မောင်ဆန်းMarch 16, 20111min813
ဝန်ခံချက် ကျွန်တော်ရေးတာ မဟုတ်ပါ ၊ ဘယ်သူရေးမှန်းလဲမသိပါ ၂၀၀၄ လောက်က သိမ်းထားတဲ့ ထဲကတွေ့လို့ ပြန်ဝေငှပေးတာပါ၊ လိုက်ရှာကြည့် သလောက် မတွေ့လို့ မည်သူမှ မတင်ရသေးဟု ယူဆပြီး တင်ပေးခြင်းဖြစ်ပါသည်၊ ဟာသ သက်သက်သာဖြစ်ပါသည် မည်သည့်ဗဟုသတ မျှ မပါဝင်ပါ ရင်ထဲတင်းနေတာလေးတွေ လျော့သွားရုံသာ တတ်နိုင်ပါသည်။ သင်ဘယ်လိုလူလဲ ယဉ်ကျေးသူ    –       အီးမပေါက်ခင် “ ခွင့်ပြုပါနော်” ဟုပြောပြီး အီးပေါက်ပြီးသောအခါ “ဆောရီး” ဟုပြောတတ်သူ မရိုးသားသူ     –        ကိုယ်ကအီးပေါက်သော်လည်း ဝန်မခံပဲ ကျွန်တော့်ခွေး လက်ချက်ပေ့ါဟု လွှဲချတတ်သူ မိုက်မဲသူ        –        အီးပေါက်ချင်သော်လည်း မပေါက်ပဲ အတင်းအောင့်ထားသူ ဗဟုသုတကြွယ်ဝသူ    –        ဘယ်အချိန် ဘယ်နေရာတွင် အီးပေါက်၍ရမလဲ သိသူ ဒုက္ခရောက်နေသူ       –        […]


မောင်ဆန်းMarch 15, 20111min1238
ဆရာဦးထွန်းလွင်ရဲ ့  (www.tunlwin.com) ကကူးယူဖော်ပြပေးတာပါ မြန်မာပြည်မှာ အက်ဆစ်မိုးတွေ ရွာတော့မယ်ဆို ?(Posted on 15th March 2011) ဂျပန်ဆူနာမီရဲ့ နောက်ဆက်တွဲတွေ ဂျပန်နိုင်ငံ၊ Miyagi Prefacture မှာရှိတဲ့ Fukushima Power Plant ရဲ့ ဒုတိယ Radiation Reactor ဟာ မနေ့ည (၁၄-၃-၂၀၁၁)ည က ထပ်ပြီးပေါက်ကွဲ သွားပြန် ပါတယ်။ အခြေအနေတွေကတော့ ထိန်းမနိုင်တော့တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကို အကြောင်းပြုပြီး တိုကျိုမြို့ရဲ့မြောက်ဖက်ဒေသတွေမှာ ရေဒီယိုသတ္တိကြွမှု level တွေ မြင့်တက်လာတာကိုတွေ့ရတယ်လို့ ဒီကနေ့ (၁၅-၃-၂၀၁၁)ရက်နေ့ မနက် အစောကြီးသတင်းတွေမှာ ကြေငြာသွားခဲ့ပါတယ်။ ဒါနဲ့ တစ်ဆက်တည်း မနေ့ညကဘဲ ဂျပန်နိုင်ငံ၊ အနုမြူထိန်းသိမ်းရေးအေဂျင်စီဧဂျင်စီအကြီးအကဲက နိုင်ငံတကာအနုမြူ ဧဂျင်စီအဖွဲ့ IAEA […]


မောင်ဆန်းMarch 15, 20111min11411
Forward mail ထဲက ရလို့ ပြန်တင်ပေးလိုက်တာ ပါ  အစားကောင်းစားရရင် အချစ်ဆုံးသူကို သတိရသလို ပုံကောင်းကောင်းတွေ တွေ့ရတော့ ကိုယ်ချစ်တဲ့ ရွာသူ ရွာသားတွေကို သတိရလို့ ပါ   ပွိုင့်အတွက် မဟုတ်ပါ( သူကြီးကပေးမယ်ဆိုလဲ ရွာထဲက သက်ကြီးရွယ်အို တွေကိုပြန်လှူပါမယ်) တင်ပြီးသားဆိုရင်လဲ တောင်းပန်ပါတယ် The Hanging Temple or Hanging Monastery is a temple built into a cliff (75 m or 246 ft above the ground) near Mount Heng in the province of Shanxi. The closest city […]


