“ဖြတ် သန်း ခဲ့ သော ပ လက် ဖောင်းများ” (အမှတ် ငါး ) “ ပ လက် ဖောင်း အမှတ် -၁၉” က တော့ ကျ နော့် ဘဝ ရဲ့ အကြီးမားဆုံး သော လမ်း ခွဲ လို့ ဆို နိုင် ပါတယ်။ ကျ နော် ဆယ် တန်း အောင် ပြီး နောက် တစ်နှစ်မှာ တက္ကသိုလ်ဝင် ခွင့် နဲ ့ ပါတ်သက်ပြီး မူ ဝါ ဒ ပြောင်း ပြန ်ပါ တယ်။ အရင်လို ဆယ် တန်း အောင် တာ […]


alinsettJuly 25, 20142min37616
မမမျိုး….ရယ်… ကျွန်တော်လေ… မမမျိုးနဲ့အတူသွားမယ်လို ့ ရည်ရွယ်ထားခဲ့ပေမယ့်… ဒီခရီးကို.. ကျွန်တော်တစ်ကိုယ်တည်း… အရင် ထွက်ခဲ့မိတယ် ။ မထွက်လို ့မဖြစ်တော့လောက်အောင်လည်း… ကျွန်တော့်ဘက်ကအခြေအနေတွေက… ရှုပ်ထွေးခဲ့ပြီလေ… ။ မမမျိုး… သိတဲ့အတိုင်းပဲ…လေ…။ ကျွန်တော်လိုလူက… မွန်းကျပ်လှတဲ့ ဘဝအမောတွေကြားမှာ…ခက်ခက်ခဲခဲ…အသက်ရှင်နေရသူ..။ ကျွန်တော့် စိတ်နှလုံးရဲ ့ ခံနိုင်ရည်ကိုကျော်သွားတဲ့… နာကျင်မှုတွေကို.. အဆက်မပြတ်ကြုံရတဲ့အခါမျိုးမှာ… ကျွန်တော်… ဆောက်တည်ရာမဲ့သွားတတ်တယ် ။ အဲဒီလို… စိတ်ဒဏ်ရာတွေနဲ ့… ပူလောင်မွန်းကျပ်လာတဲ့အခါတိုင်း… ကျွန်တော်.. . ကျွန်တော့် ပတ်ဝန်းကျင်နဲ ့ ဝေးတဲ့ တစ်နေရာရာကို…ပြေးထွက်မိရော…။ အခုလည်း..ကျွန်တော့် စိတ်ခံစားမှုတို ့ အဆုံးစွန်ထ်ိ….ပေါက်ကွဲမထွက်မိအောင်..ထိန်းတဲ့အနေနဲ့… ကျွန်တော် တစ်ယောက်တည်း..ခပ်မြန်မြန်..ပြေးထွက်ခဲ့ရတယ် မမမျိုးရယ်.. ။ တကယ်ဆို..ဒီခရီးစဉ်က… မမမျိုးနဲ ့..နှစ်ယောက်အတူ…ကြည်ကြည်နူးနူးသွားရမယ့် ခရီးစဉ်ပါ ။ အခုတော့.. ကျွန်တော်တစ်ယောက်တည်း… […]


“ဂွဒ် မောနင်း ကလပ်စ်” “ဂွဒ် မောနင်း မစ္စတာကျောက်စ်” ဘုံဘဝမှာ အခုတခါကြုံရတာက ကျောင်းဆရာဆိုတော့ ကျနော်မောင်ကျောက်ခဲလည်း ပါလာတဲ့ အထုပ်ကလေးကို စားပွဲပေါ်တင် ၊ လည်ပင်းက ကြောင်လျှာသီးလို့ မြန်မာလို နာမည်ပေးထားတဲ့ နက်ခ်တိုင် ကို နေရာချရင်း ဟန်ပါပါနဲ့ ချောင်းကလေးဟန့်လိုက်ရတာပေါ့ဗျာ ။ အမှန်ပြောရရင် အခုလို ဟန်ကြီးဂွကျ ဟန်မူပိုရတဲ့ အလုပ်မျိုးကို မောင်ကျောက် မလုပ်ချင်ပါဘူး ။ ကြမ်းကြမ်းရမ်းရမ်း အလုပ်သမား အင်ဂျင်နီယာ တရုန်းရုန်းနဲ့ တောထဲ ဆိုက်ထဲက ပရောဂျက်အင်ဂျင်နီယာ ဘဝမှာပဲ ပျော်ရှာတာပါ ။ ဒါပေမယ့် စီမံကိန်းပြီးသွားလို့ နောက်ထပ်အလုပ်သစ်ကလည်း မရသေး ၊ ကျောင်းတော်ဟောင်းကဆရာ ပရော်ဖက်ဆာကလည်း သူ့လက်အောက်မှာ သူ့ကိုကူဖို့ အလုပ်ကမ်းလှမ်းတော့ ပရိယေန ဝမ်းရေးရှိပြန်တာမို့ ဒီအလုပ်ကို […]


