may flowersApril 26, 20121min15110
“သားကနမော်နမဲ့နဲ့…..ဒီကော်ရေခွက်လေးနဲ့ဘဲ…သောက်နော်..ရော့” “ဟင့်အင်း..ဟင့်အင်း…မေမေသောက်တဲ့ဖန်ခွက်နဲ့ပဲသောက်မယ်” “မရဘူး…ဒီရေခွက်နဲ့ပဲသောက်ရမယ်” ပြေစကားနားမထောင်သောသားကို ..ကျွန်မစိတ်တိုလာသည်။ ဒါကြောင့်..ကျွှန်မတို့ ရေသောက်နေကျ ဖန်ခွက်လေးထဲ..ရေပြည်လုနီးပါးထဲ့ကာ..သားဆီလှမ်းပေးလိုက်ပြီး….. “ရော့…သောက်…..ကျကွဲရင်..နင်အသိပဲ” ဒါပေမဲ့ ကျွှန်မထင်တဲ့အတိုင်းပါပဲ။ သားလက်ထဲက..ဖန်ခွက်လေးရောက်တာနဲ့… ရေအပြည်နီးပါးနဲ့ ဖန်ခွက်လေးဟာ သားလက်ထဲက..လျှောကျသွားပါတယ်။ “ခွမ်း” “ဟင်…နင်..နင်..ပြောထားရဲ့သားနဲ့..ကဲ..ကဲ” “အား…ကြောက်ပါပြီမေမေ..ကြောက်ပါပြီမေမေ” ဒေါသအရမ်းထွက်သွားသော..ကျွှန်မ..သားရဲ့အသားနုနုလေးကို..အညှာအတာမဲ့စွာ..ဆင့်ကဲဆင့်ကဲရိုက်လိုက်မိပါတော့တယ်။ သားရဲ့မျက်ဝန်းလေးတွေထဲမှာတော့…ဝမ်းနည်းနာကျင်လို့…ကျလာတဲ့မျက်ရည်လေးတွေ… xxxxxxxxxxx                                xxxxxxxxxx                                        xxxxxxxxxxxxxxx “သားေ၇..လာ..မေမေထမင်းခွံ့ကျွေးမယ်နော်” “ဟင့်အင်း…သားဘာသာသားစားမယ်” “အားလုံးဖိတ်ကုန်မယ်…လာပါ…သားကလိမ်မာပါတယ်…မေမေခွံ့မယ်နော်” “ဟင့်အင်း…ဟင့်အင်း” သားနဲ့..ကျွှန်မတို့ရဲ့ အငြင်းအခုံပွဲလေးပါပဲ.. သားထမင်းစားရင်..တစ်အိမ်လုံး..ပွစာတက်အောင်ထမင်းစေ့တွေ..ဖိတ်တတ်တာမို့..ကျွှန်မကိုယ်တိုင်ခွံ့ကျွေးဖို့…ပြောနေခြင်းပါ. ဒါပေမဲ့..သားက..လက်မခံပါဘူး။ ခေါင်းကိုအတင်းခါပြီး..ပါးစပ်ကိုစေ့ထားတာမို့…ကျွှန်မလဲ…ထမင်းပန်းကန်ကို..သားဆီလှမ်းပေး ရင်း…. “ရော့စား…ဖိတ်ကုန်ရင်..သားနာမယ်နော်” သားက အားရဝမ်းသာနဲ့..ထမင်းပန်းကန်လေးကိုကိုင်ပြီး..ဆက်တီခုံတွေဆီပြေးသွားပါတယ်။ သူ့ထမင်းပန်းကန်လေးကို…စားပွဲပေါ်..အရင်တင်လိုက်ပြီး…သူကိုယ်တိုင်က…ဆက်တီပေါ်အကျအနထိုင်ပြီးမှ..ထမင်းပန်ကန် လေးကိုလှမ်းယူလိုက်ချိန်မှာတော့… “ခွမ်း” မမှီတမှီနဲ့..လှမ်းဆွဲလိုက်တဲ့..ထမင်းပန်းကန်လေးဟာ..ကြမ်းပြင်ပေါ်ကို..