မောင်ဆန်းMarch 14, 20111min29019
ပြီးခဲ့တဲ့ စနေနေ့က သူငယ်ချင်းတစ်ယောက်ရဲ့ သားရှင်ပြုရှိတာနဲ့ အဲဒီဘုန်းကြီးကျောင်းကို ရောက်သွားပါတယ် ကျွေးတာလဲစား သူငယ်ချင်းတွေတွေ့ ရှေ့ဖြစ်နောက်ကြောင်းတွေ ပွားနဲ့ ပျော်ဘို့လဲကောင်းပါတယ် အချိန်တန်လို့ ပြန်မယ်လုပ်တော့ သူငယ်ချင်းရဲ့ အမျိုးသမီး ဒုက္ခရောက်ပါတော့တယ် ထုံးစံအတိုင်း ဖိနပ်ပျောက်တာပေါ့ လိုက်ရှာလဲမတွေ့ လူတွေအများကြီး ရှိနေသေးတော့ နောက်ဆုံးတစ်ရံ ကျန်အောင်စောင့်ဘို့ လဲ မလွယ်နဲ့  ဘုန်းကြီးကျောင်းကနေ ခြေဗလာနဲ့ပြန် အနီးဆုံး ဖိနပ်ဆိုင်သွား ကိုယ်ကကားပေါ်ကစောင့် သူ့ကို ကိုယ့်ဖိနပ်ပေး သူပြန်လာမှ လိုတဲ့ခရီးဆက်သွားနဲ့ သူလဲ တော်တော်လေး ဒုက္ခရောက်သွားပါတယ် အဲဒါကြောင့် ဒါလေးကိုတင်ဖြစ်တာပါ ကျွန်တော့် နည်းလေးတွေ မျှဝေပေးချင်လို့ပါ တချို့အတွက်  အသုံးတည့်မယ်ထင်ပါတယ် ကျွန်တော်အရင်ကတည်းက သုံးလာတဲ့နည်းကတော့ ကာတွန်းစာအုပ်တစ်ခုက ရတာပါ ကျင့်သုံးလာတာလဲ ကြာပါပြီ အဆင်လဲပြေပါတယ် အလှူတစ်ခုရောက်လို့ ဖိနပ်ချွတ်ရတော့မယ် ဆိုရင် ဘယ် […]


မောင်ဆန်းMarch 9, 20113min36242
 လူတိုင်းမှာ အမှတ်တရဖြစ်စေမဲ့ ပျော်ရွင်စရာ မွေးနေ့လေးတွေ ကိုယ်စီရှိကြပါတယ် အဲဒီမွေးနေ့လေးတွေ ရောက်ပြီဆို ကိုယ့်ကို ခင်မင်ချစ်ခင်ကြတဲ့ မိဘ ဆွေမျိုး သူငယ်ချင်းများနဲ့ အတူ မွေးနေ့ပွဲလေးကို ပျော်ရွင်စွာဆင်နွဲကြပါတယ် မွေးနေ့ရှင်အတွက် မွေးနေ့ဆုတောင်းသီချင်းလေးကို အားလုံးက တက်ညီလက်ညီနဲ့ လက်ခုပ်တီးသီဆိုရင်း  Happy Birthday to You ပေါ့   အဲဒီဆုတောင်းသီချင်းလေးကို ဘယ်ကတဲက ဆိုတတ်နေတာလဲ မမှတ်မိတော့ပါဘူး သူများတွေဆိုတာကြည့်ရင်းနဲ့ အလွတ်ရလာခဲ့တာ တော်တော်ကြာခဲ့ပါပြီ ဟိုတလောက ဖတ်လိုက်ရတယ် မြန်မာပြည်က Dr.GP သင်တန်းတစ်ခုတက်ဘို့အတွက် အမေရိကကို ခဏရောက်တုန်း သင်တန်းသားတစ်ဦးရဲ့ မွေးနေ့ပွဲနဲ့ ကြုံပါတယ် အားလုံးက Happy Birthday to You …….. ဆိုပြီးချိန်မှာ သင်တန်းသားတစ်ယောက်ချင်းစီက ကိုယ့်မိခင်ဘာသာစကားနဲ့ မွေးနေ့ဆုတောင်းသီချင်းဆိုဘို့ လုပ်ကြပါတယ် […]


