ဇီဇီMay 11, 20171min53715
ဟင်းတွေကလည်း ကောင်းကောင်းကန်းကန်းကို မချက်ချင်တော့ဘူးး! ဘာတွေ ချက်ရမလဲလည်း မသိတော့ဘူးး! အကြံညာဏ်တွေလည်း ခမ်းကုန်ပြီလေ။ အဲဒီတော့ ဒီ တစ်ပတ်ကို ချွေတာရေးထမင်းတွေ အကြောင်း ပြောရအောင်။ ကျနော့ တစ်ကိုယ်စာ ပြောရရင်တော့ ထမင်းဟင်းကို ကောင်းကောင်းဖွယ်ဖွယ်ရာရာလည်း စားတတ်သလို ဖြစ်သလိုစားဟေ့ ဆိုရင်လည်း ဘယ်လို စားရင် စားကောင်းမယ်လို့ တွေးပြီး လုပ်စားတာပါပဲ။   ကျောင်းတုန်းကတည်းက ရ ယောက်ပေါင်းလို့ ထမင်း ၅ ပွဲစာလောက်ပဲ ဘတ်ဂျက်ရှိတဲ့အဖွဲ့ထဲမှာ… ထမင်းဟင်းစမှာကတည်းကအစ… နယ်ဖတ်ပြီးအလည်… ခွဲဝေတာ အဆုံး…. ကိုယ်ပဲ လုပ်ပေးရတာမို့ ဇလုံထမင်းဆိုင်တွေ စပေါ်တော့တောင် သူတို့နဲ့ စကားစပ်မိလို့ ပြောမိပါသေးး။ ကိုယ်တွေခေတ်က မရှိသေးတာမို့ ကွကိုယ်တွေ ကြံဖန်နယ်ဖတ်ပြီး တစ်ယောက် တစ်ဇွန်း စားရတာ ဒီခေတ် ဇလုံထမင်းတွေ […]


ဇီဇီMay 5, 20171min42910
မနှစ်က Singapore Changi လေဆိပ်က Certis Cisco က Auxiliary Police ချောချောတစ်ယောက်ရဲ့ပုံတွေ တက်လာတယ်။ အသက်က ၂၂နှစ်ပဲရှိသေးသတဲ့။ ချောသလိုလိုတော့ရှိပေမဲ့ ချောတယ်လို့ပြောရလောက်အောင်မဟုတ်ပါဘူး။ ကိုယ်ပဲ တရုတ် ရုပ်ကို မကြိုက်လို့လားတော့မသိ။ ကိုယ့်မယ် စလုံးမှာ မြင်ဖူးသမျှ ရဲအရာရှိလေးတွေ အကုန်သန့်တယ်လို့ ပြောရမယ်။ ဒီမှာက ယူနီဖောင်းဝတ် အရာရှိတွေ အရပ်အမောင်းနဲ့ရုပ်လေးတွေက အသန့်လေးတွေ များတယ်။ နောက်ပြီး ကိုယ်က တော်တော်ချောတယ်လို့ ပြောလို့ရတဲ့ ရဲအရာရှိတစ်ယောက်ကို မြင်ဖူးတယ် ခည။ တမန်ဂျူယောင်း Neighborhood Police Office ပါ။ ခု ရှိသေးလားတော့မသိ။ 🙄 ၂၀၀၈ လောက်က ကိုယ် က LakeSide မှာ အဒေါ်နဲ့နေတာ။ တစ်ရက်သားး အလုပ်က […]


