မြန်မာနိုင်ငံတွင် မွတ်စလင်မ်မုန်းတီးရေးရေချိန် မြင့်သထက်မြင့်လာနေသည်။ ယခင့်ယခင်က မွတ်စလင်မ်မုန်းတီး ရေး စာပေများကို အစိုးရနှင့် ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ ့အစည်းများက ဖြန် ့နေကြောင်း ကြားဖူးသော်လည်း ကိုယ်တိုင်မတွေ ့ဖူးမမြင်ဖူးခဲ့။ အင်တာနက်ခေတ်စားလာသော ယခုခေတ်သယမတွင် မွတ်စလင်မ်ပြည်သူများ အားပုတ်ခတ်ရေးသားသော အီးမေးလ်များ၊ ဖေ့စ်ဘွတ်စာမျက်နှာများ၊ ကော်မန် ့များကို နေ ့စဉ်လိုလို မြင်နေ ကြားနေရသည်။ ဒီကိစ္စနှင့် ပတ်သက်၍ မြန်မာမွတ်စလင်မ်ပြည်သူတစ်ယောက်အနေဖြင့် မြန်မာဗုဒ္ဓဘာသာ ပြည် သူများကိုမေးခွန်းတချို ့မေးချင်သည်။ မေးခွန်းများ မမေးခင် ကျနော့်အကြောင်း ပြောပါမည်။ ကျနော်သည် မြန်မာပြည်တွင်မွေးဖွားသော မြန်မာပြည်သားတယောက်ဖြစ်သည်။ မနေ ့တနေ့ကမှမြန်မာပြည်သို ့ တိုင်းတပါးမှ ဝင်ရောက်လာသူမဟုတ်။ အိနိ္ဒယမှ ရွေ ့ပြောင်းဝင်ရောက်လာသော မိဘများမှမွေးဖွားသည်မဟုတ်။ အဘိုးအဘွားမဆို သူတို ့၏မိဘများပင် ဗမာနှင့် […]