ကျကွဲသွားပါတော့တယ်။ ကြမ်းပြင်လျှှာထိုးပေါ်မှာတော့..ထမင်းစေ့တွေ..ဟင်းဖတ်တွေနဲ့..ပွစာကျဲနေပါတော့တယ်။သားသားကအထိတ်တလန့်နဲ့..ကျွှန်မကို လှမ်းကြည့်ပါတယ်။ ဒါပေမဲ့ ကျွှန်မမျက်လုံးထဲမှာတော့..အသနားခံစွာ..ကြောက်ရွံ့စွာ ငေးကြည့်နေတဲ့သားအစား…ကြမ်းပြင်ပေါ်မှာ..ပြန့်ကျဲနေတဲ့ ထမင်းစေ့လေးတွေကိုသာ..မြင်မိပါတယ်။ “ဟင်…နင်…နင်…လုပ်ပြန်ပြီ…ကဲဟာ…ကဲဟာ” “ဖြန်း….ဖြန်း” “အား…မေမေ…နောက်မလုပ်တော့ပါဘူးမေမေ…သားသားနောက်မလုပ်တော့ပါဘူး…” “နင်ဟာငါ့ကို..ဘာကောင်းကျိုးမှ မပြုဘူး…အလကားကောင်  ငါ့အတွက်…နင်ဟာ..ဂြိုလ်ဆိုးပဲ…………………..” ကျွှန်မ  နာရီအတန်ကြာအောင်..သားကို  […]


aye.kkApril 26, 20122min15212
ထိုင်းမြန်မာနှစ်နိုင်ငံ နယ်စပ်၊မယ်ဆိုင် ဖက်ခြမ်းရှိ ဥိးအောင်ဇေယျဘုရား အလည်သွားစဉ် ဘုရားပရဝုဏ် ရင်ပြင်တစ်ဝိုက်ရှိ ကြည်နှူးမိသော ရုပ်ထုအလှများ အား အမှတ်တရ ရိုက်လာခဲ့သော ပုံလေးများသာဖြစ်ပါသည်။ ရင်ပြင်ပေါ်ရှိမျှော်စင်ထဲတွင် ကိုးကွယ်ထားသော ရုပ်ထုပုံများဖြစ်ပါသည်။ ရုပ်ထုအလှလေးကတစ်မျိုးလေးဘဲနော် ရုပ်ထုအလှလေးကချစ်စရာကောင်းပါသည်။ ရင်ပြင်ကရုပ်ထု လက်ရာအလှ များထဲကတခုပါ။


yaungchikhaApril 26, 20125min15213
နေ့လည် ၁၁ နာရီ ၃ဝ မိနစ်မှာ ကလေးမြို့ အိမ်ကနေထွက်ပြီး၊ ညနေ ၄ နာရီ ၃ဝ မိနစ် မှာ ဖလမ်းမြို့ကို ရောက်ခဲ့ပါတယ်၊ အခုအချိန်က သိပ်မအေးတဲ့အချိန်ဆိုတော့ နေလို့ကောင်းပါတယ်၊ တည်းမယ့်အိမ်ရောက်တယ်ဆိုရင်ပဲ မိသားစုတွေက လက်ဆွဲနှုတ်ဆက်ပြီး ကြိုဆိုကြပါတယ်၊ ချင်းစကားနဲ့ Na dam maw (နဒမ်မော) (နေကောင်းလား) လို့နှုတ်ဆက်ပါတယ်၊ ကျနော်ကလည်း ချင်းလို dam (ဒမ်) (နေကောင်းပါတယ်) လို့ပြန်နှုတ်ဆက်ပါတယ်၊ ကလေးမြို့ရောက်ခါစက ကျနော်နေတဲ့အိမ်ရှင်နဲ့အတူ မိသားစုဆွေမျိုး မိတ်ဆွေတွေက လက်ဆွဲနှုတ်ဆက်ရင် မိန်းကလေးအချင်းချင်းကို အလွယ်တကူလက်ပေးပြီး နှုတ်ဆက်နိုင်ပေးမယ့် အသက်ကြီးသူ၊ ငယ်သူ၊ ရွယ်တူယောက်ျားလေးတွေက လာနှုတ်ဆက်ရင် ကျနော့်လက်ကို ဖွက်ထားတတ်ပါတယ်၊ ကျနော့် နေထိုင်ကြီးပြင်းခဲ့ရတဲ့နေရာက လက်ဆွဲနှုတ်ဆက်တဲ့ အလေ့အကျင့်မရှိခဲ့တော့  လက်ပေးလိုက်ရမှာကို တွန့်နေမိပါတယ်၊ […]