ေမာင္ရိုးApril 29, 20171min48124
** ခေတ်နဲ့အညီ . . ထီ ထီ ထီ ** ခေတ်ရေစီးသည်ကားးးး အပြောင်းအလဲမြန်လှသည် ။ အခုတမျိုး တော်ကြာတစ်မျိုးနှင့် အရူးမကို ပန်းပန်ပေးရသလိုပင် ။ အွန်လိုင်းမီဒီယာခေတ်မို့ သတင်းတွေလဲမြန်လိုက်သည့်ဖြစ်ခြင်း . . . နံနက်လင်းလို့ မဟာဖွဘုတ်တော်ကိုဖွင့်လိုက်သည်နှင့် ခွေးမသာချသည်မှအစ နိုင်ငံတော်အကြီးအကဲများသတင်းအဆုံး အလုံးစုံတက်၍လာတော့သည် ။ ထိုထိုသောသတင်းများကို မှီ၍လုပ်ကိုင်စားကြသူများသည်လည်း အတော်အတန်ချောင်လည်ကြသည်မဟုတ်လော ?? စားဝတ်နေရေးအလုပ်အကိုင်များမှာလည်း သတင်းစကား အကြိုအကြားကိုလိုက်၍ ခေတ်ရေစီးတွင် မျှောရသည်မို့ . . . ပြောင်းလဲချိန်ကားးး တန်ခဲ့လေပြီ တည်းးး ။ ။ မောင်ဆာမိလည်း ခေတ်ရေစီးနှင့်အတူပြောင်းလဲနေလေပြီ ။ ယခင်ကာလများက ယခုလိုနွေရာသီရောက်ချိန်တွင် မီးမလာရေပြတ်သဖြင့် ရေစည်လှည်းဖြင့် လက်မလယ်နိုင်အောင်ရောင်းခဲ့ရဖူးသည် ။ ယခုသော်ကားးး ခေတ်တစ်ခုအပြောင်းတွင် […]


CourageApril 12, 20171min30026
HaHa သောသူ အသက်ရှည်၏   — ခုတလော နိုင်ငံရေးတွေ လူမျိုးရေး ဘာသာရေးတွေ ဘာတွေညာတွေနဲ့ပတ်သက်ပြီး လက်ရှောင်ဖို့စိတ်ကူးထားတော့ ကိုယ်တော့မျက်စိထဲ တည့်တည့်ကြီးကို စွက်ခနဲ့စူးသွားတဲ့ ဆံပင်မွှေးက HaHa react ပေးတဲ့ ကိစ္စ။ — တကယ်တော့ အဲ့ HaHaနဲ့ပတ်သက်ပီး စန်းစန်းတင့်(sensitive)ဖြစ်လွန်းလှတဲ့ သူတွေနဲ့ပတ်သက်ပီး အမွှေးစူးနေတာတော့ကြာပါပီ။ ဒါမဲ့လဲ ‘အော်ဒါကသူတို့စိတ်နဲ့သူတို့ကိုယ်ပဲ’ဆိုပြီး စိတ်ထဲမရိုးမရွနဲ့ပဲ အသာလေး ငြိမ်ပေးနေလိုက်ပါရဲ့။ သို့ပေသော်လဲ အခုအခါမှာတော့ သတင်းကြီးတဲ့မင်းသမီးလေးရဲ့ ‘I don’t care anything’က အင်မတန့်အင်မတန်မှ ခေတ်စားနေတော့ နဂိုလ်နေကတည်းက ထစ်ခနဲ့ရှိဖေါင်းထုလိုက်ရမှာ ကျေနပ်လေတဲ့ ကိုယ်တော့ခမျာ အားနာနာနဲ့ပဲ ဖေါင်းထုလိုက်ရပါတယ်။ — ကိုယ်တော်စဉ်းစားမိသလောက်တော့ အဲ့စန်းစန်းတင့်တွေက စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိတဲ့ ဝေဒနာရှင်တွေများဖြစ်နေမလားပဲ။ ဘာလို့လဲဆိုတော့ အနောက်တိုင်းဆေးပညာရှင်တွေအဆိုအရ selfieတွေ […]


