aye.kkAugust 27, 20121min23916
ကံ,စိတ်,ဥတု,အာဟာရအကြောင်း(၄)ပါးကြောင့်၊အနာရောဂါဖြစ်သည်။ ထိုအကြောင်းတရားလေးပါးကြောင့်၊ကံဝေဒနာရှင်၊စိတ်ဝေဒနာရှင်။ဥတုဝေဒနာရှင်၊အာဟာရဝေဒနာရှင်ရောဂါဟူ၍ခံစားကြရပါသည်။ ထိုအကြောင်းတရားလေးပါးကြောင့်ရောဂါဝေဒနာဖြစ်ပေါ်လာပါက၊ကုသကယ်မနိုင်ပါလျှင်။ထိုဝေဒနာရှင်များအတွက်ချမ်းသာ သုခရရှိမည်မှာဧကန်မုချပင်ဖြစ်ပါသည်။ထိုဝေဒနာရှင်များ၏ရောဂါအားကုသပျောက်ကင်းနိုင်သည့်နည်းလမ်းများရှိပါသည်။ ဗဟုသုတအဖြစ်၊ကျမလေ့လာဖတ်ရှူမှတ်သားထားမှု၊သိထားသမျှအား၊ဂဇက်စာချစ်သူတို ့အတွက်ဝေငှဖော်ပြအပ်ပါသည်။ ကံဝေဒနာရှင်ကို ၁။ ဘုရားကိုပူဇော်ခြင်း။ ၂။ သံဃာတော်မြတ်များ၏ပရိတ်တရားတော်ကိုနာကြားခြင်း။ ၃။ ပရိတ်ချည်၊ပရိတ်သဲဖြင့်အရံအတားပြုခြင်း။ ၄။ ပူဇော်ရိုသေထိုက်သောသမာဒေဝပုဂ္ဂိုလ်များအားဗလိပူဇာပြုခြင်း။ ၅။ တံတားခင်းခြင်း၊ညောင်ထေါက်ခြင်း၊ငါးသက်စေ့လွတ်ခြင်း၊အသတ်ခံရအံ့ဆဲဆဲကြက်၊ငှက်စသည်တို ့ အားတန်ဘိုးပေးရွေး၍ဘေးမဲ့ပေးခြင်းဖြင့်ပူးတွဲကုသရာ၏။။ စိတ်ဝေဒနာရှင်ကို ၁။ သာယာငြိမ့်ညောင်းသောတူရိယသံဖြင့်စိတ်ကိုကြည်လင်စေခြင်း။ ၂။ ချိုသာသောတေးသီချင်းသံဖြင့်စိတ်ကိုကြည်လင်စေခြင်း။ ၃။ ရှု ့ချင့်စဖွယ်နန်းတွင်းအက၊ယိုးဒယားစသည်တို ့ကိုပြသ၍စိတ်ကိုကြည်လင်စေခြင်း။ ၄။ သန် ့ရှင်းလှပစွာဝတ်စားဆင်ယင်စေပြီး၊အတွေ ့အထိအာရုံခုံမင်စေသောပိုးဖဲကတ္တီပါများပေါ်ထိုင်စေ၊ခြုံစေ၍ စိတ်ကိုကြည်လင်စေခြင်း။ ၅။ လှပမွှေးကြိုင်သောပန်းမာန်,နံ ့သာ,ရေမွှေးပေါင်ဒါတို ့ကိုဆွတ်ဖျန်းကါ၊ယုယကါဖြင့်စိတ်ကိုကြည်လင်စေခြင်း။ ဥတုဝေဒနာရှင်အတွက်- ၁။ ဦးခေါင်းဆေးလျှော်ခြင်း။ ၂။ ဝေဒနာပျောက်စေသောဆေးအမျိုးမျိုးလှူဒါန်းစေခြင်း။ ၃။ အေးသောရာသီတွင်ပတ္တမြား၊နီလာဝတ်ဆင်စေခြင်း။ ၄။ ပူသောရာသီတွင်ကျောက်စိမ်းဝတ်ဆင်စေခြင်း။ ၅။ ဝေဒနာပျောက်ကင်းပြီးသောအခါတွင်လည်းနှာရှူဆေး၊အန်ဆေး၊ဓါတ်လေးပါးညီညွတ်စေသောဆေးများကို မပြတ်မှီဝဲစေခြင်းတို ့ဖြင့်တွဲဖက်ကုသခြင်းပြုရာ၏။ (မှတ်ချက်။ရာသီဥတုဖောက်ပြန်၍ဖြစ်ခြင်းနှင့်ရာသီဥတုမှန်လျှက်လူကဖောက်ပြန်ခြင်းတို ့ကြောင့်ဝေဒနာရရှိပါသည်။) အာဟာရဝေဒနာရှင်အတွက်- ၁။ ပံသကူဒါနပြုခြင်း။ […]


