မီ မီMarch 14, 20151min30318
သေရဲလား ရဲဘော် ကျောင်းသားဆိုတာ ဘယ်တော့မှမသေဘူး ရိုက်လိုက်စမ်းပါ ဒဏ်ရာတွေမငဲ့ကွက်ဘူး ခွတ်ဒေါင်း ရဲ့စိတ်ဓတ် လူလဲရင်တောင် အလံမလဲဘူး နှဖူးက အနီပတ် ရာထူးရာခံအတွက်မဟုတ်ဘူး အော်လိုက်စမ်းကွာ ညီလေး ဟစ်ပြလိုက်စမ်း ညီမလေး မင်းတို့တွေ သရုပ်ပြကောင်းမှ တို့တွေ အထုတ်ကောင်းကောင်းရမှာ ရော့ ရေသောက် အာခြောက်နေရင် အသံမကျယ်ဘူးကွ ခဏလေးနော် ငါလည်းရေဆာလို့ ဘီယာဆိုင် ဝင်လိုက်ဦးမယ် ဆက်အော်ထားကွ အသံမတိတ်စေနဲ့ ဒါမှ နိုင်ငံတကာသိကြမှာ သတင်းထောက်တွေလာရင် များများငို ရဲ တွေလာရင် ဆဲလွှတ်လိုက် အမှန်တရားက မင်းတို့လက်ထဲမှာ လူအခွင့်ရေးက မင်းတို့ရဲ့ပါဝါ ဟဲ့ သောက်ပလုတ်တုတ် တုတ်တွေနဲ့ ရိုက်ပဟ ဟေ့ကောင်တွေနောက်မဆုတ်နဲ့ ခံထား ကျောင်းသားသွေးရဲတယ် ငါ တော့အဖမ်းခံလို့မဖြစ်သေးဘူး ခေါင်းဆောင်ဆိုတာ ရှင်သန်နေဖို့လိုတယ်ကွ ငါပြေးပြီဟေ့ ကံကြုံရင်ပြန်ဆုံမယ် […]


မီ မီJune 20, 20141min32422
လာပြန်ပါသည် ။ ယခင်နှစ်များကဲ့သို့ မိုးလေမလုံသော ကျောင်းဆောင်လေးလည်း စာအံသံတို့ဖြင့်ပြန်လည်အသက်ဝင်လာသည် ။ ကျောင်းဖွင့်စရက်များတွင် ရှုပ်ထွေးလှသော ရုံးလုပ်ငန်းကြောင့် တပည့်များကို ပြီးပြည့်စုံစွာဂရုမစိုက်နိုင်ခဲ့ပါ ။ တစ်ပတ်ကျော်မှ နာမည်နှင့်တွဲ၍မှတ်မိခဲ့ပါသည် ။ ကျွန်မ သတိထားမိသောကလေးတစ်ယောက်ရှိသည် ။ နောက်ဆုံးခုံတန်းတွင်ထိုင်၍ ငေးငိုင်နေတတ်သူဖြစ်သည် ။ မုန့်စားဆင်းချိန်တွင် တခြားကလေးများနှင့် ရောနှောဆော့ကစားလေ့မရှိသည်ကိုလည်း တွေ့ရသည် ။ ရယ်ခြင်းပြုံးခြင်း မတွေ့ရသော ထိုကလေးကို ကျွန်မစာမေးဖူးပါသည် ။စာမရ သည်သာမက ကောင်းမွန်စွာ ပြန်လည်မဖြေကြားပါ။  မည်သည့်အဖြေမျှ ပြန်မပြောသော ကလေးကို ကျွန်မစိတ်ဆိုးခဲ့ဖူးသည် ။ ကျွန်မအား စူးရဲစွာပြန်ကြည့်သော ထိုကလေး၏ မျက်လုံးထဲတွင် နာကြည်းသော မကျေနပ်သော အဓိပ္ပါယ်တို့ မြင်ခဲ့ရပါသည် ။  စာသင်ချိန်များတွင် ကျွန်မ သတိထားကြည့်မိပါသည် ။ ထိုကလေးသည် ငေးငိုင်၍ […]