ဇီဇီApril 6, 20171min5019
ဓမ္မ ဘက်ကရပ်ပြီး…အဓမ္မ ကို ဆန်.ကျင်ဖို. ဒီ ကမ်ပိန်း လက်ခံပါတယ်…. (Credit) #say_NO_to_WIRATHU and Followers ဦးဝီရသူ အလိုမရှိဆိုပြီး ကန်ပိန်း လုပ်နေကြတယ်။ ကျွန်တော့်အမြင်ကို အရင်ရေးပြီး ဝင်ပါပါမယ်။ ကိုယ်တွေက ဟိုးရှေးကတည်းက ဦးဝီရသူကို ဝေဖန်ခဲ့တာပဲ။ ဒါဟာလည်း ပုဂ္ဂိုလ်တစ်ယောက်ကို ဝေဖန်နေတာထက် ဒီအယူအဆတွေဟာ မျိုးဆက်ချီပြီး လူတွေကို ဒုက္ခပေးမှာမို့ ဝေဖန်တာ။ နောင်တစ်ချိန်မှာ ကိုယ့်မျိုးဆက်တွေကို ငါတို့ တတ်နိုင်တဲ့ အားနဲ့ မတရားမှုကို ဆန့်ကျင်ခဲ့တယ်လို့ ပြောပြချင်တယ်။ ဒီအယူအဆတွေ ဖြန့်နေတာ ဂိုဏ်းလိုက် အစုအဖွဲ့လိုက် ရှိနေတာကိုး။ ဒါကြောင့် ဦးဝီရသူ တစ်ယောက်တည်းကို No ပြောတာမဟုတ် သူတို့ဖြန့်နေတဲ့ အယူအဆတစ်ခုလုံးကို No ပြောပါတယ်။ ပိုချဲ့ပြောရရင် ဒီတစ်ဘာသာထဲမဟုတ် အခြားဘာသာက […]


Mon LayMarch 30, 20171min3025
ထိုင်းနိုင်ငံသွားလည်သူတွေ အတွက် အသင့်တော်ဆုံး မြန်မာ ဖုန်းကတ်လေးလို့ထင်ပါတယ်။ True Move ကနေ မြန်မာတွေ အတွက် သီးသန့် ထုတ်ပေးထားတဲ့ ဖုန်းကတ်လေးပါ။ ဘတ် ၄၉ဘတ် (၁၅၀ဝ ကျပ်လောက်) သာ ကျပြီး မြန်မာကိုခေါ်မယ်ဆိုရင် တစ်မိနစ်ကို ၅ဘတ်၊ ထိုင်းပြည်တွင်းမှာခေါ်မယ်ဆိုရင် ၅၅ ပြားသာကျပါတယ်။ Facebook နဲ့ Line ကို ၄လ အခမဲ့ အသုံး ပြုခွင့် HTV application နဲ့ MRTV နဲ့MRTV4 အခမဲ့ ကြည့်ခွင့်တွေပါပါတယ်။ Viber သုံးတာကိုလည်း ပိုက်ဆံ မဖြတ်သလောက်ပါပဲ။ အသုံးပြုပုံတွေကိုလည်း မြန်မာဘာသာနဲ့ ရှင်းပြထားလို့ အရမ်း အဆင်ပြေပါတယ်။ ဘန်ကောက်ကို ခဏတာ အလည် သွားတဲ့ အခါ Facebook […]


ဇီဇီMarch 29, 20171min31110
ဒီ တပတ်တော့ ဘီယာကိုကိုတွေ ဘီယာနဲ့ မြည်းဖို့ အလွယ်နည်းလေးတွေ ရေးမလား စဉ်းစားတယ်။ :mrgreenn: ကိုယ်ကတော့ အမြည်းစားချင်လို့ သောက်သမားဖြစ်ပေမဲ့…. တစ်ချို့ သောက်ခါနီးမှ အမြည်းကပါချင်ဆိုပြီး စိတ်က ရုတ်တရက်ပေါ်လာရင် ထလုပ်နိုင်အောင် အိုင်ဒီယာနဲ့ နည်းတစ်ချို့ ပေးတဲ့သဘောပါ။ :mrgreenn: အလွယ်ဆုံးကတော့ ငါးမုန့်ခြောက်တို့ တို့ဟူးခြောက်တို့ ကြော်ရင်ကြော်။ သီဟိုစေ့ကြော် စတာတွေနဲ့ မြည်းရင်တော့ အချိန်ကုန်သက်သာတာပေါ့လေ။ :mrgreenn: တစ်ခါတစ်လေများ သောက်နေတုန်း အပေါင်းအသင်းလေး ဘာလေး ရောက်လာပြီဆိုရင် ဘီယာဘူးတွေ ထပ်ဖောက်ပြီး “မိန်းမရေ အမြည်းလေးဘာရှိတုန်းဟေ့” လို့များ အော်ခံရရင်…. ဒါမှမဟုတ်….. တစ်ကိုယ်တည်း သမားကိုကိုတွေချည်း ၂ယောက် ၃ယောက်လောက် ချက်ချင်းအမြည်းများထလုပ်ချင်ကျရင်တော့ အသုံးကျလိမ့်မယ်ထင်ပါရဲ့။ သိတဲ့ အလွယ်နည်းလေးတွေ မျှပါအူးး!! :mrgreenn: ~~~~~~~ အလွယ်ဆုံးကတော့ […]