“ဖြတ် သန်း ခဲ့ သော ပ လက် ဖောင်းများ” (အမှတ်လေး) ကျနော် တို့ တက္ကသ ိုလ် စာပေးစာယူ တက် တဲ့ နှစ် တွေ က ပျော် စရာကောင်း ပါတယ်။ ဒါပေမယ့် စိတ်ညစ်စရာ တစ် ခု ကေ တာ့ သင်ရိုးညွှန်းတန်း စာအုပ်တွေအပြည့် အစုံ မရ တာပါ။ ပထမ ဆုံးအကြိမ်ဖွင့် တဲ့ စာပေးစာယူ သင် တန်းမှာ ဖတ်စာအုပ်အပြည့် မရ တော့ ကျောင်းသူ ကျောင်းသားအချင်းချင်း စာ အုပ်တွေ တစ်လှည့် စီပြန်ငှားပြီး စာစဉ်တွေဖြေကြ ရပါတယ်။ အဲဒီတုန်းက ပေး တဲ့ စာစဉ် ဖြေရ တဲ့ […]


                           “ဖြတ် သန်း ခဲ့ သော ပ လက် ဖောင်းများ” (အမှတ်နှစ်)   “  ပ လက် ဖောင်း အမှတ် -၁၁”  အ ရောက် မှာ တော့ ကျ နော် ကျောင်း ထပ် ပြောင်းရ ပြန် ပါ တယ်။ ဘာ လု့ိ ပြောင်း ရ လဲ ဆို တော့  ကျ နော် တို့ မိဘ နှစ် ပါး က  လမ်းခွဲ […]


Mr. MarGaJuly 17, 20141min45634
  ညဟာ ဆူညံလွန်းလှတယ်။ အမြဲလိုလို အိမ်ပြန်နောက်ကျတတ်တဲ့သူတစ်ယောက်အတွက် ညဟာ ဘယ်တော့မှ တိတ်ဆိတ်စွာ စောင့်ကြိုမနေခဲ့ဘူး။ ကားသံ ဆိုင်ကယ်သံတွေ ဆူညံနေတဲ့လမ်းမတွေဟာ တိတ်ဆိတ်ခြင်း ဆိုတာကို ရှိတယ်လို့တောင် ထင်ပုံမရ။ ဆူညံရှုပ်ထွေးတဲ့ လမ်းမတစ်လျှောက် ဆိုင်ကယ်ကို အသော့နှင်လာရင်းနဲ့ မြို့လယ်ကို ဖြတ်ကျော်ပြီး အသွားအလာ တဖြည်းဖြည်း ကျဲပါးလာတဲ့ ဆင်ခြေဖုံးဘက်ကို ရောက်လို့လာတယ်။ ဒီအချိန်ဟာ ကိုယ့်အတွက်တော့ အတိတ်ဆိတ်ဆုံး လို့ ပြောရမယ့် တစ်ဒင်္ဂ အချိန်လေးပါပဲ။   အဓိက လမ်းမကြီးတွေကနေ ဖဲခွာပြီး နေထိုင်ရာ ရပ်ကွက်လေးဘက်ကို ချိုးဝင်လိုက်တာနဲ့ ကားသံ ဆိုင်ကယ်သံတွေ လျော့သွားပြီး လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်နဲ့ အိမ်တွေက အသံတွေဟာ ထပ်ပြီး လွင့်ပျံလာလေရဲ့။ တစ်နေကုန် မောပန်းလာသူအတွက်တော့ ဒီအသံတွေဟာ သာယာသံထဲမှာ မပါဝင်တာ […]