aye.kkAugust 20, 20121min1677
လယ် တီ ဆ ရာ တော် ဘု ရား ကြီး သည် ။ ရ ဟန်း ရှင် လူ အ ပေါင်း တို ့အား ။ သံ သ ရာ ဒု က္ခ မှ ကျွတ် လွတ် ရန် ။ အ လင်း ကြီး ငါး ပါး နှင့် ။ ဓါတ် ခြေ ခံ ပါး က မ္မဋ္ဌာန်း ပ္ပါး နည်း တို ့ဖြင့် စီ ရင် တော် မူ သော – အ လင်း ကျမ်း […]


aye.kkAugust 18, 20121min31630
သွေး အ မျိုး အ စား နေ ဖြင့် ။ အေ ၊ ဘီ ၊ အေ ဘီ နှင့် အို သွေး ဟူ ၍ သွေး အုပ် စု အ မျိုး အ စား လေး မျိုး ရှိ ပါ တယ် ။ “သွေး အ မျိုး အ စား သိ ထား သင့် ဘွယ် ရာ များ” အ ဖြစ် ပြော ပြ ချင် ပါ တယ် ။ ဒါ လီ က “အေ” […]


kaiAugust 17, 20122min1183
နိုင်ငံသား ပါဝင်ပတ်သက်မှု နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး နိဒါန်း နိုင်ငံသား ပါဝင်ပတ်သက်မှု (Citizen participation) ဆိုတာကို ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းရဲ့ သင်္ကေတ တခုအဖြစ် နိုင်ငံတကာ လူ့အဖွဲ့အစည်းမှာ သတ်မှတ်ထားကြပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူမှုဘဝ ပြောင်းလဲရေး ဆောင်ရွက်ချက်တွေမှာ နိုင်ငံသား ပါဝင်ပတ်သက်မှုက မရှိမဖြစ် အရေးပါကြောင်းကိုလဲ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး ပညာရှင်တွေက ရေးသားပြောဆို ကြပါတယ်။ နိုင်ငံသားများ ပါဝင်ပတ်သက်မှု ဖြစ်စဉ်အဆင့်ဆင့်နဲ့ အကျိုးကျေးဇူးတွေကိုလဲ လူမှုသိပ္ပံ သုတေသန ပညာရှင်တွေက သုတေသနပြုထားကြပါတယ်။ အခု ဒီဆောင်းပါးမှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းဆောင်တာတွေမှာ နိုင်ငံသားပါဝင်ပတ်သက်မှုရဲ့ အကျိုးကျေးဇူးများနဲ့ ပါဝင် ပတ်သက်မှု နည်းလမ်းကို ရေးသားတင်ပြမှာ ဖြစ်ပါတယ်။ နိုင်ငံသားပါဝင်ပတ်သက်မှု ဆိုရာဝယ် နိုင်ငံသားပါဝင်ပတ်သက်မှု […]


manawphyulayAugust 6, 20121min16912
