Category: Other – Non Channelized


မြန်မာပြည်သတင်းဒိုင်ယာရီသင့်အေးရိပ် စုဆောင်းတင်ပြသည်။ Nov 19 ။ စစ်အာဏာသိမ်းကာလ ၁နှစ်ခွဲကျော်အတွင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့ပြည်သူ ၂,၅၂၀ နီးပါးသေဆုံးပြီး ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၂၇၅ ဉီးခန့် ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ပြောပါတယ်။ Nov 18 ။ NLD အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ စာရေးဆရာ ဖေမြင့် ကို စစ်ကောင်စီက နေပြည်တော်မှာ အကျယ်ချုပ်ပုံစံနဲ့ ထိန်းသိမ်းထားရာကနေ ဒီနေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတချို့ကို လွှတ်ပေးလိုက်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီဟာ မီးစတဖက် ရေမှုတ်တဖက် ဗျူဟာကို သုံးနေတာ ဖြစ်လို့နိုင်ငံတကာအနေနဲ့ ဖိအားပေးမှုတွေ မလျှော့လိုက်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ယာယီသမ္မတ ဒူဝါလရှီးလ က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ဖိအားပေးမှုတွေကြောင့် အကျဉ်းသားတွေကို ပြန်လွှတ်ပြနေပေမဲ့ […]


Mon LayJanuary 13, 20221min00
၁) သူများနဲ့ မတူအောင်လုပ်ပါ။၂) သူများတွေလောဘတက်ချိန်မှာ ငြိမ်နေပါ။ သူများတွေ လောဘမတက်တဲ့အချိန်မှာ လောဘကိုအစွမ်းကုန်မြှင့်ပါ။၃) ကိုယ့်ပတ်၀◌န်းကျင်မှာ တော်တဲ့၊ ထက်တဲ့၊ ရည်မှန်းချက် ကြီးတဲ့ သူတွေနဲ့ တွဲပါ။၄) စည်းကမ်းရှိပါ။၅) အောင်မြင်လာဖို့ အချိန်ကိုစောင့်ပါ။ ဇွဲရှိပါ။ ၆) အချိန်ကို အကျိုးရှိရှိ အသုံးချရင်း အလကားဖြစ်နိုင်တဲ့ ငြင်းပယ်သင့်တာကို ငြင်းပယ်ပါ။


Mon LayJanuary 13, 20221min00
အိမ်မက်တွေက စျေးကြီးတယ်..ဟုတ်တယ်.. မိဘတွေက ဝန်ထမ်းဖြစ်ပေမဲ့ ငယ်ငယ်ထဲက အိမ်မက်တွေက သေးမသွားဘူး။ ငါ့မှာ နောက်ခံတောင့်တောင့်တင်းတင်းမရှိ rich kidလည်း မဟုတ်ပြန်ဘူး။ ပညာတော့ တတ်သင့်သလောက်တတ်တယ်။ ဒါပေမဲ့ မိမိဘဝအိမ်မက်တွေကို ချုံ့မထားဘူး။ ကိုယ်ပိုင်လုပ်ငန်းကို တစ်နေ့ကျရင် လုပ်မယ်လို့ စိတ်ကူးခဲ့လို့ အခုချိန်မှာ အသားကုန် ကြိုးစားနေတယ်။ အခုဆို ၁နှစ်နဲ့ ၁လ ထဲရောက်နေပြီ။ ကြားထဲမှာ စိတ်ပျက် အားငယ်တာတွေတော့ ရှိတယ်။ ဘာလို့ဆို နောက်လှည့် ကြည့်ရင်၊ ကိုယ်လဲသွားရင် ငွေအားနဲ့ စိုက်ကူဖို့ အဖေမရှိတော့ဘူး။ အမေက ပင်စင်နဲ့၊။ ဒီတော့ ကိုယ့်ဖာသာအကောင်း ဆုံးပြန်ထတယ်။ ကိုယ်နေချင်တဲ့ဘဝ လုပ်ငန်းရှင်တစ်ယောက်ဖြစ်အောင်ကြိုးစားနေတယ်။ မိဘကို လိုအပ်ချက်မရှိထားချင်တယ်..ပြည့်နေတုန်းပဲ။ အရင်ကဆို ၀◌ယ်ချင်တာ၀◌ယ်နိုင်ဖို့ လစာကို ၂-၃လောက် စုခဲ့ရတယ်။ အခုဆို ၀◌ယ်ချင်ရင် […]


kaiApril 15, 20212min00
“သမိုင်းဘီးကြီး ချာချာလည်” ၁၈၇၈ခုနှစ် မင်းတုန်းမင်းနတ်ရွာစံသောအခါ ဆင်ဖြူမရှင်ကြိုးကိုင်မှုဖြင့် ဘုန်းကြီးဝတ်နေသောမောင်ရေစက်အား သင်္ကန်းဆွဲချွတ်၍ သီပေါမင်းအဖြစ်နန်းတင်သည်။ ၁၈၇၉ ဖေ‌ဖော်ဝါရီလတွင် နန်းတွင်းအာဏာလုပွဲများဖြင့် မင်းညီမင်းသားအယောက်၄၀ကျော်ကို (သွေးမြေမကျရအောင်ဆိုကာ)လည်မြိုတုတ်နှင့်ရိုက်သတ်ခဲ့ကြဖူးသည်။ နန်းတွင်းအာဏာလုပွဲများ တခြိမ်းခြိမ်းချနေချိန်တွင် တိုင်းရေးပြည်ရေး စစ်ရေးမငြိမ်သက်။ သူပုန်စုံထလျှက် အာဏာစက်လည်း ကျယ်ပြန့်မသက်ရောက်။ ၁၈၈၄တွင် မင်းသွေးပါသူ အယောက်၄၀၀ကျော်ကို နောက်တကြိမ်မျိုးဖြုတ်သတ်ဖြတ်ပြန်သည်။ ထိုအချိန်‌အောက်မြန်မာနိုင်ငံမှာ အင်္ဂလိပ်ကိုလိုနီအဖြစ် စီးပွားဖြစ်ထွန်း နိုင်ငံရေးတည်ငြိမ်ရကား ‌အောက်ပြည်အောက်ရွာသို့ ထွက်ပြေးခိုလှုံကြသူ မြန်မာလူမျိုးသိန်းချီခဲ့ဖူးသည်။သို့နှင့် အင်္ဂလိပ်စစ်သင်္ဘောများ ဧရာဝတီမြစ်ကြောင်းအတိုင်းတက်လာပြီး ၁၈၈၅ နိုဝင်ဘာလတွင် သီပေါမင်းအားကြက်/ငှက်ကလေးလိုဖမ်း၍ အိန္ဒိယသို့ပို့ပေးလိုက်ပါလေသတည်း။ လူထုမှာ တိုင်းရေးပြည်ရေးစိတ်ပျက်လွန်းနေချိန်ဖြစ်ရကား လက်ခုတ်များတီး၍ အရောက်ပို့ပေးလိုက်လေသလောပင်မပြောတတ်။ ယခုလည်း မျှော်ကြရပြန်သည်။ ဘင်္ဂလားပင်လယ်ဖက်မှ စကြဝတေးမင်းတပ်ကြီးကားပေါ်မလာ။ “မင်းမှာသစ္စာ လူမှာကတိ စစ်သားမှာမသိ”ဗိုလ်ချုပ်ကြီးနေဝင်းအား ထိုစဥ်ကဝန်ကြီးချုပ်ဦးနုမှ ၁၉၅၈ အောက်တိုဘာမှ ၁၉၆၀ ဧပြီအထိ မြန်မာ့နိုင်ငံရေး/စစ်ရေးမငြိမ်မသက်မှုများအကြောင်းပြုခေတ္တအာဏာအပ်ဖူးသည်။ ယခုဧပြီလ […]


