မြစပဲရိုးSeptember 26, 20151min17514
သူ မရှိတဲ့ အချိန် ဘယ်သူ့ ကို အားကိုးကြမလဲ တဲ့။ အဖြေ က ရှင်းရှင်း လေးပါ။ “စနစ်ကောင်း” တစ်ခု ကို အားကိုးချင် ပါတယ်။ “အားကိုးချင်” လို့ဘဲ ပြောတာ က “အားကိုးလို့ မရနိုင်သေး” လို့ ဆိုပါတယ်။ ဘယ်လူ ကို မှ ကြည့်နေ အားကိုး နေစရာ မလို တဲ့ ကောင်းမွန် ပြီး အားကိုးရတဲ့ စနစ်ကောင်း လေး တစ်ခု ရ အောင် လားရာတူ ကို ဝိုင်းပြီး တွန်း ပေးကြပါ။ ဒီတစ်ခါထဲ ပါ။ ဒီလို လူ တစ်ယောက် နောက်ထပ် မရနိုင်တော့ လို့ပါ။ သူ မရှိ […]


မြစပဲရိုးSeptember 22, 20151min17916
. ဒေါ်အောင်ဆန်းစုကြည် ကို အမှန်တကယ် ချစ်ခင်လေးစား သူများ အတွက် စည်းရုံးမှု ပုံစံ ကို ဆင်ခြင် သတိထားကြဖို့ အတွက် ပါ။ မနေ့က အင်တာနက်မှာ သတင်းလွှင့်တာ ကြည့်ရင်း အဝိုင်းလည်နေတုန်း ဘေးက  Chat Box ကို ကြည့်နေမိတယ်။ တစ်ချို့ က NLD, NLD  ဆိုပြီး မပြတ်တင်နေတယ်။ .နောက် တစ်ချို့က အဲဒါကို ဆဲ တယ်။ သူတို့ နှစ်စု ထဲ ဘဲ စက္ကန့်မလပ် မပြတ်တင်နေကြတာ။ အဲဒါကို ကြည့်ပြီး စိတ်ထဲ တစ်မျိုး ဖြစ်လာတယ်။ ဒီလိုသူ တွေ ဟာ ဟောပြောနေတဲ့ ပုဂ္ဂိုလ်ရဲ့ စကား ကို နားထောင်ချင်လွန်းလို့ မှ […]


မြစပဲရိုးSeptember 19, 20151min1458
သာကူး ဆိုလဲ ကောင်းသောကူးခြင်း မို့ ကြိုဆိုပါတယ်။ ကောင်းသော ပေါင်းခြင်းတော့ ဖြစ်ပါစေ။ ရွာထဲ မှတ်တမ်းတင်ထားပြီနော် ဦးလေး။ * နောက်မှ တစ်မျိုးစကားမပြောနဲ့။ * နောက်ကလဲ ကျော ကို ဒါးနဲ့ ရွယ်မထားနဲ့။ * ပြောင်းချိန်တန်ရင် အသိမှန်ဝင်ပြီး ပြောင်းပါတော့။ * အသိမမှန်လဲ မှန်အောင် လုပ်ပြီး ပြောင်းပါတော့။    


မြစပဲရိုးSeptember 17, 20151min20518
ဘာရယ်တော့ မဟုတ်ပါဘူး။ သမ္မတကြီး ဦးသိန်းစိန် တို့ အစိုးရ ရဲ့ နိုင်ငံရေး၊ စီးပွါးရေး အတွက် ဒေါ်လာများစွာကြေးကြီး ပေး ငှားထား တဲ့ အမေရိကန်လော်ဘီ အဖွဲ့ကြီး ဘာတွေများ အလုပ်ရှုပ်နေကြသလဲ လို့ပါ။ .တော်ကြာ အစိုးရ လော်ဘီ ဆိုတော့ အတိုက်အခံ ကိုလဲ မသိမသာ ပညာတွေ ပြနေမစိုးလို့ မေးကြည့်တာပါ။ သူတို့ နဲ့ရောပြီး အသားထဲက လောက်မထွက် ကြပါစေနဲ့ လို့တော့ ဆုတောင်းပါတယ်။   ဒီလောက် မဲစာရင်း က ဖြစ်ချင်သလိုဖြစ် ပွစာကြဲ အမှား တွေ ဖြစ်နေလဲ သက်ဆိုင်ရာ တာဝန်ရှိသူများ ဒီ အတိုင်း ငြိမ်နေကြတယ်။ . ရွေးကောက်ပွဲ လုပ်တာ ၁၉၉ဝ မှာတစ်ခါ၊ […]


