အကြောင်းအရာ- မော်လမြိုင်ကျွန်းမြို.ပေါ်တွင် သေဆုံးသူများအား သေစာရင်းသွားရောက်တိုင်ကြားရာတွင် သေစာရင်းဌာနဆရာမဒေါ်ခင်ပြုံးရီမှ မြို.နယ်ဆရာဝန်ကြီးအားဂါရဝပြုရန်ဟု ကော်ဖီမစ်ပါကင်ထုပ် ဝယ်ပေးရန်တောင်းဆိုပါ၏ လူသေလာရောက်တိုင်ကြားသူမှ ကော်ဖီမစ်ပါကင်(၂)ထုပ်ဝယ်ကာ သက်ဆိုင်ရာလူကြီးများအား အကြောင်းကြားခဲ့ပါသည်။ ဆရာဝန်ကြီးဦးအေးအောင်အား သက်ဆိုင်ရာလူကြီးများမှ အကျိုးအကြောင်းဖုန်းဆက်မေးသောအခါ သူဒီလိုခိုင်းထားတာမရှိကြောင်း ၎င်းမှပြန်ပြောခဲ့ပါသည်။ ကာယကံရှင်မှဆေးရုံသို.ရောက်သောအခါ၎င်းဆရာမဒေါ်ခင်ပြုံးရီမှကာယကံရှင်အား ရှင့်ကိုကျမက ဆန္ဒရှိမှဝယ်ခိုင်းတာပါ ဆန္ဒမရှိရင်ဝယ်ပေးစရာ မလိုပါဘူးဟု ပြောခဲ့ပါသည်။ ကျမကိုလည်း ဆရာကြီးက နင်ဒီလိုမလုပ်ပါနဲ.ငါ့အိမ်မှာအပြည်အစုံရှိပြီသားပါ ဒီလိုတောင်းဆိစရာမလိုပါဘူးဟုဆရာကြီးမှပြောပါသည်။ ထို.နောက် နောက်ထပ်(၁၀)ရပ်ကွက်မှသေဆုံးသူမောင်အေးဖြူအားသေစာရင်းလာရောက်တိုင်ကြားသောအခါ ဆရာကြီးကိုဂါရဝပြုရအောင်ဟု၎င်းဆရာမမှထပ်မံ တောင်းခံခဲ့ပါသည်။၎င်းသေလူ၏ဆွေမျိုးများမှ မိမိတို.မတတ်နိုင်ကြောင်း ၊ငွေတစ်ထောင်သာပါကြောင်းပြောသောအခါ နေပါစေတော့ဟုခပ်မာမာပြောလိုက်ပါသည်။ နောက်ထပ်(၂)ရပ်ကွက်မှ စစ်ပြန်ဦးဝင်းကြည်သေဆုံးမူတွင်လာရောက်တိုင်ကြားသူများထံမှကော်ဖီမစ်ထုပ်ဝယ်လာခိုင်းပြီး၎င်းလူများရှေ့တွင်ပင် ကော်ဖီမစ်ထုပ်များအားဆေးရုံအုပ်ကြီးကိုသွားရောက်ပေးရာဆေးရုံအုပ်ကြီးမှ လက္ခံယူထားလိုက်ပါသည်။ ၎င်းအပြုအမူများသည်ပထမပြောဆိုအသိပေးထားခြင်းများကို ပမာမခန်.ပြု ရာကြပြီး နောက်ထပ်လည်း၎င်းအကျင့်စရိုက်များ ဆက်လက်လုပ်ဆောင်သွားမည့်သဘောရှိပါကြောင်း အထက်လူကြီးများသိရှိစေရန် ပြည်သူ.ဆန္ဒကို တင်ပြအပ်ပါသည်ခင်ဗျား။