ကြောင်လေးAugust 27, 20121min2859
ဆီးဖြူ ငကြောင် အိပ်မက် အကြောင်း။ ဇလုံပြည် ဇွန်းဂရာဇ်မင်း။ ဃ-စ- ပဌ္စာ-ကြိမ်း ငေါရာခရောက်ဆီ ကို ဖြို ကြွင်း ရခိုင်မုနိ ကြိမ်း သဂရာဇ်   နှစ်ရာခရောက်ဆီရွှတ်ခုနှစ်၊ ဇလုံပြည်မှာ မင်းဖြစ်တော်မူသော စလေငကြောင် အိပ်မက်အကြောင်းကား အနှီသို့တီး။ ဆီးဖြူအရပ်နှိုက် ၊ငကြောင်မိဘတို့သည် စားမကုန်သောက်မကုန်အလွန်ချမ်းသာသည့်အတွက် ငကြောင်ကို   ပေါက်ဖော်ထံသို့ရောင်းလေအိ။ ထိုငကြောင်ဝါသနာကား ကွမ်းစားသောဆေးရွက်ကြီးအနံ့မွှေးမွှေးကို  အလွန်ကြိုက်ရွေ့ငုံအိ။ နံငယ်ပိုင်းအစုတ်ကိုနှစ်သက်အိ။ တနေ့လုံး ပေါက်ဖော်ဘီအီးကိုခိုးသောက်ရွေ့မူးသောဟူအိ။ တရံရောအခါ ပေါက်ဖော်သည် တုတ်တစ်ချောင်းထိပ်တွင် သံချွန်တတ်ရွေ့ငကြောင်အား ပလပ်စတစ်ကောက်ရန် ဇလုံပြည်သို့လွှတ်လေအိ။ ဇလုံသို့သွားရင်း တညတွင်ငကြောင်သည်    ဘီအီးသောက်ပြီး  ဇလုံ ပြည် ကို တပတ်ပတ်ရွေ့ရှူရှူးပေါက်ရင်းလမ်းလျှောက်သည်ဟုအိပ်မက်မက်လေအိ။ မနက်မိုးလင်းသော် လမ်းတွင် ဈေးဝယ်ရင်းဘေးတွင်ချထားသောမနော ဦးထုပ်ကို သံချွန်ဖြင့် ထိုးယူလေ၏။  ဦးထုပ်ကိုကြည့်ရာ ဘီအီးတစ်လုံးဖိုးပင် […]


ကြောင်လေးAugust 23, 20121min30415
သူဂျီးတစ်ယောက်၊ ကောင်းဖို့ရောက်မူ ရွာသူား များမှာ၊ မျက်စေ့ပြာကာ ဓမ္မတာတည်း။       ။ ပီစီခန်းထက်၊ ဗို့မြှင့်စက်ခံ ယူပီအက်(စ်)ရံလျှက်၊ (မပျော်)စံရိပ်ငြိမ် စိတ်ပိန်စရာ၊ ဤအခါကား စီအာ(ရ်)တီခေါ်၊ ဖန်သားပေါ်ထက် ခဏတက်သည့်၊ အင်တာနက်ပမာ မသက်သာတည်း။        ။ မကြင်နာညား၊ ငါ့အားလှည့်ပတ် သူညစ်ပတ်ကြောင့်၊ မလွတ်ကြမ္မာ သုံးစရာတို့၊ မှန်စွာခိုင်ကြည် မတည်မမြဲ၊ ပျက်ပဲပျက်နိုင် ပြင်မနိုင်စွာ၊ ကွန်ပျူတာတည်း။    ။ ရှိခိုးကော်ရော်၊ ပူဇော်အကျွန် ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက် အင်တာနက်၌၊ မကြိုက်သသူ တုံ့မယူလို၊ မပြန်ဆိုသည် ချိန်မှန်ဖတ်ရေး၊ အကျွန်တွေး၍ အပြေးရောက်လာ၊ ဤသည်ရွာကို အာခံအနှောင့်၊ ငါ့အကောင့်တည်း…….။          ။     အားလုံးကို ခင်မင်လေးစားစွာဖြင့် အနန ္တသူရိယ ကြောင်လေး။


