kaiFebruary 17, 20111min1639
မနေ့က … ၁လ၊၁၁ရက်၊၁၁ခုနှစ်… တစ်ငါးလုံးဆုံတဲ့နေ့နော်။ အမေရိကားကလူငယ်လေးတွေလိုအမှတ်တရလက်ထပ်လို့ကလဲ မဖြစ်နိုင်တော့၊ တခြားထူးထူးခြားခြား ဘာများလုပ်ရရင်ကောင်းမလဲလို့ ကျုပ်စဉ်းစားကြည့်မိတယ်။ ဒါမျိုးက နှစ်ပေါင်း၁၁နှစ်ကြာမှ တခါသာကြုံရရတဲ့ရက်နော်။ မရှေးမနှောင်းကကျော်လွန်လာခဲ့တဲ့ ၁လ၊၁ရက်၊၁၁ခုနှစ်။ တစ်လေးလုံးဆုံခဲ့တဲ့နေ့တုန်းကကျတော့လဲ နှစ်ဆန်းတရက်နေ့ New Year Day နဲ့ထပ်နေတော့၊ သူတို့နှစ်သစ်ကူးပွဲတွေနဲ့ရောပြီး ဝေလေလေဖြစ်သွားခဲ့တယ်။ သည်တခါတော့ အဲလိုမဖြစ်ရအောင် လေးလေးနက်နက်ထိုင်စဉ်းစားတယ်။ သည်မှာမေ့မရနိုင်တဲ့ ရှစ်လေးလုံးက ခေါင်းထဲရောက် လာတော့တာပဲ။ ဒီမိုကရေစီလူ့အခွင့်အရေးအပြည့်အဝရရှိရေးအတွက် စတင်ဆန္ဒပြတိုက်ပွဲဝင်တဲ့နေ့။ မဆလအစိုးရသုံးကြိမ်သုံးခါ ပြုတ်ကျအောင်လုပ်ဆောင်နိုင်ခဲ့တဲ့နေ့။ ဒါပေမယ့်ပြည်သူတသိန်းကျော် ထွက်ပြေးခဲ့ရပြီး သုံးထောင်ကျော်အသတ်ခံရတဲ့နေ့။ ပြီး တမျိုးသားလုံးအကြော်ဆီပူအိုးထဲကနေအောက်က မီးဖိုထဲခုန်ချကြရတဲ့နေ့။ ဘယ်မေ့ပါလိမ့်မလဲ။ ဒါပေမယ့်မနေ့ကလို ဂဏန်းငါးလုံးဆုံရမယ့်နေ့..ကိုတွက်ကြည့်လိုက်တော့ အနာဂတ်မှာ နောင်၁၁နှစ်ကြာရင် ၂၂ရက် ၂လ ၂၀၂၂ခုနှစ် တခုပဲတွေ့ရတော့တယ်။ အဲ… ရှစ်ဂဏန်းငါးလုံးဆုံတဲ့နေ့ တော့ရှိပါရဲ့။ ၈လ ၈ရက် ၁၈၈၈ခုနှစ်ကဖြစ်တယ်။ နှစ်ပေါင်း၁၂၂နှစ်လွန်ခဲ့ပြီ။ […]


(2)“ရှေးရှေးက ကဗျာများထဲမှ တောသူတောင်သား များရဲ့ဘဝ”(ဦးဆောင်း) “ချဉ်ပေါင်ညို “ အယဉ်ငယ်ကြီးပါတဲ့ ဇနီးရယ်ပျော်လို၊ ဖျဉ်းနားတိုတွင်၊ချဉ်ပေါင်ညိုပေါ်စဖူးရယ်နှင့်၊ ငါးလူးငယ်မျှင်မျှင်၊ကြေးမသင်ရေလုံပြုတ်ပါလို့၊ အင်ကုပ်ကယ်ကျယ်ကျယ်နှင့်၊ မင်းဘွယ်စိုးရ လောက်ပေလေး။ လယ်ထွန်ပြန်တွင်၊ နွားကန်ပစ်ချ၊ ဆာမွတ်ချိန်ကျသောကြောင့်၊ ဆံစလိပ်ခွေ ဖားလျားဝေနှင့်၊ အိမ်နေသူသက်ပန်၊ချက်ပြောင်းဆန်ကို၊ တပန်းကန်ကုန်အောင်၊တက်တက်သာပြောင်တော့၊ ကိုတောင်သူအနေ၊ပိုက်ဝမ်းရေပါတ်လည်ကျရယ်နှင့်၊ ယဉ်လှတယ်လေး။ အမရပူရခေတ်စာဆိုတော် ဦးဆောင်းရဲ့လက်ရာမွန်ကဗျာများထဲမှတပုဒ်ဖြစ်ပါတယ်။ ဦးဆောင်းကတော့ 1181ခုနှစ်တွင်နန်းတက်တဲ့စစ်ကိုင်းမင်း(ဘကြီးတော်ဘုရား)လက်ထက် မှာ် ပေါ်ပေါက်လာသောစာဆိုတစ်ဦးဖြစ်ပါတယ်။ လွမ်းချင်းများအရေးများတဲ့အပြင် တောရွာများမှတောင်သူလယ်သမားတို့ဘဝကို ခပ်သောသောလေးနဲ့ ဖတ်သူပြုံးအောင်ဖွဲ့ဆိုတတ်တယ်လို့ ခံစားမိပါတယ်။ ဦးဆောင်းနှင့်ခေတ်ပြိုင်ဟုယူဆနိုင်သူများမှာ မြဝတီမင်းကြီးဦးစ၊ခင်ဆုံ၊ဦးအိ၊ဦးလွမ်းပြေ၊ဦးရွှန်းတို့ဖြစ်ကြတယ်လို့ သိရဘူးပါတယ်။ အများအားဖြင့်လွမ်းချင်းများကိုရေးသားတတ်ပါတယ်။ ဒီ“ချဉ်ပေါင်ညို “ဆိုတဲ့ကဗျာလေးကတော့ မူရင်းနာမယ်ဟုတ်ချင်မှလဲဟုတ်ပါမယ်။ တောင်သူလယ်လုပ်တစ်ဦးရဲ့တစ်နေ့တာထမင်းတစ်နပ်အကြောင်းကို ရိုးရိုးလေးဖွဲ့ဆို ထားတဲ့ကဗျာဖြစ်ပါတယ်။ ပေါ်ဦးပေါ်စ ချဉ်ပေါင်ညို အဖူးလေးတွေရယ် “ငါးလူး” အကောင်သေးသေးလေးတွေကို မြေအိုးခပ်သေးသေးထဲ ထည့်လို့ရေလုံပြုတ်လိုက်ပါတယ်။ သူရဲ့ယဉ်ကျေးလှပတဲ့ဇနီးသည်ချက်ထားတဲ့ဟင်းကတော့ မင်းစိုးရာဇာတွေ အတိုင်း ခမ်းနားတယ်လို့ ခပ်ငေါ့ငေါ့လေးဖွဲ့ဆိုထားပါတယ်။ […]


kaiJanuary 17, 20113min1424
ဒုက္ခရောက်နေလို့ ..ပိုက်ဆံပို ့ပေးပါ..ဆိုတဲ့အဓိပါယ်ပေါက်တဲ့ အီးမေးလ် အခုတင်ဝင်လာပါတယ်..။ ရဖူးတာလည်း ခု၁-၂နှစ်တင် ၃-၄စောင်..အလိမ်ခံရတာကြားတာလည်း ၂ခါဆိုတော့…ဒါကလုပ်ကြံ-လန်ကြုတ်ဇတ်လမ်းဆိုတာသိသမို ့..ချက်ချင်းကို တင်ပေးလိုက်တာပါ..။ အခုအီးမေးလ်မျိုးကို ..အများအားဖြင့် ကိုယ့်အီးမေးလ်ပတ်စ်ဝပ် ..အခိုးခံရပြီးမှ .. သူခိုးတွေက..အကောင့်ထဲကအီးမေးလ်တွေဆီပို ့တတ်တာမို ့.. နောက်အီးမေလ်းတခုထပ်မရှိရင် ကာယကံရှင်အီးမေးလ်ခိုးခံရသူခမျာ တော်တော်ဒုက္ခရောက်ပါတယ်..။ အသည်းအသန်လိုက်ဖြေရှင်းရလို ့ပါ..။ ကြားထဲက..ကာယကံရှင်နဲ့အရမ်းခင်တဲ့သူတွေခမျာ… အချောင်စိတ်တွေပူပြီး ငွေတွေပို ့ချလိုက်တတ်ပါတယ်..။ ပလုံ… ဆိုတာကမှ ..ရေထဲခဲကျရင်အသံထွက်သေး.. .။အဲလိုငွေပို ့လို့ကတော့… ကဲ..အောက်မှာ အော်ရီဂျင်နယ်အီးမေလ်း..။ အမည်ကိုဖျက်ထားပါတယ်..။ Hello, I ‘m quite sure you are okay.Presently,i am not okay.I had an Urgent trip to Edinburg 2 days […]


