manawphyulayApril 26, 20121min824
ဒါဆို ထိုင်းကနေ တစ်ဆင့်သွားရတာပေါ့ ဟုတ်လား။ ဒါဆို ထိုင်းအတွေ့အကြုံလေး ပြောပြပါဦး ခေါင်းစဉ်ပေးရင်တော့ ကျွန်တော်နဲ့ ထိုင်းအတွေ့အကြုံဘဝ ပေါ့…. ဟုတ်တယ်။ ထိုင်းကိုဝင်ပြီးမှာ မလေးနယ်စပ်ကို ဆက်သွားခဲ့ရတာပါ။ ကျွန်တော်တစ်ယောက် ထိုင်း လူဝင်မှု ကြိီးကြပ်ရေးကောင်တာမှ ထွက်ခွာလာပြီးတဲ့နောက် စက်လှေကားနဲ့ ဆင်းသက်လာခဲ့ပြီး မိမိ ရွေးယူရမဲ့ အိတ်နေရာကို ရောက်ခဲ့ပါတယ်ခင်ဗျာ။ရွေ့လျား လည်ပတ်နေတဲ့ အိတ်တွေထဲက မိမိအိတ်ကို ယူပြီးတဲ့နောက် မိမိကို လာကြိုမဲ့ အေးဂျင့်ထံကို ထွက်လာခဲ့ပါတယ်။တွေ့ပါပြီ အေးဂျင့် မြန်မာ လူမျိုးနှစ်ယောက်ပါ။ သူတို့နဲ့ အတူတူ မိန်းကလေး သုံးယောက်၊ ယောကျင်္ားလေး သုံးယောက်ဆုံကြတယ်ဆိုပါတော့လေ။ အားလုံး လူစုံတာနဲ့ လေဆိပ်ကနေ ထွက်ခွာခဲ့ပါတော့တယ်။ အဲဒီမှာ ဈေးကြီးတဲ့ အငှားကားတွေအစား တုတ်တုတ်(မြန်မာပြည်မှာ အရင်တုန်းက သုံးခဲ့တဲ့ သုံးဘီးကားပေါ့နော်-မြင်ဘူးကြမယ်ထင်ပါတယ်) အဲဒီကားနှစ်စီးကို […]


moethuzarApril 26, 20121min718
မြန်မာနိုင်ငံတွင် မွတ်စလင်မ်မုန်းတီးရေးရေချိန် မြင့်သထက်မြင့်လာနေသည်။ ယခင့်ယခင်က မွတ်စလင်မ်မုန်းတီး ရေး စာပေများကို အစိုးရနှင့် ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ ့အစည်းများက ဖြန် ့နေကြောင်း ကြားဖူးသော်လည်း ကိုယ်တိုင်မတွေ ့ဖူးမမြင်ဖူးခဲ့။ အင်တာနက်ခေတ်စားလာသော ယခုခေတ်သယမတွင် မွတ်စလင်မ်ပြည်သူများ အားပုတ်ခတ်ရေးသားသော အီးမေးလ်များ၊ ဖေ့စ်ဘွတ်စာမျက်နှာများ၊ ကော်မန် ့များကို နေ ့စဉ်လိုလို မြင်နေ ကြားနေရသည်။ ဒီကိစ္စနှင့် ပတ်သက်၍ မြန်မာမွတ်စလင်မ်ပြည်သူတစ်ယောက်အနေဖြင့် မြန်မာဗုဒ္ဓဘာသာ ပြည် သူများကိုမေးခွန်းတချို ့မေးချင်သည်။ မေးခွန်းများ မမေးခင် ကျနော့်အကြောင်း ပြောပါမည်။ ကျနော်သည် မြန်မာပြည်တွင်မွေးဖွားသော မြန်မာပြည်သားတယောက်ဖြစ်သည်။ မနေ ့တနေ့ကမှမြန်မာပြည်သို ့ တိုင်းတပါးမှ ဝင်ရောက်လာသူမဟုတ်။ အိနိ္ဒယမှ ရွေ ့ပြောင်းဝင်ရောက်လာသော မိဘများမှမွေးဖွားသည်မဟုတ်။ အဘိုးအဘွားမဆို သူတို ့၏မိဘများပင် ဗမာနှင့် […]


