etoneAugust 3, 20121min38932
စိတ်ထဲမှာ တစ်ခုခုခံစားမှု ဖြစ်လာတိုင်း ရွာထဲဝင်ပြီးရေးဖြစ်တဲ့ အကျင့်လေးရှိတာမို့ ဒီတစ်ခါလည်း စိတ်ထဲမှာ ပြင်းပြင်းပြပြဝေဒနာစွဲကပ်နေတာကြောင့် မျက်နှာပူပူနဲ့ပဲ ရွာထဲမှာ ရင်ဖွင့်ခဲ့ပါတယ် ။ ကျွန်မလက်တလောခံစားနေရတဲ့ ဝေဒနာက စွဲလမ်းမှုဝေဒနာပါ ။ ဒီလိုဝေဒနာမျိုး စိတ်ထဲ ပြင်းပြင်းပြပြခံစားနေရတာကြောင့် ကိုယ့်ကိုယ်ကိုတောင် အံ့ဩမိပါတယ် ။ စွဲလမ်းစိတ်နဲ့ ရူးချင်ချင်တောင်ဖြစ်နေမိတာ ပွင့်လင်းစွာနဲ့ ဝန်ခံပါတယ် ။ ပြောလျှင်တောင် ယုံကြမယ်မထင်ဘူး … ကျွန်မသူ့ကို တကြိမ်တစ်ခါမှ မမြင်ဖူးပဲနဲ့ အသံကြားရုံနဲ့ စွဲလမ်းမိပါတယ် ။ သူ့ကိုစွဲလမ်းတယ်လို့ ပြောရမှာထက် … သူ့အသံကို စွဲလမ်းမိတယ်လို့ ပြောလျှင ်ပိုမှန်ပါလိမ့်မယ် ။ ကြားလိုက်တာနဲ့ ကျွန်မအတွက်တော့ …. လန်းဆန်းပျော်ရွှင်စိတ်ကို ဖြစ်စေနိုင်တဲ့ အသံမျိုးပါ ။ သူ့အသံကြားရလျှင်ပဲ ရင်ခုန်နှုန်းတွေမြန်သွားပြီး ပျော်လာသလိုလို တဆက်တည်းခံစားမိပြန်တယ် […]


koyin sithuJuly 31, 20121min32524
မိမိမွေးရပ်မြေမှ ကျွန်တော်ထွက်လာလိုက်တာ ဒီနေ့နဲ့ဆို တစ်လတင်းတင်းပြည့်တော့မည်။ ရန်ကုန်မှာနေစဉ်တုန်းက အလုပ်မရှိ၊ အချိန်ကလည်းရသည်မို့ စာတွေ ပို့စ်တွေရေးလိုက်တာ ခုတော့ ပြန်ဖတ်ကြည့်တာ ကိုယ့်ကိုယ်တောင် ငါ ဒီလောက်တောင် ရေးနိုင်ပါလားလို့ အံ့ဩသင့်မိသည်။ ဂေဇက်ရွာကိုကော၊ မိတ်ဆွေ ရွာသူားများကိုပါ ဘယ်ပင်လယ်ပြင်ထဲ ရောက်ရောက်သတိရနေမိသဖြင့် ဂေဇက်ရွာကိုလည်း အချိန်မရသည့်ကြားမှ အင်တာနက်လိုင်း ရရင်ရသလို ရွာသူားများ ပို့စ်တွေကို အမြဲဖတ်၍ အားပေးနေမိသည်။ ယခုကိုယ်တိုင်တော့ စာရေးဖို့ အချိန်သိပ်မပေးသလို Duty နားရင်လည်း ပင်ပန်းလို့ အိပ်ပျော်သွားသလို၊ ပို့စ် ရေးနေတုန်း Walkie-talkie မှ ဟိုခိုင်းဒီခိုင်းဆိုရင်လည်း Mood ကပျက်သွားပြီး စာသိပ်မရေးဖြစ်တော့။ ကျွန်တော်တို့ သင်္ဘောပေါ်တွင် ဖားပြုတ်(ဖိလစ်ပိုင်)၊ အီဂျစ်၊ အိန္ဒိယ၊ ရွှေ စတဲ့ လူမျိုးတွေပါဝင်သလို ရွှေမြန်မာကလည်း ကျွန်တော်ပါ အပါမှ […]