kaiJanuary 15, 201110min22513
တောင်ပိုင်းကယ်လီဖိုးနီးယားမြန်မာအသင်းဥက္ကဌ ဒေါက်တာဇော်ထွန်းမိတ်ဆက်ပေးသဖြင့် ဟောလီးဝုဒ်ရုပ်ရှင်သရုပ်ဆောင်၊ ထုတ်လုပ်သူ၊ တီဗီအစီအစဉ်တင်ဆက်သူ Adrian Zaw (ကြည်မောင်ဇော်)နှင့်လော့စ်အိန်းဂျလိစ်မြို့ မွန်ထရီပတ်ခ်မြို့နယ်ရှိ အောင်ဇေခန်းမတွင်၂၀၁ဝဒီဇင်ဘာလ၆ရက်၌ တွေ့ဆုံစကားပြောခဲ့ပါသည်။ ၁၉၈၉ခုနှစ်၊ ၅နှစ်သားအရွယ်တွင ်မိဘနှင့်အတူ အမေရိကနိုင်ငံသို့ ပြောင်းရွှေ့ရောက်ရှိ လာသည့် Adrian Zaw သည် လက်တွေ့’ အမေရိကန်အိပ်မက်’၌ကြုံတွေ့ရသော အခက်အခဲပေါင်းများစွာကို မိသားစုနှင့်အတူ ရုန်းကန်ကြိုးစားခဲ့ရပြီး စီးပွားရေးအခြေအနေအရအိမ် ပေါင်းများစွာ ကျောင်းပေါင်းများစွာ ပြောင်းရွှေ့ကာကျောင်းတက်ခဲ့ရသူတဦးဖြစ်သည့်အလျှောက် ငယ်စဉ်ကပင်နေရာဒေသပေါင်းများစွာ၊  သူငယ်ချင်းပေါင်းများစွာနှင့်ပြောင်းလဲ ဆက်ဆံခဲ့ရသည်။ ထိုအကျိုးကျေးဇူးကြောင့်ပင် လူအများနှင့်ဆက်ဆံမှုတွင်အောင်မြင်သူတဦးဖြစ်လာခဲ့သည်။ ထိုစဉ်အချိန်ကကွန်မြူနတီတွင ်မြန်မာလူမျိုးမများသဖြင ့်မြန်မာသူငယ်ချင်းမရှိပဲ အိမ်တွင်တီဗီကြည့်ရင်း၊ရုပ်ရှင်ဇာတ်ကားများကြည့်ရင်း ငါးပိသံထွက်အင်္ဂလိပ်စကားပြောအဆင့်မှ အဆင့်မှီမေရိကန်သံထွက် အင်္ဂလိပ်စကားအဆင့်ရောက်အောင်ကြိုးစားနိုင်ခဲ့သည်။ ၁၉၉ရခုနှစ်၊အသက်၁၃နှစ်အရွယ်တွင် သူတက်နေသောကျောင်းသို့ Career Day အတွက် လုပ်ငန်းဘာသာရပ်ပေါင်းစုံမှ ပရော်ဖက်ရှင်နယ်များလာရောက်ဟောပြောကြရာ ရုပ်ရှင်လုပ်ငန်းအတွက် ဟောပြောသူအမျိုးသမီးကရုပ်ရှင်သရုပ်ဆောင်တဦးအနေဖြင့်ပျော် ရွှင်စရာကောင်းပုံ၊ ကစားနည်းပေါင်းများစွာကို ကစားရပုံ၊ရုပ်ရှင်ရိုက်ကွင်းတွင် အစားအစာများကိုကြိုက်သည့်အချိန်တွင်အခမဲ့စားသုံးရပုံများကို ဟောပြောသွားသည်ကိုကြားရပြီးနောက […]


kaiJanuary 15, 20111min1102
