ေမာင္ရိုးOctober 6, 20181min28863
#မောင်ရိုးနှင့် ပရီမီယံဖားပြုတ်ဝီစကီ ~~ . . . အစစ အရာရာဈေးကောင်းနေသောခေတ်တွင် မောင်ရိုးတစ်ယောက်အလုပ်များစွာပြောင်းလဲလုပ်ကိုင်နေရသည် ။ တစ်ခုမကောင်း တစ်ခုပြောင်းရင်းဖြင့် သတင်းထူးသတင်းဦးများကိုနားစွင့်နေရသည်မှာလည်းလက်မလည် . . . ယခုလည်း ထူးထူးဆန်းဆန်းအလုပ်များမောင်ရိုးလုပ်နေပြန်လေပြီ . . . ” ဖားပြုတ် အရှင်လတ်လတ်များဈေးကောင်းပေးဝယ်သည် ” အထက်ပါကြော်ငြာအား သတင်းစာပေါင်းစုံ၊ ဂျာနယ်ပေါင်းစုံနှင့် အွန်လိုင်းတခွင်ပြဲပြဲစင်အောင်ထည့်သွင်းရုံမက လူကိုယ်တိုင်ပင် အရပ်တကာလှည့်၍ ဝယ်ယူနေပြန်သေးသည် ။ ညနေစောင်း မမှောင့် တမှောင်တွင် ဆင်ခြေပုံးရပ်ကွက်များအတွင်း ဖားပြုတ်အရှင်များလိုက်လံဝယ်ယူနေသော မောင်ရိုး၏ အဝယ်တော်များကိုတွေ့ကြရပေလိမ့်မည် ။ မဟုတ်မှလွဲရော . . . မောင်ရိုးတစ်ယောက်တော့ ထမင်းဆိုင်ဖွင့်နေပြီထင့် ! . . . မဖြစ်နိုင်ပါ . . . […]


ဇီဇီOctober 2, 20181min26563
  DIY Home Spa အပိုင်း (၂) လို့ပဲ ဆိုကြပါစို့။ အပိုင်း (၁) က အိမ်မှာတင် ပင်လယ်ဆား အသုံးပြုပုံ ရေးပြီးပြီနော်။ ခုက အိမ်သုံး Scrub တွေအကြောင်းရေး မလို့။ (ကိုးကား – Bright Side) . . ကိုယ်တိုင် ပြုလုပ်နိုင်တဲ့ DIY Scrub အမျိုးအစားတွေ အများကြီးရှိပေမဲ့လည်း အရမ်းလွယ်ပြီး ကိုယ့်ပတ်ဝန်းကျင်မှာတင် ရနိုင်တဲ့ ပစ္စည်းလေးတွေနဲ့ လုပ်ရတဲ့ Scrub တွေကို ရှာရေးထားပါတယ်။ ရေးရင်း ဗိုက်တွေ ဆာလာတာပါဆို။ ခွိခွိခွိ 😛 😛 😛 Scrub ဆိုတော့ သာမာန်သန့်စင် ဆပ်ပြာ Foamတို့ Creamတို့လို နေ့စဉ်သုံးလို့ရတဲ့ အမျိုးအစားမဟုတ်တာမို့ […]


မောင်ဘလိုင်September 24, 20181min4133
အမေရိကန် စာရေးဆရာ George R. R. Martin (၁၉၄၈- ) သည် မြန်မာပြည် စာဖတ်ပရိသတ်နှင့် မစိမ်းပါ။ Game of Thrones ကို ကြည့်ဖူးသူတိုင်း သိကြပါလိမ့်မည်။ ထိုဇာတ်လမ်းတွဲမှာ သူ၏ Song of Ice and Fire ဝတ္ထုရှည်ကြီး ကို မှီငြမ်း၍ ရိုက်ကူးထားခြင်း ဖြစ်ကြောင်းလည်း သိကြပါလိမ့်မည်။ သူ၏ စာရေးခြင်း အသက်မွေးမှုကို အိမ်နီးချင်း ကလေးများအား မကောင်းဆိုးဝါး ဇာတ်လမ်းများ ရေးသား ရောင်းချခြင်းဖြင့် စတင်ခဲ့သည်ဟု ဆိုကြပါသည်။ နောက်ပိုင်းတွင်  Hugo နှင့် World Fantasy ဆုများ ရရှိ အောင်မြင်ခဲ့ပါသည်။ စာဖတ်သူများက သူ့အား အထူးတလည် ဆန်းကြယ်သော ဇာတ်လမ်းများနှင့်သာ […]