မီ မီMay 12, 20141min845111
ဘဝင်လည်းမမြင့်ရပါ ရှင် သူရဲကောင်းတွေကိုအားကျ သမိုင်းထဲမှာဖတ်ခဲ့ရလို့ ချေဂွေဗားရား ၊ ဟိုဆေးရီဇော် ဟိုချီမင်းပါမကျန် လေးစားအားကျခဲ့ပါတယ်ရှင် မြန်မာဆိုတာ သမိုင်းအဆက်ဆက်မျက်နှာငယ်ခဲ့ရတာ မြန်မာဆိုတာ မျက်စိပိတ်နားပိတ်နေရတဲ့ဘဝ မြန်မာဆိုတာ မျက်မှောက်ခေတ်ဆင်းရဲနုံခြာလှတာ သိပ်သိတာပေါ့ရှင် ရှင်တို့ပဲ သိဖို့လိုတာ တကိုယ်ရေသက်သာချောင်ချိဖို့ နိုင်ငံခြားမှာဒေါ်လာရှာ သက်သာတဲ့ဘဝအခြေအနေရောက်မှ မြန်မာကိုပြန်လှည့်ကြည့်တော့ ရှင်တို့လည်းမြန်မာဖြစ်ရတာ ရှက်နေမှာပေါ့နော် သန်း ၈ဝ ရဲ့တစ်ရာပုံတစ်ပုံသာ ပညာတတ်လူတန်းစေ့တာ ကျန်တာတွေက နုံခြာဆင်ရဲ ပျော်နေမယ်ရှင်တို့ထင်သလား မျှော်လင့်ချက် မဲ့တဲ့ဘဝမှာ အနူဖြစ်ကာမှ ဝဲစွဲရတဲ့ဘဝ ရှင်တို့မို့ပြောရက်တယ် ဘဝင်မမြင့်နဲ့ဟုတ်လား ဘဝင်မြင့်ရအောင် လေယဉ်လည်းမစီးဖူးဘူး လေယဉ်ပေါ်ကလည်းမကြည့်ဖူးဘူး လေထိုး လေလျော် လေပေါ်ကလည်းမဝေဖန်ဘူး တတ်နိုင်ရင်ပြန်လာခဲ့ကြပေါ့ ရှင်တို့ သင်ထားတဲ့ပညာ ရှင်တို့သိတဲ့နိုင်ငံတကာ ရှင်တို့ပေါက်တဲ့ အတွေးအခေါ် ရှင်တို့ရထားတဲ့ဒေါ်လာ မြန်မာတွေကိုကူထောက်ပံ့ဖို့ ရေတပေါက်ပဲဖြစ်ဖြစ် ဆားတစ်ပွင့်ပဲဖြစ်ဖြစ်ပေါ့ အသံကောင်းဟစ်နေတာကတော့ ရှင်တို့လေ […]


မီ မီMay 10, 20141min71350
မြန်မာ ဆိုတာ ဖတ်စာအုပ်ထဲမှာ သမိုင်းစာမျက်နှာတွေမှာ သူရဲကောင်းတွေအဖြစ်အားကျခဲ့တယ် အပြင် မှာကြုံသမျှ ဆ င်းရဲနုံခြာတာတွေ မြင်ပြီး ကရုဏာသက်မိတယ် မန္တလေးဂေဇက်ထဲမှာတော့  လူတစ်စုကလှောင်ပြောင်နေကြတယ်          


မီ မီFebruary 3, 20141min22813
      အမေ လောကနိယာမ သမီးကြားဖူးတာက ကျား တွေမြက်မစားဘူး တဲ့လေ ကျားမှန်ရင် တောဘုရင် ဂုဏ်ပုဒ်နဲ့ တိုက်ခိုက် ကြိုးစားပြီး ဝမ်းမီး ငြိမ်းစေတာလေ ။´   လက်ရုံးခြင်းယှဉ်ဖက် ပြိုင်ဘက်ကိုဗိုလ်မထား ကျား ဆိုမှကျား သမီး လေးစားတယ်အမေ ။   အမှောင်ကွယ်ခြုံပုဒ်ထဲက ခုန်အုပ်မယ်ဆိုရင်လဲ အသံပေးအမြီးလှုပ် အစာအတွက် တိုက်ခိုက်ရင် ကျွဲကိုကိုက်လည်းဒီခွန်အား သမင်ကိုကိုက်လည်းဒီခွန်အား ယုန်သူငယ်ကိုက်လည်းဒီခွန်အား သမီးလေးစားတယ်အမေ ။   ကျားမှောင်ခို ရောင်းဈေးက သိန်း တရာ ဆိုလဲဟုတ်တယ် ကျားတကောင်လုံးအသုံးဝင်လို့ တရုပ်ပြည်တင်ပို့တာ ကျား မစင်ပါဆေးဖက်ဝင်တယ် သမီးလေးစားတယ်အမေ ။   လောကသဘာဝ ကျားဆရာ ကြောင်လို့ပြောကြတယ် ကြွက်မရရင် အရိုးရှာတဲ့ ့ကြောင်သူတော်ရဲ့မစင် […]