မောင်ဆန်းMarch 9, 20111min13813
သူကြီး က အကူအညီတောင်းလို့  စဉ်းစားညဏ် ရင့်သန်လွန်းတဲ့ ရွာသူရွာသားများကို ပြန်အကူအညီတောင်းရတာပါ ရွာသူရွာသားတချို့နဲ့ သူကြီးတို့ မနှစ်က ဆော်ဒီ ကို အလည်အပတ်သွားကြပါတယ် အဲဒီတုန်းက ရုပ်အချောဆုံး အမျိုုးသမီး(၅)ဦး ကို အာရပ်တွေရဲ့ ဝတ်စုံဝတ်ပေးပြီး သူကြီးက ဓါတ်ပုံရိုက်ပေးပါတယ် ရိုက်တုန်းက သူဘဲရိုက်ပေးပြီး အခုကြ မမှတ်မိတော့လို့ တဲ့  သိသူများပြန်ပြောပေးကြပါဦး မှန်အောင်ပြောပေးနိုင်တဲ့သူကို ဆာကူရာတာဝါ အပေါ်ဆုံးထပ်မှာ ရေအဝတိုက်ပါမယ်တဲ့


အိမ်က ကျေးဇူးရှင်လေးတွေ စိတ်ဝင်စားမယ်ထင်ပါတယ် ဂျပန်တွေကတော့ Oregami လို့ ခေါ်တဲ့ စက္ကူခေါက်နည်းလေးတွေပါ  ရန်ကုန်က တချို့ ဆိုင်တွေမှာတော့ ခေါက်နည်းရော စက္ကူရော ရောင်းပါတယ် တခြားခေါက်နည်းသိတဲ့သူတွေမျှဝေပေးပါဦး


မောင်ဆန်းMarch 4, 20111min1227
ငယ်ငယ် က အမေ့ ကိုမေးဘူးတယ် လူ ဘယ်လိုဖြစ်လာတာလဲ အမေက အဖေ့မေးကြည့်တဲ့ အဖေ့မေးကြည့်တော့လဲ အမေ့မေးကြည့်တဲ့ ဘယ်လိုဖြစ်လာသလဲဆိုတဲ့ အတွေးပေါင်းများစွာနဲ့ကြီးပြင်းလာခဲ့ ရတယ် အခုချိန် ဒီလိုမေးခွန်းလေးမျိုး အမေးခံရရင် ဒီပုံလေးတွေနဲ့ ဖြေရင်အဆင်ပြေမယ် ထင်ပါတယ်  ဒီပုံတွေဘယ်လိုဖြစ်လာသလဲဆိုတာကတော့ …….အင်း  အမေ့မေးကြည့်ပေါ့ (မဆူး ရဲ့ ကြက်ကလေး… ကနေ စိတ်ကူး ရလို့   မဆူးကိုလည်း ကျေးဇူးတင်ပါတယ်)


