ဒုတိယသမဒနေရာအတွက် သင့်တော်သူတဦး ရွေးချယ်ရန် ဂေဇက်နိုင်ငံလွှတ်တော်အတွင်း တီးတိုးသဖန်းတိုး ဆွေးနွေးနေဂျသည်။ တိရစာ္ဆန် အကောင်ပလောင် မဟုတ်မည်မှာတော့ သေချာလှသည်၊ အသို့ဆိုလျင် လူသားစင်စစ်သာ ဖြစ်ရဗေမည်။ ထို့ထက်သေချာအောင် ပြောရဗာက စစ်တပ်ကိုယ်စားလှယ် အစုအဖွဲ့မှ ရွေးချယ်လိုက်သော စစ်ဗိုလ်ဂျီးတယောက်သာ ဖြစ်ခွင့်ရှိလသီ။ မည်သူဖြစ်မည်နည်း… လွန်ခဲ့သော ဆယ်စုနှစ်ကျော်နှစ်ခုခန့်က ဂေဇက်တိုင်းပြည်ဂျီးအား တပ်ချုပ်ကြောင်ကြီးမှ စီမံအုပ်ချုပ်နေရာမှ ဓါးမကပ်ထိက ဘတ်ဒန်တဇောက်ထိုး တယားနာရသည်တွင် ကိလေသာနှင့် အပြုအမူကွဲပြားပုံ သိမြင်သွားပီး နားအေးပါးအေး အိမ်တွင်ယုတ်တရား အားထုတ်နေဒါ့သည်။ တပ်မဒေါ်မှ ဒုတိယသမဒ အသစ်ရွေးပေးရန် ညွှန်ကြားချက် တောင်းခံသော်လည်း အင်တာနက်ရှိ သဇင်ဂလေး၏ ချစ်ဇောဟုန် အမ်ပီဖိုးရုပ်သံဖိုင်လောက် စိတ်မဝင်စားတော့ဂျေ။ မြန်မာ့တပ်မဒေါ်ဂျီးဃါး ယခုမှ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရဒေါ့မည်။ ဒုတိယသမဒရာထူးကို လျှို့ဝှက်မဲစနစ်ဖြစ် တိုက်ရိုက်ရွေးချယ်မည် ဖြစ်သော်လည်း စစ်တပ်ကိုယ်စားလှယ်များ အတွင်းတွင်မူ […]


black chawJuly 5, 20121min26223
ဂဇက်ကုန်းရွာကြီးမှာ ကလေးက စပြီး သက်ကြီးရွယ်အို ယောက်ျားကြီးများအထိ ဆံပင်ညှပ်ခြင်း အမှုကိုပြုကြရန် ဆံပင်ညှပ်သမားကြီး ၂ ယောက် ရှိသောဟူ၏။ ၎င်းတို့မှာ ၁။ ဦးကြီးမိုက် (အသက် ၅ဝ စွန်းစွန်း၊ အမှတ်တမဲ့ ကြည့်လျှင် ရုပ်ရှင်မင်းသားကြီးကျော်ဟိန်း နှင့် ခပ်ဆင်ဆင်၊ စစ်ပြန်စစ်မှုထမ်းဟောင်းကြီး၊ ညနေခင်းများတွင် ချောင်ယွန်မတ်၏ အမိန့်ရ ဘီအီးဆိုင်တွင် တစ်ခွက်တစ်ဖလား မော့တတ်သောအကျင့်ရှိ၊ ဓါးကိုင် အင်မတန်ကျွမ်းကျင်၊ သူဆံပင်ညှပ်ရင် ဓါးရှတယ်ဆိုတာ ဘယ်တုန်းက မှ ရာဇဝင်မရှိခဲ့) ၂။ မောင်အာဂ ( အသက် ၃ဝ ခန့်၊ အမှတ်တမဲ့ကြည့်လျှင် စိုင်းစိုင်းခမ်းလှိုင် နှင့် ခပ်ဆင်ဆင်၊ အလုပ်မရှိသဖြင့် ရွာထဲမှ အခြောက်မ အလှဖန်တီးရှင် ခင်စန်းဖြိုးကို ရင်းနှီးအောင် ပေါင်းသင်း၍ ဆံပင်ညှပ်အတတ်ကို တစ်ပတ်နှင့် […]