မြစပဲရိုးSeptember 15, 20151min41036
ကျွန်မ နိုင်ငံရေးကျွမ်းကျင်သူမဟုတ်ပါ။ ဒါပေမဲ့ ကျွန်မလဲ အများတကာ (အထူးသဖြင့် – ဒေါ်အောင်ဆန်းစုကြည် စပယ်ရှယ်လစ် ဝေဖန်ရေးသမားကြီးများ)  ကဲ့သို့ ဝေဖန်ရေး လုပ်တတ်ပါတယ်။ .ဝေဖန်ရေးလုပ်တာက လက်တွေ့လုပ်စရာမှမလိုတာကိုး။ နော။ ဒီတော့ ပြောပါပြီ။ . ပြောသာပြောရ။ တကယ်တော့ ဝေဖန်ရေးထက် ရှေ့နေလိုက်ပေးတာဆို ပိုမှန်ပါလိမ့်မယ်။ .ရွေးကောက်ပွဲ နီးလာလေ လူတွေ ပိုစကားများလာလေ တနည်း လေတိုက်ပွဲ တွေ ပြင်းလာလေပါဘဲ။ ဒီတစ်ပါတ် ထဲ လက်ရှိအစိုးရအသိုင်းအဝိုင်း အကြိုက်တွေ့ဆောင်းပါး ကို နိုင်ငံခြား သတင်းစာ တစ်စောင် က ဖော်ပြခဲ့တယ်။ အဲဒီမှာ မြန်မာပြည်ထဲက နိုင်ငံရေးသမားတစ်ချို့အပြင် ပြင်ပက တစ်ချို့လဲ ပါတယ်။ ထုံးစံအတိုင်းပါဘဲ။ ဒီချုပ် နဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အုပ်ထားတာ။ အမျိုးတစ်ယောက် […]


မြစပဲရိုးAugust 20, 201526min34246
အစကတော့ ရွာထဲ က လူတွေထဲ ခြေလှမ်းဦး မဲကျ တဲ့ လူတွေ ကို ဘဲ စစ်တမ်း လုပ်ဖို့ပါဘဲ။ ဒါပေမဲ့ အခုတော့ အားလုံးပါပြီး စည်ကားသွား အောင် မောင်အံ ရဲ့ စာရင်း နဲ့ ဇီကလေးရဲ့ စာရင်း ကို ညှိပြီး ရွာသန်းခေါင်စာရင်း လုပ်လိုက်ပါတယ်။ အဲဒီ စာရင်းထဲ မှာ ရွာသက်တမ်း ကို ရက် နဲ့ တွက်ပြီး အစဉ် အတိုင်း လုပ်ထားပါတယ်။ ရွာသက်တမ်း ကို ပို့စ် စတင်တဲ့ နေ့ နဲ့ သူနောက်ဆုံး ပို့စ် တင်ခဲ့ တဲ့ Active ရက် ကို ခြားနားပြီး တွက်ထားတာပါ။ (Last Date […]


မြစပဲရိုးAugust 16, 20151min25518
ပြီးခဲ့တဲ့ ၃ပါတ်လောက် က အလုပ် ထဲမှာ ရခဲ့တဲ့ အီးမေး  အကြောင်းလေးပါ။ လက်ရှိအလုပ်က ချာရတီ အဖွဲ့အစည်း တစ်ခု ရဲ့ Bookkeeper ခေါ်ခေါ်၊ စာရင်းကိုင် ခေါ်ခေါ် ဆိုပါတော့။ တာဝန်ယူရတာ တွေထဲ မှာ ဘော့စ် ကို Supplier  ကို Payment လုပ်ဖို့အတွက် စာရင်း ပြင်ပေးရတာလဲ ပါပါတယ်။ Supplier တွေထဲ က တစ်ယောက် ကို ဟိုးအရင်လ တုန်းက ပိုက်ဆံ နှစ်ခါ ထပ်ပေးမိခဲ့တယ်။ အဲဒီအကြောင်း ကို အဲဒီ Supplier ဆီ email ပို့ ခဲ့တယ်။  Refund လုပ်ပေးဖို့။ ဒါကို သူက စာရင်းမှတ်ထားမယ်ပြောပြီး Refund မလုပ်ပေးဘူး။ […]