ko sixSeptember 22, 20181min19799
===================== မျက်ရည်တွေ လွယ်ထားမနေပါနဲ့။ ကြယ်တွေ နေ့မွန်းတည့်မှာ ကြွေကျနေကြသလို ဘယ်သူမှ မမြင်နိုင်အောင် ငိုတော့။ အလင်းတွေကလည်း ညာတာပါပဲ စူးတောက်တောက် အလင်းတွေက မှောင်မိုက်နေတာနဲ့ မမြင်ရပုံခြင်း မခြားနား။ တိမ်တွေလာတယ် မိုးမပါဘူး။ အဲသလို အိုးအရွဲ့တွေက သံယောဇဉ်အတည့်တွေကိုလည်း မငဲ့တတ် ရည်ငံနေတုန်းခဏ လေထဲမှာ မွှေးရနံ့တွေချည်း ကခုန်နေကြတယ်လို့ ယုံမှတ်။ ဘယ်တော့မှ လျော့ကျမသွားတဲ့မြေကြီးမှာ ပုတ်အဲ့အဲ့အနံ့တွေလှိုင်မှ အချစ်လို့ ထင်မှတ်မိခဲ့တဲ့ ပိဿာလေးဟာ နံကြားထဲ ထွေးကနဲ ထိမှန်။ မင်းတစ်ယာက်တည်း ယူရေနီယံ အဆိပ်သင့်နေတယ် မထင်ပါနဲ့ ငါတို့အားလုံး ဝက်သက်ပေါက်ဖူးပြီးသား အလူးလူး အလိမ့်လိမ့် အသက်လု ကုထားကြရသူတွေချည်း။ ကိုစစ် #အားဆေးလေးပေးပါဦးဟုပြောထားသူအတွက်


Mon LaySeptember 21, 20181min36684
ဒီချုပ်အစိုးရထံ မျှော်လင့်ချက်များစွာထားခဲ့ပြီး  အစိုးရ၏ အခက်အခဲများကို စာနာနားလည်သော်လည်း ငွေကြေးဖောင်းပွမှု ဒဏ်ကို ပြည်သူများ အလူးအလဲခံနေရခြင်းဖြစ်သည်။ ထို့ကြောင့်  ဒေါ်လာကို ဈေးကစားနေမှုများကို အစိုးရက ထိရောက်စွာ အရေးယူရန်လိုပြီး ကျပ်ငွေတန်ဖိုးပြန်မာလာစေရန် စနစ်တကျအစီအစဉ်ဆွဲ၍ အာရုံစူးစိုက်ဆောင်ရွက် ရမည့် အချိန်ဖြစ်ပါသည်။ #credit အမှန်ကိုဆောင်ရွက်ရတော့မည့်အချိန်ဖြစ်သည်။ မဟုတ်ရင် မြန်မာငွေကြေးတန်ဖိုး မဟားတရားကိုကျသွားမယ့်ကိန်းဆိုက်နေပြီ။ ဒေါ်နယ်ထရန့်ကတော့ သူ့ငွေကြေးတိုးတက်အောင် သူကဘက်စုံကြိုးစားမှာပဲ။ သူ့မှာ အမေရိကန်တိုးတက်အောင် ကြိုးစားပိုင် ခွင့်ရှိတယ်။ သူသမ္မတ..ဒါသူ့အလုပ်။ ကိုယ်တွေကလည်း ကိုယ့်ငွေမတက်ရင်အောင် ကျမသွားအောင်လုပ်နိုင်ရမည်။ ခုဆိုဒေါ်လာတက်ရုံမက ရွှေဈေးပါလိုက်တက်တယ်။ ၁ဝသိန်းကျော်သွားပြီ။ ၁ဝသိန်း ၃သောင်းတဲ့။ ကိုယ်က အမြဲလက်စွပ်တို့၊ လက်ကောက်တို့ဝတ်ထားတတ်တယ်။ ခုဆို အိမ်က အကုန်ချွတ်ထားနော်.. ခေတ်ကကောင်းတာမဟုတ်…လုတာထက် သတ် သွားမှ ဟုတ်ပေ့ဖြစ်မယ်ဆိုလို့ ခုဆို Fancy လေးတွေနဲ့ပဲ အလှဆင်ထားရတယ်။ […]