အဇဋာJuly 4, 20121min37913
ကွမ်းစားခြင်းအနုပညာ ကွမ်းစားခြင်းဟူသည့် အတတ်ပညာတစ်ခုအားအနုပညာမြောက်စေလိုသည့်အတွက်၊ ထို့ပြင် ကွမ်းစားခြင်း၏ အနုအလှများအားလည်း ပြလိုသည့်အတွက် ဤကဲ့သို့ ကွမ်းစားခြင်းကို အနုပညာနှင့်ပေါင်းစပ်ကာ ကွမ်းစားခြင်းအနုပညာဟု နာမည်ကင်ပွန်း တပ်လိုက်ရပေသည်။(စာရေးသူ)   အဖွင့် ဒီနေ့ခေတ်မှာအနုပညာတွေ တော်တော်ပေါများနေလေသည်။ ဤကဲ့သို့ပေါများခေတ်စားနေဘိသည့် အနုပညာများသည် မိတ်ဆွေတို့သိပြီးဖြစ်သည့် အနုပညာသည်တို့၏ လုပ်ငန်းများကို အဓိပ္ပါယ်သက်ရောက်သည်ကား မဟုတ်ရေးချမဟုတ်။ ယနေ့ခေတ်ကြီးအတွင်း ဖြစ်ပျက်လျှက်ရှိသည့် နယ်ပယ်အသီးသီးက ကျော်ခွလာသည့်၊ ကျော်ကြားလာသည့်၊ လူဘောင်သို့ တွင်တွင်ကြီးသွတ်သွင်းခြင်းခံထားရသည့် ပညာရပ်များအားအနုပညာဟူသည့် နာမဝိသေသနကိုထည့်သွင်းလိုက်ပြီးသကာလဘာအနုပညာ၊ ညာအနုပညာစသည်ဖြင့် ရေးကြီးခွင်ကျယ် အနုပညာများများပြားနေသည်မှာကား အထူးပြောဖွယ်ရှိသည်ဟုပင် မထင်။ ယနေ့အချိန်အခါတွင်မှာကား“မည်သည့်ကိစ္စပင်ဖြစ်လင့်ကစားအနုပညာဟူသည့်စကားလုံးကိုတွဲဖက်မြင်ကြရမည်မှာကားသမိုင်းပေးတာဝန်တစ်ရပ်ဟုယုံကြည်ရမည်ဖြစ်ကြောင်း” လည်းကြေးမုံသတင်းစာနှင့် မြန်မာ့အလင်းတွင် နေ့စဉ်ခေါင်းကြီးအဖြစ်ဖေါ်ပြလျှက်ရှိသည့် နိုင်ငံတော်သမ္မတကြီး၏သဘောထားများတွင် အတိအလင်း ထည့်သွင်းပြောကြားထားပြီး၊ အတိုက်အခံများဘက်မှလည်း အထူးထောက်ခံသည်ကိုလည်းတွေ့ရှိရသည့်အတွက် ထိုကိစ္စအားအထူးပြောဖွယ်ရာမရှိပေ။ ထို့ကြောင့် အနုပညာများသည် “လမ်းဘေးသေးမပေါက်ရ” ဆိုသည့် နံရံရေးစာများနေရာအနှံ့တွေ့ရသကဲ့သို့ နေရာတိုင်း၊ နယ်ပယ်တိုင်းတွင် […]


black chawJuly 3, 20121min41144
မခင်အုပ် စိတ်ပူစပြုသည်။ သူမယောက်ျား ရွှေတိုက်ကို သူကြီးခေါ်ခိုင်းသည်ဟု ဆိုကာ သူကြီးတပည့်ချာတူး လာခေါ်သွားသည်မှာ နေ့လယ်ခင်း ကတည်းက ဖြစ်သည်။ အခု ညနေ ၅ နာရီထိုးခန့် ရှိနေပြီဖြစ်သည့်တိုင် ရွှေတိုက် တစ်ယောက်ပေါ်မလာသေး။ ဘယ်လို ပြသနာအရေးများ ဖြစ်နေကြသလဲ တွေးပြီး မခင်အုပ် စိတ်ပူနေပါပြီ။ ထိုစဉ် အိမ်ရှေ့ဆီမှ ရွှေတိုက် သူငယ်ချင်း ဗိုက်ဗိုက်စိန် အသံကိုကြားလိုက်ရသည်။ “ရွှေတိုက်ရေ၊ သွားကြစို့ဟေ့၊ နောက်ကျနေပြီ” ဒီလို ညနေချိန်ဆို ရွှေတိုက်နှင့် ဗိုက်ဗိုက်စိန်တို့ သူငယ်ချင်းတစ်သိုက် ရွာလယ်ရှိ ချောင်ယွန်မတ်၏ အမိန့်ရ ဘီအီးဆိုင် လေးမှာ တစ်ခွက်တစ်ဖလား သောက်နေကြ။ ရွာထဲမှ အပျိုများအကြောင်းအရက်ကလေးတမြမြ နှင့် ဆွေးနွေးငြင်းခုန်နေကြ။ ဆိုင်ပိုင်ရှင် တရုတ်ကြီး ချောင်ယွန်မတ်မှာလည်း ဂေါ်မစွံလူပျိုကြီးဆိုတော့ ရွှေတိုက်တို့ ပြောသမျှ […]