alinsettJuly 15, 20141min27613
“အမှန်စင်စင်မှာတော့. . . လူ ့ ဘဝသည် . . . အချည်းနှီးသောဖြစ်တည်မှုဖြင့် ဒုက္ခဆင်းရဲများခံယူကာ ပေးဆပ်နေရခြင်းသာဖြစ်သည်။ အခြား ဘာမျှမဖြစ်နိုင်။ ”   လူဟူ၍ဖြစ်တည်လာပြီဆိုကတည်းက . . .မရေရာမသေချာမှုများကို မလွဲမသွေကြုံရသည်။ သေချာရေရာလှပါသည်ဆိုသောအရာများသည်ပင်လျှင် နောင်တစ်ချိန်တွင် ဝေဝါးထွေပြား၍ ပျောက်ကွယ်ပျက်စီးရမြဲဖြစ်သည်။ လူကို အရင်းတည်၍ ဖြစ်ပေါ်လာသော ဝမ်းသာမှုများ. . .ဝမ်းနည်းမှုများသည်လည်းကောင်း. . . ပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်းများသည် လည်းကောင်း . . . ဘယ်မှာလာ တည်မြဲသနည်း။ ပျော်ရွှင်ခြင်းနှင့် ဒုက္ခဆင်းရဲခြင်းသည်လည်း အလွှာပါးပါးကလေးပင် မခြားသော ရောယှက်မှုအတွင်း၌သာ ဖြစ်တည်လာသည်။ အပျော်များသောအခါ ဒုက္ခဆင်းရဲများသည်။ ဘာများမက်မောစရာ ရှိသနည်း။ မျှော်လင့်ချက်ဆိုသည်မှာလည်း ဘာများထူးပါသလဲ။ မျှော်လင့်ချက်သည် မရေရာ […]


alinsettJuly 13, 20142min32320
အပြင်မှာ နေ့ခင်းလား…. ညနေလား…. ဒါမှမဟုတ် ညလား…. ဘာမှန်းသေချာမသိလောက်အောင်ပင် …..ဤအခန်းက . . .လုံခြုံလွန်းနေသည် ။   တကယ်ဆို ယောကျာ်းတစ်ယောက်နေသောအခန်းတစ်ခန်းသည်….ဤမျှလုံခြုံစရာမလိုလည်း ဖြစ်သည်။ ဒါပေမယ့်. . . ဒီလောက်လုံခြုံမှုနဲ့တောင် လုံလောက်လို့လား. . . . တစ်ခါတစ်ရံတွင် ဆောက်တည်ရာမဲ့လောက်အောင် . . . ဘဝ၏ လုံခြုံမှုများ ပျောက်သွားတတ်တာတော့ သတိရ ရမည် ။ ပိုးစိုးပက်စက် အကာအကွယ်မဲ့ခြင်းများ. . . ကြောက်မက်တုန်လှုပ်ဖွယ်ရာ မျှော်လင့်ချက်ကင်းမဲ့မှုများသည်…. ထင်မထားသော အချိန်မျိုးမှာ …မထင်မှတ်သော နေရာကနေ ဘွားခနဲ ပေါ်လာတတ်သည်မဟုတ်လား။ အဲသည်လိုအခါမျိုးမှာ သွေးရူးသွေးတန်း ဖက်တွယ်ပြီး အားကိုးရာတစ်ခုခုရှာတွေ့ဖို့ တော်တော်ဖြစ်နိုင်ခဲသေးသည်။ကိုယ့်ကို ကိုယ် အားကိုးရမယ်လို့ ဘယ်လောက်ပဲ အားတင်းထားပါစေဦး။ […]


marblecommetJuly 9, 20141min31319
အိပ်ရာက နိုးလာသည်နှင့် ဒီနေ့ နေသာသော နေ့တစ်နေ့ ဖြစ်ပါစေဟု ကျွန်တော် အမြဲ ဆုတောင်းရသည်။ နေသာသော နေ့များ၏ နံနက်ခင်းသည် စိမ်းစိုဝင်းဝါ လှပမည်။ မြက်ခင်ပေါ်မှာ ပန်းများပွင့်၍ လိပ်ပြာများလည်း ပျံဝဲကြမည်။ မြက်ပင်စိမ်းတို့ကြားမှ ပုရွက်ဆိတ်ကလေးများ တန်းစီး၍ ရိက္ခာရှာ ထွက်လာကြမည်။ လူသားအားလုံး၏ နှလုံးသားကို တက်ကြွလန်းဆန်းပျော်ရွှင်မှု ဖြစ်စေမည်။ နေသာသော နေ့တစ်နေ့၏ မင်္ဂလာသည် ထိုမျှှလောက်နှင့် မခမ်းနားသေးပါ။ နေသာသော နေ့တစ်နေ့ ဖြစ်ဖို့ရန်အတွက် ကျွန်တော်ဆုတောင်းရခြင်းမှာ ဂျိုးအတွက်ဟူသော ဝိသမလောဘ အနည်းငယ် ပါဝင်ပါသည်။ နေသာသော နေ့တစ်နေ့ ဖြစ်ပါက ဂျိုး ပျော်ရွှင်မည်။ ကျန်းမာမည်။ ပြီးတော့ အအေးမိ နှာစေးခြင်းလည်း ဖြစ်မည်မဟုတ်။ ဂျိုး နေကောင်းဖို့ရန် အတွက် နေသာရန် ကျွန်တော်၏ […]