အကျင့်စာရိတ္တက စကားလုံးများထက် တာသွားလှပေသည်။ အပွေးမြင် အပင်သိဆိုသလို သင့်ဘဝ အခြေအနေ ကို ကြည့်ကာ သင်မည်သူဖြစ်သည်ဆိုသည်ကို ဆုံးဖြတ်နိုင်ပါတယ်။ ထို့ကြောင့် ကျွန်မတို့ရဲ့ လုပ်ငန်းတစ်ခု စတင် တည်ထောင်တော့မယ်ဆိုရင် ကျွန်မတို့ရဲ့ အကျင့်စာရိတ္တကို ဦးစွာ အာရုံစူးစိုက်ရပါမယ်။ အကျင့်စာရိတ္တဆိုသည်မှာ ကျွန်မတို့ အမှန်တကယ် ပြုမူလုပ်ဆောင်နေသော အရာများကို ဆိုလိုပါတယ်။ လူတစ်ယောက်ရဲ့ လုပ်ဆောင်ချက်ကို ကြည့်ခြင်းအားဖြင့် သူ၏ အကျင့်စာရိတ္တကို သိနိုင်မည်။ ကျွန်မတို့ လူဘဝဖြစ်တည်လာမည့် နေရာ၊ မိဘ၊ ကလေးဘဝ စသည်တို့ကို မရွေးချယ်နိုင်ပါ။ ယင်းအပြင် ကျွန်မတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ထူးချွန်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးတို့ကို မရွေးချယ်နိုင်ပါ။ သို့သော် ကျွန်မတို့ရဲ့ အကျင့်စာရိတ္တကိုမူ ရွေးချယ်မှု ပြုနိုင်ပါတယ်။ တကယ်တော့ အကျင့်စာရိတ္တကောင်းများက တာရှည်ခံတဲ့ အောင်မြင်မှုများကို ပေးစွမ်းပါလိမ့်မယ်။ […]


htet wayJuly 21, 20121min43227
တရားရုံးကို မထီမဲ့မြင်ပြုတယ်ဆိုတာ စာရေးသော သတင်းစာ ဆရာ၊ စာရေးဆရာ တို့၏ရေးသားမူများတွင် တရားစီရင်နေဆဲ အမူများပါဝင်တတ်ပါသည်။ထိုအခါတရားရုံးကို မထီမဲ့မြင်ပြုရာရောက်သော စကားရပ်များပါဝင်တတ်ရာ တရားရုံးကို မထီမဲ့မြင် ပြုရာရောက်သည့် အမူများ ဥပဒေပုဒ်မနှင့် ညှိစွန်းတတ်ပါသည်။ တရားရုံးများ တွင် အမူစစ်ကြားနာလျှက်ရှိသော အမူများနှင့်ပတ်သက်၍ ဝေဖန်ဆုံးဖြတ်ရန် တာဝန်မှာ တရားရုံးများအပေါ်၌သာတာဝန်ရှိသည်။တချို့က အမူကိုကြိုတင် ဝေဖန် စကားဦးသန်း၍ပြောတတ်ကြသည်။ ဒီပုဒ်မက ဘယ်လို ဒီအမူ ကတော့ ဘာမှ ဖြစ်မယ့်အမူ မဟုတ်ပါဘူး။ဒီအမူမှာ ဒီကောင်ထောင်ကျနိုင်တယ် ဒီပုဒ်မနဲ့စွဲတာအမူမမြောက်နိုင်ဘူး.စသည်ဖြင့်ပြောတတ်ဝေဖန်တတ်သည်။ဒီထက်တဆင့်တက်၍အများသိစေရန် စာဖြင့် ရေးသား တတ်ကြရာ တရားရုံး၏ စီရင်ချက် မချမီရေးသားပြောဆိုခြင်းသည် တရားရုံး ကိုမထီမဲ့မြင်ပြုရာရောက်စေပါသည်။ သတင်းသမား ဝါနုသူလေးများက FIR ကူးပြီး စွပ်စွဲခံရသူကို တရားခံဟူ၍ရေးတတ်သည်။ရဲ၏ပထမ သတင်းပေး တိုင်တန်းချက်သည် တရားရုံး၏စီရင်ချက်မဖြစ်သေး၍ စွပ် စွဲခံရသူပင်ဖြစ်ပါသည်။တရားခံမဖြစ် […]