မီ မီFebruary 3, 20141min1356
      အ​မေ အဆုံးကိုမသိ​သေးတဲ့ခရီးကို သမီးထွက်လာခဲ့ပြီလေ လေတွေမိုးတွေတိုက်တဲ့ညက ဘယ်တော့မှမငိုတဲ့သမီးရဲ့ပါးမှာ (never) မျက်ရည်စတွေ စိုလို့ပေါ့ ။     အမေ ကဗျာရေးတဲ့သူဟာ ကဗျာဆရာ မဟုတ်လဲ ကဗျာကိုချစ်တယ် ကဗျာကိုမြတ်နိုးတယ် ကဗျာရဲ့ခွန်အားတွေခြုံလွှမ်းတယ် ကဗျာက်ုအမြဲတန်းသစ္စာရှိတယ် (ever) ကဗျာဟာဓားတစ်စင်းဆိုရင် ရင်ကိုထွင်းဖေါက်ပြီး ကဗျာဝိညဉ်နဲ့ အသက်ဆက်ဖို့ ထာဝရ ထာဝရ ထာဝရ ………မျှော်လင့်နေခြင်တယ်အမေ ။   အမေ ဒီတောကကြမ်းတယ် သမီးမသွားနဲ့ လို့ အထပ်ထပ် သတိပေးသံကြားက ခင်မင်မှုအသစ်တွေ ပျော်ရွှင်မှုအသစ်တွေ စိန်ခေါ်မှုအသစ်တွေ အောင်မြင်မှုအသစ်တွေအတွက် နောက်မလှည့်တဲ့ခရီးကို ကဗျာတွေအဖေါ်လုပ်ပြီး သမီးအားတင်းထားတယ်အမေ တောဆင်ရိုင်းတွေတွေ့လည်း သမီးမကြောက်ဖူးအမေ ခြင်္သေ့ဆိုတာလည်း ရင်ဆိုင်ရဲပါတယ်အမေ ကိုးတောင်ကျားစစ်စစ်လည်း အသက်ခြင်းလဲရဲတယ်အမေ တောကြောင်တစ်ကောင်မန်ဖီလို့ ဘယ်တော့မှ၊ အမြဲတမ်း […]


မီ မီFebruary 2, 20141min20810
    အသျှင် ဤသစ်သီးကိုယူပါ ၎င်း သစ်သီး၏အဟာရသည် အသျှင်၏ လက်ယာဖက်၌တည်ပါစေသတည်း။     အသျှင် ဤရေချမ်းကို သုံးသပ်ပါ အေးမြခြင်းသည် နှလုံးသား၌တည်ပါစေသတည်း ။   အသျှင် အသစ်တဖန်မွေးဖွားခြင်းကိုဖန်ဆင်းပါ ဘဝသစ်၏ဝိညဉ်သည် ကျွန်တော်မျိုးမ၏ ဘဝင်၌ တည်ပါစေသတည်း ။   အသျှင် နေမင်း၏ရဲဝံ့မုှကိုရယူပါ လရောင်ရဲ့ ညှို့ငင်အားကိုတွန်းလှန်ပါ ကျွန်တော်မျိုးမ၏ မျက်ဝန်းအစုံတွင် နေ နှင့် လတို့ တည်ပါစေသတည်း ။   အသျှင် တောင်တန်းများ၏ကြံ့ခိုင်မှုကိုရယူပါ ပင်လယ်၏မာယာသည် အသျှင်၏ လက်ဝဲဖက်၌တည်ပါစေ ကျွန်တော်မျိုးမ၏ စိတ်နှလုံးအား အသျှင်၏လက်ဝဲဖက်လက်နှင့် ချီးမြှောက်ပါစေသတည်း။   အသျှင် ဤမည်သော ပန်းတို့၏ရနံ့ကိုသိမ်းယူပါ အေးမြသောလေညှင်း၌ပျော်ဝင်ပါစေ ပူသောမီးလျှံတို့သည် အသျှင့်ဖဝါးအောက်၌ ငြိမ်းပါစေ ကျွန်တော်မျိုးမအား […]