မောင် ပေApril 26, 20121min1167
မင်္ဂလာပါ ခင်ဗျား ။ သည်ကနေ ့ည / သောကြာနံနက် မှာ ကစားကြမယ့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ ၂ပွဲ အကြောင်းပါ ။ မနေ ့ညကတော့ ရိုးမား ၊ ဂျီနိုအာ ၊ ရီးရဲ ခန် ့မှန်းခဲ့ရာမှာ ၊ ရိုးမား ရှုံး ၊ ဂျီနိုအာ ကျွေး ၊ ရီးရဲ ၃ဝ ခန် ့အရှုံးပေါ်ခဲ့ပါတယ် ။ ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ပလာတီနီ ရဲ ့မျှော်လင့်ချက်ကတော့ ပျက်စီးခဲ့ပါပြီ ။ သည်ကနေ ့ည ပွဲစဉ်အချိန်များကတော့ 1.35 ဘီဘာအို – စပို ့တင်းလစ်စဘွန်း 1.35 ဗလင်စီယာ – အသလက်တီကို ……………….. […]


DEPARKO DEPARKOApril 26, 20121min17911
နေရာတိုင်းမှာ တစ်လုံး နှစ်လုံး သုံးလုံး အကြောင်းပြောမဆုံးပေါင် တောသုံးထောင် ။ ဘဝပျက်တဲ့သူလည်းမနည်း အုတ်တံတိုင်းနောက်ရောက်တဲ့သူကတစ်ဖုံ ငွေကြေးအရှုပ်အရှင်းကို လူမိုက်နည်းနဲ့ဖြေရှင်းလို့ ဘဝတစ်ပါးပြောင်းရတဲ့သူတွေလဲမရှား တရားဥပဒေကို လက်တစ်လုံးခြားနဲ့ ဆက်ပြီး မြွေမကြောက် ကင်းမကြောက် အန္တရယ်လမ်းဆက်လျှောက်နေသူ လည်းမရှား ဒီအထဲကမှ အခြေခံလူတန်းစားတွေရဲ့ ဘဝကို တတိတိ ဖဲ့ချွေ အချိန်တွေကိုခိုးယူ အလုပ်လုပ်ချင်စိတ်ပျောက်အောင် စွဲလမ်းစေပြီး ဖွတ်တက်တာထက်ဆိုးတဲ့ ဖွတ်လုံးထိုးခြင်း အကြောင်းပါဘဲ။ ချမ်းသာတဲ့ လူတန်းစားတွေရဲ့ဘဝမှာ အချိန်ဖြုန်းဘို့နဲ့ ငွေပိုတွေကိုဖြုန်းဘို့ ကိုကိုဂေါက်တွေ ဂေါက်ရိုက်ကြတယ်။(ဂေါက်အိတ်ထမ်းခ၊ကယ်ရီခ၊ ကောင်မလေးငယ်ငယ် ချောချောတွေကို သနားတတ်လွန်းလို့ သနားကြေး၊ ဂေါက်ကွင်းအသင်းဝင်ကြေး၊ လောင်းကြေး၊ စားသောက်စရိတ်) အနည်းဆုံးဆင်ဖြူတော်အကောင် တစ်ရာကျော်လောက်ကိုသုံး နေကြသလို အခြေခံလူတန်းစားတော်တော်များများဟာလဲ ဖွတ်လုံးကိုထိုးရင်း လောင်းကစားလုပ် အချိန်ဖြုန်း အလုပ်တောင် စိတ်မဝင်စားတော့ဘဲ ညဉ့်နက်သန်းခေါင်အထိ တုတ်ထိုး နေလိုက်ကြတာ […]


YE YINT THUApril 26, 20121min12317