မောင်ဆန်းMarch 4, 20111min1719
နုစဉ်တုန်းက အဆောင်နေဘဝမှာ အာရုံပျံ့လွင့်နေရင်း မီးပူတိုက်လိုက်တာ အဝတ်က နိုင်လွန်စဆိုတော့ မီးပူကပ်ရော ဘာလုပ်ရမှန်းမသိ ဓါးနဲ့ခြစ်ရမလို ကော်ပတ်နဲ့ပဲစားရမလိုနဲ့ သူငယ်ချင်းတစ်ယောက်ပြောပြမှ အဲဒီကိစ္စကအဆင်ပြေသွားတော့တယ် အဝတ်မီးပူကပ်ပြီးစမှာ အဲဒီနေရာကို ဆားနဲ့ပွတ်လိုက်ရင် ဘာအခြစ်ရာမှ မကျန်ပဲ မီးပူကပ်တာကွာကြကုန်ပါတယ်  အိတ်က ဇစ်တွေ ကြပ်နေ၊ပြုတ်နေတုန်း ဦးလေးပြောပြတဲ့ အဲဒီနေရာကို ဖယောင်းနဲ့တိုက် ပြန်တပ်သုံးရင် အသစ်အတိုင်းပဲဆိုတာလည်း ကွက်တိပါပဲ ဒီနည်းလမ်းလေး သိထားရင် အရေးပေါ်အချိန်မျိုးမှာ အဆင်ပြေနိုင်ပါတယ်  ရေခဲသေတ္တာကို ဒီအတိုင်းသုံးရင် အချိန်နဲနဲကြာလာတာနဲ့ အနံ့ဆိုးတွေထွက်လာတတ်ပါတယ် မီးသွေးတုံး အနေတော်လေးတွေ ရေဆေးပြီး ထည့်ထားရင် အနံ့ဆိုးလေးတွေမထွက်တော့ပါဘူး  အခက်အခဲ တစ်ခုခုတွေ့နေတုန်း ဘယ်လိုဖြေရှင်း ရမလဲဆိုတဲ့ နည်းလမ်းလေးတွေ သိရင် ယာယီ ဒါမှမဟုတ် အမြဲတမ်း ဖြေရှင်းပြီး ဖြစ်သွားတတ်ပါတယ် အချိန်ကုန် ငွေကုန်လဲ သက်သာပါတယ် အဲဒါကြောင့် […]


မောင်ဆန်းFebruary 24, 20111min26312
ဖေဖော်ဝါရီ (၇)ရက်နေ့ကထုတ်တဲ့ The Voice Weekly (Vol 7 / No 9) ဂျာနယ် မှာ ဆရာတော် အရှင်ဆေကိန္ဒ ရဲ့ ဆောင်းပါလေးတစ်ခုပါပါတယ် အိမ်အကြောင်းလေးပါ ဆရာတော်ပြောတဲ့အိမ်က….. လူတိုင်းနေခဲ့ရတဲ့အိမ်တစ်ခုရှိပါတယ်တဲ့ အဲဒီအိမ်က  အမေရဲ့ဝမ်းဗိုက်လို့ခေါ်တဲ့အိမ်ပါ  လူမျိုး၊ဘာသာမတူလဲ နေခဲ့ရတဲ့အိမ်ကတော့ အတူတူပါပဲ မြတ်စွာဘုရားလည်း နောက်ဆုံးဘဝမှာ မယ်တော်မာယာရဲ့ဝမ်းကြာတိုက်မှာ နေခဲ့ရပါတယ် အဲဒီလိုနေဘို့ကိုတောင်မှ လောကပါလစောင့်ရှောက်ကြတဲ့နတ်ဗြဟ္မာကြီးတွေက တောင်းပန်ကြလို့ နတ်ပြည်ကစုတေပြီးတော့ လူ့ပြည်ကိုနေသင့်တဲ့အချိန်ဟုတ်မဟုတ် ၊ အဖေအမေ တော်သင့်မတော်သင့်ကို ကြည့်ခြင်းကြီးငါးပါးနဲ့ကြည့်တယ်၊ သင့်တော်တယ်လို့ ဆုံးဖြတ်ပြီးမှ မယ်တော်မာယာရဲ့ ဝမ်းကြာတိုက်ကို ကိန်းအောင်းတာပါ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေမှာ ကိုယ်နေဘို့အိမ်ကို ကိုယ့်အကြိုက်လိုက်ပြီး ကိုယ်တတ်နိုင်တာလေးနဲ့အမျိုးမျိုးရွေးချယ်ကြပါတယ် အိမ်ငှားထားရမယ်ဆိုလဲ ကိုယ်သဘောကြတဲ့သူကိုပဲလက်ခံပြီး သဘောမကျရင်တော့ ငြင်းပယ်လေ့ရှိပါတယ်  အဲဒီလိုပဲ မိဘဆိုတဲ့အိမ်ကို ကိုယ်က ရွေးချယ်နိုင်သလို ကိုယ့်အိမ်ကို […]