မီ မီJanuary 30, 20141min20016
အမေ မင်​းသားလေးကပြောတယ် ကြင်ယာရှာတော့မယ် တဲ့   အမေ သမီးနှလုံးသားကပြောတယ် ကြင်နာတတ်သူကိုရှာပါ တဲ့   အမေ ဒီနေ့မင်းသားလေးအိမ်ရှေ့လမ်းကိုလာမယ် သမီးရဲ့ညခြုံလွှာချုပ်ပြီးပြီလားဟင် ကြယ်မျက်နှဖုံးနဲ့ နက္ခတ်စုံတဲ့ဝတ်ရုံလွှာမှာ မေတ္တာပန်းလေးတစ်ပွင့်ထိုးမယ် အကြင်နာဘယက်ကိုတော့ နှလုံးသားအထက်မှာရင်ငွေ့လှုံစေမယ် အလှဆုံးအပြုံးတွေနဲ့ မင်းသားလေးကိုကြိုမယ်အမေ   အမေ ဗုံမောင်း စည်သံတွေနီးလာပြီအမေ စစ်ရထားရဲ့ ဘီးသံတွေ ကြားရပြီအမေ ဆူညံနေတဲ့ပရိတ်သပ်တွေအသံတိတ်သွားပြီအမေ နောက်ဆုံးကြာပွတ်သံရဲ့အဆုံးမှာသမီးပြေးထွက်လိုက်တယ် ပြတင်းတံခါးမှာရပ်ရင်း သမီးဘယက်လေးကိုပစ်ပေးလိုက်တယ်အမေ သမီးမကြည့်ရဲသေးဘူးအမေ သမီးဘယက်လေး မင်းသားလေးဆီမှာ ပါသွားပြီလား   အမေ သမီးမျက်လုံးတွေဝေနေပြီလေ စစ်ရထားရဲ့ဘီးသံတွေလဲ တရွေ့ရွေ့ဝေးလို့ ဝိုင်းအုံနေတဲ့လူအုပ်ကြီးလဲ ရှင်းသွားပြီအမေ လမ်းပေါ်မှာတော့ နှစ်ခုပဲကျန်ခဲ့ပါတယ် စစ်ရထားနင်းခြေသွားတဲ့ ဘယက်လေးရယ် နောက်တစ်ခုက အမြဲသေဆုံးသွားတဲ့သမီးနှလုံးသားရယ်               […]


မီ မီJanuary 30, 20141min1317
  ဖိနပ်ပြင်တဲ့လူကြီးတစ်ယောက် ကျွန်မနောက်ကိုလိုက်လာတယ် ဖိနပ်ပြင်ဦးမလား ……ဆိုရဲ့   ထီးပြင်သူလူတစ်ယောက် နောက်တစ်ခေါက်တွေ့ပြန်တယ် ထီးပြင်စရာရှိလား……ဆိုရဲ့   ဟင့်အင်း…… ကျွန်မပြင်ခြင်နေတာ ရှင်တို့မသိပါဘူး ဒဏ်ရာဗလဖွာနေတဲ့နှလုံးသားကို အကောင်းအတိုင်းပြန်ဖြစ်ဖို့ ရော့ …သောက်လိုက်ဆေးတစ်ခွက် ရော့……ယူထား နှလုံးသား ဘယ်သူများပေးမလဲလေ   ကျွန်မလမ်းတွေလျောက်နေတယ် နေရာအနှံ့လျောက်သွားတယ် တနေရာမှာတော့ လူပုံကြမ်းကြမ်း နှလုံးသားဖြူဖြူ တစ်ယောက်သောသူ……အတွက် ရက်ရက်ရောရောပေးလိုက်မယ် ရော့…………အဆိပ်ရေတခွက်။                                       ်


မီ မီJanuary 30, 20141min2269
ပိုက်ဆံချမ်းသာသူက သူဌေးဖြစ်တယ်   သူဌေးသားက ငွေဖြုန်းတတ်တယ်   ေြွမွကို ပြန်မျိုတဲ့ဖား ပုံပြင်ထဲမှာကြားဖူးတယ်   မသိမတတ်လည်း ဒီခေတ်မှာဆရာဖြစ်တယ်   နားမလည်အောင်ရေးထားရင် မော်ဒန်ကဗျာဖြစ်တယ်   မိန်းမမုဒိန်းမုှ ဟုတ်ပါ့မလားထင်မိတယ်   မြန်မာနိုင်ငံမှာ မဖြစ်လာဖို့ ကြယ်ကြွေနေ့တိုင်းဆုတောင်းမယ်              


မီ မီJanuary 27, 20141min35128
    ဟလို … မြန်​မာ့​ဂေဇက်​ …   မင်္ဂလာပါ ရှင်​့   မီ့ နာမည်​က မီမီ​ကျော်​ပါ   အိမ်​​ထောင်​မရှိ ရီးစားလူလွတ်​ ..ဟိ   ​ပျော်​လို့​နောက်​တာ​နော်​ ။   ရီးစားဘယ်​နှ​ယောက်​ထားဘူးလဲ ဟုတ်​လား?   သတ်​ပလိုက်​ … ​ပြောပြဘူး 😀   လက်​ရှိရီးစားလား ? နိုင်​ဂျံဂါးသွား​နေတယ်​ 😛   ဒီကိုဘယ်​လို​ရောက်​လာလဲ ? ဟုတ်​လား   ​ရောင်​းစားခံရတာ .. အဲ​လေ..ဟုတ်​​ပေါင်​..​ယောင်​လို့ 😀 ​ဖေ့စ်​ဘွတ်​မှာ ​ကြော်​ငြာ​တွေ့လို့ဝင်​ကြည်​့တာ …   ကြိုက်​လား ? …   သိဘူး​လေ..အိမ်​က​ပေးစားတာယူမှာ.. အဲ..​ယောင်​လို့..   ဘာကို​မေးတာလဲရှင်​ .? […]