သံမတဂျီး ဦးသိန်းစိန် စိမ်ပလိန်တိမ် မုန့်ကြိုးလိမ် တိန် ဘိန် ဂိန် ငြိမ် ကိန်… ဦးသိန်းစိန် ဦးသိန်းစိန် ဗိုလ်ချုပ် အကြီးဂျီး ဦးသိန်းစိန်.. ဧရာမဂျီး ဦးသိန်းစိန်… ဟက်ပလုပ်ကြီး ဦးသိန်းစိန်… ကြောင်ကြီးခြစ်တဲ့ ဘဂျီးစိန် ဇိမ် ဇိမ် ဇိမ်… အမေရိကန်ရောက် အစိုဒေါ် ငါးသိုင်းချောင်း ကြောင်ကြီး၏ သမဒဂျီးအတွက် သီဆိုထားသော ဂုံပြု သီချင်းသံဖြစ်သည်။ ဦးသိန်းစိန်ဘုန်း မိုးသို့ချုန်းလဗျီ၊ သူ့အား ပေါက်ကရ ဝေဖန်ထားသော ပြည်ပရောက် အတိုက်အခံများစွာ ထိတ်ထိတ်ပြာပြာ ဖြစ်ကုန်သည်။ အချို့က “အေဗေးကြောင်စုတ် ကြွက်မခုတ်တတ်သလိုနဲ့ ကြောင်အိမ်ထဲက ငါးကြော်ခိုးစားတာ မသိရင်ခက်မယ်ဟု” ငယ်ကျိုးငယ်နာဖော် အမနာပ သွားပုပ်လေလွင့် ဝိုင်းဆဲကြ၏။ စပွန်ဆာပေးသူမှာ ကိုဘေးနွားကင်ကုမ္မဏီပိုင်ရှင် ယောတောရှိ ဦးခိုင်ဖြစ်ပြီး တလောကပင် […]


ကြောင်လေးAugust 17, 20121min38619
သန့်စင်ခန်းဒုက္ခ (၂) အထူးခန်းထဲရေလျှံပြီးနောက်ပိုင်းကြောင်လေး ဗော်လန်တီယာအလုပ်တစ်ခုလုပ်ခဲ့ပါတယ်။ ဒုတိယတန်းအိပ်ခန်းတွေအတွက် ရေချိုးခန်း၊အိမ်သာခန်းတွေ အပြင်မှာပါ။ ရေလွှတ်တဲ့အချိန်ဆို အများအားဖြင့် အဲဒီအခန်းတွေမှာ ဘားတွေပွင့်နေပြီး ရေတွေတဝေါဝေါထွက်နေတာထုံးစံပါပဲ။ ကြောင်လေးသိတဲ့အချိန်ဆိုရင်        မနေနိုင်တော့ တခန်းပြီးတခန်းလိုက်ပိတ်တာပေါ့။ သင်္ဘေားသားတွေကလည်းရေလွှတ်ပြီးရင် လိုက်ပိတ်ပါတယ်။ ကျနော်ပိတ်ပြီးသွားတဲ့အခါဆိုရင် သူတို့သက်သာသွားတာပေါ့။ တပတ်ကျတော့  ကျနော်အခန်းတွေရေလိုက်ပိတ်ရင်း အိမ်သာခန်းတစ်ခန်းရဲ့ ဘားကကျိုးနေပြီး ပိတ်လို့မရတော့ပါဘူး၊   ရေတွေကတဝေါဝေါထွက်နေတာပေါ့။ကျနော်လည်းတံခါးလေးပြန်ပိတ်၊ အောက်ထပ်ဆင်းပြီးတာဝန်ကျသင်္ဘောသား ရှာရတာပေါ့။   တွေ့တော့အကျိုးအကြောင်းပြောပြတဲ့အခါ၊ သူကလည်းသူးအထက်အရာရှိကိုသတင်းပို့ပါတယ်။ အရာရှိက လောလောဆယ်တော့ တစ်ခုခုနဲ့ ဆို့ထားလိုက်ကွာ၊ မြို့ရောက်မှ ဘားအသစ်တစ်ခု ဝယ်လဲမယ်လို့ပြောလိုက်တော့ သင်္ဘောသားလည်း ပုဆိုးစတစ်ခုဖြဲ၊တုတ်တစ်ချောင်းရှာပြီးယူလာပါတယ်။ ကျနော်က အဲဒီအခန်းထဲအမှတ်တမဲ့ ဝင်သုံးပြီးတော့မှ ရေမရှိရင်ဘယ်လိုလုပ်မလဲ ဆိုပြီး ခရီးသည်ဘက်ကစဉ်းစားပြီးပြောပြတော့၊ သင်္ဘောသားက ဟုတ်တယ် သော့တစ်ခါတည်း ခတ်ထားလိုက်မယ်ဆိုပြီးသော့တွဲပါယူပြီးအပေါ်ထပ်ကိုတက်လာခဲ့ကြပါတယ်။ အပေါ်ထပ်ရောက်တော့ ရေထွက်နေတဲ့အခန်းလိုက်ပြ၊ သင်္ဘောသားလဲတံခါးကိုဆွဲဖွင့်လိုက်တဲ့အခါကြတော့  အခန်းထဲက “အောင်မလေး…..ကုလားငုတ်တုတ်၊ […]