zaw linJanuary 1, 20211min00
အသစ်အသစ်တွေကြား အဟောင်းတွေစွန့်ခွာသွားတော့ နှစ်သစ်ကိုကြို အသစ်ကိုမှကြိုက်တဲ့ငါ အိုမင်းရင့်ရော်တဲ့နှလုံးသား အသစ်ဖြစ်သွားအောင် ချစ်သူအသစ်ကလေးမွေးဖွါး ငါလွန်သလားဟင် ဥဥဒီပါကို


kaiJanuary 1, 20213min01
နှစ်သစ် ၂၀၂၁ မှာ.. ရွှင်လန်းချမ်းမြေ့ပါစေ.. ဆိုတဲ့.. မင်္ဂလာဋီကာ… သီချင်းလေးနဲ့..။================================================== ရွှင်လန်းနိုင်ကြပါစေ ချစ်သောမိတ်ဆွေ အပေါင်းသင်းများတို့ရေကျက်သရေဖြာ တက်နေပမာစန်းဇာတာတွေတိုး ဖြိုးမောက်ပါစေကမ္ဘာမြေရှိရှိသမျှသောသတ္တဝါတွေ သတ္တဝါတွေအားလုံးပဲတူမျှစွာယူကြပါလေ ကျွန်တော့မေတ္တာရေမာပါစေ သာပါစေရွှင်လန်းချမ်းမြေ့ကြပါစေ ချစ်သောမိတ်ဆွေ အပေါင်းသင်းများတို့ရေ ကျက်သရေဖြာ တက်နေပမာစန်းဇာတာတွေတိုး ဖြိုးမောက်ပါစေကမ္ဘာမြေရှိရှိသမျှသောသတ္တဝါတွေ သတ္တဝါတွေအားလုံးပဲတူမျှစွာယူကြပါလေ ကျွန်တော့မေတ္တာရေမာပါစေ သာပါစေရွှင်လန်းချမ်းမြေ့ကြပါစေ ချမ်းသာခြင်းသုခနဲ့ပြည့်စုံနိုင်ကြပါစေလေ ဘေးဘယာတွေလည်းကင်းကာရှင်းလင်းကြပါစေတော့လေရွှင်လန်း..ချမ်းမြေ့ပါစေရတနာရွှေငွေ ရတနာရွှေငွေတထိန်ထိန်တောက်အောင်သာပဲစိတ်နောက်ကိုယ်ပါ လိုရာပြည့်စုံစေ 🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼 စိတ်လည်းချမ်းသာပါစေ ကိုယ်လည်းကျန်းမာပါစေကာယ စိတ္တသုခနှစ်ဖြာအားလုံးပဲ ရနိုင်ကြပါစေ စိတ်လည်းချမ်းသာပါစေကိုယ်လည်းကျန်းမာပါစေကာယ စိတ္တသုခနှစ်ဖြာအားလုံးပဲ ရနိုင်ကြပါစေ တဦးပေါ်တဦး ချစ်ကြည်နူးစွာမေတ္တာဝေရေစင်ဖျန်းကာ ပန်းပမာ လန်းဖြာမေတ္တာတေး သစ္စာတေးလှစ်ကာကြွေး အေးမြပါစေ… 🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼 စိတ်လည်းချမ်းသာပါစေ ကိုယ်လည်းကျန်းမာပါစေကာယ စိတ္တသုခနှစ်ဖြာအားလုံးပဲ ရနိုင်ကြပါစေ စိတ်လည်းချမ်းသာပါစေကိုယ်လည်းကျန်းမာပါစေကာယ စိတ္တသုခနှစ်ဖြာအားလုံးပဲ ရနိုင်ကြပါစေ တဦးပေါ်တဦး ချစ်ကြည်နူးစွာမေတ္တာဝေရေစင်ဖျန်းကာ ပန်းပမာ လန်းဖြာမေတ္တာတေး သစ္စာတေးလှစ်ကာကြွေး အေးမြပါစေ… […]