NLD အမတ်လောင်းများ ယနေ ့အထိ လွှတ်တော် မတက်နိုင်သေးတာသိရလို ့ကိုယ့်နိုင်ငံ အတွက် ကြားရတာစိတ်မကောင်းပါဘူး။ ကျွန်တော်တို ့က လွှတ်တော်ထဲကိုရောက်စေချင်လို ့မဲပေးခဲ့တာပါ။ ဒီင်္လိုမှန်းအစကသာသိခဲ့ရင် ပြည်သူ ့အတွက်လွှတ်တော်ထဲဝင်ပြီး တကယ် အလုပ်အကျွေးပြုချင်တဲ့ တစ်ခြားပါတီက ဝါရင့်သဘာရင့်ပုဂ္ဂိုလ်တွေကိုဘဲမဲပေးမှာပေါ့ဗျာ။ ဒီကိစ္စနဲ ့ပတ်သက်ပြီး ရလိုက်တဲ့သင်ခန်းစာကတော့ နောက်တစ်ခါရွေးကောက်ပွဲလုပ်ရင်တော့ လွှတ်တော်ထဲကို တကယ်သတ္တိ ရှိရှိနဲ ့သွားမယ့်သူ၊ ဥပဒေဘောင်ထဲကနေ သိက္ခာရှိရှိ အလုပ်လုပ်မယ့်သူကိုဘဲမဲပေးတော့မယ် NLD ရေ။ ဒါပေမယ့် သမိုင်းကပေးတဲ့ သင်ခန်းစာတွေကိုတော့ သိစေချင်တယ်။ မြန်မာနိုင်ငံ သမိုင်းမှာရှိခဲ့ဘူးတဲ့ ဖွဲ ့စည်းပုံအခြေခံတွေထဲ မှာပြီးပြည့်စုံတဲ့ ဖွဲ ့စည်းပုံအခြေခံဥပဒေ ဆိုတာ မရှိခဲ့ပါဘူး။ အနည်းနဲ ့အများတော့ ချို ့ယွင်းချက်အားနည်းချက်ကလေးတွေတော့ပါ ခဲ့တာ ဟာသမိုင်းမှာ အထင်အရှားရှိခဲ့ဘူးပါတယ်။ ဗိုလ်ချုပ်တို ့ရှိစဉ်အခါကရေးဆွဲခဲ့တဲ့ […]


မောင်အာဂ အပြေးအလွှားဖြင့် ဦးဘလက်ချောရှိရာသို့ ဖုန်းလှမ်းဆက်သည်။ ဦးဘလက်ချောမှာ ညက အလုပ်များသောကြောင့် အိပ်ရာမှပင်မထနိုင်သေး…   “ ဦးဘလက်ရေ၊ ကိုဝတုတ်ကို ကြောင်ကြီးအဖွဲ့က ဖမ်းထားလိုက်တယ်လို့သတင်းကြား တယ်… ကိစ္စကတော့ ဘာမှသေချာမသိသေးဘူး…”   “ မောင်အာဂ၊ ဦးဘလက်လဲ အဲဒါပဲစဉ်းစားနေတာ… မင်းတစ်ခုတော့ပြောမယ်… အခု အိမ်ပြန် နွယ်ပင်ကိုခေါ်…ပြီးရင် ရန်ကုန်ကိုသွား၊ ရှာရမယ့်လူနာမည်က…ကိုရင်စည်သူ”   ဦးဘလက်ချောသည်… ပစ္စတိုသေနတ်တစ်လက်နှင့် အမေရိကန်ဒေါ်လာတစ်သိန်းကို ထုတ်ပေးလိုက်လေသည်…ထို့နောက် တရုတ်ဘုံကျောင်းများတွင် စာချသောစာရွက်လေး တစ်ရွက်ထုတ်ပေးပြီး၊ ထိုစာရွက်ဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့လသာလမ်းရှိ တရုတ်ဘုံကျောင်းသို့ သွားရောက်ရန် ဖြစ်ပေသည်… မောင်အာဂလဲ ပိုက်ဆံနှင့်သေနတ်ကို ဆွဲယူပြီး ချစ်သူနွယ်ပင်ရှိရာသို့ အပြေးအလွှား ထွက်လာခဲ့သည်… နောက်ပိုင်းတွင် ဦးဘလက်ချောနှင့် ဦးကမ်းကြီးလဲ အဖမ်းခံခဲ့ရ ကြောင်းကြားသိခဲ့သည်…သို့သော် ဦးမင်းမတ်မှာ ပျောက်ဆုံးလျက်ရှိနေပေတော့သည်… […]