alinsettJuly 28, 20153min16011
  အခု ကျနော် ကဗျာနှစ်ပုဒ်နဲ့ သီချင်းတစ်ပုဒ်ကို တို့ထိ ခံစားပြထားပါတယ်။ >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>   နာမည် ကျန်နေရစ်မယ် – ဖြူဖြူကျော်သိန်း =============================== သိုးတစ်ကောင် သေသွားခဲ့ရင် အကောင်းဆုံးအနွေးထည်နဲ့ ဟင်းတစ်ခွက်ပဲ… သစ်တစ်ပင်သေသွားခဲ့ရင် ပရိဘောဂများနဲ့ ထင်း အသုံးဝင်ဆဲ… လူတစ်ယောက်သာ သေရင်…. ဘာတွေ ကျန်နေရစ်မလဲ… ခင်ဗျားသာ သေရင်…. ဘာတွေ ကျန်နေရစ်မလဲ… စပါးကြီးမွေ သေသွားခဲ့ရင် အကောင်းဆုံး ခါးပတ် ၊ ဖိနပ် ဆေးတစ်ခွက်ချန်ခဲ့ … နွားတစ်ကောင်သေသွားခဲ့ရင် သားရေပြားချပ်များနဲ့ အသား အသုံးဝင်ဆဲ… လူတစ်ယောက်သာ သေရင် …. ဘာတွေ ကျန်နေရစ်မလဲ … ခင်ဗျားသာ သေရင်… ဘာတွေ ကျန်နေရစ်မလဲ… ခင်ဗျားတို့ ကျုပ်တို့ ခေါင်းချ […]


alinsettJuly 20, 20154min1969
အဲဒီညဟာ ညရယ်လို့ စတင်ချိန်ကတည်းက မသင်္ကာစရာ အငွေ့အသက်တွေ ခံစားလို့ ရနေတဲ့ညပဲ။ မကောင်းတာ တစ်ခုခု ဖြစ်လာလိမ့်မယ်ဆိုတဲ့  မလုံခြုံသောစိတ်ခံစားမှုကို တငွေ့ငွေ့ ပေးနေတဲ့ည များလားလို့။ တစ်ခါတစ်ခါမှာ ကိုယ် ထင်တာတွေ ဖြစ်မလာဘူးဆိုပေမဲ့ တစ်ခါတစ်ခါကျတော့ ကိုယ် ထင်မထားတာတွေက မထင်မှတ်တဲ့ထောင့်ကနေ ဘွားခနဲ ရောက်လာတတ်တယ်မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ညတစ်ညဟာ မင်္သာစရာ ညှီစို့စို့အငွေ့အသက်တွေ ရှိနေပြီလို့ တွေးမိလိုက်ချိန်မှာ ကိုယ့်ဘက်က သတိမလွတ်အောင် အမှားမရှိအောင် ကြို တွေး ပြင်ဆင်ရမှာပဲ။ အဲ့လိုနဲ့ ကျနော့်ကားကို တားတဲ့သူတွေကို အကဲခတ်ရတယ်။ သွားမယ့် လမ်းကြောင်းဟာ ရွှေပြည်သာ၊လှိုင်သာယာ ဒါမှမဟုတ် တောင်ဒဂုံ ၊မြောက်ဒဂုံ စတဲ့ နေရာတွေဘက်ဆိုရင် လူလည်းပြတ် နာမည်ဆိုးလည်း ထွက်နေတာမို့ မလိုက်ဖို့ တွေးထားတယ်။ ဒါပေမဲ့ ချွင်းချက်အနေနဲ့ […]


မြစပဲရိုးJuly 16, 20151min19422
မနက် က ရွာထဲ အမြန် ဝင် အကြည့်  ကြောင်ကြောင် ရဲ့ ပို့စ် ခေါင်းစဉ် ကို မြင်ပြီး အသေအချာမဖတ်သေးဘဲ ရန်ထောင် လိုက်မိတာ တွေး ပြီး နဲနဲ ရှက် သွားတယ်။ များများတော့ မဟုတ်ပါဘူး။ 😉 အားလုံး ဖြစ်နေကျ သဘောမှာ ရှိတာဘဲ။ တစ်ဖက်သပ် ကိုယ့်အမြင်၊ ကိုယ့် အတွေး  နဲ့ ဒါဆို သူတော့ ဒီလို ပြောတော့မှာဘဲ။ ဒီလို လုပ်တော့မှာဘဲ ဆို တဲ့ စိတ် ရှေ့တန်းထားပြီး ကိုယ့်ဟာကို ကောက်ချက်ချ တာတို့၊ ဆုံးဖြတ်ချက်ချတာတို့ လုပ်လိုက်ခြင်းပါ။ သိုးဆောင်း မှာတော့ Confirmation bias (or) myside bias ပေါ့။ […]