kaiDecember 15, 20203min00
“ဒေါင်းလည်ပြန်” ၂၁ရာစုလူသားတို့အတွက် အဆိုးဝါးဆုံးများသယ်ဆောင်လာသည့် သက္ကရာဇ်၂၀၂၀ ကုန်တော့မည်။ လည်ပြန်ကြည့်လျှင် ကမ္ဘာလူသားအသက် ၁သန်း၈သိန်းကျော်တွင် အမေရိကန်အသက် ၃သိန်းကျော်ပါခြွေသွားသည့် ကိုဗစ်-၁၉ရောဂါကို တနှစ်လုံးလိုလိုခုခံဖြေရှင်းနေရမည်။ မကြုံစဖူးလောင်ခဲ့သော တောမီးရာသီ ဇူလိုင်ကုန်မှ ဒီဇင်ဘာလယ်အတွင်း အမေရိကအနောက်ပိုင်းပြည်နယ်တို့၏တောမီး အကြိမ်၁၀၀ကျော် ၈.၂သန်းဧကနှင့် ဧက၄၇သန်းလောင်ကျွမ်းသွားသော သြစတေးလျှတောမီးကြီးကိုကြားရ/ခံစားကြရမည်။ဇွန်မှနိုဝင်ဘာလကုန်မုန်တိုင်းရာသီတွင်းအတ္တလန္တိတ်သမုဒ္ဒရာအတွင်း သမိုင်းစံချိန်ဖြစ်တည်ခဲသောခဲ့သော နာမည်တပ်မုန်တိုင်းအလုံး(၃၀)၏ အမေရိကနိုင်ငံကမ်းရိုးတန်းဝင်ဆောင့်ခဲ့သည် ၁၂လုံးဒဏ် ကိုသိရမည်။မေလကုန်တွင်လူမည်းအမျိုးသားဂျော့ဖလွိုက်အသတ်ခံရသည်မှ စလိုက်သည့် BLM လူမည်းအသက်တာလှုပ်ရှားမှုကြီး၏ဂယက်နှင့်ပါတ်သက်ကြရမည်။ကမ္ဘာ့စူပါပါဝါ အမေရိကား၏ နှစ်၂၄၄နှစ်ကြာ ဒီမိုကရေစီစနစ်ကြီးယိုင်နဲ့သွားသည်အထိ နိုင်ငံရေး လိမ်ဖယ်ခဲ့သည်ကို ကြုံကြရမည်။ သမ္မတထရမ့်နှင့် သမ္မတဂျိုးဘိုင်ဒင်တို့၏ ရွေးကောက်ပွဲရလဒ်သည် ယခုစာရေးသည့်အချိန်အထိ ရှုံးသူမှအရှုုံးမပေးသေး၍ မပြီးပြတ်စဲဖြစ်၏။ တိုင်းပြည်၏တရားရေးမဏ္ဏိုင်အဆုံးအဖြတ်လည်း ကြားဝင်ညှိ၍မှမတတ်နိုင်။လက်မှိုင်ချရသည့်အခြေဆိုက်ကုန်၏။ စတုတ္ထမဏ္ဏိုင် မီဒီယာမူလည်း ကောလဟာလလွှင့်ရာတို့ဟုထင်ကုန်ကြသည်။ ၇၄သန်းကျော်ရှိသော သမ္မတထရမ့်အားမဲပေးလိုက်သူ အုပ်စုကြီးမှာ သူတဦးတယောက်၏နောက်လိုက်၍အများစုဆန္ဒကိုခုခံဆဲပါပေ။ပြည်တွင်းစစ်ကာလ(၁၈၆၁-၆၅)နောက်ပိုင်း အကြမ်းဆုံးသော ကွဲပြားခွဲခြားခံလိုက်ရသည့်အခြေအနေရယ်ပါ။ အစမ်းသပ်ခံလိုက်ရသည့်ဒီမိုကရေစီသည် ဇန်နဝါရီ၂၀တွင် ရွေးကောက်ခံသမ္မတသစ်ဂျိုးဇက်ဘိုင်ဒင်ကို […]