မောင်ဆန်းFebruary 21, 20111min1509
ကျွန်တော်တို့ဘဝတွေမှာ နေ့စဉ်အလုပ်တွေ လုပ်နေရင်းနဲ့ ပြီးခါနီးကျရင် မြန်မြန်လုပ်ပေးစမ်းပါ မပြီးသေးဘူးလားနဲ့ လောတတ်သူတွေနဲ့ ကြုံရတတ်တယ် ဒီနေ့လဲတစ်ခါကြုံလိုက်ရလို့ ကြားခဲ့ဘူးတဲ့ပုံပြင်လေးတစ်ခုကို သွားသတိယမိတယ် တစ်ခါတုန်းက ကမာ္ဘမြေက လူအမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ (အဖွဲ့တစ်ခုရဲ့အသင်းဝင်ဖြစ်လို့) တစ်ခြားဂြိုလ်တစ်ခုကို သွားလေ့လာခွင့်ရတယ် အဲဒီဂြိုလ်ကိုရောက်တော့ ဂြိုလ်တာဝန်ရှိသူတွေက သူတို့ဂြိုလ်ရဲ့ခမ်းနားကြီးကျယ်ပုံ စက်ရုံတွေ ထုတ်ကုန်တွေကို လိုက်ရှင်းပြတယ် ဒါကတော့ ကျွန်တော်တို့ဆီက သိပ္ပံပညာရှင်တွေ အထူးတီထွင်ထားတဲ့ ပစ္စည်းတွေ၊ စက်ရုံတွေ၊ အမြန်လမ်းမကြီးတွေ ဆိုပြီးတော့ပေါ့ လူသားနှစ်ဦးလုံးကလည်း ဘာရေအားလျှပ်စစ်စက်ရုံ ဘာကျောက်မီးသွေးစက်ရုံ ဘာကြက်ဆူပင်မှမတွေ့ဘဲ မီးတွေထိန်ထိန်လင်းနေတာတွေ တွေ့တော့ တအံ့တဩနဲ့ပေါ့ နောက်ဆုံး စက်ရုံတစ်ခုကိုရောက်လာတော့ တာဝန်ရှိသူက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ သူတို့စက်ရုံအကြောင်းကို ရှင်းပြတယ် ဒါကတော့ ကျွန်တော်တို့ဂြိုလ်ကြီးတစ်ခုလုံးအတွက် အရမ်းအရေးကြီးတဲ့ စက်ရုံကြီးပါ ဒီဂြိုလ်အတွက်လိုအပ်တဲ့ သိပ္ပံပညာရှင်တွေ လုပ်သားတွေ အားလုံးကို ုဒီစက်ရုံကဘဲ ထုတ်လုပ်ပေးပါတယ် […]


မောင်ဆန်းFebruary 16, 20111min17511
ညီလေးတစ်ယောက်   အိမ်ကိုရောက်လာတယ်….. သူ မဂ်လာဆောင်တော့မှာမို ့ ဖိတ်စာလာပေးတာတဲ့ သူ ့အသက်ကငယ်သေးတာနဲ ့  အချိန်ယူစေချင်‌လို ့ မင်းအသက် ငယ်သေးတာဘဲကွာ ‌ပညာ၊စီးပွားရှာ အေးအေးဆေးဆေးမှအိမ်ထောင် ပြ ုပေါ့ဆိုတော့ ကျွန်တော်ကတော့နေချင်သေးတာပေါ့ ဒါပေမဲ့ကျွန်တော့မိန်းကလေးက Z သွေးမို ့လို ့ မြန်မြန်ယူရမှာတဲ့ ဘယ်လို  ငါသိတာက  A,B,AB,O သွေးလို ့ဘဲရှိပါတယ် မင်းကျမှ Z သွေးရယ်လို ့ ဟုတ်တယ်အကိုရေ  ကျွန်တော်ယူမဲ့သူက သွေးဆုံးတော့မယ် (အသက်နဲနဲ ကြီးနေပြီ) ဒါ‌ကြောင့်မြန်မြန်ယြူဖစ်တာတဲ့ဗျာ