ဦး ဂ်စ္July 26, 20121min48417
၁။ ကျနော် မမနဲ့ နီးရအောင် ဆိုပြီး နတ်ကန္နားပေးဖို့ ပိုက်ဆံ စုနေပါတယ်မမ။ ၂။ အလှည့်ကျရင် မမတို့ လမ်းထိပ်က မီးကင်းမှာ ကျအောင် ဆယ်အိမ်မှုးနဲ့ ရပ်ကွက်လူကြီးကိုလည်း ဖာလူဒါ တစ်ယောက်တစ်ခွက် တိုက်ထားပါတယ်မမ။ ၃။ မမနဲ့နီးဖို့ဆိုပြီး ယတြာချေပေးတဲ့ ဗေဒင်ဆရာကိုတော့ ချောင်းရိုက်ဖို့ ဝါးရင်းတုတ် ကောက်ထားပါတယ် မမ။ ၄။ အနီးစပ်ဆုံး ဆိုလို့ တမြန်နှစ် မိုးတွင်းတုန်းက မမစီးတဲ့ကား ကျနော့်နားက ဖြတ်သွားတုန်း ပုဆိုးကို ဗွက်စင်သွားတာလဲ ရှိပါသေးတယ် မမရယ်။ ၅။ နွေညတွေမှာဆို အသုဘ ယပ်တောင်လို အေးချမ်းမှု ပေးနိုင်တဲ့ မမအပြုံးလေးကို သတိရမိတယ်။ ငယ်ငယ်ကတည်းက ကျောင်းဝမှာရောင်းတဲ့ ပြောင်းဖူးပြုတ် ဝယ်စားတိုင်း မမရဲ့ သွားလေးတွေကို မြင်ယောင်တယ်။ ကျောင်းကားဆရာ […]


ကြောင်လေးJuly 25, 20121min32315
အချုပ်ခန်း အချုပ်ခန်းတစ်ခုအတွင်းသို့ လူငယ်လေးတစ်ယောက်ကုတ်ချောင်းချောင်းနဲ့ရောက်လာတယ်၊ အထဲမှာရှိနှင့်သူတစ်ယောက်က လှမ်းမေးတယ်။ “ဟေ့ကောင် မင်းဘာမှုလဲ ” “ဆဲမှုပါ” “သွား ဟိုထောင့်မှာသွားထိုင်နေ” “ဟုတ်ကဲ့” ထိုသို့ဟောက်လိုက်သူကိုအခြားတစ်ယောက် ကခပ်တည်တည်နဲ့ပြောတယ်။ “မင်းကကော ဘာမှုမို့ သူများကိုဟောက်နေရတာလဲ” “ရန်ဖြစ်မှုပါ” “သွားမင်းပါ အဲဒီထောင့်မှာသွားထိုင်”   ဆိုပြီးအမိန့်ပေးလိုက်တော့ “ဟုတ်ကဲ့”  ဆိုပြီး သွားထိုင်နေပါတယ်။ အဲဒီအမိန့်ပေးသူကို အခြားတစ်ယောက်ကလှမ်းမေးပါတယ်။ “မင်းကကော ဘာမှုမို့ အမိန့်ပေးနေတာလဲကွ” “ခိုးမှု” “ဒါဆို လာစမ်း ငါ့ကို ယပ်ခတ်ပေးစမ်း” လို့မျက်နှာထားတင်းတင်းနဲ့လှမ်းငေါက်ပါတယ်။ သူခိုးလဲ “ဟုတ်ဟုတ်ကဲ့ခင်ဗျ” ဆိုပြီး ယပ်တောင်လေးယူပြီးယပ်ခတ်ပေးလိုက်ပါတယ်။ အဲဒီဇိမ်ခံနေတဲ့သူကို နောက်တစ်ယောက်ကမေးပါတယ်။ “မင်းကကောဘာမှုလဲကွ” “ငါရန်ဖြစ်ပြီး ဒါးထိုးမှုနဲ့ရောက်လာတာကွ” လို့ ခပ်ဆတ်ဆတ်ပြန်ပြောပါတယ်။ “အောင်မာမင်းလိုကောင်ကဇိမ်ခံနေရသေး၊ လာငါ့ကိုဇက်ကြောဆွဲပေးစမ်း” “မင်းကဘာမို့လို့ ငါ့ကို အမိန့်ပေးရတာလဲ” လူမိုက်က အခြားလူတွေလိုမဟုတ်ပဲ မိုက်ဂုဏ်လေးနဲ့ပြန်မေးလိုက်ပါတယ်။ဒီအခါပထမမေးသူက ငါက […]