Mon LayMarch 25, 20171min1712
ဟိုတစ်နေ့ကမြို ့ထဲကနေမြေနီကုန်းဘက်ကိုYBS နဲ ့သွားခဲ့ပါတယ်။ နေကလည်းပူတော့ အဲကွန်းကားကောင်းကောင်းသန့်သန့် လေးပဲစီးမယ်ဆိုပြီးစောင့်စီးတာ YBS 37တစ်စီး မွန်လေးဆီကိုရောက်ချလာရော။ သူကအနောက်ကတက်လို့မရဘူး။ အရှေ့ကပဲ တက်လို့ရအောင် အရှေ့တံခါးပဲဖွင့်ပေးပါတယ်။ စပယ်ယာလည်းမပါပါဘူး.. တက်တာနဲ ့ပိုက်ဆံထည့်ဖို့ပုံးချပေးထားပါတယ်။ အဲဒါနဲ့မွန်လေးလည်း လက်ထဲမှာအသင့်ကိုင်ထားတဲ့ပိုက်ဆံအကြွေ ၂၀ဝ တန်ကို ထည့်လိုက်ပါတယ်။ကိုယ့်နောက်ကလူတွေအဲလိုထည့်သွားကြပါတယ်။ ကားပေါ်ရောက်တာနဲ ့အေးခနဲဖြစ်သွားပြီး နိုင်ငံခြားမှာစီးခဲ့ရတဲ့ဘတ်စ်ကားတွေလိုမျိုး ခံစားလိုက်ရပါတယ်။ အဲဒါနဲ့ဆင်းမယ့်မှတ်တိုင်မရောက်ရင် ၁မှတ်တိုင်အလိုမှာ ဆင်းရမယ့်အနောက်ပေါက်မှာ သွားရပ်လိုက်ပါတယ်။ အဲ့မှာစာကပ်ထားတာတွေ့ပါတယ်။ ” ဆင်းမယ့်မှတ်တိုင်မရောက်ခင် ကြိုပြီးဘဲလ်တီးပါ” တဲ့။ဝါး…. အိုးလားလား။ဘဲလ်ကိုရှာကြည့်တော့လည်း ဘေးနားလေးမှာတွေ့နေရော။  မွန်လေးစီးဖူးတဲ့YBS ထဲမှာဒီလောက်နိုင်ငံခြားအဆင့်မှီတာ မတွေ့ဖူးသေးတာ။ ဒါပထမဦးဆုံးစီးခြင်းပါ။ တကယ့်ကို နိုင်ငံခြားမှာစီးဖူးခဲ့တဲ့ခံစားချက်မျိုးကိုပြန်ခံစားရတော့..ကိုယ့်နိုင်ငံကိုဒီတစ်ခါတော့ချီးကျူးလိုက်ပါတယ်။အထိုက်အသင့်တော့ပြောင်းလဲနေပြီပေါ့နော်။ ဒါနဲ့ကိုယ်လည်း ဘဲလ်တီးလိုက်ပြီးခဏနေတော့ မှတ်တိုင်ရောက်တော့ ဆင်းသွားလိုက်ပါတယ်။ တကယ့်ကို Amazing ပါ။