Mon LayNovember 14, 20201min00
တခြားလုပ်ငန်းတွေလည်းချမ်းသာနိုင်မှာပါ..အချိန်အခါပေါ်မူတည်ပြီးတော့ပေါ့နော်.. ဝိုင်းထားတာတွေက မွန်လေးအခု လုပ်နေတဲ့ လုပ်ငန်းအမျိုးအစားပါ ၁/ လက်လီဖြန့်ချိရေး မွန်လေးက ပစ္စည်းတွေကိုလက်လီကော၊ လက်ကားပါ..ဖြန့်ပါတယ်ရှင် ၂/ အင်တာနက် လိုင်းပေါ်တက်ပြီး စီးပွားရှာသလို..ဆိုင်လည်းဖွင့်ပါတယ် ၃/ သယ်ယူပို့ဆောင်ရေး ကိုယ်ပိုင်ကား deli ပါလုပ်နေပါပြီ။ နောက်ပိုင်းလုပ်ချင်တာက..အိမ်ခြံမြေပါ..ဝယ်ချင်တဲ့စိတ်ရှိတယ်..ကြိုးစားနေပါတယ်.. ချစ်တို့လည်း ဒီဖော်ပြထားတဲ့အလုပ်ကလေးတွေကို အခြေခံပြီးလုပ်ကြည့်ပေါ့..မွန်လေးကို နငိ့ OS ကဖြစ်မလာပါဘူးကွာလို့ပြောခဲ့တာ..အခုတကယ် ကြီး ဖြစ်လာပြီနော်..အခုOS ကြောင့်အရမ်းကို အောင်မြင်နေကြပြီ🤩


Mon LayOctober 29, 20201min00
မနေ့က အစ်ကိုတစ်ယောက်နဲ့အိမ်မက်မက်တယ်။ အဲ့အစ်ကိုနဲ့က မွန်လေးUFL မှာ အင်္ဂလိပ်စာဒီပလိုမာတက်ဖို့ အပြင်သင်တန်းတက်ရင်း ဆုံခဲ့ဖူးတာပါ။ ဘယ်လောက်အင်္ဂလိပ်စာ အခြေခံကောင်းသလဲဆိုရင်..ဆရာက ကွက်လက်ဖြည့်ဖို့မေးတိုင်း သူကချည်းဖြေနိုင်တာ။  တစ်ခန်းလုံးမှာ သူ့အသံပဲထွက်နေတာ..အဲ့လောက် အင်္ဂလိပ်စာတော်လို့ သူ့ကိုသတိထားမိခဲ့ တယ်။ ပြီးတော့ သူက မွန်လေးရဲ့ခုံအနောက်မှာထိုင်တော့ နောက်ပိုင်းမှာခင်သွားတာပေါ့။  မွန်လေးတို့ UFL ရောက်တော့လည်း ဆက်ခင်နေတာပေါ့။ အဲ့လိုတက်ရင်းနဲ့ MOFA (Ministry of Foreign Affairs) က တတိယအတွင်း၀◌န် ကခေါ်ရော။  မွန်လေးလည်း လုပ်ချင်တာနဲ့ ၀◌င်ဖြေဖြစ်တယ်ပေါ့။ ဒါပေမဲ့ ကြိုတင် plan မရှိခဲ့တော့  ဖြစ်မလာဘူး။ ဗဟုသုတရော၊ အင်္ဂလိပ်စာလည်း အခုလို မရသေး‌တဲ့ အပြင် လုပ်ဖို့က ရည်မှန်း ထားတာပဲရှိတာ..