကြီးးးးမွေးးးနေ့ကို…..
    လိုချင်သောဆုများနှင့်ပြည့်လျှံဖောင်းကားသော မွေးနေ့ဖြစ်ပါစေကြောင်းးးးးးးးးးးး

  • Mလုလင်

    April 28, 2012 at 11:20 am

    BE ဆို သံပုရာ စိတ် ကလေး လဲ မမေ့ နဲ့ ဗျို ့ …။

  • ဗိုက်ကလေး

    April 28, 2012 at 11:32 am

    ကဲဗျို ့..
    ကဗျာဆရာ၊ စာရေးစရာ၊ အခါတော်ပေး၊ သရုပ်ဖော်ပန်းချီကာတွန်းဆရာ အူလေးကမ်းကြီးရဲ့
    ယနေ ့ကျရောက်သောမွေးနေ ့မှသည် သေသိအထိ အူးဗိုက်ကလေးလို စော်ကြည်ထီပေါက် အမေဒစ်ကန်ရောက်ပါစေလို ့ ဆုတောင်းပေလိုက်တယ်ဗျား..

    (ဒီနေ ့ 28 မှ အမှန်အကန် မွေးနေ ့ဖြစ်ပါသတဲ့ဗျား..)

  • Mလုလင်

    April 28, 2012 at 11:40 am

    ကျန်ခဲ့လို့ ဗျို ့ .. ဒီတစ်ခါ တွေ့ရင်တော့ ရေပြိုင်ကူး ရမှာ နော် …ကို ကမ်းကြီး ..

  • နေဝန်းနီ

    April 28, 2012 at 12:31 pm

    မွေးနေ့ မွေးနေ့နဲ့
    လက်ဆောင်တွေ ညာညာယူနေ…။
    မပူနဲ့ ….
    မွေးနေ့ပြီးနောက်တစ်ရက်ကျရင်
    အရက်နာကျနေမှာမြင်ယောင်မိသေး……
    ဟေး…ဟေ..ဟေး….။
    😛 😛 😛

  • FattyCat

    April 29, 2012 at 12:22 am

    မန့်တာတော့ နောက်ကျသွားတယ်အစ်ကိုကြီးရေ-
    မွေးနေ့မှတော့ ခင်ဗျားနားထောင်ချင်တဲ့ သီချင်းဆိုပြပြီး…လက်ဆောင်ပေးသွားတယ်ဗျာ…

    နေလဲစောင်းပြီ….အလင်းများလဲဆိတ်သုဉ်း….
    ဒီအချိန်မြို့ထဲလမ်းများမှာ…လျှပ်စစ်မီးသီးများပြန်လင်း…
    လမ်းဘေးအရိပ်တွေ ဝိုးတိုးဝါးလှုလို့ရွေ့လျား…
    ပလက်ဖောင်တစ်လျှောက်မှာ ကွေ့ကောက်လမ်းလျှောက်ခါသွား…

  • TTNU

    April 29, 2012 at 10:51 am

    Marblecommet ရေ
    Facebook မှာ လက်ဆောင်ပို့လိုက်မယ်နော်။
    ပျော်ရွှင်မွေးနေ့ ဖြစ်ပါစေ။
    မေတ္တာဖြင့်
    တီချာနု

  • MaMa

    April 29, 2012 at 1:56 pm

    မွေးနေ့ရှင်ကို မန့်ပြီးသွားပြီဆိုပြီး နေနေတာ အခုပြန်ကြည့်လိုက်တော့မှ ကွန်မန့်က တက်မသွားမှန်းသိတယ်။
    ဘဝတစ်လျှောက်လုံးမှာ လိုအပ်သောဆု မြတ်သောဆုများဖြင့် ပြည့်စုံပါစေလို့ ….. 🙂
    (မွေးနေ့ဆိုလို့ သံယောင်တော့ လိုက်လိုက်ရတာပဲ။ နောက်မှ ကြောင်ကြီးလို မွေးနေ့လည်း ဖြစ်နေဦးမယ်။) 😀

  • marblecommet

    April 30, 2012 at 6:53 pm

    မွေးနေ့မှာ ဆုတောင်းပေးကြတဲ့ ရွာထဲမှ
    ကြီးကြီး ငယ်ငယ် ရွယ်ရွယ်လတ်လတ်..
    ဆရာ/ ဆရာမများ အားလုံးကို
    လေးလေးစားစားနဲ့ ရိုးရိုးသားသား ကျေးဇူးတင်တယ်ဆိုတဲ့
    အကြောင်းလေး ပြောပါရစေဗျာ…
    အန်တီ အရီးလတ် ငြိမ်းစေချင်တဲ့ ဆယ့်တစ်မီးလည်း
    ငြိမ်းနိုင်အောင် အားထုတ်ကြိုးပမ်းပါ့မယ်ခင်ဗျာ

    ကိုလုလင် ဒီတစ်ခါ ဆုံမယ် အင်းယားကန်ရေလည်ကျွန်းကို
    တကယ်ပြိုင်ကူးတယ်ဗျာ..အတည်နော်..

    တီချယ်ရဲ့ လက်ဆောင်ကို မျှော်နေမယ်ခင်ဗျာ……

    …..
    မအိတုံရေ့…..လေးဘက်ထောက် မျက်မှန်ပျောက်တာတွေ က
    အဖြစ်မှန်လိုလို ဘာလိုလိုဘဲရယ်နော်…..အာဟင့်….

Leave a Reply