လူ ဘယ်လိုဖြစ်လာလဲ

မောင်ဆန်းMarch 4, 20111min1237

ငယ်ငယ် က အမေ့ ကိုမေးဘူးတယ် လူ ဘယ်လိုဖြစ်လာတာလဲ အမေက အဖေ့မေးကြည့်တဲ့ အဖေ့မေးကြည့်တော့လဲ အမေ့မေးကြည့်တဲ့

ဘယ်လိုဖြစ်လာသလဲဆိုတဲ့ အတွေးပေါင်းများစွာနဲ့ကြီးပြင်းလာခဲ့ ရတယ်

အခုချိန် ဒီလိုမေးခွန်းလေးမျိုး အမေးခံရရင် ဒီပုံလေးတွေနဲ့ ဖြေရင်အဆင်ပြေမယ် ထင်ပါတယ်  ဒီပုံတွေဘယ်လိုဖြစ်လာသလဲဆိုတာကတော့ …….အင်း  အမေ့မေးကြည့်ပေါ့

(မဆူး ရဲ့ ကြက်ကလေး… ကနေ စိတ်ကူး ရလို့   မဆူးကိုလည်း ကျေးဇူးတင်ပါတယ်)

7 comments

  • ဆူး

    March 4, 2011 at 2:47 pm

    ကြက်ကလေး မဟုတ်ဘူးလား ဆရာရေ..

    • white

      March 7, 2011 at 4:26 am

      ရေခဲချောင်း စားတဲ့ ကြောင်အကြောင်းဖတ်ပြီးမှ ရေးလို့ ကြောင်ဆိုပြီး မွှားသွားတာထင်တယ် ပြန်ပြင်ပေးလိုက်ပါပြီနော် အန်တီဆူး ကျေးဇူးတင်ပါတယ်

  • unclegyi1974

    March 4, 2011 at 3:38 pm

    ဒါလေးများအမေကမွေးအဖေကငွေရှာပေး
    အမေကကျွေးဟိုလူကထိန်းဒီလူကထိန်းနဲ့
    လူဖြစ်လာတာပေါ့

  • char too lan

    March 5, 2011 at 8:51 am

    ဆွီဒင်ဓာတ်ပုံဆရာ ဘာဖြစ်တယ် ညာဖြစ်တယ် မဟုတ်တော့ဘူးလား 😀

  • kai

    March 5, 2011 at 9:48 am

    ဖခင်ရဲ့ စပမ်းခေါ်တဲ့ သုတ်ကောင်လေး တကောင်က .. မိခင်ရဲ့ မမျိုးဥထဲ ထိုးဖေါက်ဝင်သွားပြီး အိပ်စ်ဝိုင်ခရိုမိုဇုန်းတွေပေါင်း… အဲဒီကနေ..အပေါ်ကဓါတ်ပုံထဲကလိုဖြစ်လာတာပဲ..။
    လိင်ဆက်ဆံရာမှာ..ဖခင်ဆီက သုတ်ပိုးပေါင်းမီလီယံချီ ထွက်ပါတယ်..။ အဲဒီထဲကမှ..အမေရဲ့မမျိုးဥဆီရောက်တာက .. တကောင်ထဲရယ်..။ အဲ.. ၂ကောင်ဝင်သွားရင်..အမွှာလေး မွေးတယ်ပေါ့နော..။
    ဆိုတော့..
    နားနဲ့မနာ ဖဝါးနဲ့နာပါနော..။
    ဖိုမလိင်တခါဆက်ဆံရင် ..သုတ်ကောင်တွေ သန်းချီသေတယ် ပြောလို့မရဖူးလား..ဟင်..။
    သုတ်ကောင်က အသက်မရှိဘူးပြောလို့ရကောင်းရပါလိမ့်မယ်..။
    ဒါပေမဲ့ အသက်ဖြစ်မဲ့ ဗီဇပါတဲ့ လှုပ်ရှားသွားနိုင်သော အရာတခုခုပဲ..။ ဆိုတော့ ..လိင်ဆက်ဆံတာဟာ .. အသက်..ဒါမှမဟုတ်.. အသက်ဖြစ်စေမဲ့ဗီဇတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာပဲ..။ 🙂

  • ဆူး

    March 5, 2011 at 1:24 pm

    ဒါဆို သဂျီးလည်း အခုက စပြီး ပါဏတိပါတကံ ထိုက်တာ သိနေမှတော့ ရှောင်သင့်ပြီ။

  • nigimi77

    March 5, 2011 at 8:01 pm

    ဆြာခိုင်။ ခင်ဗျားတော့ ငရဲကျတော့မယ်။ ဘာ၊ ဘယ်က သုတ်ကောင်လဲ ချက်တော်ကို လက်တော်နဲ ့ ရစ်လို ့ လူဖြစ်တာဗျ။ အဲဒီနည်း ကမှ ဘယ်အရာကိုမှ ပါဏာတိပါတကံ မထိုက်ဘူး။ ကျုပ် အဖေက ကျုပ်အမေရဲ ့
    ချက်တော်ကို လက်တော်နဲ ့ ရစ်လိုက်တာ ကျုပ်လဲ ဘွားကနဲ ကြာတိုက်ထဲက ထွက်လာတာ။

Leave a Reply