မိုးကုပ်စက်ဝိုင်းမှာတော့ မုန်တိုင်းမိုးတိမ်တွေက ဆင်နေဆဲပါ မမခင်ဦးစံပယ်။ တောင်တွေက မြင့်မြင့်လာတယ်။ တောတွေက နက်နက်လာတယ်။ မြစ်တွေက ကွေ ့ကွေ ့လာတယ်။ ၃၃လမ်းကတော့ လမ်းတိုကလေးပါပဲ။ ဒါပေမဲ့ ကဗျာဆရာတွေရဲ ့ ဒုက္ခကတော့ ရှည်လျားလှပါတယ်။ မနေ ့တစ်နေ ့က မိုးကြီးတစ်မ ရွာချခဲ့တယ်။ ၃၃လမ်းဟာ မိုးရေထဲမှာ လန်းဆန်းသွားမယ်။ ၃၃လမ်းထိပ်က ခရေပင်ရိပ်ကလေး အခုရှိသေးလား မမခင်ဦးစံပယ်။ ၃၃လမ်း ကျနော်လွမ်းတယ်။ သူငယ်ချင်းတွေ ရဲဘော်တွေ မိတ်ဆွေတွေ အဲဒီမှာဆုံနေကျ ၃၃လမ်း။ တစ်ယောက်ပခုံးသားထဲ တစ်ယောက်ကျုံ ့ဝင် ရာဇဝင်ကိုထမ်းခဲ့ကြ ၃၃လမ်း။ ဆရာဒဂုန်တာရာပြောတဲ့ ပျားအုံခံစားမှု အနုပညာသံမဏိ ၃၃လမ်း။ ဒီ၃၃လမ်း ကျနော်လွမ်းတယ်။ ၃၃လမ်း ညနေချမ်း ဇာတ်ခုံပေါ်မှာ ဂန္ဒမာတောင်ဇာတ်ဝင်ခန်း။ ၃၃လမ်းရဲတိုက်ကနေ ကဗျာဆရာတွေ […]


kaiOctober 28, 20101min590
အလွမ်း နီးသလိုလိုနဲ့…အဝေး။ ဝေးသလိုလိုနဲ့ …အနီး။ သက်တန့်မြစ်ရစင်းစာ ဖူးငုံသီကြွေ…..။ နွေအနမ်းတိုင်းမှာ ဆောင်းကြွင်းမီးခိုးပွင့်တွေကမညှာမတာ အဲ့ဒီ့မျက်ဝန်းတချက်ဆို ဟောဒီ့ကောင်းကင်ကြီးတခုလုံးဟာလဲ ပတ်ကြားအက်။ ရာသီတော်၁၂ပါးရဲ့ အလင်းမဲ့အမှောင်မဲ့ အကြားမဲ့အမြင်မဲ့ ရုပ်မဲ့နာမ်မဲ့ ရှိခြင်းတရားမရှိခြင်းတရားများ….. သင်တို့အား ယခုအချိန်သက်ပြင်းတရှိုက်စာ စွန့်ခွာခွင့်ပြုပါ။ ”…..ကျမသည် မျက်ကန်းမဟုတ်သော်လည်း တစ္ဆေနှင့် ရဲတင်းလွန်းသူ….” (ခရမ်းရင့်ရောင် ဒုတိယပတ်ဒိုင်ယာရီ) နီးသလိုလိုနဲ့…အဝေး။ ဝေးသလိုလိုနဲ့ …အနီး။ အဝေးဆုံးကြယ်နှစ်ပွင့်ရဲ့အလင်းနှစ်တိုင်းဟာ အဝေးဆုံးကြယ်နှစ်ပွင့်အတွက် အနီးကပ်ဆုံးချစ်ခြင်းမေတ္တာဖြစ်တယ်။ မွန်ဒရာ မှတ်ချက်။  ။ မန္တလေးဂေဇက် အောက်တိုဘာထုတ်တွင်ဖေါ်ပြပြီး


kaiAugust 21, 20101min1787
ပြည်တွင်းပြည်ပကဧည့်သည်တွေလေယာဉ်နဲ့လာလာ သင်္ဘောနဲ့လာလာ ရထားလမ်းကားလမ်းကလာလာ မကြာခင် ရန်ကုန်ကို ရောက်တော့မယ်ဆိုတာ ဘယ်သူကမှ လက်မတို့ ပြောမပြ မကျေညာလဲ ခရီးသည်တိုင်းကသိနှင့်ကြပါတယ်။ ဘာကြောင့်လဲဆို တော့ ‘ရွှေပြောင်ပြောင် တောင်ပေါ်ကဘုရား’ ‘အဝေးကပင်မြင်နိုင်ပါသည်’ဆိုသလိုရွှေတိဂုံ စေတီတော်ကြီးကို လှမ်းဖူးမြင်နေကြရလို့လေ…။ သိတယ်နော်၊ ရွှေတိဂုံစေတီတော်ကြီးကို အရပ်၁ဝမျက်နှာရှုထောင့်ပေါင်းစုံကဓာတ်ပုံရိုက်ပြီး ရောင်စုံပုံနှိပ်ထားတဲ့သတင်းစာအရွယ်ဧရာမဓာတ်ပုံပဒေသာ စာအုပ်ကြီးကလဲရှိနှင့်ပြီ။စာအုပ်ကြီးထဲမှာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်အဆင့်ဆင့်နဲ့ငှက်ပျောဖူးတော်တွေကိုချည့်သီးသန့်အနီးကပ်ရိုက်ကူးပြီး ကပ်လှူပူ ဇော်ထားကြတဲ့ ကျောက်သံပတ္တမြားစိန်ထည်ရွှေ ထည်တွေ အနမတဂ္ဂကိုလဲ မြင်တွေ့နိုင်ကြပြီ။ ပြီး ငှက်ပျောဖူးကနေအောက်ကြာမှောက်ကြာ လန်ဖေါင်းရစ်ပန်းဆွဲအထိအပြီးတိုင် ကပ်လှူပူ ဇော်ထားတဲ့ ရွှေပြားထုရွှေသင်္ကန်း အနီးကပ်မြင်ကွင်းတွေ နဲ့ စေတီတော်ကြီးရဲ့ သမိုင်းကြောင်းကို မြန်မာ အင်္ဂလိပ်နှစ်ဘာသာနဲ့ရေး သားပုံနှိပ်ထားတာတွေ စသဖြင့်ကလဲ ပြည့်ပြည့်စုံစုံရှိနှင့်ပြီ။ ဆိုတော့ခါကျုပ်ဘာမှအကျယ်တဝင့်ထပ်ချီးမွမ်းခန်းဖွင့်ပြောနေစရာမလိုတော့ပါဘူး။ ဒါပေမယ့်အားမလိုအားမရပြောရရင် ကျုပ်တု့ိ မန္တလေး ရွှေမြို့တော်ကြီးကရန်ကုန်လိုလဲအဝေးကနေလှမ်းမမြင်ရပါလား။ မြွေကြီး၂ကောင် မန္တလေးတောင်ဆိုတာကလဲ အလင်္ကာစာပေတွေထဲမှာသာ […]


kaiAugust 19, 20101min2563
လူတိုင်းဟာ မွေးကတည်းက ဖြူစင်သည့်နှလုံးသား ပိုင်ရှင်တွေချည်းပါပဲ။ အကြောင်းအမျိုးမျိုးရဲ့ လွှမ်းမိုးမှု ကြောင့် အရောင် အမျိုးမျိုး ဆိုးခြင်းကို ခံရတာပါ။ အရောင်ဆိုးခံရ မခံရမှုမှာ မိမိအပေါ်တွင် အဓိက မူတည်ပါသည်။ တစ်ခုတော့ သေချာသည်။ အဖြူတွင် အရောင် ဆိုးခံမိပါက မလွယ်သည်ကို သတိပြုပါ။ အဆိုးခံရမှုများလေ ဘဝတစ်သက် ချေဖျက်ရန် ခက်လေပင်။ မည်သူမပြု မိမိမှု၊ မိမိဖောက်ထားသည့်လမ်းအတိုင်း မိမိလျှောက်ရမည်သာတည်း။ ကံကြမ္မာတရားက မျှတသည်။ မျက်နှာ မလိုက်တတ်ပေ။ ကျွန်တော် ဒီဆောင်းပါးကို ရေးချင်တာ ကြာပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်ခဲ့ပါ။ ယခု ရေးဖြစ်သွားပြီ။ ရေးချိန်တတ်ပြီဟု ယူဆလို့။ ဖြစ်ရပ်က ထူးခြားသည်။ ဆန်းကြယ်သည်။ တမင် ဖန်တီးလို့လဲ မရပါ။ မှတ်သားစရာလဲ အင်မတန်ကောင်းတာမို့ အဖြစ်မှန်ကို တင်ပြလိုက်ရပါသည်။ […]


kaiAugust 15, 20101min1470