alinsettJuly 16, 20151min22911
အခုတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ … ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ ချမှတ်ထားတဲ့ စည်းမျဉ်းတွေ ပြန်လည် ပြင်ဆင်ပေးဖို့အရေး တောင်းဆိုချက်သတင်း၊ ကျောင်းသားသပိတ် ၊ အရေးအခင်းကြောင့် ဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူအပါအဝင် ဝန်းရံပြည်သူတချို့ကို အာမခံနဲ့ ပြန်လွှတ်ပေးတဲ့သတင်း၊ မြန်မာပြည်မှာ ပထမဆုံးအနေနဲ့ နိုင်ငံခြားသားများ အမြဲနေထိုင်ခွင့် လက်မှတ် (PR) စတင်း ထုတ်ပေးလိုက်တဲ့သတင်း၊ တပ်မတော် ကိုယ်စားလှယ် ၁၄ဝ ကျော်ရဲ့ ရွေးကောက်ပွဲ ဝင်မယ့်အရေးနဲ့                           သမ္မတ ဦးသိန်းစိန်ရဲ့ ရွေးကောက်ပွဲ ဝင်ခြင်း ဆိုင်ရာ သတင်းအခြေအနေများ၊ မြန်မာ စစ်တပ်အပေါ်ပြည်သူလူထုက အထင်အမြင်လွဲမှားစေနိုင်တဲ့ အပြုအမူ အပြောအဆိုများ ပြုမူပြောဆိုရင် အရေးယူမယ့်အကြောင်း သတင်းထုတ်ပြန်ချက်၊ လက်ရှိ ဖြစ်ပွါးနေတဲ့ မြန်မာတိုင်းရင်းသားဒေသတွေအတွင်းက စစ်ဘေးအခြေအနေသတင်းများ၊ မြန်မာပြည်ဟာ အခုလက်ရှိကာလအတွင်း သွေးလွန်တုပ်ကွေး […]


ムラカミJuly 12, 20154min442840
ဗျို့ သဂျီး ကြည့်မရတာကြာလို့ ဆော်ပြီ မှတ်ပါ။ တခြားဟုတ်ရိုးလားဗျာ။ ရွာထဲ က ပိုစ့်တွေကို Category ခွဲတဲ့ ကိစ္စပေါ့။ ဘယ်လိုခွဲသင့်တယ် ဆိုတာတော့ မပြောပါဘူး။ (ကျနော် က press pro မဟုတ်တာကြောင့်) ဘာတွေ လွဲနေသလဲ ဆိုတာတော့ ဆွေးနွေးချင်ပါတယ်။ ထင်ရာမြင်ရာလည်း ပြောပါအုံးမယ် ရွာသူားတွေလည်း ဘယ်ဟာတိုး ဘာလျှော့ ပြီး ဘယ် sub-category ကို ဘယ် category အောက် ပြောင်းသင့်တယ် ဆိုတာကိုတော့ ဝိုင်းဝန်း ဆွေးနွေးကြစေလိုပါတယ်။ Tag တွေနဲ့ customized ဖြည့်လို့ရတယ်ဆိုပေမယ့် … ခုထက်ပိုပြီး Categories က စနစ်ကျန နေသင့်တာအမှန်။ ဗြုတ်စဗျင်းတောင်း ဖြစ်တယ် ဆိုတာလည်း ဥကိုင် ခညာ […]


alinsettJuly 11, 20152min44429
    အိုးးးးးးဗျ. . . ရလဲ့. . . .ရှေ့မှာ Taxi ငှားဖို့ တားနေပြီ။ ဘက်မှန်ကနေ ဘေးဘယ်ညာကို လှမ်းshow လိုက်တော့လည်း ကျနော်ထက်အရင်ဦးအောင် .ပြေးဝင် ခေါ်တင်မယ့် Taxi ဆိုလို့ တစ်စီးတလေတောင် မမြင်ရ။   ဒါဖြင့် ကျနော် စစထွက်ချင်း .ဈေးဦးပေါက်ဖို့ သေချာသလောက်ပေါ့။ အဟော့။   အင်း။ တားနေတာက အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်။ ပေါင်း နှစ်ယောက်။ သူတို့ ပုံစံက ချမ်းသာတဲ့ လူတန်းစားပုံတော့ မပေါက်ဘူး။ တန်ဖိုးကြီးအဝတ်အစားတွေ ဝတ်မထားဘူး။ ခပ်နွမ်းနွမ်းပဲ။   ဒါပေမဲ့ အဲ့ဒီနှစ်ယောက်ထဲက  အမျိုးသမီးဖြစ်သူကို မြင်ရတာ တစ်ခုခု ပိုပိုကဲကဲ ဖြစ်နေသလားလို့။ ဘာပိုနေသလဲဆိုတော့ အပြင်အဆင် […]