ko sixSeptember 12, 20181min20944
±±±±±±±±±±±±±±±±±±±±± သမိုင်းထဲမှာ ခဲချွန်စက်က မဲဆွယ်တာဖတ်ခဲ့ဖူးတယ်။ မျှော်လင့်ချက်တွေ ပီပီသသဖတ်ရဖို့ စိတ်ရောကိုယ်ပါ မဲသည်းနေအောင် အသက်ရှင်နေတာ။ ခဲတံကလည်း ညည်းတွားပြောတာ သိခဲ့ရတယ် အဖြူအမည်းသိဖို့ ရင်ကိုခွဲပြနေလည်း ခြေနဲ့ပွတ်ရင်တောင်ပျက်တဲ့ မျဉ်းဖြောင့်စာလုံးတွေပဲ ထွက်ကျလာမှာ။ ခုလောလောလတ်လတ် သမိုင်းကို ဖတ်လိုက်တော့ လက်ညှိုးက ပြောတယ် သေနတ်တစ်လက်အတွက် ငါက အူမ မတောင့်သေးဘူး။ လက်သန်းက ပြောတယ် ပြည်သူအတွက် မျက်နှာတစ်ပြင်လုံး အိုးမဲသုတ်ဖို့ အပြင်ဘက်မှာ ရပ်နေတာမှ မဟုတ်တာ။ ကဲ ပဲလှော်ကြားက မင်းတို့သုံးချောင်း သူခိုးမဟုတ်ကြောင်း ထောက်ခံရုံလောက်ပဲလားလို့ ဝိုင်းပြောကြတော့ မဟုတ်ပါဘူး။ ငါ့တို့က ခြံစည်းရိုးနားက ကပ်ကြည့်နေတာပါ။ အစိမ်းသင်းက ဂိုးသွင်းလည်း လက်ခုတ်တီးမှာပါ။ အနီသင်းက ဂိုးသွင်းရင်လည်း ထခုန်ကြမှာပါ။ ဒီနှစ်မှ တန်းတက်လာကြတဲ့ အပြာသင်းတွေ၊ အဝါသင်းတွေ ဂိုးသွင်းပြလည်း […]


သင့်အေးရိပ်September 11, 20181min540010
2018/ဇွန်လထုတ်/ ရွှေအမြုတေမဂ္ဂဇင်းတွင် ဖော်ပြပြီးတဲ့ ကျနော့် ဆောင်းပါးကို သံယောဇဉ်တွယ်နေတဲ့ ဂဇက်ရွာထဲမှာ မှတ်တမ်း ချန်ခဲ့ပါကြောင်း         ကဗျာစာအုပ်ပါးပါးအတွက် ဝေဖန်၊ခံစားမှုပါးပါး ဆရာကျော်စွာခေါင်နဲ့ ဆရာမဝင့်ပြုံးမြင့် ၂ယောက် တွဲဆက် ရေးသားပြီး Journalist Publishing စာအုပ်တိုက်ကနေ ၂၀၁၈၊ မတ်လမှာ တန်ဖိုး ၂၀၀ဝိ/ကျပ်နဲ့ ထုတ်ဝေလိုက်တဲ့ “အချစ် ကဗျာများ” ဆိုတဲ့ ကဗျာစာအုပ်ခပ်ပါးပါးကို ကျွန်တော် ခပ်ပါးပါး ဝေဖန် / ခံစား ကြည့်ပါမယ်။ စကားအတင်း စပ်ပြီး ပြောရရင် ကျွန်တော်တို့ဆီမှာ စာပေ လေ့လာ/ ဝေဖန်သူတချို့က စာအုပ်တစ်အုပ်/ စာပေ အနုပညာ လက်ရာ တစ်ခုကို ဝေဖန်ရာမှာဖြစ်စေ၊ ခံစား ညွှန်းဆိုရာမှာ ဖြစ်စေ ပုံမှန်အားဖြင့် “SUBJECTIVISM” လို့ […]