ムラカミApril 26, 20121min38237
ထိပ်ဆုံး ဝန်ခံထားချင်တာတော့ ဒီအကြောင်းတွေ ရေးချင်တဲ့ စိတ်တော့ ဖြစ်ခဲ့ဖူးပါတယ်… ဒါပေသိ ..အော်ရီဂျင်နယ် စာအုပ်ကို ကျနော် ဖတ်ဖူးခဲ့တာမဟုတ်… ကျနော် ဖတ်ဖူးခဲ့တာ ၂၀၀၈နှစ်ရောက်တော့မှ အဆိုပါ စာအုပ်ထဲက အကြောင်းအရာတွေ ခြုံငုံသုံးသပ်ထားတဲ့ case-studies တွေ ဖတ်ဖြစ်တာပါ ….။ ဟုတ်ပါတယ် ..ကျနော် ဆိုလိုချင်တာ ..Blue Ocean Strategy ပါ..။ ဟိုတရက် ဘဘဘလက်က ရေးဖို့ တာဝန်ပေးလာတော့ …ဟုတ်ကဲ့ရေးပါ့မယ်ပေါ့….။ ကျနော်ခပ်ပေါ့ပေါ့ ပြောထားလိုက်မိတယ်… ဒါပေသိ …သိတော်မူသည့်အတိုင်း … business models တွေ know-how တွေဟာ အချိန်နဲ့ တပြေးညီ ပြောင်းနေတာဆိုတော့ သည်ကနေ့ လက်ခံထားတဲ့ Blue Ocean Strategy ဟာ မူလ ပုံစံမဟုတ်တော့တာ […]


phone_kyawApril 26, 20121min47844
ကျနော်တို ့လူမျိူးဟာ အပြောင်းအလဲကို လက်ခံဖို ့အတွက် အင်မတန်တွန် ့တိုတယ်လို ထင်တယ်။ ယဉ်ကျေးမှုတွေဟာ လွတ်လပ်စွာစီးဆင်းနေတယ်။ မြန်မာ့ယဉ်ကျေးမှု  ့ကို ကာကွယ်ဖို ့အတွက်ဆိုပြီး အဝတ်အစားလေး ဝတ်တာတောင်မလွတ်လပ်ဘူးဖြစ်နေတယ်။ နေရာတိုင်းမှာ မြန်မာ့ယဉ်ကျေးမှု  ့ဆိုပြီး လုပ်လို ့မှ မရတာ။ မကြည့်ချင်ရင် မကြည့်နဲ ့ပေါ့။ အခုကြတော့ ကြည့်လည်း ကြည့်သေးတယ်။ အပြစ်လည်းပြောသေးတယ်။ ဒါတွေကို ပိတ်ပင်ရင် ပိတ်ပင်တဲ့သူက အရမ်းမှားတယ်။ လူတိုင်းမှာ လွတ်လပ်ခွင့်ရှိရှိ ဝတ်စားဆင်ယင်ပိုင်ခွင့်ရှိတယ်။ ဒါကို ပိတ်စရာ တားစရာလိုကို မလိုဘူးလို့ထင်တယ်။ ကျနော်တို ့နိုင်ငံမှာ မျိူးကျော့မြိုင်လို လူမျိူး တွေလည်း ရှိသင့်တယ်။ သင်ဇာဝင့်ကျော်လိုလူမျိူးတွေလည်း လိုတယ်။ သူတို ့ဖော်တာ ချွတ်တာကို ပိတ်ပင်တာဟာ အရမ်းမှားတယ်။ မြန်မာပြည်မှာ ဒီလိုမျိူးပိတ်ပင်တားဆီးတာများတော့ […]