ムラカミAugust 16, 20122min23519
လောကဓါတ်ပညာရှင် အူးခိုင်တယောက် … အခုတလော ..အတော် လက်ဆော့လေသည်…။ သို့သော် ယခု လက်ဆော့နည်းမှာကား … အဆန်းတည်း …။ ထိုလက်ဆော့နည်း ကို သူတွေးမိသည်မှာကား …ရွာသူရွာသား တို့ ၏ စနက်လည်း မကင်းပါချေ …   ဟုတ်သည်….။ ထိပ်ဆုံး ဇနပုဒ်သား ၄-၅ယောက် ကို ပုဂံခေတ် တွင် သွားပစ်ချလိုက်ရာ….ရွာသူား အပေါင်းတို့က ကနောင် မင်းသားကြီးကို ဖောရိန်းစတာဒီ လွှတ်မယ် ပြောလိုပြော … ဗိုလ်ချုပ်ကို ကယ်မယ် ဆိုသူဆို ၈လေးလုံးကို ဖျောက်မယ် ကြံသူကြံနှင့် … အူးခိုင် အတွက် အလွန်အင်မတန် အတွေးအခေါ်အသစ်တွေ ..ကွန့်မြူးစရာ … အိုင်ဒီယာ အသစ်တွေ ရရှိလာခဲ့တော့သတည်း…။   သို့သော် […]


ဦးကြောင်ကြီးအား ဒေါက်တာဘွဲ့ ချီးမြင့်ရန်ရှိကြောင်း တိုင်းနိုင်ငံတဝှန်း အုတ်အော်သောင်းနင်း ဖြစ်နေသည်။ ဦးကြောင်ကြီးကား အသူနည်း..နှယ်နှယ်ရရမဟုတ် ဆယ့်နှစ်ပိဿခွဲအလေးချိန်စီးကြောင်း အတွင်းသိများက ဆိုသည်။ သူစိတ်ဝင်စားသော အပျိုချောဂလေး ရှိပါကာ ဆယ်ထပ် ကန်ထရိုက်တိုက် အမြင့်ဆုံးအထပ်သို့ပင် ရောက်အောင် တချက်ထဲနှင့် ခုန်နိုင်သည်။ အနံ့၊ အကြား၊ အမြင် အာရုံအစွမ်းများမှာလည်း ရှားမှရှားဖြစ်သည်။ ထိုမျှကြောင့်တော့ ဒေါက်တာဘွဲ့ ပေးခြင်းမဟုတ်တန်ရာ၊ တိုင်းကျိုးပြည်ပြု ဆောင်ရွက်ချက်များကြောင့်သာ ဖြစ်ပေမည်။ ကြောင်ကြီးဘာလုပ်သနည်း၊ ဘာမှမလုပ် ဘေးထိုင် ဘိုင်ကျ ဘုတော ဒီလိုနဲ့ ဘွတ်စမံ အပေးခံရ၊ ဤကား အခြေအမြစ်မရှိ သိက္ခာချ စွပ်စွဲချက်များဖြစ်သည်။ ကြောင်ကြီးသည် သတ္တိဗျတ္တိ ညဏ်ပညာ ပြည့်စုံသူ ရဲရဲတောက် အတိုက်အခံ ဖြစ်သည့်အပြင် ယူဂျီများလို လူသူမသိ အနစ်နာခံ လှုပ်ရှားပေးနေသူလည်းဖြစ်၏။ ဤသည်ကို […]


နိုင်ငံဒေါ်သမဒဂျီး ဦးသိန်းစိတ် ဂေါင်းခြောက်နေသည်၊ သူအာဏာရလာပြီးခထဲက ဒေါ်စုမှစ၍ ယခုနောက်ဆုံး တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့်ပါ တွေ့ဆုံခဲ့ပြီးလေပြီ၊ တိုးတက်မှုကား ထင်သလောက် မရသေး။ ဗေဒင် ဟူးရားပညာရှင်များနှင့်လည်း ဓာတ်ရိုက်ဓာတ်ဆင် ယတြာနည်းလမ်းပေါင်းစုံ လုပ်ထားသည်၊ အခြေအနေက ဒုံရင်းကဒုံရင်းပင်..။ အဘယ်ကြောင့်နည်း.. ဟူးရားဖြူ ဟူးရားညိုများ အဆိုအရ မိမိမျှော်မှန်းထားသည်များ အောင်မြင်ထမြောက်စေလိုလျင် သုံးဆဲ့တဘုံ ဝေနေယျများအားလုံးနှင့် ထိတွေ့ဆက်ဆံရမည် သေချာပေါက် အတတ်ဆိုထားသဖြင့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများသာမက နတ်များကိုပါ ဗလိနတ်စာကျွေးခြင်း၊ ဂြိုလ်တိုင်များ ဆီမီးပူဇော်ခြင်း၊ နာနာဘာဝ ဝိနာဘာဝများအား ခေါစာကျွေးခြင်း ပုံမှန်ပြုလုပ်ရသည်။ ဒါလည်း ဟုတ်တိပတ်တိ ဖြစ်မလာ၊ အရေးထဲအရာပေါ် ရခိုင်ဘင်္ဂါလီ အဓိကရုဏ်းပင် ဖြစ်လိုက်သည်။ တခုခုတော့ မှားယွင်းပေသည်။ ထို့ကြောင့် အစိုးရအဖွဲ့အတွင်း ဗေဒင်ဟူးရားအတတ် အထူးကျွမ်းကျင်သော ရထားဝံကျီး ဦးကြောင်မင်းအား […]


ကြောင်လေးAugust 14, 20121min41520
“မောင်သန့်ဇင်…….ဒေါက်..ဒေါက်..ဒေါက်” “ဒေါက်..ဒေါက်..ဒေါက်…… မောင်သန့်ဇင်” “မောင်သန့်ဇင်…….ဒေါက်..ဒေါက်..ဒေါက်” “ဒေါက်..ဒေါက်..ဒေါက်…… မောင်သန့်ဇင်” “မောင်..ဒေါက်…သန့်….ဒေါက်….ဇင်….ဒေါက်” (မောင်သန့်ဇင်…လို့ခေါ်သံနဲ့  ဒေါက်…ဒေါက်..ဒေါက်…လို့ တံခါးခေါက်သံ တပြိုင်တည်းဟုမှတ်ပါရန်။) “အား………..ကျွတ် …ကျွတ်….ကျွတ်…… ခေါ်လို့လဲမရဘူး…..ဒုက္ခပါပဲ…” “မရှိဘူးထင်တယ်…..ဘယ်များသွားနေလဲမသိဘူး……. အင်း ….ဟိုဘက်အခန်းတွေ သွားကြည့်ဦးမှ…….” ဘတ်တလာခန်း စတိုခန်း.. အိပ်ခန်း (၅) အိပ်ခန်း (၄) – – – “အင်း…ဒီအိပ်ခန်းထဲကလူတွေကိုမေးကြည့်ရရင်ကောင်းမလား….” “ဟယ်မဖြစ်သေးပါဘူး၊ ဒီလိုအခန်းမျိုးကလိုက်လာတဲ့သူတွေက သူဌေးတွေ၊လူဂုဏ်တန်တွေ…… သူတို့ကိုသွားမေးရမှာ ရှက်ဖို့ကောင်းပါတယ်လေ….မမေးတော့ပါဘူး၊” အိပ်ခန်း (၃) အိပ်ခန်း (၂) အိပ်ခန်း (၁) ဦးခန်း “အား……..ကျွတ်…ကျွတ်…… ငါ့အခန်းတောင်ပြန်ရောက်လာပြီပဲ …. ရှာလို့လဲမတွေ့ပါလား…..” တရုပ်ပြည်မှ ဝယ်ယူလာသော နှစ်ထပ်ခွဲသင်္ဘောကြီး၏ ဆလွန်းခန်းဟုခေါ်သော ဦးခန်းထဲတွင်ဖြစ်သည်။  အခန်းထဲတွင် ကြီးကြီး၊ငယ်ငယ်၊ပျိုပျို၊အိုအို၊ ကျားကျား၊မမ၊ အရောင်သွေးစုံလင်လှသော သူများသည် တချို့က […]


