ko sixOctober 31, 20181min4104
ပိုက်ဆံမရှိဘူးလို့ ငြီးနေတာ အပျင်းမှာ ဂျိုတပ်ထားကြောင်း လက်မှတ်။ အလုပ်အကိုင်ရှာပါးတာကို လေပင့်နေရင်း သူများချွေးနည်းစာမှာ ဝင်ကစွတ် အမေရိကန်စစ်စတန်ကို နားမလည်ဘူး တစ်နေ့ ၅၀၀ဝ ရတာလုပ်မလား ဒီမေးခွန်းမှာ လိုအပ်ရင်အချိန်မရွေး ဖုန်းဆက်ဖို့ ပုံနှိပ်ထားပါတယ်။ သို့သော်လည်း သို့သော်လည်း ထိုငနဲသားဟာ စာမေးပွဲခန်းကို ဒီကနေ့အထိ ရောက်မလာခဲ့ဘူး။ ကိုစစ်


ကျန်သော ဧည့်သည်များတွင် မေးခွန်းများ တသီကြီး ရှိနေသည်။ သဲဘုရင်တွေ ဘယ်ကလာသလဲ ဆိုတာ အားလုံးသိချင်နေကြသည်။ ခရက်စ်က ဂျာလာဝူးကို ယဉ်ယဉ် ကျေးကျေး လက်ညှိုးညွှန်၍ – “ဝူး နှင့် ရှိတ် ကုမ္ပဏီက သွင်းတာပဲဗျ။” ဂျာလာဝူးသည် တစ်ညနေလုံး တိတ်တိတ်ဆိတ်ဆိတ်နှင့် ခပ်လျှိုလျှိုနေ နေခဲ့သည်။ “ခင်ဗျား မျက်နှာကို သူတို့ဘာလို့ ထွင်းထားတာလဲဗျ။” “ဒါတော့ဗျာ…ကျနော်က သူတို့ ကောင်းကျိုးအဖြာဖြာအတွက် ရင်းမြစ်ကြီးကိုးဗျ..။” ခရက်စ် က ထိုကဲ့သို့ဖြေသောအခါ အားလုံး ရယ်လိုက်ကြသည်။ “သူတို့ တိုက်ကြခိုက်ကြ ဦးမှာလား..။” “ဒါပေါ့ဗျာ..ဒါပေမဲ့ ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ။ စိတ်မပူပါနဲ့…တခြားအစီအစဉ်လေးတွေ ကျန်ပါသေးတယ်။” ခရက်စ်၏ မိတ်ဆွေများထဲမှ ဂျဒ်ရာကစ် ဆိုသူသည် အခြားကမ္ဘာမှ ဂြိုဟ်သားများနှင့် သက်ရှိများအကြောင်းကို လေ့လာ လိုက်စားနေသော […]


Mon LayOctober 19, 20181min4412
post ရေးထားတာ ပျောက်ကုန်ပြီ public မလုပ်သေးဘဲ..အချောမသတ်ရသေးလို့ သိမ်းထားတာ..version အသစ်ပေါ်လာလို့ စာတွေပျောက်ကုန်ပြီ ..ဘယ်လိုလုပ်ရမလဲ..တဂျီးရေ..အမလေးလေး ကယ်တော်မူကြပါ..အတွေးက ၂ခါပြန်မရဘူး.ဟင့်ဟင့်


Mon LaySeptember 19, 20184min1630
ဒီတစ်ခေါက်ကတော့ မွန်လေး မိုးတွေရွာနေတဲ့အခါ၊ နေပူနေတဲ့အခါ ဘာသောညာသော အကြောင်းကြောင်းကြောင့် ပစ္စည်း ဝယ်ဖို့ အပြင်မထွက်ချင်တဲ့အခါ အမြဲဝယ်နေကျ Online Shop ဆိုင်လေးအကြောင်းကို ပြန်ရှယ်ပေးချင်ပါတယ်။😊😊😊 #နာမည်📝 သူလေးကတော့ ပြင်သစ်နာမည်လေးလို့ပြောပါတယ်။ “Fashion La Princesse (www.facebook.com/fashionlaprincesse) တဲ့။ La Princesse Fashion လို့ပေးထားတာတဲ့ တကယ်လည်း ဆိုင်နာမည်ကို facebook မှာ register လုပ်တော့ Fashion La Princesse ဖြစ်သွားတာတဲ့။ အဲ့နာမည်ကပဲ အကျိုးပေးတာလားတော့ မသိ ခုဆို လုပ်လာတာ ၄နှစ်ကျော်လာပြီတဲ့။4⃣ ရောင်းတဲ့လူကတော့ ပိုင်ရှင်၂ ယောက်၊ တစ်ယောက်က နိုင်ငံခြားမှာ၊ တစ်ယောက်က ရန်ကုန်မှာတဲ့။ အရောင်းသမားတွေ ၁၂ယောက်ရှိပါပြီတဲ့။ 😲 #ရောင်းတဲ့ပစ္စည်းတွေ 🥌🧥🧢👝👛👜⌚️🎁🎒🛍🕶👒 ပစ္စည်းတွေကတော့ […]