kotun winlattSeptember 8, 20181min4935
မူရင်းစာအုပ်အမည်- The Road to WANTING မူရင်း စာရေးသူအမည်- WENDY LAW – YONE မြန်မာဘာသာပြန် စာအုပ်အမည် – ဝမ်တိန်အသွားလမ်း မြန်မာဘာသာပြန်သူ အမည် – ဝင့်ပြုံးမြင့် ထုတ်ဝေသည့် စာအုပ်တိုက် – ငါတို့ စာပေ ထုတ်ဝေသည့် ခုနှစ် – ၂၀၁ရ ဇန်နဝါရီ တန်ဘိုး – ၃၅၀ဝ ကျပ် စာမျက်နှာ – ၃၄၃ ၂၀၁ရ ခုနှစ်ရဲ့ နှစ်ဦးမှာ ထုတ်ဝေခဲ့တဲ့ စာအုပ်လေးတစ်အုပ်ဟာ ကျွန်တော့်ဆီကို ဇန်နဝါရီလကုန်ပိုင်းမှာ ရောက်ရှိလာခဲ့ပါတယ်။ အပြင်မှာ လူချင်းမတွေ့ဘူးပေမဲ့ အစ်မရင်းတစ်ဦးလို ခင်မင်ရတဲ့ ဘာသာပြန် စာရေးဆရာမ အစ်မ ဝင့်ပြုံးမြင့်က ကျွန်တော့်လို့ အညတရ စာဖတ်သူတစ်ဦးဆီကို […]


kotun winlattSeptember 8, 20181min5073
#စာအုပ်​သူခိုး မူရင်း စာအုပ်အမည် – The Book Thief မူရင်း စာရေးသူအမည် – Markus Zusak ဘာသာပြန် စာအုပ်အမည် – စာအုပ်သူခိုး ဘာသာပြန်သူအမည် – ရာပြည့် ထုတ်ဝေသည့် စာပေ – မဟာစာပေတိုက် ထုတ်ဝေသည့် ခုနှစ် – 2017 ခုနှစ် အောက်တိုဘာလ စာအုပ်တန်ဘိုး – 6500 ကျပ် စာမျက်နှာ – 654 @@@@@@@@@@@@@@ ဩစတြေးလျ နိုင်ငံသား “Markus Zusak” ရေးတဲ့ “The Book Thief” ဆိုတဲ့ စာအုပ်ဟာ အရောင်းရဆုံး စာအုပ်စာရင်း ဝင်ခဲ့သလို ဘာသာစကားပေါင်း ၃၀ ကျော်နဲ့လည်း ဘာသာပြန်ထုတ်ဝေထားတဲ့ စာအုပ်လို့ […]