ムラカミAugust 14, 20121min50232
ဒီမယ်… နှင်းကေသရာ ကျုပ်တို့ တိုက်နေတဲ့ စစ်တွေ ဘယ်တော့များမှ အဆုံးသတ်မလဲလို့မေးလာရင် ကျုပ်တို့အရှင် သုရှင် ကိုယ်တော်ကြီး က များပြားလှစွာသော ခေါဘဏီ တပ်ကြီးကိုစီမံပြီးသကာလ ဟောဒီ ဇမ္ဗူတခွင်လုံးက တိုင်းပြည်တွေကို အောင်နိုင်ပြီး တဲ့ အခါ လို့ ပဲ ကျုပ်ဖြေမယ်… ကဲကဲ… ကျုပ်သွားမယ် နှင်းကေသရာ…   အံကိုတင်းတင်းကြိတ်… အဲမောင်းကို မြဲမြဲစွဲလို့ …ယောက်ျားပီပီသသ ..တလှမ်းချင်း မြင်းရှိရာကို ထွက်သွားသူက … မွန်သူရဲကောင်း မတ်သံလုံ…. ထိုစဉ်… ကောင်းကင်ပြင်၌ လျှပ်ပန်းလျှပ်နွယ်များ..ပေါ်လာပြီးနောက် ..သူရဲကောင်း မတ်သံလုံတယောက် ကမာ္ဘမြေမှ ပျောက်ကွယ်သွားလေတော့ သတည်း..။   ပိတ်သတ်ကြီး သိကြတဲ့အတိုင်းဖြစ်ပါသည်…. ။ အိုင်းစတိုင်းအိ သီအိုရီများ ..ဖီလာဒဲလ်ဖီးယား ဖြစ်စဉ်များ စသည်ကို အလုံးစုံ […]


ပြည်သူ့လွှတ်တော်တွင် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်ရေးကော်မတီ အသစ်ဖွဲ့ပြီး ဒေါ်စုအား ဦးဆောင်စေရာ လွှတ်တော်အမတ် ဦးကြောင်ကြီးမှ မကျေနပ်ကြောင်း လွှတ်တော်ငှက်ကထ ငါမရ ဥငွေငန်းအိမ်နား ညတိုင်း အော်ဟစ်ဆူပူ ဆန္ဒပြသဖြင့် လှုပ်လှုပ်ရွရွ မြင်မြင်သမျှ အကုန်ဖမ်းကော်မတီ ထပ်မံဖွဲ့စည်း ပေးလိုက်ရသည်။ သူနှင့်တွဲဖက်လုပ်လိုသူ ရှာမရ၍ ကော်မတီတွင် ဦးကြောင်ကြီးတဦးတည်းသာ ဥက္ကဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင် ထိန်းချုပ်သူမဲ့ အာဏာရှင်အစစ် ဖြစ်နေပေတော့သည်။ ကော်မတီဥက္ကဌသစ် ဦးကြောင်ကြီးမှလည်း ငှက်ကထ ဥငွေငန်းနှင့် ဒုငှက်ကထ ဥနံနံပင်ကြော်စားတို့အား အဖိုးအနဂ္ဂထိုက်သော ကြောင်ကတိုးချီးတုံး ဆယ်ပိဿာစီ ကျေးဇူးသိတုံ့ပြန်သည်။ ထို့နောက်တွင်ကား ကော်မတီအသစ်လုပ်ငန်း စတင်ရာ လွှတ်တော်ခန်းမထဲ ဒူးနန့်သူ၊ ခါးကြောဆန့်သူ၊ ခေါင်းအငြိမ်မနေသူ၊ ခြေလက်ငြိမ်ငြိမ် မထားနိုင်သူမှန်သမျှ ဒုက္ခနှင့်လှလှ တွေ့လေသည်။ ပထမနေ့တွင်ပင် ကြောင်အကုတ်၊ အကိုက်ခံရသူ လွှတ်တော်အမတ် […]