ဦး ဂ်စ္July 25, 20121min42624
သိကြတယ်နော်.. ဘယ်လောက်ပဲတိုတို တိုလေကောင်းလေဆိုတာ နှစ်ခုပဲရှိပါသတဲ့ .. ဘာတွေထင်လဲ…..? . . . . . . . . . . . . . . . . . . . . . . . . . . . အဲဒါတွေကတော့ မိန်းကလေးတွေရဲ့ စကတ်နဲ့ ဟာသ တို့ ပဲ ဖြစ်ပါတယ် 😛 ………… ဇတ်လမ်းလေးကတော့ ….. ခန္ဓာကိုယ် ခပ်ဖြောင့်ဖြောင့် စကတ်တိုတို၊ ဒေါက်မြင့်မြင့် စီးလာသည့် ကောင်မလေးတစ်ယောက် ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်လာသည်။ ထိုစဉ်ရုတ်တရက် ဘေးနားမှ ကားတစ်စီး […]


ေမာင္ရိုးJuly 25, 20121min73375
ဂေဇက်ရွာ၏ ရံပုံငွေဘောလုံးပွဲကြီးကား စပေတော.မည် ။ယနေ့ နံနက် ဈေးသို.အသွားတွင် လမ်းဆုံလမ်းဂွ၌ မနောဖြူ၏ဒီဇိုင်းလက်ရာဖြင်. ကြော်ငြာဘုတ်ကိုတွေ ့ခဲ.ရသည် ။ မှန်းစမ်း …..ဘာပွဲများလဲ ……မောင်ဆာမိ ပြူးပြဲ၍ကြည်.သည်တွင် ……..အပြာရောင်ဝတ်စုံများဖြင်.ဟန်ရေးပြနေသည်ကား ပြာထွန်းဖြန် ့ အသင်း …။ အဝါရောင်ဝတ်စုံများဖြင်. ခန် ့ငြားနေသည်ကား …..သာထွန်းပြန် ့အသင်း …….။ ဟုတ်ပြီ …မောင်ဆာမိဂျလေဘီရောင်းရတော.မည် ။ ဤသို.ဖြင်. …ဆာမိတစ်ယောက်အပျော်ကြီးပျော်လျက် ဘောပွဲ စမည်.ရက်ကို လက်ချိုး၍စောင်.နေတော.သည် ။ MG ရွာ၏ ရန်ပုံငွေဘောလုံးပွဲဖြစ်သောကြောင်. နှစ်ဘက်အသင်းသားတို.မှာ ရွာသူားများပင်ဖြစ်လေသည် ။ သာထွန်းပြန် ့အသင်း၏ ပဲ.ကိုင်ရှင်နည်းပြချုပ်ကား ဦးနေးချား …..တိုက်ပွဲဝင်ဘောသမားများမှာ ရွာ၏ နာမည် ကျော် ဒိတ်ဒိတ်ကျဲများဖြစ်သည်. တိုက်စစ်မှုးကြောင်ကြီး ၊ ကြောင်လေး ၊ အောင်ပု […]


ဦး ဂ်စ္July 25, 20121min43721