kaiJuly 10, 201230min42911
အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်နှိမ်နင်းနိုင်ရေးအတွက် သတင်း အချက်အလက်တွေကို စုံစမ်းထောက်လှမ်းနိုင်ရေးဟာ အဓိက အကျဆုံးဖြစ်ပါတယ်။ ဒီနေရာမှာ အကြမ်းဖက်မှုတွေ မဖြစ်ပွားမီက ကာကွယ် ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေနဲ့ ဖြစ်ပွားပြီးနောက်ပိုင်းမှာ အကြမ်းဖက်သမားတွေကို စုံစမ်းဖော်ထုတ် နိုင်မယ့် နည်းလမ်းတွေကို စနစ်တကျ အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လဲ အကြမ်းဖက်မှုများ ထိရောက်စွာနှိမ်နင်းနိုင်ဖို့အတွက် Terrorist Intelligence Unit တွေကို သက်ဆိုင်ရာနိုင်ငံအသီးသီးမှာ ဖွဲ့စည်းထားကြပါတယ်။ ဒီယူနစ်တွေက Terrorist Intelligence Process တွေကို အသုံးပြုပြီး သတင်းအချက်အလက်များ စုဆောင်းခြင်း၊ သတင်းရယူခြင်း၊ အကြမ်းဖက်သမားဟု သံသယဖြစ်နိုင်ချေ ရှိသူများနှင့် ထောက်ခံအားပေးနေသူများကို ဖော်ထုတ်ခြင်း၊ အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများနှင့် ချိတ်ဆက်အဖွဲ့အစည်းများအား ဖော်ထုတ်ခြင်း၊ ပုဂ္ဂိုလ်ရေးဆက်နွယ်မှု၊ ဘဏ္ဍာရေး ဆက်နွယ်မှု၊ ဖြစ်စဉ်ဆက်နွယ်မှု စသည်များကို […]


Pye Kun ZawJuly 10, 20121min36717
မနာလိုဝန်တိုခြင်းတဲ့.. မနာလိုတာကတော့ကိုယ့်ထက်သာတဲ့သူအပေါ်မှာဖြစ်တာပါ.. ဝန်တိုတာကတော့ ကိုယ်ထက်နိုမ့်ကျတဲ့သူကို ကိုယ့်ဆီကပစ္စည်းဥစ္စာ ရာထူးနေရာလုပ်ပိုင်ခွင့် ခွဲမပေးလိုခြင်း တချိန်ကျကိုယ့်ထက်သာမှာကိုစိုးရိမ်တဲ့သဘောပါ။ က္ကသာ(မနာလိုခြင်း) မစ္ဆရိယ(ဝန်တိုကပ်စေးနည်းခြင်း) ဆိုပြီးတော့ ပါဠိအခေါ်ကို အရပ်ထဲမှာလည်းသုံးကြပါတယ်။ အဘိဓမ္မာသင်ပေးခဲ့တဲ့ဆရာက က္ကသာ မစ္ဆရိယအကြောင်းသင်တဲ့အချိန်မှာ အဲ့ဒီမကောင်းတဲ့စိတ်တွေဟာ မိမိနှင့်နီးစပ်တဲ့သူတွေမှာ အဖြစ်များကြောင်း ကန်စွန်းရွက်ရောင်းတဲ့သူက ကန်စွန်းရွက်သည်အချင်းချင်းမှာဘဲ ဒီစိတ်အဖြစ်များကြောင်း.. ကိုယ်နှင့်နီးကပ်တဲ့သူအမျိုးအဆွေ သူငယ်ချင်းမိတ်ဆွေတွေအပေါ်မှာဘဲ အဖြစ်များကြောင်း ကန်စွန်းရွက်သည်က ကုမ္ပဏီပိုင်ရှင်သူဌေးအပေါ်ဖြစ်ဖို့နည်းသလို သူစိမ်းတရံစာ တွေအပေါ်မှာလည်း မိတ်ဆွေအရင်းအချာနှင့်ယှဉ်ရင်ဖြစ်ဖို့နည်းပါတယ်။  တစ်ဦးနှင့်တစ်ဦး အမှီအခိုကျေးဇူးရှိကြသူအချင်းချင်း အဖြစ်များတာကြောင့်မဖြစ်သင့်မရှိသင့်တဲ့ မကောင်းသောစိတ်ဖြစ်ပါတယ်။ က္ကသာရဲ့ဆန့်ကျင်ဘက်ကောင်းတဲ့စိတ်ကတော့ မုဒိတာ(ကိုယ့်ထက်သာတဲ့သူအပေါ်ဝမ်းမြောက်စိတ်) ဖြစ်ပြီး.. မစ္ဆရိယရဲ့ဆန့်ကျင်ဘက်စိတ်ကောင်းကတော့ ဂရုဏာ(နိုမ့်ကျသူအပေါ်သနားညာတာစိတ်) ဖြစ်ပါတယ်။   ဒီနေရာမှာစာရေးဆရာမကြီး မိုးမိုး(အင်းလျား)ရဲ့ အိမ်နီးချင်းဆိုတဲ့ဝတ္တုတိုလေးတစ်ပုဒ်ကိုပြန်စဉ်းစာမိပါတယ်.. ချမ်းသာတဲ့မိသားစုတစ်စုနှင့် သာမန်မိသားစုတစ်စုအိမ်ချင်းကပ်ရပ်နေကြပါတယ်။ ချမ်းသာတဲ့မိသားစုဟာ အိမ်နီးချင်းမိသားစုအပေါ်မှာ အလွန်ဂရုဏာထားစောင့်ရှောက်ပါတယ်။ ငွေကြေးမပြေလည်ရင်ချေးငှား အိမ်မှာဟင်းကောင်းကောင်းချက်တဲ့နေ့ဆို ဟိုဘက်မိသားစုကကလေးတွေကိုခေါ်ကျွေးလုပ်ပါတယ်။ တီဗွီတွေစပေါ်စမှာ ချမ်းသာတဲ့မိသားစုဟာ ဦးဦးဖျားဖျားဝယ်ခဲ့ပါတယ်။ ဟိုဘက်မိသားစုကကလေးတွေဟာ အထူးအဆန်းတီဗွီကိုကြည့်ချင်တာကြောင့် သူတို့အိမ်မှာညနေဆိုအမြဲလာနေ မိုးချုပ်မှပြန်ကြပါတယ်။ ကလေးတွေအပေါ်မှာငြိုငြင်မှုမရှိဘဲ […]


silver heroJuly 9, 20121min1222
နယ်မြို့လေးတစ်မြို့တွင် အသက်အရွယ်အားဖြင့် ၂ဝ ဝန်းကျင်သာရှိသော လူငယ်လေးတစ်ဦးသည်ထိုုမြို့၏ နာမည်ကြီး လ္ဘက်ရည်ဆိုင်၏ရှေ့တွင် မတ်တပ်ရပ်၍ လ္ဘက်ရည်ဆိုင်သို့ကြည့်၍ အကဲခတ်နေသည်။ ပတ်ဝန်းကျင်တွင်လည်း လူအများသွားလာလှုပ်ရှားလျက်ရှိသည်။ လ္ဘက်ရည်ဆိုင်အတွင်းခင်းကျင်းထားသော စားပွဲ ဝိုင်းမှာ ၁ဝ ဝိုင်းလောက်ရှိသည်။ အပြင်ဘက်ဆိုင်မျက်နှာစာ ဘေးနှစ်ဖက်တွင်လည်း စားပွဲဝိုင်း ၁၅ဝိုင်းစာ ခင်းကျင်း ထားသည်။ အရောင်းအဝယ်ပါးသောအချိန်၊ လူရှင်းသောအချိန်ဖြစ်သဖြင့် စားပွဲထိုးလေးများမှာ တစ်ယောက်နှင့် တစ်ယောက်နောက်ပြောင်ကျီစယ်နေကြသလို ထိုင်တဲ့သူကထိုင်နေသည်။ ငွေရှင်းကောင်တာမှ ဆိုင်ရှင်ဟုထင်ရ သူမှလည်းသူလုပ်စရာရှိတာကို အေးအေးဆေးဆေးထိုင်လုပ်နေသည်။ ဆိုင်အတွင်း စားပွဲတွင်စားသုံးသူ၂ဦးတည်း သာ လက်ဖက်ရည်ထိုင်သောက်နေသည်။ ဆိုင်အပြင်ဝိုင်းတွင်လည်း ၃ဝိုင်းသာ လက်ဖက်ရည်ထိုင်သောက်သူရှိလေ သည်။ လူငယ်လေးသည် လက်ဖက်ရည်ဝင်သောက်ရန် ဆုံးဖြတ်လိုက်ပြီး ဆိုင်အတွင်းသို့ဝင်ခဲ့လေသည်။ ဆိုင်၏အ လယ်ကျသော စားပွဲဝိုင်းတွင် ထိုင်၍လက်ဖက်ရည်မှာလိုက်လေသည်။ လူငယ်လေး လက်ဖက်ရည်သောက်နေစဉ်  ဆိုင်အတွင်းသို့ အသက်(၅၀)အရွယ်လူ(၃)ဦးစကားပြောဆိုရင်းဖြင့်ဝင်လာ၍ လူငယ်လေး၏ အနောက်တွင်ရှိသော […]


ဂ်စ္စူJune 30, 20121min41336
လှုပ်ရှား၊ သွားလာ၊ ပြောဆိုနေသမျှ အမှားကတော့ အနည်းလေး ပါစမြဲဖြစ်မှာပဲ။ အမြဲတစေ သွားလာ လှုပ်ရှားနေရတဲ့ ထင်ပေါ်ကျော်ကြားသူတွေနဲ ့ နိုင်ငံအကြီးအကဲတွေဆို သွားတာ လာတာ ပြော တာဆိုတာတွေမှာ အမှားနည်းအောင် အတော်လေး သတိထားနေရမှာပေါ့။ အခုလို  မီဒီယာ လွတ်လပ်ခွင့် အထိုက်အလျောက်ရလာတော့ ပိုလို ့တောင် ဆိုးပါဦးမယ်။ အပြောမတတ်လို ့ ပြုတ်ခဲ့ရတဲ့ဝန်ကြီးတွေ၊ ပြည်သူ ့ချဉ်ဖတ်ဖြစ်ခဲ့တဲ့လူကြီးတွေလဲ တွေ ့မြင်နေကြရတာပဲ။   ဒီရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာ လှည့် ၊ထိပ်တန်းခေါင်းဆောင်တွေနဲ ့တွေ ့၊ နိုဗယ်လ် ငြိမ်းချမ်းရေးဆုယူ၊  ဒေါက်တာဘွဲ ့ယူ ၊မိန် ့ခွန်းပြော၊ စတာတွေနဲ ့ မနားတမ်း သွားလာလှုပ်ရှားနေခဲ့တဲ့ရက်ပိုင်းအတွင်း  သမ္မတ ဦးသိန်းစိန် အနေနဲ ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာအစား ဗားမား ဆိုပြီး သုံးခဲ့တဲ့ အသံးနှုန်းအပေါ် ထောက်ပြစရာ အမှား တွေ ့ခဲ့တယ်ဆိုပါတော့ဗျာ။ တစ်ကယ်တော့ ဦးသိန်းစိန်အနေနဲ ့ ဒီအမှားကို မထောက်လဲ သိပ်ပြဿာတော့ မရှိလှဘူးထင်ပါတယ်။ သို ့သော်လည်း ဒေါ်အေင်ဆန်းစုကြည်အား  ထောက်ပြစရာအမှားဆိုလို ့ ဒီအမှားပဲရှိလေတော့ […]


ကို သာJune 29, 20121min23711