ဂ်စ္စူApril 26, 20121min52648
မပြောချင်ပဲ ပြောရဦးမယ်ဗျ စောစောစီးစီး ကျက်သရေတုံးပါတယ်..။ ဒီနေ ့မနက် လေးနာရီဝန်းကျင်လောက် တစ်ရေးနိုး ရေထသောက်ပြီး ပြန်အိပ်ဖို ့ မျက်လုံးကြောင်နေတာနဲ ့ ဟိုလှိမ့်.ဒီလှိမ့်လုပ်ပြီး အိပ်လို ့ကို မပျော်ဘူးဖြစ်နေရော။အဲတာ.. အရင် အရူးမ အိပ်တဲ့နေရာနားက တစ်အီ..အီနဲ ့ခွေးအီသံကြားရပါရောဗျာ။ ဒီခွေးအသံကို လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလဲ တစ်ခါကြားဖူးတယ်။အဲတုန်းက အသံကြားကြားချင်း ဆိုင်ရှေ  ့ အပြင်ကိုချောင်းကြည့်တာ ငနဲတစ်ကောင် ခွေးကို မုန် ့ကျွေးပြီး ဘာလုပ်နေလဲမသိ။ကိုယ့်နေရာနဲ ့မနီးတော့ သူ ့ခွေးနဲ ့ ဆော့နေသလားပဲဆိုပြီး မစပ်စုပဲ ပြန်အိပ်ခဲ့တာကိုးဗျ။   ဒီနေ ့မနက် ၄ နာရီကျော်လောက်လဲကြရော အဲလို အီသံထပ်ကြားရတော့ သိပ်မင်္ကာလို ့ ထချောင်းမိတာ။ အဲမှာ စတွေ ့တာပဲဗျာ..။နားနဲ […]


Ma EiApril 26, 20122min51151
ကော်ဖီချိန်အတွက်…   ကော်ဖီချိန်ရောက်နေပြီမို့ ရွာသူ၊ရွာသားတွေအတွက် Sandwich လေးတင်ပေးလိုက်ပါတယ်… သမီးလေးအကြိုက်မို့ အိမ်မှာမကြာခဏလုပ်စားဖြစ်တဲ့အစားအစာလေးဖြစ်ပါတယ်… ပြုလုပ်ရလွယ်ကူပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်…   ပါဝင်ပစ္စည်းတွေကတော့ 1.ပေါင်မုန့်ဖြူ ( Moe   or   We & We ) 2.Cheese     ( Cowhead          )  or  .ကြက်သားပြား (CP ) ဆီပူလေးထိုးထားပါတယ် 3.Margarine ( Mother Choice   )  or  .Butter          ( Best Food     ) 4.ခရမ်းချဉ်သီး (ပါးပါးလှီးထားပါ) 5.သခွားသီး    (ပါးပါးလှီးထားပါ) 6.ဆလပ်ရွက် (အရိုးမာဖယ်ပြီး ရေစင်စင်ဆေးထားပါ )တို့ဖြစ်ပါတယ်…   ပြုလုပ်ပုံအဆင့်ဆင့်ကတော့… ပေါင်မုန့်ကို Margarine or Butter  […]


                     “ပိတ်ချင်းမြောင်သဘာဝလှိုဏ်တော်အစ ”   (19-4-2012)နေ့မနက်စောစော 6း30လောက်မှာ တည်းတဲ့အိမ်(စစ်ဆေးရုံနား)ကနေ ပိတ်ချင်းမြောင်ကိုသွားဘို့ ဆိုင်ကယ်နဲ့ မဒမ်ပေါက်နဲ့အတူထွက်လာခဲ့ပါတယ်။ ဒါကမကျေပွဲပါ။ 2010ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တုန်းက တစ်ခါ ဆိုင်ကယ်နဲ့သွားဘူးပါတယ်။ ဆယ်နာရီလောက်ပိတ်ချင်းမြောင်ရောက်တော့ လူတွေလဲပိတ်။ ကားတွေကလဲ အဆင်းနဲ့အတက်ရှုပ်လို့ သုံးထပ်ဖြစ်တာနဲ့လမ်းတစ်ဝက်ကပြန်လှည့်ခဲ့ရပါတယ်။ ဒီပိတ်ချင်းမြောင်သွားတဲ့လမ်းက အသွားက အဆင်း အပြန်က အတက်ပါ။ အိမ်ကနေထွက်လာလိုက်တာ ပြည်တော်ချစ်ဘုရားကိုကျော်တာနဲ့ ကုန်းဆင်းကုန်းတက်တွေနဲ့ အတော်လေးကိုသာယာပါတယ်။ ကွေ့ဝိုက်ပြီးဆင်းရတဲ့ တစ်နေရာရာတော့ လမ်းဘေးတစ်ဘက်တစ်ချက်မှာ လယ်ကွင်းတွေ အဝေးမှာတောင်တန်းတွေနဲ့ကြည်နူးစရာ။   လတ်ဆတ်တဲ့လေကလေးက လဲ တအေးအေးနဲ့စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။ ပိတ်ချင်းမြောင်လှိုဏ်ဂူသို့အဝင်ဆိုတဲ့ဆိုင်းဘုတ်ကလဲကျော်ရော လမ်းက လဲ စကြမ်းလာပါတယ်။ မြေကလဲ မြေနီရောင် လမ်းက ကျောက်ကြမ်းလမ်းစလုံးစခုဖြစ်တဲ့အပြင်အဆင်းလမ်းလဲဖြစ်တော့ အတော်လေးသတိထားပြီးမောင်းရပါတယ်။ လှိုဏ်ဂူတော်နား မရောက်ခင်အတော်လှမ်းလှမ်းကတည်းက […]