“နွေ” ကာလရောက်လာချိန်တွင် “တနင်္ဂနွေ” သားသမီးများသည် မီးနားနေရသလို ပူစပ်ပူလောင်ဖြစ်လတ္တံ့။ တနင်္ဂနွေနံနိုင်ငံဖြစ်သော အမေရိကန်တွင် တနင်္ဂနွေသား အိုဘားမားသမ္မတဖြစ်လာသော်လည်း အကျယ်ချုပ်ကျခံနေရသော တနင်္ဂနွေနံ နာမည်ရှိ အမျိုးသမီးသည် အိမ်ထဲတွင်ပင် ဆက်နေရဦးအံ့။ နံတူအကျိုးပေးလုပ်ငန်းများကို ထင်ရှားစွာတွေ့မြင်နေရသဖြင့် အိမ်သာကျင်းတူးခြင်း၊ အုတ်ဂူဆောက်ခြင်းတို့ကို အင်တာပရိုက်စ်တည်ထောင်လုပ်ကိုင် သင့်သည်။ ကျန်းမာရေးတွင် အော်ဟစ်ညည်းညူရမည့် ရောဂါကြီးများကို အောင်မြင်စွာလက်ခံနိုင်သည့် အခြေအနေများရှိနေသည်။ အချစ်ရေးတွင် အထာကျသည့် ချစ်သူလေးများရခါနီးကာမှ အူကြောင်ကြားများနှင့် အကြောင်းပါသွားသဖြင့် အုတ်အော်သောင်းနင်း ဖြစ်တတ်သည်။ ယတြာချေလိုသူများအနေဖြင့် အသုဘတစ်ခုသို့သွားပြီး အလောင်းနှင့်အတူ ၂ ရက်ခန့် ယှဉ်အိပ်နေပါ။ “ကျားဆိုမှကျား” တနင်္လာသားသမီးများသည် ယခုလအတွင်း ကြောင်တောင်တောင်နိုင်ခြင်း၊ ကျပ်မပြည့်ခြင်းတို့ကြောင့် ကျက်သရေမရှိဖြစ်တတ်သည်။ ခြေထောက်၊ ခါး၊ ခေါင်းစသည့် တနင်္လာနံအင်္ဂါအစိတ်အပိုင်းများ ခွဲစိတ်ခံရကိန်းရှိသည်။ ကိုယ်ပိုင်အရည်အချင်းဖြင့် ဘာအလုပ်မှ မရနိုင်သဖြင့် ဘာမှ […]


panpanJuly 18, 20121min26618
အခွင့်အရေးတွေ တပိုက်ကြီး အခွင့်အရေး…အခွင့်အရေးနဲ့၊ အခွင့်အရေးဆိုတဲ့အသံတွေ တစာစာကြားနေရသည်။ ဘယ်ကလို့ထင်ပါသလဲ။ ကျိပေါက်တို့ပတ်ဝန်းကျင် ဘယ်နေရာကဖြစ်ဖြစ်ကြားရသည်မဟုတ်လား။ ကျိပေါက်ဆီကိုလည်း အဲ့လိုပဲပတ်ဝန်းကျင်က အခွင့်အရေးဆိုတဲ့အသံတွေ နားမဆံ့အောင်ကြားနေရပါသည်။ တီဗွီကြည့်လျှင်အကြားရဆုံး။လူကြည့်များတဲ့နေရာကိုး။ “ကော်ဖီသောက်ရင်း ကံစမ်းနိုင်ပြီ၊ ၅သိန်းတန်ဂျီအက်အမ်ဖုန်းကဒ် ရရှိနိုင်မည့်အခွင့်အရေး”၊ “သက်တမ်း၆လနှင့်အထက်တိုးလျှင် တစ်လအပိုရမည့်အခွင့်အရေး”၊ “၃လစာပေးချေရုံဖြင့် အဆင့်မြင့်ကွန်ဒိုတိုက်ခန်း အပိုင်ရမည့်အခွင့်အရေး” စသည်ဖြင့်အစုံ။ တီဗွီတင်ပဲလားဆိုတော့ မဟုတ်သေး၊ ဂျာနယ် မဂ်ဂဇင်းတွေမှာလည်း ထို့နည်း၎င်း (မဂ်ဂဇင်းလို့ပဲ ရေးလိုက်ပါတယ်၊ အောက်ကဂငယ်အသေးကိုရိုက်ဖို့ရာ ကီးဘုတ်မှာပြဿနာနည်းနည်းရှိလို့ပါ)။ “ကံထူးပါက သရုပ်ဆောင်မယ်ဒေါ်လ် ပန်ပန်ချစ်လေးနှင့် ထိုင်းနိုင်ငံဘန်ကောက်သို့ အလည်သွားနိုင်မည့်အခွင့်အရေး”၊ “ပြည်တွင်းမှာပဲ နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့ကြီးကိုရယူနိုင်မယ့် အခွင့်အရေး”။ ပြောရင်ပြီးမှာမဟုတ်။ လက်ကမ်းကြော်ငြာမှာတောင် အခွင့်အရေးတွေတပုံတပင်နဲ့။ “ဆံပင်ဖြောင့်လျှင် အခမဲ့တစ်ကြိမ်ပေါင်းတင်နိုင်မည့် အခွင့်အရေး”၊ “သင်တန်းပြီးဆုံးပါက အလုပ်ပါရမည့်အခွင့်အရေး”။ အလို၊ အခွင့်အရေးတွေတပုံတပင်နှင့် ကျိပေါက်တို့ပတ်ဝန်းကျင်လောကကြီးပေပဲ။ ကျိပေါက်တို့မှာ ဘာအခွင့်အရေးမှမရှိဘူးမထင်နှင့်၊ အခွင့်အရေးချို့တဲ့သူများမဟုတ်ကြ။ […]


naywoon niJuly 15, 20121min32522
တစ်ရက်က နေဝန်းနီ ထိုင်နေကျ လ္ဘက်ရည် ဆိုင်ထဲ ရောက်သွားတော့ ငယ်သူငယ်ချင်းနှစ်ယောက်နဲ့ သွားတိုးတယ်….။ နေဝန်းနီ သာ ရောက်တဲ့ နေရာ ပြဿနာနဲ့ အလုပ်တွေက ထွက်လိုက်ရပေမဲ့…. သူတို့တွေက လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ ဝန်ထမ်းတွေ ဖြစ်တာကြောင့် အေးအေး ဆေးဆေး စကားမပြောဖြစ်ကြဘူး….။ ဘာလို့လဲ ဆို နေဝန်းနီကသာ အချိန်ပြည့် အားနေတာ …. သူတို့က မအားကြရှာဘူး…။ တစ်ခါတစ်လေ တွေ့ဖြစ်တာတောင် နေကောင်းလား ဘယ်သွားမလို့လဲ ဘယ်ကလာလဲ လောက်ပဲ နှုတ်ဆက်ဖြစ်တာ….။ အဲဒိနေ့ကတော့ သူတို့ ရုံးအားရက်နဲ့ တိုးလို့ အေးအေးဆေးဆေး ထိုင်ပြီး စကားပြောဖြစ်တယ်…။ သူငယ်ချင်းနှစ်ယောက်ဆိုပေမဲ့ သူတို့ က နေရာတစ်ခုစီမှာ လုပ်ကြတဲ့သူတွေပါ…။ ရုံးချင်းမတူပါဘူး…။ ဒါကြောင့် သူတို့ ဖြတ်သန်းရာနေရာတွေက တူမလိုနဲ့ကွဲပြားနေပါတယ်…။ […]


သဂျီးမျက်ဝန်းထဲဝယ် နောင်တမျက်ရည်များ ပြည့်လျှံနေဂါ စိတ်အစဉ်ဝယ် လွန်ခဲ့သော နှစ်၁၀ဝခန့်လောက်က ကမာ္ဘလောကကြီးကို မြင်ယောင်တမ်းတနေမိသည်။ မိုးမျှော်အဆောက်အဦးတိုက်တာ၊ ကွန်ပြူတာ၊ လေယဉ်ပျံ သင်္ဘော၊ မော်တော်ကား၊ ပရိဘောဂ၊ အဝတ်အစား အသုံးအဆောင် ဘာသာစကား ယဉ်ကျေးမှုပေါင်းစုံတို့ဖြင့် ထည်ထည်ဝါဝါ တောက်ပခဲ့သော လူ့ဘုံလောကဂျီး သူ၏ဆင်ခြင်တုံမဲ့မှုကြောင့် ပျက်သုန်းခဲ့ရဗေဗျီ။ ယခုမူ ဗလာနတ္ထိ ဘာဆိုဘာမျှ မကျန်၊ ယုတ်စွအဆုံး ကိုယ်တိုင်ပင် အဝတ်အစားဗလာဖြစ်သည်။ အကြောင်းမူဂါး…. ကမာ္ဘပျက်မည်ဟု ကောလာဟာဠ ပျံ့နှံ့နေသည့် ၂၀၁၂ခုနှစ် ပူပြင်းလှသော နွေရာသီအခါ သမယတခု၌ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့သား သိပ်ပန်ပြင်ညာရှင် သဂျီးတယောက် အလုပ်ရှုပ်နေသည်၊ ခန္ဓာကိုယ်တွင်း မော်လီကျူး အက်တမ်များကို ကွန်ပြူတာဖြင့် ခွဲစိတ်လေ့လာ၍ အာယုဒီဃ မသေဆေး ဖော်စပ်နေဂျင်းဖြစ်၏။ သဂျီးဂါး သာမညမဟုတ် နိုးဘဲဆုရ ပြင်ညာရှင်ဂျီးဖြစ်သည်။ […]


YingLampJuly 11, 20121min26514
၂၀၀၃ လောက်က ထင်တယ် .. အိုဂျေတီဆင်းတုန်းက အိုင်စီတီထဲမယ် နဲနဲခပ်ကြီးကြီးပုဂ္ဂိုလ်တွေလည်ပင်းမှာ “အတောင့်လေးတွေ” ကိုကြိုးနဲ့ချိတ်ပြီး မပေါ်ပေါ်အောင်ဆွဲထားကြတယ် .. အဲ့တုန်းကတော့ အဲသလိုအတောင့်လေးတွေ ဆွဲထားရင် အကောင်ပေါ့ဗျာ .. အဲသဟာ ဘာတောင့်ပါလိမ့်ဆိုတာ တိုးတိုးတိတ်တိတ် လိုက်မေးရတာ မှတ်မိသေးတယ် .. သူငယ်ချင်းတယောက်ဆီကသိရတာက အဲဒီအတောင့်လေးဆွဲထားရင် စီဒီပြားမလိုတော့ဘူးတဲ ့… 😀 ဘာတောင့်လဲဆိုတာလဲသိရော ပိုက်ဆံတွေစု အဲသဟာလေးတတောင့်လောက်တော့ ဝယ်ဆွဲဦးမဟဲ့ ပေါ့လေ .. ( ဝယ်တော့ ဝယ်ဖြစ်တယ် .. မဆွဲဖြစ်ခဲ့ပါ ) .. ၂၀၀၅ လောက်ကျပြန်တော့ .. ရန်ကုန်မယ် နဲနဲခပ်ကြီးကြီးပုဂ္ဂိုလ်တွေလည်ပင်းမှာ “ဟင်းဖုန်း”တွေကို ကြိုးနဲ့ချိတ်ပြီး မပေါ်ပေါ်အောင ်ဆွဲထားကြပြန်ရော .. “ဟင်းဖုန်း” ဆွဲထားလို ့ကတော့ အကောင်ပဲ …. […]


“ဒါးဝိဇ္ဇာ……..ပြဒါးဝိဇ္ဇာ……..အင်းဝိဇ္ဇာ……..သံဝိဇ္ဇာ……..ဆေးဝိဇ္ဇာ….အရက်ဝိဇ္ဇာ……..ဖဲဝိဇ္ဇာ……. ဝိဇ္ဇာကိုးသောင်း(နှစ်မျိုးတိုးသွားလို့ တစ်သောင်းတိုးသွားတာ) ဆရာပေါင်းတို့ ရဲ့ ဒဂိုးအိတ်တိပတ်တွေ ငါ့ကို်ယ်ပေါ်ကိုရောက် ……….ဟိတ်တ်တ်တ်းးးးးးးးးးးးးးးးးးး…….. ဟောဒီ အောက်ကမြွေဟာ ဘယ်လိုဖြစ်သွားမလဲ…….ကြည့်လိုက်…….ဟိတ်တ်တ်တ်းးးးးးးးးးး  ဘုန်း” နောက်တော့ဆရာကျားဟာသေတ္တာထဲကမြွေတွေကို တစ်ကောင်ပြီးတစ်ကောင်ထုတ်ပြနေပါတယ်။ မြွေအမျိုးအစားလည်းစုံပါတယ်။ စပါးကြီး စပါးအုံး၊ လိုအကောင်ကြီးကြီးမြွေအပြင် မြက်လျှောလို၊မြွေစိမ်းမီးခြောက်လိုအကောင်သေးလေးတွေလည်းပါ ပါတယ်။ မြွေတစ်ကောင်ချင်းရဲ့အမည်တွေနဲ့ ဘယ်ကဖမ်းခဲ့တယ်ဆိုတာကိုလည်းဖြီးဖျန်းပြီးပြောပါသေးတယ်။ သူ့ရဲ့ အသံပြဲကြီး  အဲလေ…အောင်မြင်ခန့်ညားတဲ့အသံကြောင့် လူတွေဟာလည်းများသထက် များလာပါတယ်။ “ဟော ဒါကတော့ခလောက်မြွေပါ….