၁၉၈ဝ ခုနှစ် ဝန်းကျင်နှစ်များတွင်မြန်မာနိုင်ငံသားအများစု၏ စိတ်ဝင်စားမှူှကိုရရှိခဲ့သော မော်တော်ယဉ်တစ်မျိုးရှိခဲ့ပါသည်။ထိုစဉ်က နိုင်ငံရပ်ခြားမှေမော်တော်ကားတင်သွင်းပိုင်ဆိုင် ခွင့် ရရှိသူ အများစုမှာ နိုင်ငံခြားဝင်ငွေရှိသူ နိုင်ငံခြား သင်္ဘောသားများဖြစ်ကြပါသည်။ ထိုသင်္ဘောသားများ၏ ထင်ရှားမှူှနှင့်အပြိုင်သင်္ဘောသားကားဟု ထင်ရှားခဲ.သည့် ဟိုင်းလပ်အမြန်ယာဉ်များပင်ဖြစ်ပါသည်။ ထိုကာလများမှစပြီး ရန်ကုန်မြို.တွင်း ခရီးသည်ပို.ဆောင်ရေးယာဉ်လိုင်းများတွင်လည်းဟိုင်း လပ် ကားများနေရာယူလာကြသည်။ဟီးနိုး၊ဘီအမ်၊ရိန်းဂျားကားများကြားတွင်သင်္ဘောသား ကားများက တလှစ်လှစ်ပြေးလွှားကာစူပါစတားဖြစ်နေပါတော.သည်။ စာရေးသူတို.ငယ်စဉ်ကျောင်းသားဘဝကလည်း အဆိုပါဟိုင်းလပ်ကားများစီးကာ ကျောင်း သွားကျောင်းပြန်ပြုခဲ့ရပါသည်။ဘေးတန်း၊အလယ်ခုံ၊တွယ်စီး၊ချိတ်စီး၊အမိုးပေါ် စသည့်နေရာ စုံတွင် ကြုံသလိုပုံစံ အမျိုးမျိုးစီးနင်းကာ ကြီးပြင်းလာရပါသည်။ “ ဘေးတန်းကလေးပြည့်အောင်ထိုင်ပေးပါ “ “ အလယ်လေးကနောက်ဆုတ်ပေးပါ “ “ ခြေတစ်ချောင်း လက်တစ်ချောင်း ဆို တော်ရောပေါ. “ “ဘေးတန်းနောက်မှီ လေးတွေသတိထား အပေါ်ကဆင်းမယ် “ “လှည့်ကင်းရှိတယ် ခေါင်းလေးတွေထည့်ပေးထားပါ “ စသည့် ဟိုင်းလပ်ယဉ်ကျေးမှုဝေါဟာရများကြားမှာနားရည်ဝနေကြပြီဖြစ်သည်။ ကြင်စဦးဇနီးမောင်နှံထက် ပိုသည့်ပူးကပ်ထိုင်ရခြင်းမှာကျင့်သားရနေပြီးဖြစ်သည်။ […]


ကျွန်တော်..မန်းဂေဇက်ထဲကိုဝင်ရောက်လာကတည်းက….ဂေဇက်သူဂေဇက်သားတွေကကြိုဆိုလိုက်ကြတာ သောင်းသောင်းဖျဖျပါပဲ…ဘယ်လောက်ဝမ်းသာစရာကောင်းလိုက်ပါသလဲ……. တကယ် ့ကိုကျေးဇူးတင်ခဲ ့မိပါတယ်….ကျွန်တော် ့ဖက်ကလည်းဂေဇက်သူ/သားများကိုလည်းစာတွေ…ကဗျာတွေရေးပါဦးမယ်ဟု ပြောခဲ ့ဘူးတာကိုလည်းမှတ်မိကြဦးမယ်ထင်ပါတယ်……တကယ်တန်းလည်းရေးဖြစ်ခဲ ပါတယ်…….. မန်းဂေဇက်ကဘာနဲ ့တူသလဲကျွန်တော် ့ကိုမေးရင်…ကျွန်တော်ကတော ့အောက်ပါအတိုင်းဖြေဖြစ်မယ်ထင်ပါတယ်…… အာဟာရပြည် ့ဝအောင်…မျှတစွာစားသုံးလို ့ရတဲ ့..ချို..ချင်..ဖန်..ငံန်..စပ်..