စကြာင်္ဝဠာကြီးဟာ တနေ့ထက်တနေ့ ပြန့်ကားသွားနေတယ်လို့ နတ္ခက်ဗေဒသိပ္ပံပညာရှင်တွေ လေ့လာသိရှိထားကြပါတယ်။ ဆိုတော့ ကျနော်တို့ နေအဖွဲ့အစည်းမှာပါဝင်တဲ့ ဂြိုလ်တွေ လတွေဟာ ဟိုးအရင်နှစ်သန်းပေါင်း မြောက်များစွာက ယနေ့ လက်ရှိအကွာအဝေးထက် နီးကပ်ခဲ့ကြလိမ့်မယ် ဆိုတာ ရွာသူရွားသားတွေ ငြင်းချက် မထုတ်လောက်ပါဘူးနော်။ ချားလ်စ်ဒါဝင်ရဲ့ လူဆိုတာ မျောက်က ဆင်းသက်ကြောင်း အဆိုနဲ့ ကွဲလွဲပြီး အထက်က သိပံ္ပတွေ့ရှိချက်နဲ့လည်း ကိုက်တဲ့ ပုံပြင်လေး ခင်ဗျားတို့ကို ပြောပြချင်တယ်..   ဟိုးရှေးရှေးတုန်းကပေါ့ဗျာ..။ (အချိန်အတိအကျမှမသိတော့ လမ်းအိုကြီးအတိုင်းပဲ လျှောက်တာပေါ့။) နေအဖွဲ့အစည်းအတွင်းက ကျနော်တို့နေနေတဲ့ ကမာ္ဘဖြစ်လာမယ့်ဂြိုလ်နဲ့ သူ့ဘေးက လ (ပညာရှင်တွေက လ ဆိုတာလည်း ကမာ္ဘက ပဲ့ထွက်သွားခဲ့တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်မယ်ဆိုပဲ.. ကမာ္ဘ့ရင်ဘတ်ထဲက ပျောက်သွားတဲ့ သူ့နံရိုးတစ်ချောင်းပဲဆိုပါတော့ဗျာ. အားပါး ဇာတ်လမ်းကတော့ လှသွားဘီဗျို့) တို့ဟာ အတော်ကြီးကို […]


မှတ်ချက် ။ ။ ဆက်မဖတ်ပါနှင့် …………….. ။ ခင်လို့ စတာပါ အရပ်ကတို့။ ဗျားကြီးနဲ့ ဗြားကြီး ဘာကွာသတုံး မသိလို့ မေးပါရစေ။ တို့ကာဆိတ်ကာ မေးရမလား။ အား .. ခနဲ မြည်အောင် ဆိတ်ပစ်လိုက်မှာနော် .. အဟဲ။ လုံးပါတယ်ဆိုတဲ့ ကမ္ဘာကြီးကိုလည်း ဘောလုံးလို ကန်ချင်ပါသလား။ ကိုရင် ပေစိလေးကတော့ ကမ္ဘာကြီးကို ကန်ချင်ပါဘူး … တဲ့။ ချစ်ချစ်လို့ခေါ်တာနဲ့ ချိချိ လို့ခေါ်တာ ဘာများကွာသတုန်း သိကြပါသလား အရပ်ကတို့။ တဲ့တိုး မပြောတတ်တာကတော့ လေရှည်တတ်လို့ပေါ့။ အံကိုကြိတ် မျက်စိကိုမှိတ်ထားရင် သေချာပါတယ် ဒါ .. တစ်စုံတစ်ရာကို မကျေနပ်တာပဲ။ စာကလေးတွေလည်း သဘာဝအရ ထိပ်ကွက်မှာပါပဲ။ တုံးခုလို့မှ လှမ်းမရရင်တော့ ကျုပ်က […]


black chawJune 28, 20124min77082
OUTSIDER BLACK ! မြန်မာစကားက မရှင်းမရှင်းဗျ၊ ကျောင်းဒကာကြီးတို့ရ…။ သူဌေးတဲ့။ သူကြွယ်တဲ့။ သူဌေးသူကြွယ်ကြီးတွေတဲ့…။ မသိရင် အတူတူပဲလို့ထင်စရာပဲလေ နော့။ သူဌေးဆိုတာ လူချမ်းသာတွေကို ခေါ်တယ်ဆိုတာလောက်တော့ ကလေးတွေတောင် သိနေတာပဲလေ။ မြန်မာပြည်မှာလည်း ကျိကျိတက် ချမ်းသာကြတဲ့ တိုင်းသိပြည်သိ သူဌေးကြီးတွေ ရှိကြလေသည် လို့ မှတ်သားရပေတာကိုး။ နောက်တစ်ဆင့်တက်တော့ သူကြွယ် တဲ့။ ဒါကျတော့ ဂုဏ်ရည်တစ်ဆင့်တိုးသွားပြီဗျာ။ ဟုတ်မဟုတ်တော့ မသိဘူးနော်…။ ကြားဖူးနားဝရှိတာလေး ပြန်ရေးပြတာ…။ လွဲနေရင်လည်း ပြင်ပေးခဲ့ဦးဗျ..။ မျိုးနဲ့ ရိုးနဲ့ ချမ်းသာလာတဲ့ သူဌေးကို သူကြွယ်လို့လည်း ဂုဏ်ပြုခေါ်ဝေါ်ပေပြန်တာကိုး…။ ခုနက ကျိကျိတက် ချမ်းသာကြတဲ့ မြန်မာပြည်ရဲ့ သူဌေးကြီးတွေထဲမှာ မျိုးရိုးစဉ်ဆက် ချမ်းသာလာခဲ့တဲ့ သူဌေး ဘယ်နှစ်ယောက်လောက်ပါသလဲ…။ သူကြွယ်ကြီးရယ်လို့ စာရင်းတို့လို့ရတာ ဘယ်နှစ်ယောက်လောက်ပါသလဲ…။ စိတ်ဝင်စားစရာတော့ […]


ဒိုးစနစ္June 27, 20121min36728
ယခု မြန်မာနိုင်ငံ အနောက်ဖက်ကမ်းခြေ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော.. လူမျိုးရေး ပြသနာများတွင် မည်သူမှားသည်။ မည်သူမှန်သည်ကို အမျိုးမျိုးဝေဖန်ပြောဆိုနေကြပါသည်။ ထို့အပြင် လူမျိုးရေးခွဲခြားမူများလည်း လုပ်ဆောင်နေကြသည်ကို ရံဖန်ရံခါတွေ ့မြင်ရခဲ့သည်။ အဓိက ကျွန်တော်ဆိုလိုချင်သည်မှာ မည်သည့် ဘာသာကို ကိုးကွယ်သူဖြစ်စေ..မည်သူ့လူမျိုးပင်ဖြစ်စေ.. အားလုံးသည် လူများဖြစ်ကြသည်။ လူအချင်းချင်းလေးစားထိုက်သည်။ ထို့သို့မဟုတ်ပဲ..ယခု အဲဒီလူမျိုးတွေကို မနှစ်သက် မလိုချင်သောကြောင့် တိုင်းပြည်မှ မောင်းထုတ်မည်ဆိုလျှင်.. ထိုသူတို့အား … ငြိုငြင်ခဲ့ပါလျှင်… ၁) သတင်းစာစက္ကူအစုတ်ဝယ်သော.. ၂) ဒန်အိုး ဒယ်အိုးအဟောင်း အစုတ်ဝယ်သော.. ၃) ထီးပြင်သော… ၄) ဖိနပ်ပြင်သော.. ၅) မိလ္လာပြင်သော.. ၆) ရေပိုက်ပြင်သော.. ၇) အိမ်မူကိစ္စများ(ဥပမာ.အဝတ်လျှော်။ကြမ်းတိုက်။မီးပူတိုက်)စသော.. ၈) သော့ပြင်သော.. ၉) ခြံစောင့်လုပ်သော.. အသားစုံမစားနိုင်သော သူများအား ကျွန်တော်တို့ […]