မိုခ်ိဳApril 26, 20121min16423
မြန်မာပြည်မှာ နည်းအမျိုးမျိုးသုံးပြီးလိမ်လည်တတ်တဲ့လူလိမ်တွေရှိပါတယ်။ မသိနားမလည်တဲ့သူတွေ၊ အယုံလွယ်သူတွေ ၊လောဘကြီးသူတွေ၊ အားနာတတ်သူေတွေဟာ လူလိမ်တွေရဲ့သားကောင်ဖြစ်တတ် တယ်လို့သိထားတဲ့ ကျမ၊ စာအစုံဖက်လေ့ရှိပြီး ၊လူတိုင်းကိုအယုံအကြည်မရှိတတ်၊ အား မနာတတ်တဲ့ကျမ ၊ အလိမ်ခံ ရလိမ့်မယ်လို့ဘယ်တုန်းကမှမထင် မိပါဘူး။ ဒါပေမယ့် လူလိမ် က အိမ်ပေါ်ထိ ဆိုက်ဆိုက်မြိုက်မြိုက ်တက်လာပြီး တစ်မိသားစု လုံးကို လိမ်တာပါ။ လိမ်တယ်ဆိုတာထက် ခြိမ်းခြောက် တဲ့ပုံစံ ပိုပေါက်ပါတယ်။ မှတ်မှတ်ရ ၂၀၀၉ ခုနှစ် သင်္ကြန်ပြီးကာစ နှစ်ဆန်း ၂ရက်နေ့ အိမ်မှာ ကျမရယ်၊ အမေရယ်၊ ကျမမောင်ရယ်၊ သားသား(၅နှစ်)ရယ် ရှိနေချိန် လူတစ်ယောက် အိမ် ထဲဝင်လာပါတယ်။ ခြံဝင်း တံခါး ကအမြဲတမ်း သော့ချိတ် ထားတတ်ပေမယ့် အဲဒီနေ့ကသားတိုု့တူဝရီး မုန့်ထွက်ဝယ်ပြီး သော့ပြန်ချိတ်ဖို့မေ့ခဲ့လို့အဲဒီလူ အလွယ်တကူ အိမ်ထဲရောက်လာတာပါ။ […]


manawphyulayApril 26, 20121min814
ဒါဆို ထိုင်းကနေ တစ်ဆင့်သွားရတာပေါ့ ဟုတ်လား။ ဒါဆို ထိုင်းအတွေ့အကြုံလေး ပြောပြပါဦး ခေါင်းစဉ်ပေးရင်တော့ ကျွန်တော်နဲ့ ထိုင်းအတွေ့အကြုံဘဝ ပေါ့…. ဟုတ်တယ်။ ထိုင်းကိုဝင်ပြီးမှာ မလေးနယ်စပ်ကို ဆက်သွားခဲ့ရတာပါ။ ကျွန်တော်တစ်ယောက် ထိုင်း လူဝင်မှု ကြိီးကြပ်ရေးကောင်တာမှ ထွက်ခွာလာပြီးတဲ့နောက် စက်လှေကားနဲ့ ဆင်းသက်လာခဲ့ပြီး မိမိ ရွေးယူရမဲ့ အိတ်နေရာကို ရောက်ခဲ့ပါတယ်ခင်ဗျာ။ရွေ့လျား လည်ပတ်နေတဲ့ အိတ်တွေထဲက မိမိအိတ်ကို ယူပြီးတဲ့နောက် မိမိကို လာကြိုမဲ့ အေးဂျင့်ထံကို ထွက်လာခဲ့ပါတယ်။တွေ့ပါပြီ အေးဂျင့် မြန်မာ လူမျိုးနှစ်ယောက်ပါ။ သူတို့နဲ့ အတူတူ မိန်းကလေး သုံးယောက်၊ ယောကျင်္ားလေး သုံးယောက်ဆုံကြတယ်ဆိုပါတော့လေ။ အားလုံး လူစုံတာနဲ့ လေဆိပ်ကနေ ထွက်ခွာခဲ့ပါတော့တယ်။ အဲဒီမှာ ဈေးကြီးတဲ့ အငှားကားတွေအစား တုတ်တုတ်(မြန်မာပြည်မှာ အရင်တုန်းက သုံးခဲ့တဲ့ သုံးဘီးကားပေါ့နော်-မြင်ဘူးကြမယ်ထင်ပါတယ်) အဲဒီကားနှစ်စီးကို […]