ေမာင္ရိုးApril 26, 20121min18916
ဒီပို.စ်ကိုရေးရခြင်းအကြောင်းလေးမိတ်ဆက်ပါရစေ ။ ကိုစိန်သော.ရဲ. ဟိုနားဒီနားခရီးသွား(ညောင်လေးပင်၊ရွှေကျင်ခရီး)ပို.စ် ကိုဖတ်ပြီး မနေနိုင်မထိုင်နိုင်ဝင်မန်.ခဲ.မိပါတယ် ။ ကိုစိန်သော.သွားခဲ.တဲ.နေရာကလည်းတချိန်ကကိုယ်ကျင်လည်ခဲ.ဖူးတဲ. နေရာဒေသဖြစ်နေတော. ဒီဒေသလေးအကြောင်းကို ပြောပြချင်စိတ်လေးဖြစ်လာခဲ.တာပေါ.ဗျာ။ ရွှေကျင်ဆိုတဲ.မြို.လေးကမြို.နယ်အဆင်.ဆိုပေမဲ.စစ်တောင်းမြစ်ရဲ.အရှေ.ဘက်ကမ်းမှာရှိတဲ.မြီု.ငယ်လေးပါဒီမြို.လေးရဲ. ချစ်စရာစရိုက်၊နေရာဒေသအနေအထား ၊လူမှုဝန်းကျင်နဲ. ပျော်ပွဲရွှင်ပွဲများ ပြီးတော. ကိုစိန်သော.ပြောတဲ.မီးမျှောပွဲအကြောင်းလေး…..ဒါတွေကိုအေးအေးဆေးဆေးအချက်အလက်တွေပြန်စုပြီးမှရေးမယ်စိတ်ကူးခဲ.ပေမဲ. ကိုစိန်သော.ရဲ. ရွှေကျင်မြို.ဝန်းကျင်ဓတ်ပုံတွေတွေ.တော. ထပ်မံအားဖြည်.တဲ.အနေနဲ.ရေးလိုက်ရတာပါ ။ ကျွန်တော်ကျင်လည်ခဲ.တဲ. လွန်ခဲ.တဲ.အနှစ်နှစ်ဆယ်ကျော်ဝန်းကျင်ကိုဘဲ ပြန်တူးဆွပါ.မယ်။ကိုစိန်သော.ရဲ.ဓတ်ပုံတွေနဲ. ယှဉ်ကြည်.ရင် ခေတ်အနေအထား့ ကွာခြားသွားတာကိုတွေ.ရမှာပါ။ တချိန်ကတော.ရွှေကျင်မီးမျှောပွဲဆိုတာအလွန်စည် ကားသိုက်မြိုက်စွာကျင်းပခဲ.ကြတာပေါ.။အမှတ်မမှားဘူးဆိုရင် နှစ်စဉ်တန်ဆောင်မုန်းလပြည်.နေ.နဲ.လပြည်.ကျော် (၁)ရက်နေ.ကပွဲတော်ရက်ပါ။ ဒါပေမဲ.ပွဲတော်ရက်မတိုင်းခင် (၁၀)ရက်ကြိုလောက်ကတည်းက ဇတ်ပွဲတွေ ၊ စတိတ်ရှိုး ပွဲတွေ ၊ အနယ်နယ်အရပ်ရပ်ကလာရောင်းကြတဲ. (၁၂)ပွဲဈေးသည်တွေနဲ.လက်ဝှေ.ပွဲတွေ ကျင်းပကြရင်းစည်ကားနေပါပြီ။ ဪ …ဒါနဲ. မီးမျှောပွဲဆိုတာ ရွှေကျင်မြို.ရဲ.ဘုရားကြီးကိုပူဇော်ပွဲလုပ်ရင်း ရှင်ဥပဂုတ္တအရှင်မြတ်ကို အလှဆင်မွန်းမံထား တဲ.ဖေါင်တော်ပေါ်မှာတင်ပြီး ရွှေကျင်ချောင်းရဲ.အလယ်မှာ ပူဇော်ထားတာပါ ။ ပွဲတော်ရက်မှာ ကမ်းစပ်ကဖြစ်စေ ၊ ရေလယ် […]