သူ့အမြီးကို ခါလိုက်ရင် ခလောက်လိုအသံမြည်ပါတယ်။ သူ့ရဲ့အစာကို အသံနဲ့ မျှားခေါ်ပြီး အနားရောက်လာမှ အသာလေး ဖမ်းစားတတ်တဲ့အကောင်ပါ..”(အထင်) “ဒါကတော့ရေထဲမှာ အနေများတဲ့အကောင် ပါ။ ဂျပ်လုံးလို့ခေါ်ပါတယ်……..ဒီကောင်ကိုက်ရင် အရမ်း အိပ်ချင်လာပါတယ်…….ကိုက်ကိုက်ခြင်းမအိပ်မိအောင်သတိထားရပါတယ်………အိပ်လိုက်ရင်လည်း ပြန်မနိုးတော့ပါဘူး……”(သူများပြောတာကြားဖူးတာသေချာတော့မသိ) “ဂျပ်မြွေမှာ နှစ်မျိုးရှိပါတယ် ….ဂျပ်လုံးရှိသလို ဂျပ်ပြားလည်းရှိပါတယ်….ကျနော့မှာတော့ ပြစရာပါမလာပါဘူး……..”(အလုံးတောင်ရှိတယ်ဆိုတော့အပြားလဲ ရှိနိုင်တာပေါ့) ဆရာကျားလည်းမြွေတွေကိုပြပြီးတဆက်တည်းမှာပဲ “ကဲကဲ ပရိတ်သတ်ကြီးကို ကျနော် ခုနက […]


ကြောင်လေးတစ်ယောက် ရှေ့အလားအလာဘာဖြစ်လာမယ်ကိုတာကိုတွေးရင်း အတော်လေး ခေါင်းစားနေပါတယ်။ ဘယ်အလုပ်ကို ဘယ်လိုလုပ်ရပါ့ဆိုတာကို အမြဲတွေးနေရတာပေါ့။ ညအိပ်ယာဝင်ရင်ခေါင်းထဲမှာ အစီအစဉ်တွေချ စဉ်းစားရင်းအိပ်ပျော်သွားတဲ့ကြောင်လေး အိပ်မက် မက်ပါတော့တယ်။ “ဒုံး… ချွမ်း…” “ဒုံး……  ချွမ်း…..” “တွီ…တွီ…..” “တီတီ…” “ဒုံး… ချွမ်း…”   မြို့လယ် ဈေးအနီးက လမ်းဘေးမြေကွက်လပ်ခပ်ကျယ်ကျယ်တစ်နေရာမှာကျနော်ဟာ လက်တစ်ဖက်က ဘင်ကြီးကို တဒုံးဒုံး ထုရင်း တဖက်က ယကွင်းကို တချွမ်းချွမ်း တီးကာ ဆရာကျားကို လှမ်းကြည့်လိုက်ပါတယ်။ ဆရာကျားဟာ ပလိုင်းထဲကမြွေတစ်ကောင် ဆွဲထုတ်လိုက် ပြီး ဗူးသီးခြောက်ပုလွေကို တတွီတွီမှုတ်လိုက် မြွေကို ပါးပြင်းထောင်အောင် ပုလွေနဲ့ ကလော်လိုက်ပါတယ်။ “ဒုံး… ချွမ်း…” “ဒုံး……  ချွမ်း…..” ကျနော်လည်းကိုယ်အလုပ်ကိုဆက်လုပ်ရင်းရှေ့ကိုကြည့်လိုက်တော့ လူ လေးငါးခြောက်ယောက် လောက် ရောက်လာနေပါပြီ။ “တွီ…တွီ…..တီတီ…” ဆရာကျားကတော့ […]