ko sixSeptember 4, 20181min14193
======================== တစ်ချို့အတွက် ကံတရားက ပွဲမပြီးသေးဘဲနဲ့ မီးသေလိုက်ရတာမျိုး ရှိတယ်။ ဒါဟာ ဒေါ်လာဈေးတက်တာနဲ့တော့ ဘာမှမဆိုင်ဘူး။ တစ်ချို့ဆိုတဲ့ ရာခိုင်နှုန်းက မင်းနဖူးမှာ ပါလာတာဆိုရင်တော့ ခါးပြီ။ ဒီလိုမျိုး စိန်ခေါ်ပွဲက ငါတို့အားလုံး ဂလက်ဒီရေတာ အကျဉ်းသားတွေပဲ။ မင်း သိထားဖို့က ကိုယ့်အသက်ကို သတ်တဲ့လက်နက်ဟာ ဖြူစင်တဲ့ ကိုယ့်နာမည်ပဲ ဖြစ်ရမယ်လို့ပေါ့။ လူတိုင်းသေရမယ်ဆိုတာ ရိုးရှင်းတဲ့ ခက်ဆစ်ပဲ။ ရှင်သန်နေတဲ့ကာလတစ်လျှောက် ခံနိုင်ရည်ကို ဆေးသွားတင်ထား။ မြေကြီးပေါ်မှာမွေးခဲ့တဲ့ဘီလုံးငှက်တွေတောင် ကောင်းကင်ကို ပိုင်စိုးနိုင်သေးရင် မင်းကလူမဟုတ်ဘူးလား။ ငါတို့အားလုံးဟာ ခဏလေးနေပြီးရင် အသက်ကို ထိုးအပ်ရမယ့်အတူတူ သောကတွေကို ပန်းနဲ့ဖုံးထား။ လောဘတွေကို ပရဟိတနဲ့ဖျော်လိုက်။ ဒေါသတွေကို မြောင်းထဲစွန့်ပစ်။ မောဟတွေကို အိပ်မက်ထဲမှာ ချန်ခဲ့။ နောက်ဆုံး အစားတစ်လုတ်အတွက် အစွယ်ထုတ်ဖို့ ဝန်မလေးကြတဲ့ ဒီတိရိစ္ဆာန်ရုံမှာ တကယ့်ကို […]


သင့်အေးရိပ်September 2, 20181min573415
ဂျူး၏ #သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာကို ဝေဖန်ညွှန်းဆိုချက် (ရွှေအမြုတေ၊ ၂၀၁၈ စက်တင်ဘာလထုတ် မဂ္ဂဇင်းတွင် ဖော်ပြပြီးသည့် ဆောင်းပါး) —————- “ဂျူးရဲ့ ရသခြုံလွှာကို ခံစား၊ဝေဖန်ခြင်း”     ၁။ စာအုပ်အမည် = သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ စာရေးသူအမည်=ဂျူး ထုတ်ဝေခြင်း= ဂျူးစာပေ၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ တန်ဖိုး= ၄၅၀ဝ ကျပ်၊ စာမျက်နှာပေါင်း ၃၅၄ မျက်နှာ။ ၂၀၁၈၊ ဇွန်လထုတ် (…လို့ ပုံနှိပ်မှတ်တမ်းမှာ ရေးထားပေမဲ့ ဇူလိုင်လထဲမှာမှ ဆိုင်ပေါ်ရောက်တဲ့) ဆရာမဂျူးရဲ့ “သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ” အမည်ရှိ စာအုပ်သစ်အကြောင်း နည်းနည်း ပြောပါ့မယ်။ စကားမကျန်အောင် ကြိုရှင်းပြရရင် စာပေလောကမှာ Book Review (စာညွှန်း) နဲ့ Literary […]