Lay PaiSeptember 6, 20181min3374
အက္ခရာ တခု ရဲ့ ဂဃန်း ရ လုံးပါ ထောင်တန် အရွက်ရေ ပေါင်း AA0000001 မှ AA9999999 အရွက်ရေ = 10000000 AA =10000000 x 1000 = 1,000,000,000 kyats (သန်းတစ်ထောင်) တစ်ဘီလီယံကျပ် AA ~ AZ = 26 ဘီလီယံကျပ် BA ~ BZ = 26 ဘီလီယံကျပ် AA ~ AZ =6,76 ဘီလီယံ ကျပ် Is above caculation true or false? Kindly check.


Mon LayAugust 30, 20188min5332
အစကတော့ ပုဂံကိုသွားတဲ့အခါ စလေကို မသွားဘူးလုပ်ထားတာ။ ဒါပေမယ့် မရောက်ဖူးတော့ အချိန်လည်းရတော့ သွားခဲ့လိုက်ပါတယ်။ သွားချင်နေတာလည်းပါတာပေါ့နော်။😁😁 ဆလွန်းကားကို စလေအသွား၊ အပြန်နဲ့ ကားကြီးကွင်း အရောက်ပြန်ပို့ခ စုစုပေါင်း (၃၅၀၀၀)ကျပ်ကျပါတယ်။ #ဘယ်လိုသွားလဲ🚘 ပုဂံကနေ မကွေးတိုင်းကိုဖြတ်၊ ချောက်မြို့ကိုဖြတ်သန်းပြီး ၂နာရီအကြာမှာ စလေမြို့ကို ရောက်ရှိလာပါတယ်။ ရန်ကုန် – စလေ ဆိုရင် ပြည့်ဖြိုးအောင် – 09 8601651 ကားရှိတယ်။ မနက် (၈)ခွဲကားနဲ့ ည (၈)ခွဲကားဆို စလေအထိ တိုက်ရိုက်ရောက်ပါတယ်တဲ့။ #စလေမြို့🏙 စလေမြို့လေးဟာ ဧရာဝတီမြစ် ရဲ့ အရှေ့ဘက် ကမ်းမှာတည်ရှိပြီး ပုဂံ ရှေးဟောင်းမြို့တော်ရဲ့ တောင်ဘက် 34 မိုင်အကွာ မှာတည်ရှိပါတယ်။ ရန်ကုန်မှလာလျျှင် ရေနံချောင်း ၊ ဂွေးချို လမ်းခွဲ( […]


Kyi LwinJune 20, 20181min5187
မင်္ဂလာပါ မြန်ဂေဇက်ရွာ လွမ်းလွန်းလွန်းလို့လာ မရောက်တာကြာ ကျန်းခန့်သာလို့ မာကြရဲ့လားဗျာ။   မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ ကြည်လွင်။


Faces Magazine Jan_2018 ဗိုက်ကလေးပေါ် လက်တင်ပြီး တစ်နေရာကိုငေးနေတဲ့ မြ ဆိုတဲ့ မိန်းကလေးကိုကြည့်ရတာဟာ သိပ်ပြီးတော့ မူမမှန်ချင်ဘူး။ တခါတခါ ငိုလိုက်ရယ်လိုက်နဲ့ရှိနေတတ်ပေမယ့် ဒီကနေ့တော့ ထူးဆန်းစွာပဲ မြ ဟာ နုတ်ဆိတ်လို့နေခဲ့တယ်။ ကြည့်ရတာ ငိုရလွန်းလို့ပဲ မောသွားခဲ့လေသလား။ ဒါမှမဟုတ် ဖွ ဟဲ့ လွဲပါစေ ဖယ်ပါစေ ဆိုပြီးပြန်တွေးရတာက မြ ဟာ မကြံကောင်းမစည်အပ်တာတွေများ တွေးနေခဲ့သလားလို့ပေါ့။ ဟော လာကြပြီ။ ရပ်ထဲ ရွာထဲက လူကြီးတွေလာကြပြီ။  ဒီတော့ မှ မြ ဟာ ကျောက်ရုပ်တစ်ရုပ်လို့ ငြိမ်သက်နေရာက လူးလူးလွန့်လွန့်ရှိလာခဲ့တယ်။ မြ ရဲ့ မျက်ဝန်းတွေကိုကြည့်တော့ ငြိမ်သက်နေသယောင်ပါပဲ။ ဒီတော့ ကျွန်မက ထိုင်ရာကနေထပြီး ရောက်လာတဲ့ လူကြီးတွေကို ဧည့်ဝတ်ပြုဖို့ရာပြင်ရတယ်။ ကျွန်မကို ကူဖော်လောင်ဖက်အဖြစ် […]


ဇီဇီMay 9, 20181min5757
A house is made of walls and beams. A home is built with loves and dreams.   ဘာရယ်မဟုတ်။ ဒီမနက်မှ ဒီပို့(စ) လေး ၂ ပုဒ် ဖတ်လိုက်ရတော့ ဒီထဲ မှတ်တမ်းတင်ထားချင်တယ်လေ။ ကိုယ် အားကျပေမဲ့ လိုက်မလုပ်နိုင်တဲ့ လုပ်ရပ်နဲ့ အတွေးအခေါ်မျိုးလေးမို့  စိတ်ထဲ ထိတယ်။ ဆရာနေမျိုးဆေး မှာ သူ့ အတွေးအခေါ်နဲ့လိုက်လျောညီထွေတဲ့ ပါရမီဖြည့်ဖက်၊ ပတ်ဝန်းကျင်နဲ့ ဘဝ ရှိနေတယ်။ ဘဝ အကျိုးပေးကောင်းတယ်ခေါ်ရမလားပဲ။ ဘာကိုမှ မငဲ့ပဲ ပြောရရင် ကိုယ်နေချင်တဲ့ ဘဝနေထိုင်ဖြတ်သန်းမှု မျိုးပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ https://www.facebook.com/naymyo.say.5/posts/1274925249198413 ကျနော်တို့ အိမ်ဆောက်မယ်လို့ စိတ်ကူးထားတာ လွန်ခဲ့တဲ့ […]


ဇီဇီMay 8, 20184min66611
ဟိုတလောလေးက မြန်မာ့ အစားအစာ ဟင်း ထမင်းနဲ့ ပတ်သက်လို့ ဖေ့ဘုတ်ကြီးမယ် အညင်းပွါးကြတာ… အစား သမား ကိုယ်ကတော့ လိုက်ဖတ်တာပေါ့။ ဝါသနာကိုး။ https://www.facebook.com/mayzin.hlaing.7/posts/731729290343047 https://www.facebook.com/poephyuthant/posts/659110411094634 https://www.facebook.com/poephyuthant/posts/659553354383673 https://www.facebook.com/than.kywe.98/posts/1672594866161964?hc_location=ufi ဒါတွေက သူတို့ရဲ့ အမြင်ပေါ့လေ။ စတင်ပြောတဲ့သူရဲ့ ပို့(စ) မှာလည်း စေတနာနဲ့ အားမလိုအားမရဖြစ်တာကို နားလည်သလို သူတို့ အဆိုကို ပြန်ချေပဖို့ကို ပညာက မပြည့်တော့ လိုက်ဖတ်ကြည့်ရုံလောက် တတ်နိုင်တာပဲ။ ပြန်ချေပသူတစ်ချို့ရဲ့ မျက်စိမှိတ်ပြီး “မြန်မာ အစားအစာကို ကြိုက်တယ်၊ မြန်မာစာကိုမနှိမ်နဲ့ မြန်မာကွ” စတဲ့  ဘာညာသာရကာတွေကို ကျော်ဖတ်အပြီးမှာ ဒီ အကို ရေးတဲ့ တုံ့ပြန်စာလေးတော့ အတော်ကြွေသွားတယ်။ https://www.facebook.com/aung.kyawthu.14/posts/1676758185770699?hc_location=ufi ပညာရှင်ဆန်တယ်လေ။ လုံးဝ လက်ခံတယ်။   ကျနော့ တစ်ကိုယ်စာ […]