Maung ThuJuly 7, 20141min43428
တ​နေ့သ၌ ကျွန်​ုပ်​သည်​ ​ဆေးခန်​းထိုင်​​နေစဉ်​ လူနာမလာသည်​နှင်​့ ပက်​လက်​ကုလားထိုင်​အ​ဟောင်​း​လေးတွင်​ထိုင်​ကာ စာဖတ်​ခြင်​းသမှုပြု​နေ​လေ​၏ ။ ထိုအချိန်​တွင်​ “ကလင်​ ကလင်​ ကလင်​” ဘဲလ်​တီးသည်​နှင်​့အတူ ဆိုက္ကားဆရာ​မောင်​မိုးကြီး ​ရောက်​လာ​လေ၏။ “ကိုယ်​့ဆရာ လူနာ​တွေတန်​းစီလို့ပါလား။ ပိုက်​ဆံထားစရာ ​နေရာ​ရောရှိ​သေးလား။ ကျွန်​​တော်​တုံကင်​လိုချင်​လို့ပါ ” ဟိုုဆိုကာ အခုမှဖွင်​့ခါစ လူနာပါးလှ​သော ကျွန်​ုပ်​၏​ဆေးခန်​း​လေးအား ​လှောင်​​ပြောင်​သမှု ပြု​လေ၏ ။ ကျွန်​ုပ်​က “တယ်​ ​မောင်​ရင်​ ​နောက်​ခါ ​နေမ​ကောင်​းဖြစ်​ရင်​ အပ်​တုံးတ​ုံးနဲ့ ထိုးလွှတ်​မယ်​” ဟု​ပြော​သောအခါ သူ၏ကွမ်​းချိုးကပ်​​နေ​သော သွားများ​ပေါ်သည်​အထိ တဟားဟားရယ်​​လေ၏ ။ ထို့​နောက်​ ပလပ်​စတစ်​ထိုင်​ခုံတစ်​လုံးဆွဲယူကာ ကျွန်ု​ုပ်​အနားတွင်​ထိုင်​ပြီး စပ်​မိစပ်​ရာစကားစမြည်​ပြောကြ​လေ၏ ။ “ဒါနဲ့ ကိုယ်​့ဆရာ ​ဆေးတစ်လုံးထိုး ဘယ်​​လောက်​လဲဗျ” “အသား​ဆေးဆိုရင်​ တစ်​​ထောင်​ဗျာ၊ အ​ကြော​ဆေးဆိုရင်​ ​ထောင်​့ငါးရာ၊ ဆေးနှစ်​လုံးထိုးရရင်​ ​နှစ်​​ထောင်​ ပိုးသတ်​​ဆေး​ကောင်​းတာ​ပေးရရင်​ […]


Nyo WinJuly 7, 20141min51729
“ဒါဟာအချစ်တဲ့လား” …ကျနော့်ဘဝမှာမှတ်မှတ်ရရ..အဲ့ဒီ အချစ်ဆိုတာကြီးနဲ ့ (၃)ခါလောက် ကြုံဘူးတယ် အဲအဲ..အထင်တော့မကြီးလိုက်နဲ ့နော် ကြုံတာကြုံဘူးတာ.. မဆုံဖြစ်လိုက်ဘူး အချစ် (၁) ..တက္ကသိုလ် ပထမ နှစ် ၃ ချိုး ၁ ချိုး လောက်ကပေါ ့ဗျာ….. ကိုယ်တွေကစာဆိုမှစာ ဘာမှစိတ်အဟာရ ရုပ်အဟာရ အတွက်အာရုံမထားနိုင်တဲ့အချိန် (တကယ်တော့ ပါနီ က လည်း Nil ကိုဗျ.. ဟာဟ) တစ်နေ ့မတော့ အသင်အပြ (အပြ= presentation)ကောင်းတဲ ့Statistics သင်တဲ့ဆရာမ ရဲ့ တခြားဆက်ရှင် မှာ လက်ချာသွားလိုက် ပါတယ်… အဲ့ဒီမှာ စတာပဲ…. လက်ချာထဲအာရုံဝင်စားနေတုန်း ဇက်ကြောတက်တာနဲ ့ခေါင်းကိုဘယ်ညာချိုးလိုက်တဲ့ သကာလညာဖက် ၁၃၅ ဒီဂရီအချိုး လောက်မှာခေါင်းကတန် ့ကနဲဖြစ်သွားတယ်……. သွေးကြောတွေပြောင်းပြန်ဆီး..နှလုံးခုန်သံတွေတဒိန်းဒိန်းနဲ […]