ဦးေက်ာက္ခဲFebruary 23, 20171min50414
ဖွဘုတ်မှာ ရေကျော်မောင်အေးကဖီးက စမူဆာအကြောင်းပြောရင်းနဲ့ “မိကျော်” ကို သွားသတိရမိတယ်…   ဒီလိုခင်ည … မောင်ကျောက် တက္ကသိုလ်ကျောင်းသားဘဝကို ပြန်စဉ်းစားမိရင် အတော် တုန်လှုပ်မိပါတယ် ။ ဖြတ်သန်းခဲ့ရတာ တကယ့် “ခရောင်းလမ်း” မို့ပါ ။ မိဘအိမ်ပေါ်က ကန်ချခံထားရချိန်မို့ ကိုယ့်ဝမ်းကိုယ်ကျောင်း ၊ အဆောင်လခ ၊ ကျောင်းလခ ကိုယ့်ဟာကိုယ်ရှာပြီး ဘူမိဘွဲ့ကို ရအောင်ယူခဲ့ရတာပါ ။ အဲသည့်ခေတ် အစိုးရ အဆောင်လခ ၄၄၀-ကျပ် ၊ ကျောင်းလခ ၇၅-ကျပ် … အဲသည့်တော့ လဘက်ရည်ဖိုးနဲ့ဘာနဲ့ စားရိတ်ရအောင် ကျောင်းဆင်းချိန်မှာ အလုပ် လုပ်ရပါတယ် ။ မီးကြိုးရိုက် ၊ အောက်ဆိုက်ကားမောင်း ၊ ခရီးဝေး ဘုရားဖူးကားမောင်း ၊ ကားရေဆေး ပေါ်လစ်တိုက် […]


ဇီဇီFebruary 20, 20173min116636
စာ က ရေးချင်ပေမဲ့ ချရေးရလောက်အောင် စိတ်ထဲမဝင်လာလို့ မရေးဖြစ်။ ခုတော့ ခုတလော စိတ်ထဲ ခိုးလို့ခုလုဖြစ်နေတဲ့ အကြောင်းအရာ ကို ရေးမယ်လို့ စိတ်ကူးတယ်။ ကိုယ့် စိတ်အခြေခံလေးကို အရင်ပြောပါရစေအူး။ ငယ်တုန်းကတည်းက သူများရဲ့ ရုပ်ရည်သွင်ပြင် ပိန်တာ ဝတာနဲ့ ပတ်သက်လို့ ခန္ဒာကိုယ်ချို့ယွင်းမှုနဲ့ ပတ်သက်လို့ ကဲ့ရဲ့တာ ပြောင်လှောင်တာ မျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးသလို လုပ်နိုင်တဲ့ သူတွေရဲ့ စိတ်ကို နားမလည်နိုင်ခဲ့ဘူးး အသက်ကြီးတဲ့နောက်ပိုင်းမှ ဆိုက်ကိုဇစ် အရ အငုံ့စိတ်တို့ .. အာရုံစိုက်ခံချင်လို့ သူများမကြိုက်တာ တမင်ပြောလေ့ရှိတဲ့ စိတ်တွေကို နားလည်လာလို့သာ တော်တန်ရုံဆို ခွင့်လွှတ်တယ်။ နားလည်ဖို့ကြိုးစားတယ်။ စတာနောက်တာ ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကို လှောင်ပြောင်ဖို့ ဝန်မလေးသလို သူများလာ နှိပ်ကွပ်တာ လှောင်ပြောင် […]