ဘယ်လိုကြိုတင်ပြင်ဆင်ရမယ်ဆိုတဲ့ plan မရှိခဲ့တော့ အရွေးမခံခဲ့ရဘူးပေါ့။  ဒါပေမဲ့ အဲ့အကိုကကျတော့ အရင်ငယ်ငယ်ထဲက အင်္ဂလိပ်စာကိုတော်အောင်လုပ်မယ်။ တစ်နေ့ ကျရင် ရာထူးကြီးတဲ့နေရာတွေမှာ၀◌င်လုပ်မယ်။ ကံကောင်းခဲ့လို့ရှိရင် MOFA မှာပါ လုပ်မယ်ဆို တဲ့ plan ထားခဲ့လို့ အင်္ဂလိပ်စာနဲ့ ဗဟုသုတကို ရအောင် ကြိုးစားဖတ်ခဲ့တယ်  တဲ့။ သူplan လုပ်ထားခဲ့တဲ့အတိုင်း တကယ်တမ်း MOFA ခေါ်တော့ အေးဆေးပဲ။ သူတတိတ အတွင်း၀◌န်ဖြစ်ခဲ့တယ်လေ။ ဒါတွေကို သူ့ကိုမေးတော့မှသိခဲ့တာပါ။ အဲ့ဒါနဲ့ အိမ်မက်မက်လို့ဆိုပြီး သူ့အကောင့်ရှာတော့ သူအခု နယူးဇီလန်မှာလေ။ အရမ်းကို သာယာနေတာပေါ့နော်။ အဲ့တော့မွန်လေးပြောချင်တာက မွန်လေးတို့လည်း သူ့လို ရည်မှန်းချက် တစ်ခုထားပြီဆို အဲ့ရည်မှန်းချက်ကိုသွားဖို့ plan ထားရမယ်။ လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်  ထားရမယ်။ မွန်လေးက ဖြစ်ချင်စိတ်သာရှိတာ..plan မထားခဲ့တော့ MOFA မှာအလုပ်မရခဲ့ဘူး။  အင်္ဂလိပ်စာလေ့လာဖို့ အချိန်တွေရခဲ့ရဲ့သားနဲ့ ကိုရီးယားရူးပြီး ကိုရီးယားစာပဲလေ့လာခဲ့တယ်လေ  အိမ်ကUFL တက်တော့လည်း ပြင်သစ်ပဲယူရမယ်..ပြင်သစ်နိုင်ငံရောက်အောင်ဆိုပြီး..အမှန်က  ကိုရီးယားစာက အခြေခံသင်စရာမလိုဘဲ..ကိုယ်ကတတ်နေပြီးသားလေ…ဒါမဲ့မတတ်ခဲ့ရဘူး။  ရှိတဲ့အချိန်မှာ အင်္ဂလိပ်စာကို ဖိမလုပ်ခဲ့လို့လည်း အရမ်းနောင်တရတယ်။ ပြင်ပစာတွေ မလေ့လာခဲ့လို့လည်း နောင်တရတယ်။ အာ့ကြောင့် အခုဆို တစ်နေ့ကို သတင်းတွေရအောင်ဖတ်တယ်။  အင်္ဂလိပ်စာလည်း ပိုလုပ်တယ်။ ပြင်သစ်စာသင်ထားတော့ အဲ့ ပြင်သစ်ကိုရောက်အောင်သွားမယ်လို့လည်း plan ထားထားတယ်။ တခြား Target ထားတာတွေလည်းရှိတယ်။ အဲ့ အတွက် အခုကစပြီး plan ထားထားပါပြီ။  အခုစာဖတ်နေတဲ့သူလည်း အသက်မကြီးသေးဘူးဆို နောင်တချိန်မှာ ဘာဖြစ်ချင်လဲ ကြိုတင်မေးခွန်းထုတ်ပါ။ ရည်မှန်းချက်ထားပါ။ ပြီးရင် plan ဆွဲပါ။ အဲ့plan ဆွဲထားတဲ့အ တိုင်း လုပ်ပါ။ 


Mon LayOctober 25, 20201min00