ဇောက် ထိုးApril 25, 20121min583
ကျွန်တော်တို့သည် အင်္ဂလိပ်တစ်ဝက် မြန်မာတစ်ဝက်လဲပြောလေ့ရှိကြသည်။ ဥပမာ..မင်းမားသားကြီး နေကောင်းလား။ မင်းဖားသားကြီးနေကောင်းလား။ ပါဠိတဝက် မြန်မာတဝက်လည်းပြောတတ်ကြသည်။ ဥပမာ သာသနာ ထွန်းကားတယ်တဲ့။ ထိုကြောင့် ကိုယ်ပြောသောစကား ဘာမှန်းမသိတွေဖြစ်သွားတတ်ကြ၏။ ကျွန်တော်တို့ ပြောတတ်ကြသည်။ သာသနာထွန်းကားအောင်..သာသနာထွန်းကားသည်တဲ့။ သာသနာဆိုတာ..ပါဠိစာလုံး။ မြန်မာလိုပြန်တော့ သာသနာဆိုတာ..အဆုံးအမ..ဟုဆိုသည်။ အပြည့်အစုံ ဆိုရသော် သာသနာဆိုတာ ဘုရားအဆုံးအမဟု အဓိပ္ပါယ်ရသည်။ သာသနာထွန်းကားတယ်ဆိုတော့…ဘုရားအဆုံးအမတွေထွန်းကားသည်ဟု ဆိုရမည်။ လူတွေ မြတ်စွာဘုရားအဆုံးအမတွေကိုသိပြီး ဘုရားအဆုံးအမတွေနဲ့အညီနေကြတာကို သာသနာထွန်း ကားသည်ဟု ဆိုပါသည်။ ဟိုတုန်းက သာဝတ္ထိမှာ လူ ခုနှစ်ကုဋေရှိရာ..ငါးကုဋေမှာ ဘုရားအဆုံး အမတွေနဲ့အညီနေကြသည်တဲ့။ ယင်းသို့ဆိုရင်..သာဝတ္ထိမှာ သာသနာထွန်းကားသည် ဟုဆိုရမည်။ ကျွန်တော်တို့ ရန်ကုန်မြို့ကြီးမှာ ဘုန်းကြီးတွေအများကြီးမရှိပဲ..လူတွေကတော့ ဘုရားအဆုံးအမတွေကို လေ့လာလိုက်စားပြီး ကျင့်ကြံနေထိုင်ကြတယ်ဆိုရင်..ကျွန်တော်တို့ရန်ကုန် သာသနာထွန်းကားတယ်လို့မဆိုနိုင်ပေဘူးလား။ မန္တလေးမှာ ဘုန်းကြီးရဟန်းတွေတော့အများကြီး ရှိပါရက်နဲ့ မန္တလေးမြို့ကလူတွေကတော့ ဘုရားအဆုံးအမတွေကို မလေ့လာကြဘူး။ […]


ဘုရားကိုစေတီကွယ်သည်။ တရားကိုစာပေကျမ်းဂန်ကွယ်သည်။ သံဃာကိုဘုန်းကြီးကွယ်သည်။ တရားကွယ်လျှင် ဘုရားကိုတွေ့မည်မဟုတ်ပေ။ တရားတွေ့မှ ဘုရားကိုတွေ့မည်ဖြစ်သည်။ ဘုရားအားဖူးမျှော်နိုင်ရန် တရားကိုတွေ့မှ ဖူးမျှော်နိုင်မည်ဖြစ်သည်။ သို့ပါ၍ ဗုဒ္ဓမြတ်စွာဘုရားအားဖူးမျှော်နိုင်ရန် ဗုဒ္ဓဘာသာဝင်တို့ကိုအခမဲ့ ဘုရားဖူးပို့ဆောင်နေပါပြီ။ မှတ်ချက်။ ။ အသိမဲ့နှင့် အတွေးမဲ့တရားများကိုဗုဒ္ဓ၏တရားဟုထင်နေသူများအားဦးစားပေးပါမည်။ http://www.ariyathitsa.org