မိုခ်ိဳJune 27, 20121min38327
မိုချိုတယောက် အလွဲတွေ အများဆုံးလုပ်ခဲ့တာကတော့ စက်မှုတက္ကသိုလ် ပထမနှစ် တတ်ခါစ အချိန်တွေပါပဲ။ သိတတ် စအရွယ်တည်း က ဆရာဝန်ရူး ၊ ရူးနေရာက ဆေးမှတ် ကို ကပ် ပြုတ်သွားလို့ စိတ်နဲ့ လူနဲ့မကပ်ဆုံး ကာလပါ။ တက္ကသိုလ်ကျောင်းသူ ဖြစ်သွားတော့ ၁ဝ တန်း တုန်းကလို စုတ်တီး စုတ်ဖက် ပေကပ်ကပ် စာဂျပိုးရုပ်လေး မဟုတ်တော့ပါဘူး။ ပြင်တတ်၊ ဆင်တတ်၊ ပဲများတတ်နေပြီဖြစ်တဲ့ ဖရက်ရှာ ကျောင်းသူလေး ဖြစ်နေပါပြီ။ ကိုယ့်ကိုကိုယ် မိန်းမပီသတဲ့အိန္ဒြေရှင်လေးလိုလို၊ ယောင်္ကျားလေးတွေ ရှေ့ ဖြတ်လျှောက်ရင်ပဲ ရှက်ကိုးရှက်ကန်း ခြေ လှမ်း မှားတော့ မယောင်ယောင်၊ စတိုင်တွေ ဖမ်းလို့ပေါ့။ အမှန်မှာတော့ အဲဒါတွေ အကုန်လုံးက ဟန်ဆောင်ထားတာ။ ဒေါ် မိုချိုတို့ ပင်ကိုစိတ်ရင်းက […]


Don Juan RonaldJune 23, 201224min40511
အား လုံး မင်္ဂလာ ပါ ~~~   ကျနော် သည် ပို့စ် များ ကို ရေး တတ် ၍ ရေး နေချင်း မ ဟုတ် ရ ပါ ၊ နား လည် လို့ ရေး နေ ချင်း လည်း မ ဟုတ် ရ ပါ ၊ အ လွန် ရေး ချင် လို့ ရေး နေ ချင်း သာ  ဖြစ် ပါ သည် ၊ ထို့ ကြောင့် ကျနော့ ရဲ့ အ ရေး အ သား များ ကို […]


etoneJune 21, 20121min63051
နေရင်းထိုင်ရင်း ဘာရယ်မဟုတ်ဘူး …. ကျွန်မတို့ ဘကြီး အိမ်က ကြွက်တွေသောင်းကျန်းတဲ့အကြောင်းပြောမလို့ဗျို့ …. ။   ဘကြီးအိမ်က စပါးကျီလည်းရှိ ၊ အင်းတွေနဲ့လည်း နီးတာကြောင့် ကြွက်တွေမပြောနဲ့ လူကောင်းရော ၊ သူခိုးတွေတောင် …. နေချင်တဲ့အိမ်ပါ ။ ဒီကြားထဲ သီးပင် စားပင်လေးလည်း တပိုင်တနိုင်စိုက်ပျိုးတော့ … မချမ်းသာပေမယ့် … လူတန်းစေ့ စားနိုင်သောက်နိုင်တယ်ပေါ့လေ ….. ။ပိုလျှံနေတာလေးတွေ ရောင်းစားပြီး ပါးစပ်စိုတာပေါ့လေ။  ခြံစည်းရိုးလည်းခတ်ထားတော့ ထင်သာမြင်သာတဲ့ လူတွေ ဝင်ချင်လျှင် တံခါးဝက ခွင့်တောင်းပြီး ဝင်ကြတာပေါ့…. ။ တံခါးဝကသာ လူကြားကောင်းအောင် ဝင်ခွင့်တောင်းတာပါ … အကျိုးမြတ်တွက်လာကြတာချည်းပါပဲ  …. ။ ဟိုနံနံပင်လေး နှုတ်သွားလိုက် ၊ ဒီငရုတ်သီးစိမ်းလေးချိုးသွားလိုက်နဲ့ နွားပွဲစားတွေလို […]


ကာတွန်းကဏ္ဍကို စတင်ပေးလိုက်ပါဘီ လောလောဆယ်တော့ ရွာထဲက ကိုကမ်းဝေးရဲ့ မူပိုင်လက်ရာတွေနဲ့ စတင်ပေးလိုက်ပါတယ်။ ကိုရွှေတိုက်စိုး ဆွဲတာနဲ့ ကျနော်ဆွဲထားတာတွေ ပြင်နေတုန်းမို့ နည်းနည်းနောက်ကျပါတယ်။ စိတ်ရှေ သည်းခံပေးကြပါ ခင်ဗျ…..။