marblecommetJuly 5, 20141min45529
ဂျိုးသည် ကျွန်တော် သတိမထားမိခင်မှာပင် ကျွန်တော့်မျက်နှာအား ခဏချင်း ဖတ်ပြီးသွားလေပြီ။ “ဒီနေ့ သုံးလုံးတော့ တွေ့နေပြီ” သွားပြီ။ ကျွန်တော်၏ ကြောက်လန့်မှုကို ကာကွယ်ဖို့အတွက် ရွေးစရာ မရှိတော့ပါ။ အခု ဂျိုးတွေ့ထားသည့် သုံးလုံးစလုံးကို အံကြိတ်ပြီး အရှင်းခံမလား။ ဒေါသတကြီးနှင့် ထပြန်သွားမည့် ဂျိုး၏ ရင့်သီးဖွယ်ရာ စိတ်ကောက်မှုကို ခံယူမလား။ ကျွန်တော့်အတွေ့အကြုံအရ ကျွန်တော် သိနှင့်နေပါပြီ။ ကျွန်တော့်မျက်နှာပေါ်သို့ တစ်နေ့ပြီးတစ်နေ့ ဒီလို ဝက်ခြံများကို လာလာ မြှုပ်နှံသွားသည့် နတ်ဆိုးများကို မုန်းသည်။ ဂျိုးသည် ဝက်ခြံများကို ဘယ်ဘဝကပင် အသည်းယား မုန်းတီးလာလေသည်မသိ။ အခုလည်း ဂျိုးသည် တွေ့ရှိထားသည့် ကျွန်တော်၏ မျက်နှာမှ ဝက်ခြံသုံးလုံးကို စိတ်ရှိလက်ရှိ သတ်ကွင်းဆင်လေတော့မည်။ “ဂျိုးရာ…တစ်လုံးလောက်ပဲ ရှင်းကွာ…နော်” “ဟင့်အင်း …မရဘူး …အကုန်ပဲ” […]


လက်က နာရီကိုကြည့်မိတော့ ၆:၃ဝ ၊ မနက် ရ နာရီ ကားလာကြိုမှာမို့ အိပ်ယာကထ၊ ရေချိုးခန်းဝင် ရေမိုးချိုး၊ ပစ္စည်းသိမ်းပြီး ဆေးလိပ်လေးဖွာ..လို့ ကားကို ထိုင်စောင့်နေရင်း မသွားဘူးတဲ့လမ်းအကြောင်း တွေးနေမိတယ်။ ကချင်ပြည်နယ်သား ဖြစ်သလို မြစ်ကြီးနားကို ခဏခဏ ရောက်ရပေမယ့် အပြန်မှာတော့ ကားနဲ့တစ်ခါမှ မပြန်ဖူးဘူး၊ ဗန်းမော်ရွှေကူကို ရှပ်ပြေးနဲ့ပြန်၊ မန္တလေးဆို ရထားနဲ့ပြန်၊ ဒါမျိုးပဲ ပြန်ဘူးပေမယ့် အခု ဗန်းမော်ကိုပြန်ရမှာက ကားနဲ့၊ ဝိုင်းမော်၊ လိုင်ဇာ၊ မိုးမောက် အဲဒီဘက်တွေက ပြန်ရမှာ။ ရ နာရီလောက်မှာ လာကြိုတဲ့ “မြစ်ဖျား ဧရာ” ကားအသင်းက ဗန်းမော်ကား ရောက်လာတယ်။ ၃ဂ / ၉၂၂၂ တဲ့၊ ပါဂျဲရိုး ငွေရောင်နဲ့ အစိမ်းရောင်စပ်ကြား၊ ကားသမားကတော့ […]