kaiFebruary 16, 20171min52310
ဒီခေတ်မှာ နုပျိုချင်သူ လေဒီများအတွက် ကုန်ကျစရိပ်တွက်ထားတာပါတဲ့..။ အမေရိကားမှာ”မျက်နှာ”ပြင်ဆင်ခွဲစိတ်ကုသစရိပ်တြွေ့ဖစ်ပါတယ်..။ အသက် ၅၁နှစ်ရှိတဲ့ လော့စ်အိန်ဂျလိစ်က လေဒီတယောက်ကို စံထားဆန်းစစ်ရှာဖွေထားတဲ့ ဈေးနှုန်းတွေပါ..။ ဆိုတော့.. အောက်က ပုံကိုချဲ့ကြည့်ပြီး ဈေးနဲ့ အသေးစိတ်ကြည့်ကြစေလို..။


ko sixJanuary 29, 20171min1952
(0-5) လူအဖြစ်ရရှိလာတဲ့ အဘယ်လူသားမဆို သူအသက်ရှင်သမျှ ကာလတစ်လျှောက် ၎င်းလူသား၏ အဓိက ရည်မှန်းချက်မှာ ကျိကျိတက် သူဌေး (ဒါမှမဟုတ်) သုံးမကုန်ဖြုန်းမကုန်လေသော ခရိုနီ ဘောစိ။ သည့်ထက်ပိုရသော် ကမ္ဘာ့အဆင့် တစ်ကနေ တစ်ဆယ်ကြား ဖြစ်နိုင်သမျှဖြစ်ရေးသာ လုံးလစိုက်နေမိတာ မဟုတ်ပါလော။ ကျွန်တော်ကလည်း ဘာအသားနဲ့များ ထုဆစ်၍ လူဖြစ်လာရပါအံ့နည်း။ ရှင်းပါတယ်။ ကျိကျိတက် မဟုတ်တောင် ကိုယ်ပိုင်းလုံးချင်းလေးတစ်လုံး။ ကိုယ်ပိုင် လိတ်တက်ကားလေးတစ်စီး ။ ကိုယ်ပိုင် …စသည့် လူချမ်းသာတစ်ယောက် ရှိသင့်ရှိထိုက်သော ဥစ္စာဓနတို့ ပိုင်ဆိုင်ချင်မိတာက ပြောနေစရာကို မလိုအပ်တော့သည် တမုံ့။ ××× ×××× ×××× (0-4) သူဌေးဖြစ်ချင်လာတာနှင့်အမျှ သူဌေးဖြစ်နည်း ပေါင်းစုံ လေ့လာရတော့တာပေါ့။ ကိုယ့်ကိုယ်လည်း တကယ်သူဌေးဖြစ်စေရမယ်ဆိုတဲ့ သံဓိဋ္ဌာန်ချမှတ်ကာ တက်ကျမ်းမျိုးစုံကို အားသွန်ခွန်စိုက် ဖတ်တယ်။ […]


အခါတပါးမှာ လာဘ်ယာရံ ရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီး သူဝါဆိုရာဒေသက ကေ ျးတောသားတစုကို ဦးဆောင်ပြီး မြတ်စွာဘုရားထံ အဖူးမေ ျှာ်လာတယ်။ ကေ ျာင်းဆောင် အပြင်ဖက် သူတို့ကို ခဏထားပြီး ဘုရားထံ ဝင်လေ ျာက်စဉ် ကွက ျိ ကွက ျိ ဆူညံပွက်လောရိုက်နေလိို့ အားလုံးပြန်ခေါ်သွားလို့ ဘုရားက မောင်းထုတ်ကြောင်း ပိဋကတ်မှာဆိုတယ်။ ကိုယ့်ကိုယ်က ယုံကည်မှု မရှိရင် ဖြစ်တတ်တယ်၊ အဲဒါကိုပဲ ယဉ်ကေ ျးမှု ခေါ်တယ်၊ အင်္ဂုလိလိုတော့ Etiquette…။ လူမ ျိုးတိုင်းမှာ အဲလို ကိုယ်နှုတ် ယဉ်ကေ ျးရမည့် သင်ကြားချက်များ ရှိပါတယ်။ လိုက်နာမှု အပိုင်းကွာလို့ တိုးတက်မှု ရောင်ပြန်ဟပ်တယ်။ အမှိုက် မပစ်တာ၊ လူကြားထဲ စကားက ျယ်က […]