အမေရိကန် ယဉ်ကျေးမှု ဆိုတာကိုDiversity of Culture ယဉ်ကျေး မှုအမျိုးမျိုးကိုပေါင်းရုံးဖွဲ့စည်းထားတာဖြစ်တဲ့ အတွက်အာရှယဉ်ကျေးမှု၊အာဖရိကယဉ်ကျေးမှုအစရှိသည်ကလဲအမေရိကန်ယဉ်ကျေးမှုဖြစ် နေ ဖြစ်ဆဲ ဖြစ်လာလတံ္တတွေပါပဲ…တဲ့။ အခုကြွရောက်လာကြတဲ့ပရိသတ်ကိုကြည့်ရင် လဲအမေရိကန်တွေနဲ့အတူ အိနိ္ဒယ၊ပါကစ္စတန်၊ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ ဖိလိပီနို နဲ့ လာအို၊ ဗီ ယက်နမ်၊တရုတ်စတဲ့ အာရှနိုင်ငံသားတွေတစု တဝေးထဲရှိနေကြတာတွေ့ရပါလိမ့်မယ်…တဲ့။ ဒါကဘာကိုဖေါ်ပြသလဲဆိုရင် ဒီမိုကရေစီ လူ သားဝါဒရဲ့ အလံတော်အောက်မှာ စုစည်းညီညွတ်တဲ့အင်အားကိုပြသတာပါပဲ…တဲ့။ သည် ညီညွတ်မှုအင်အားကြောင့်လဲ သည်ကနေ့သည် နေရာလတ်ဗေးဂတ်စ်မြို့ရဲ့ ကျက်သရေဆောငInternational American Club ခန်းမကြီး ထဲမှာ အာရှနိုင်ငံများရဲ့ ရိုးရာယဉ်ကျေးမှု ပဒေသာကပွဲကြီးကို အောင်အောင်မြင်မြင် ခမ်းနားသိုက်မြိုက်စွာ ကျင်းပနေနိုင်ကြတာ ဖြစ်ပါ ကြောင်း…စသည်ဖြင့် နီဗားဒါးပြည်နယ်ရဲ့ ကွန်ဂရက်လွှတ်တော်ကိုယ်စားလှယ် Shelly Berkley က အဖွင့်မိန့်ခွန်း ပြောကြားသွား ပါတယ်။ […]


kaiMarch 3, 20101min3282
၁၉၇ဝ ပတ်ဝန်းကျင် (၁၉၇၄) ဖွဲ့စည်းပုံအခြေခံဥပဒေ မရေးဆွဲမှီ) ကမြန်မာနိုင်ငံတဝှမ်းလုံးတွင် လှည်းနေ လှေအောင်းမြင်းဇောင်းမကျန် လုဦးရေစာရင်းကောက်ယူခြင်းကို အတော် ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ခဲ့သည်။  လေ့လာမိသလောက် မြန်မာနိုင်ငံတွင် ယင်းစစ်တမ်းကောက်ယူခြင်းသည် မြန်မာ့သမိုင်းတွင်အကျယ်ပြန့်ဆုံးနှင့်အထိရောက်ဆုံးတခုဖြစ်ခဲ့သလို ယနေ့ယခုမြန်မာနိုင်ငံ၏ လူဦးရေကိုအခြေခံသော စီးပွားရေး၊လူမှုရေး နှင့်အုပ်ခုျပ်ရေးဆိုင်ရာကိစ္စ အတော်များများကိုများစွာအထောက်အကူပြုခဲ့ကြောင်းတွေ့ရပါ သည်။ ယခုအခါ စစ်အစိုးရကစီစဉ်ထားသော လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက်ကြို တင်ပြင်ဆင်သည့်အနေဖြင့် နိုင်ငံသားစိစစ်ရေး ကပ်ပြားများကို အသစ်တဖန်ပြန်လည်ထုတ် ပေးနေကြောင်းသိရသည်။ ကိုယ့်နိုင်ငံမှာမွေး၍ ကိုယ့်နိုင်ငံသားအဖြစ်ပြန်လည်လျှောက်ယူရခြင်းမှာ မဖြစ်စကောင်းသောကိစ္စပင်မဟုတ်ပါလား။ မိမိမွေးရင်းဒေသတိုင်းရင်းသား(ဝါ)နိုင်ငံသားအဖြစ်မှ နှုတ်ပယ်နိုင်သောအခွင့်အာဏာဟူသည်မည်သူ့ထံတွင်၌မရှိပါ။ နိုင်ငံတော်ကိုသစ္စာဖေါက်ဖြိုခွဲရန်ကြံစည်ခြင်း မှတပါး ယင်းမွေးရာပါအခွင့်အရေးကိုမည် သည့်အာဏာပိုင်ကမျှ ရုတ်သိမ်းခြင်းနှုတ်ပယ် ခြင်းမပြုနိုင်ပါ။ မြန်မာနိုင်ငံနယ်နမိတ်အတွင်းမွေး ဖွားသူတိုင်းရင်းသားအပေါင်းတို့သည် ဘယ်နိုင် ငံဘယ်ဒေသရောက်ရောက်၏ဘယ်လောက် ပင်ကြာကြာ၊ဘာတွေပင်ဖြစ်ဖြစ် မုရင်းမြန်မာ နိုင်ငံသားများပင်ဖြစ်ကြလေသည်။ ယခုအခါတွင် အစိုးရကိုဆန့်ကျင်သူများသည် ယင်းမွေးရာပါ အခွင့်အရေးများကြက်ပျောက်ငှက်ပျောက် ဖြစ်ကြလေကုန်သည်။ မောင်မိုးညိုတို့အပါအဝင် […]


kaiJanuary 3, 20101min4530
ကျုပ်  မှာ ကျုပ်တို့တူတူမတွေ အား လုံးက’မေမေကြီးကြီးလို့ခေါ် ရတဲ့ကြီးဒေါ်ကြီးတယောက်ရှိတယ်။ ကျုပ်ရဲ့အမေ့မှာမွေးချင်းညီအမငါးယောက်ကြီးများတောင်ရှိခဲ့ပေမယ့် ကျုပ်အမေအ ပါအဝင်အိမ်ထောင်ရှိတဲ့ ညီအမသုံးယောက် လုံးကကျတော့ရှားရှားပါးပါးသားသမီးတယောက်စီပဲမွေးခဲ့တယ်။ အမေ့အောက်ကကျန်နှစ်ယောက်ဆိုရင်တယောက်ကအိမ် ထောင်ရှိရက်နဲ့ သားသမီးလုံးဝမထွန်းကား ဘူး။ အမေ့ညီမအငယ်ဆုံးကျတော့သက်ဆုံးတိုင် အပျိုကြီးဘဝနဲ့အရိုးထုတ်တယ်။မျိုးဆက်ကိုပြတ်ကရော။ ဆိုတော့ကာ ကျုပ်မှာတဝမ်းကွဲဆိုပါတော့။ညီမနှစ်ယောက်ရှိတယ်။ကြုံရပုံကကျုပ်တို့ မောင်နှမသုံးယောက်ကိုလဲအမေတွေက ချိန်းဆိုတိုင်ပင်ပြီးမွေးကြလေရော့သလား အောက်မေ့ရတယ်၊တယောက်နဲ့တယောက် ကမီးဝင်မီးထွက်တွေချည့်ပဲ။ပြီးတော့အဲဒီ ခေတ်ကအခုခေတ်လိုမဟုတ်ဘူး။ ဆွေသံ ယောဇဉ် မျိုးသံယောဇဉ် အင်မတန်ကြီးကြ တော့၊ ကျုပ်တို့ အဖိုးအဖွား မိဘအရိပ် အောက်မှာ သည်တပြုံတမကြီးက ဥမကွဲ သိုက်မပျက်နေကြတယ်။ အတောင်အလက် တွေစုံ၊ပညာတွေတတ်၊အလုပ်အကိုင်တွေ ရ၊ အိမ်ထောင်တွေကျကြလဲ ရေကြည်ရာ မြက်နုရာခွဲခွါမသွားကြဘူး။ ဘိုးဘွားပိုင် အုတ်တံတိုင်းကာ ဧရာမခြံဝန်းကျယ်ကြီး တကွက်ထဲမှာပဲ ကိုယ့်သီးသန့်အိမ်ကလေး တွေနဲ့ကိုယ်နေကြတယ်။ကျုပ်အဒေါ်တွေ နဲ့အိမ်ထောင်ကျကြတဲ့ ကျုပ်ဦးဦးတွေကလဲ ကျုပ်အထင် ပြောရရင်တော့ နဖါးကြိုးအ ထိုးခံထမ်းပိုး အကျင့်သူတော်ကောင်းတွေ […]