Khaing KhaingApril 25, 20121min23231
တွေ့ကြုံခဲ့တာတွေကို ပြောပြချင်လို့ ပြောချင်သလိုပဲ အစီအငေါမတည့် ပြောလိုက်တော့မယ်နော် ……… ၁ … သင်္ကြန်မတိုင်ခင်က အိမ်မှာအင်တာနက်လေးသုံးလို့ရအောင်ဆိုပြီးတော့ ငွေဖြည့်ကဒ်လေး ၂ ကဒ်ဝယ်ထားမိပါတယ် ၁ ကဒ်ကအခြစ်ကြမ်းတော့ အဖတ်လိုက်ကွာထွက်သွား တယ်ရှင် အမလေးစိတ်ညစ်လိုက်တာ ပိုက်ပိုက် ၁သောင်းတော့ဆုံးပါပီ ဒါနဲ့ကွာပြီးလိပ်နေတဲ့အဖတ်လေးကို စာအုပ်ကြားထဲညှပ်ထားလိုက်တယ် သင်္ကြန်ပြီးမှ ငွေမှင်လေး ကိုခြစ်ကြည့်လိုက်တယ် ပျက်သွားတဲ့ ဂဏန်းက ၅ လုံးတောင်မှရှင် ဒါနဲ့လက်နှိပ်ဓာတ်မီးတွေ သွားကြားထိုးတံတွေ စတဲ့ကိရိယာတံဆာပလာအစုံသုံး ချွေးပြိုက်ပြိုက်ကျအောင်ကိုလုံးပန်းတော့ ပေါ်လာပါတယ် ကဒ်ကဟာနဲ့ပြန်ဆက်စပ်လို့ရသွားတယ် အမလေးပျော်လိုက်တာ တော်သေးတယ် ၁ သောင်းမဆုံးလို့ …….. အားလုံးပဲ ငွေဖြည့်ကဒ်က ငွေမှင်လေးကိုခြစ်မယ်ဆို အသားလေးသတိနဲ့ခြစ်စေချင်ပါတယ် …………   ၂……. သင်္ကြန်ပြီးတော့ ရုံးပိတ်ရက်ကကျန်သေးတယ်လေ ဒါနဲ့ အမျိုးတွေကို သတိရတာနဲ့သွားကြည့်ဖြစ်တယ် ရန်ကုန်က ZOO ကိုပြောတာနော် […]


virusApril 25, 20121min1137
ကောင်းကင်တစ်ခုရဲ့အနားသတ် ဘယ်မှာဆုံးနေလို ့လည်း အဲ့လိုအဆုံမရှိတဲ့ချစ်ခြင်းမျိုး ငါ ့မှာရှိတယ်ဆိုတာ ဘာလို ့သံသယတွေဝင်နေရတာလည်းချစ်သူ ။ ။ ။ နင်မရှိတဲ့ငါ ့ဘဝဆိုတာ ငါမတွေးရဲပေမယ် ့ ငါမရှိတဲ့ဘဝအတွက် ကြိုရင်ခုန်နေတာလားချစ်သူ ငါကအပြစ်မမြင်လောက်အောင်ချစ်လို ့ နင်လုပ်ချင်ရာတွေနဲ့ နင်ထားခဲ့တဲ့ဝေဒနာတွေကြားမှာ ငါ ငါ ငါ ဆိုတဲ့လူတစ်ယောက်က အခါခါနာကျင်နေလည်း ငါ ကိုကကျေနပ်နေတာပါချစ်သူ ။ ။ ။ ပြောပါရစေ ချစ်နေပါတယ်ဆိုတဲ့စကားလုံးမှာ မာယာတွေမပါသလို ညာတာတွေလည်းငါမသ်ပါဘူး ချစ်နေတာတွေပဲငါသိတယ် ပြောကြည် ့စမ်းပါဦး ချစ်သူ ထားခဲ့ရင်လည်းနေခဲ့မှာပါ အဆက်တော ့မဖြတ်ပါနဲ့။။။ ။။။