သာယာလှပတဲ့ တနင်္ဂနွေနေ့လေး တစ်နေ့မှာ တိမ်စင်တဲ့ ကောင်းကင်ကြီးကလည်း နေရောင်လက်နေတဲ့ အ မိုးခုံး ကြီးတစ်ခုလို အုပ်မိုးလို့ပဲ။ ဟောဟို ရင်ပြင်ထဲမှာတော့ ရွက်ကြွေတွေ လေပြေထဲမှာ လွင့်ခနဲ ဝဲခနဲ။ ကြည့်ရတာ အကုန်လုံး အရောင်ဖျော့ဖျော့ လင်းလက်နေကြသလိုပဲ။ ရေခဲမုန့်ဆိုင်လေးရဲ့ ခေါင်မိုး၊ ရေသောက်စင်လေးရဲ့ မှန်ကူကွက်တွေ၊ လေလွင့် ကြောင်တစ်ကောင်ရဲ့ မျက်လုံးအစုံ..၊ နောက်ဆုံး ခိုတွေ တရုန်းရုန်းနဲ့ နာရီစင်ရဲ့ အောက်ခြေတောင် ခပ်ဖျော့ဖျော့ လင်းလက်နေကြတာ။ ပိတ်ရက်ဆိုတော့ လည်ကြပတ်ကြတဲ့ မိသားစုတွေ၊ ကမာ္ဘလှည့် ခရီးသွားတွေ ရင်ပြင်ထဲမှာ ဟိုသွား ဒီသွား။ ပျော်နေကြသပေါ့။ လမ်းထောင့် တစ်နေရာက လူတစ်ယောက်ကဖြင့် ပူပေါင်းတွေနဲ့ တိရိစာ္ဆန်ရုပ်ကလေးတွေ လုပ်ရောင်းလို့။ တကျွိကျွိမြည်သံတောင် ကြားနေရသေး။ ကလေးတစ်သိုက်ကတော့ သူ့ဘေးနား ဝိုင်းလို့ပေါ့လေ။ အဲ့ဒီဘေး […]


Mon LayFebruary 17, 20181min2614
နိုင်ငံရေးမပြောချင်ပါဘူး..စိတ်မဝင်စားလို့..ဒါအမှန်တိုင်းပြောတာ။ ဒါပေမဲ့လည်း ပြောရဦးမယ်..ခုတော့။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရတာအရင်အစိုးရလက်ထက်ဦးသိန်းစိန်လက်ထက်ထဲကနေ ခုချိန်ထိပေါ့နော်။ ဒီမိုကရေစီရတော့ မြန်မာနိုင်ငံဟာ တော်တော်ပွင့်လင်းလာတာတွေ့ရပါတယ်။ လူတွေလက်ရဲဇက်ရဲရှိလာတယ်။ တစ်ယောက်နဲ့ တစ်ယောက် သတ်ဖြတ်ဖို့ကို ဝန်မလေးကြတော့ဘူး။ယောကျာ်းတွေကလည်း ဆန္ဒကိုသိက္ခာနဲ့ မထိန်းနိုင်ကြတော့ဘူး။ သက်ငယ်မုဒိမ်းတွေလည်း ၁ နေ့ကို ၂မှုတဲ့။ မိန်းမတွေကလည်း ကုသိုလ်ရဖို့ အတိုလေးတွေဝတ်လာကြသလို ကြွားချင်လို့ အသက်အန္တရယ်နဲ့နီးတဲ့ ရွှေတွဲလွဲလေး တွေနဲ့ဖြစ်လာတယ်။ နာမည်အကြီးဆုံးကတော ့V day မှာ ဟိုတယ်ခန်းတွေပြည့်တယ်ဆိုပဲ။ တချို ့ဆို ဟိုတယ်တွေက ပူဖောင်းတွေနဲ့တောင် ကြိုဆိုတယ်ဆိုပဲ.. ဖေ့ဘွတ်မှာပုံနှင့်တကွတွေ့လိုက်ပါရဲ့။ အဲလောက် မတရားဒီမိုကရေစီကျင့်သုံးတာကို အီးယူ (EU – European Union) က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်စဉ်နှေးကွေးတယ်ဆိုပဲ။..အကယ်လို့ မြန်မာနိုင်ငံရဲ ့ဒီမိုကရေစီ သာ မြန်သထက်မြန်လာမယ်ဆိုရင်ဖြင့်…ပြောကိုမပြောချင်တော့ပါဘူး..ပြောလည်းမပြောတော့ပါဘူး….ဗာျ…..မြန်မာဂဇက် ကရွာသူရွာသားတို့ရေ။