အခု မွန်လေးစာကိုဖတ်နေကြတဲ့သူတွေရော motivation speaker တွေပြောတာရော..နားထောင်ဖြစ်ကြလားဟင်။ မွန်လေးကတော့ နားထောင်ဖြစ်တယ်။ နားကိုနားထောင်မှရတယ်။ ကိုယ်ပို်င်လုပ်ငန်းလုပ်ရင် အဲ့လိုနားထောင်မှုတွေအရမ်းလိုတယ်။ တစ်နေ့သူဠေးဖြစ်ရမယ်လို့ ခံယူချက်ရှိလား ??? ကိုယ်လုပ်နေတဲ့ လုပ်ငန်းကို လုပ်ရတာ ပျော်ရဲ့လား??? ဘာလုပ်လုပ် အကောင်းဆုံးလုပ်ဆောင်မယ်ဆိုတဲ့ ခံယူချက်ရှိလား ?? ငါ ပိုမိုအောင်မြင်ရမယ်ဆိုတဲ့ ပြင်းပြတဲ့ စိတ်ထားရှိလား?? ရာထူးအမြင့်ဆုံးရောက်ဖို့ ပြင်းပြတဲ့ စိတ်ထားရှိပြီလား? ဒီလို ပြင်းပြမူမရှိသေးရင်အောင်မြင်ဖို့မလွယ်။ Dream ရှိရမယ် အဲ Dream အတိုင်း Targetထားရမယ် ငါအသက် ၃၀ ဘာဖြစ်ရမယ်သေချာတဲ့ ပန်းတိုင် 🏁ထားထားတယ်။ အဲတော့ အခုလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ကြိုးစားနေတယ်။ အဲ့လမ်းကြောင်းထဲသွားနေပြီ။ အခုလည်း 2021 ဘာဖြစ်ရမယ် တိကျတဲ့ ပန်းတိုင်ချထားတယ်။ ရူးသွပ်မူကနေ အောင်မြင်မူရှိသွားနေတဲ့မိန်းမတစ်ယောက်ရဲရဲ ကြီး ကျွန်မ နောက်ထက်ချက်မကွာလိုက်ခဲ့။ ကျွန်မ ကိုယ်တ်ုင်လည်းပြောင်းလဲပစ်တဲ့ စိတ်စွမ်းအား ရှိတယ်။ ခြေရာခံပါ။ ခိုင်မာပျက်သားတဲ့ ပန်းတိုင်း ထားပါ။


Mon LayOctober 23, 20201min00
ကိုယ်တွေ အလုပ် လုပ်ပြီဟေ့ဆို…ထမင်းမေ့ ဟင်းမေ့တင်မက ဘူး..ရေသောက်ဖို့ပါမေ့တာ။ ရေလည်း အနားမှာထားရင် ထိုင်ရာကမထဖြစ်မှာစိုးလို့  အ‌ေ၀◌းမှာထားထားတယ်။ အဲ့တော့ ရေ သောက်ဖို့က ပိုမေ့ရော..ဒီတော့ ရေသောက်ဖို့ alarm ကို iwatch မှာလုပ်ထားလိုက်တယ်။ ကျန်းမာရေးအရပေါ့လေ…မလုပ်လို့မရဘူး ပြီးတော့ နိုးကတည်းက တစ်နေကုန် iphone ရယ် macbook ရယ်နဲ့ ၂ လုံးနဲ့ကို  အလုပ်တွေ   ထိုင်လုပ်နေတော့တာ…အဲ့ကြားထဲ ၀◌ါသနာပါတဲ့ စာကို ပြေးရေးရသေးတယ်။ ကြားထဲ အဲ့လိုရေးဖို့ စာအုပ်တွေ ဖတ်သေးတာ။ အင်္ဂလိပ်စာလည်းမေ့ထားလို့မရလို့ ..လုပ်လိုက်သေး။ အလဟဿ အလေ လိုက် ဖို့အချိန်တကယ်ကိုမရှိ။ ပိတ်ရက်ဆိုတာ ကိုယ့်အတွက်မရှိ။ ရှာရင်အသေရှာတယ် သုံးလည်းသုံးတယ်။ ခေါင်းထဲ တစ်ခုထဲ နစ်ထားတယ်။ အဲဒါ၁ရက်ထက် ၁ရက် ဝင်ငွေတိုးဖို့ပဲ။နားတဲ့အချိန်က အိပ်ချိန်ပဲရှိတယ်။ တခါတလေအိမ်မက်ထဲတောင်အလုပ်လုပ်နေတာ။ရည်မှန်းချက်တွေကြီးတော့ ကြိုးစားနေရတာပေါ့လေ။