ムラカミAugust 9, 20121min51135
အချိန်ကား .. မျက်မှောက်ခေတ်.. အဖွင့်ဆန်း အောင် တောက် ခေါက် သံနှင့် ဖွင့်မည်… လာလေရော့ ….   ကတောက်….။   အသံက ပြင်းသည်။ မာသည်။ ဒေါသနှင့် အသားတို့က တဆတ်ဆတ် တုန် နေသည်..။ သို့နှင့် .. ဖတ်လက်စ လက်ထဲက ဂျာနယ်ကို ဖုန်းကနဲ ပစ်ချလိုက်ပြီး လက်ဖက်ရည်ဆိုင်မှ သူ ထ ထွက်လာခဲ့သည်.. သူ့လယ်ကွင်းထဲ ပြန်ရောက်သည်နှင့်  စိတ်ပေါက်ပေါက်နှင့် ကြိမ်လုံးကို နီးစပ်ရာ ငညို ငနီ တစ်ကောင်ကောင် ၏ ကျောပြင် ကို ဗြောတင်လိုက်မိသည်…။ ရွှမ်း ….. လက်ဆ ပြင်းသွားသည်ထင့် .. ။ မတတ်နိုင်… သည်အကောင် ၆ဝနှင့်ပင် သူ […]


ဖြောင်းခွပ်..ဘုံး အင့်..။ “အောင်မလေး ကြောက်ပါဘီဗျ ချမ်းသာပေးပါ ကျန်းမာရေးပါ။ မသိလို့ လုပ်မိပါတယ်။” “ဘာကြောက်ပါပြီလဲ၊ သရဲဂေါင်းလိုလို သူဒေါ်စင်လိုလိုနဲ့ အမှောင်ထဲမှာနေပြီး ဟိုဟာထောင်ပြရဲတဲ့အကောင် (လက်သီး) ဆက်တီးကွာ.. ဒီလိုကောင်မျိုး အရှင်မထားနဲ့၊ ဖြစ်သမျှ ငါတာဝန်ယူတယ်။ စစ်ထောက်လှမ်းရေး အယာရှိကြေးမုံဂျီး ဟိန်းဟောက်သံဖြစ်သည်။ ကြောင်ပေါင်းစုံ လွတ်မြောက်ရေးတပ်ဦးအဖွဲ့ဝင် ကြောင်ကြီးအား မြို့တွင်းဖောက်ခွဲရေး ကြံစည်သည်ဆိုကာ နှိပ်စက်ညှင်းပန်းနေသည်။ အစာမကျွေး အနားမပေး သုံးရက်တိုင် ကြာမြင့်နေသော်လည်း ဝန်ခံချက် တစုံတရာ မရသေးပေ။ သို့သော် ဗိုလ်ကြေးမုံဂျီး စစ်ကြောရေးစခန်းသို့ ရောက်သွားသူတိုင်း ပြန်လမ်းမရှိရကား ဂေဇက်ရွာသဂျီး ဗလီဆရာ အဗ္ဗဒူလာဥခိုင်၊ ရာအိမ်မှူး ရွှေတိုက်စိုး၊ အရက်ပုန်းရောင်းသူ ကပုတို့မှာ လွန်စွာပျော်မြူး နေကြသည်။ ကြောင်ကြီးသည် သူတို့အတွက် ခလုပ်ကသင်း မဟုတ်ပါလော..။ 😛 သဂျီးဥခိုင်မှ […]