ခါး…အားလုံးပါဝင်တဲ ့ ဟင်းပွဲကြီးတစ်ပွဲပါလို ့ပြောပါရစေ….ဘာလို ့လည်းဆိုတော ့ကျွန်တော်တို ့ဂေဇက်ထဲရောက်သွားရင်…. ပျော်ရွှင်စရာတွေလည်းတွေ ့မယ်…ဝမ်းနည်းစရာတွေလည်းတွေ ့မယ်….အံ ့ဩစရာတွေလည်းတွေ ့မယ်…. မမြင်ဘူးတာတွေလည်းမြင်ရမယ်…အစုံ…အစုံပါပဲ… ကျွန်တော်စိတ်ညစ်စရာတွေ ့ရင်လည်း…အားပေးနှစ်သိမ် ့ပေုးကတယ်…ပျော်ရွှင်နေရင်လည်း…မျှဝေခံစားပေုးကတယ်….. နောက်ဆုံး…တစ်ယောက်နဲ ့တစ်ယောက်ကတိုင်ပင်ဖေါ်တိုင်ပင်ဖက်တွေဖြစ်နေကြသေးတယ်…………………် ကွန်မန် ့တွေအပြန်အလှန်ပေးကြ….တစ်ယောက်နဲ ့တစ်ယောက်ရယ်စရာတွေပြောကြနဲ ့ပေါ ့…… ကွန်မန် ့တွေပေးတဲ ့အထဲမှာ…… ရယ်စရာအပြောဆုံးက…..ဖရဲ ဘာတွေရေးလို ့ရေးမှန်မသိတာ…..ကိုေုကာင ရေးါ်လို ့မဆုံးတာက……..အလင်ဆက် လမ်းသလားနေတာက……..ကိုပေါက် ဆရာုကီးတစ်ဆူက….ကိုပေ ဗျစ်ဗျစ်ဗျစ်မပါပဲကွန်မန် ့မပေးတာက…..စိန်ဗိုက်ဗိုက် အရက်အေုကာင်းရေးသူက……..အူးဗိုက်ကလေး နာဂရ မဟာရာဇာ ကိုရင်မောင် […]


nicolus agralJune 20, 20121min1538
အခုတလော hot နေတဲ့ ရခိုင်အရေး လေးနဲ့စမယ်ဗျာ ပုတ်စာ ဆိုတော့က ပေးထားချက်လေးတွေရှိပါတယ် (ကြားသိရသလောက်ပေါ့ဗျာ) ၁။ရခိုင်-ဘင်္ဂလား နယ်စပ်မှာမြန်မာပိုင်နက်ထဲကို တရားမဝင်(ကျူးကျော်)အခြေချနေထိုင်သူ ၁သန်း(ခန့်မှန်းခြေ) ၂။ဟိုဘက်က လုံးဝလက်မခံနိုင်ဘူး (တရားဝင် ပေါ်တင်ကိုပြောထားတာ) ၃။အကုန်သတ်လို ့လည်းမရဘူး (နိုင်ငံတကာကလည်းလက်ခံဘူး ကျင့်ဝတ်အရလည်းမလုပ်သင့်ဘူး ဘာသာတရားအရလည်းခွင့်မပြ  ုဘူး) ၄။ရခိုင်တွေနဲ့လည်း အတူတကွမနေနိုင်ဘူး (သူတို ့ကရန်လိုတယ် ၊ အစွန်းရောက် အကြမ်းဖက်သမားတွေရှိတယ် ၊အလွန်မျိုးပွားနှုန်းမြန်တယ် ရခိုင်တွေဘက်ကကြည် ့တော့လည်း အကြိမ်၂ အကြမ်းဖက်ခံခဲ့ရတယ် ၊အင်္ဂလိပ်အစိုးရလက်ထက်မှာရော၊မြန်မာအစိုးရလက်ထက်မှာရော)   အဲလိုဆိုတော့ ဖြေရှင်းချက်က ၁။ အချိန်တခုအထိ ဒုက်ခသည်တွေအနေနဲ ့လက်ခံထားရမယ့်သဘောရှိနေတယ် ၂။ ရခိုင်နဲ ့အတူထားလို ့မရ ဆိုတော့ သီးသန့် စခန်း တနေရာမှာထားရမယ့်သဘောပေါ့ (နယ်စပ်နဲ ့မနီးမဝေး) ၃။သူတို ့ကနိုင်ငံသားမဟုတ်ဘူး […]