ko sixSeptember 2, 20181min3675
================= ကိုစစ်(Physics) (1) ငါဟာ မြေဩဇာချို့တဲ့နေတဲ့ ပထဝီဝင်တစ်ခုဖြစ်ကြောင်း မှော်ကြာတစ်ပွင့်လို ရင်ဖွင့်ပါရစတော့။ တောင်တန်းတွေဟာ လူအထင်ကြီးအောင် တည်ဆောက်ထားခဲ့တဲ့ ငါ့ရဲ့ ညံ့ကွက်တွေပါ။ ချောက်ကမ်းပါးတွေဟာ လူလူသူသူဖြစ်အောင် စတေးခဲ့ရတဲ့ ပတ်ဝန်းကျင်ရဲ့ ထောက်ခံစာတွေပါ။ မြစ်ချောင်းတွေဟာ လုပ်ကွင်းလုပ်ကွက်ဖြစ်အောင် ပုံဖော်ခဲ့ရတဲ့ ငါရဲ့မျက်ရည်တွေပါ။ မီးတောင်တွေဟာ ရဲရဲရင့်ရင့်မြင့်မားအောင် တောက်လောင်ခဲ့ရတဲ့ ခံပြင်းတဲ့ ငါ့ရဲ့မြိုသိပ်ခြင်းတွေပါ။ သစ်တောတွေဟာ ပရဟိတလုပ်နိုင်အောင် ရှင်သန်ခဲ့ရတဲ့ ခြေထိုးခံ ငါ့ရဲ့ ဘဝခြောက်တောတွေပါ။ ပင်လယ်တွေဟာ လူတောတိုးနိုင်အောင် လှိုင်းထခဲ့တဲ့ ငါ့ရဲ့ ငံကျိကျိအော်ဟစ်သံတွေပါ။ ဘာပဲဖြစ်ဖြစ် ငါဟာ လူမသိသူမသိနဲ့ မီးသင့်ကျောက်လို မာမာကျောကျော အေးခဲနေခဲ့တာ မြောက်ပြန်လေတွေ တိုက်မလာသေးခင်အထိပေါ့။ (2) ညက မှော်ဆန်တယ်ပဲပြောရမလားပဲ။ ဝင်ရိုးစွန်းအရပ်လို အဆုံးမဲ့ညသံသရာကို မောင်းနှင်နေတယ်။ ပစ်တင်လိုက်တဲ့မြားတွေက မမြင်နိုင်တဲ့ ညနက်နက်မှာ […]


CourageAugust 31, 20181min33777
ပေါက်ပန်းလေးဆယ် စကားဝိုင်း – ၂ (ဗုံးခွဲခြင်း)           ‘ကိုယ်တော်ရာ ကျွန်တော်တော့ဖြင့် ဟိုနေ့ကလုပ်သွားတဲ့ ရသစာပေစကားဝိုင်းမှာ ဦးဆောင်ဆွေးနွေး သွားတဲ့သူကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထက် သမ္မတဟောင်းကြီးကဆွေးနွေးတာကို ပိုပြီးမြင်ချင်တာပဲဗျာ’ ‘ဖူး… ဖလူး… ဖူး’ ကျွန်တော့စကားအဆုံးတွင် တူးဝေးကိုယ်တော်တစ်ယောက် သောက်နေသော ကော်ဖီများပါးစပ်အတွင်းမှ ထွက်ကျလောက်အောင်ပင်သီးသွားသည်။ ‘ဘာတုံးဟ မင်းစကားကြီးက အလန့်တကြားနိုင်လိုက်တာ။ ငါသောက်နေတဲ့ အိတ်စ်ပရစိုတောင်သီးတယ်’ တူးဝေးကိုယ်တော်ရဲ့စကားအဆုံးမှာ အားရပါးရရီမိသည်ကတော့ ကျွန်တော်။ ‘ဟား…ဟား…ဟား။ ဖြစ်မှဖြစ်ရလေကိုယ်တော်ရာ အိတ်စ်ပရစိုတဲ့။ နတ်စ်ကော်ဖီတောင် နို့စိမ်းမပေါက်နိုင်လို့ ပလိန်းပဲသောက်နေရတာများ’ ‘ဟ ဟိတ်ကောင်ရ။ လူဆိုတာကိုယ်ထင် ကုတင်ခြေလေးချောင်းကွ။ ငါ့ပါငါနတ်စ်ကော်ဖီကို အိတ်စ်ပရစို အထင်နဲ့သောက်ရတာ ဘုဂရုစိုက်မတုံး’ ‘ထားပါလေ ထားပါ။ ခင်များပြောသလိုပဲ ကိုယ်ထင်ကုတင်ခြေလေးချောင်းပေါ့’ တူးဝေးကိုယ်တော် ကော်ဖီကို အားပါးတရမော့သောက်လိုက်ပြန်ကာ ‘နေစမ်းပါဦး မောင်ကာကြီးရ။ ဘာတဲ့မင်းစကားကြီးက […]