အတင်းအဓမ္မပြည့်တန်ဆာလုပ်ခိုင်း ဆိုသည့်သတင်းနှင့်ပက်သက်၍အဖြစ်မှန်

hla tinApril 25, 20121min877

(၂၇.၂.၂၀၁၂) ရက်စွဲပါ၊ DVB သတင်းဌာနနှင့် သစ်ထူးလွင် အင်တာနက်ဝက်ဘ်ဆိုဒ်တို့တွင် ဖော်ပြခဲ့သည့် “အတင်းအဓမ္မပြည့်တန်ဆာ လုပ်ခိုင်း”  ဆိုသည့် သတင်းနှင့်ပက်သက်၍

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်းတွင် နေထိုင်သော ကျွန်မ မညိုဇင်ဌေးအား ကျောင်းကုန်းမြို့၊ သစ်ဆိမ့်ကုန်း ကျေးရွာအုပ်စုနေ- ဇော်မျိုးထိုက်နှင့် အမှတ်(၂)ရပ်ကွက်နေ၊ မသန္တာစိန်၊ဒေါ်ပုတို့(၃)ဦး ပူးပေါင်းကာ ကျွန်မကို ကျောင်းကုန်းရဲစခန်း စခန်းမှူး အပါအဝင် တပ်ဖွဲ့ဝင်များမှ အတင်းအဓမ္မ ပျော်ပါးခဲ့သည် ဆိုသည့်သတင်းအား ကျွန်မကို မဟုတ်မမှန်ဘဲ ထွက်ဆိုခိုင်းခဲ့ခြင်းဖြစ်ပါသည်။

ကျွန်မကို လက်မှတ်ရေးထိုးခိုင်းကာ မဟုတ်မမှန် လုပ်ကြံပြီး တိုင်ကြားခြင်းများသည် ကျွန်မ မညိုဇင်ဌေးအား ဇော်မျိုးထိုက်၊ မသန္တာစိန်၊ဒေါ်ပုတို့မှ သင်ကြားပေး၍ တိုင်ကြားရခြင်းဖြစ်ကြောင်းနှင့် မဟုတ်မမှန် ထွက်ဆိုခိုင်းစေမှုများသာ ဖြစ်သည်ကို (၂၁.၄.၂၀၁၂)ရက်နေ့ ညပိုင်းတွင် ကျောင်းကုန်းမြို့၊အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ကျောင်းကုန်းမြို့ရဲစခန်း တို့တွင် အသိသက်သေ(၅)ဦးရှေ့မှောက်၌ ကျွန်မကိုယ်တိုင် အဖြစ်မှန်ဖော်ထုတ်ခဲ့ပြီး ဖြစ်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။

 

မညိုဇင်ဌေး (ဘ)ဦးမင်းဇော်

ကမ်းနားလမ်း၊နယ်မြေ(၁၂)၊အမှတ်(၃)ရပ်ကွက်

ကျောင်းကုန်းမြို့

 

(၂၇.၂.၂၀၁၂) ရက်စွဲပါ၊ ဆက်စပ်ဖော်ပြခဲ့သည့်သတင်းအားအောက်ပါလင့်ခ်တွင်ဖတ်ရှုနိုင်ပါသည်။

http://www.thithtoolwin.com/2012/02/blog-post_2291.html

7 comments

  • Gipsy

    April 25, 2012 at 9:56 pm

    ဘာတွေလဲဗျာ ..
    ခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့…
    ဘယ်ဟာ အမှန်လဲ …
    နားမလည်နိုင်တော့လောက်အောင်ပါပဲ….။

  • etone

    April 26, 2012 at 10:52 am

    စာဖတ်သူအနေနဲ့ …. ဒီသတင်း … စိတ်ဝင်စားစရာပါပဲ … ဟိုသုံးယောက်က ဘာရည်ရွယ်ချက်နဲ့ …. ရဲစခန်းကို အသရေ ဖျက်တာလဲ … ။
    ဒါမှ မဟုတ် …ရဲ စခန်းကပဲ …. လူသုံးယောက်အစားထည့် … ရုပ်ရှင်ထုတ်ရိုက်သလား … ။ တွေးရင်းတွေးရင်း …. ဘယ်ဟာ အမှန်လည်း မသိတော့ဘူး …. ။ 👿

  • laypai

    April 26, 2012 at 1:24 pm

    ဒီအတိုင်း ဆိုရင် ပထမ သတင်း ကို ပဲ အမှန် ယူ လိုက် မယ်။
    မဟုတ်တာ အဟုတ် ပြော တတ်ရင် ဟုတ်တာ လဲ မဟုတ် ပြော ဖို့ ဝန်မလေး တဲ့၊ ဘာတဲ့ နာမည်က မညိုဇင်ဌေး တဲ့ လား။

  • windtalker

    April 26, 2012 at 7:50 pm

    အဲ့လိုမျိုးလဲ ရှိသေးတာပေါ့ ။ မကြားဖူးသေးတဲ့ အမှုတစ်ခု ကြားဖူးလိုက်ရပါပြီ ခင်ဗျ ။

  • သားငယ်

    April 26, 2012 at 8:56 pm

    ပေါက် ကရလေးဆယ် ကလိမ်စေ ့ငြမ်းဆင်အတက်ကို တတ်တဲ ့သူတွေ က တော့ စုံနေအောင်ကို လုပ်ကြတာပါဘဲ။
    ကိုယ့်ဘက်ကသာ ချင့်ချိန်စဉ်းစားဖို ့ဘဲလိုပါတယ်..အများအားဖြင့် ရှောင်ရမယ့်သူတွေထဲမှာ ရဲ ..စစ်ဗိုလ်.. ရယက ..ဒါတွေက
    အထူးသတိထားဆက်ဆံသင့်တဲ ့ သူမျိုးတွေပါ..သရဲ နှင့် ရဲ အစာမကျွေးနှင့်တဲ ့မစားရရင် သဲနှင့်ပတ်တတ်တယ်…
    လူဆိုတာက အတ္တကြီးတတ်တယ် လေ..ကိုယ်လုပ်တာ မမှန်ရင် မှန်အောင် ကိုယ်ပြောတာ မတည်ရင် တည်အောင်မျိုးစုံ ပညာကုန်သုံး
    ပြီး ကျိုးစားကြတာဘဲ ..ပိုက်ဆံရှိတဲ့သူက ပိုက်ဆံ သုံးတယ် ..အာဏာရှိတဲ ့သူက အာဏာသုံးတယ်။
    နောက်ဆုံးတော့လည်း မြေကြီးထဲရောက်သွားမှာပါဘဲ…သုံးချင်တာသာသုံး…

  • ငပွကြီး

    April 26, 2012 at 11:18 pm

    ကြည့်ရတာတော့ ရိုးသားတဲ့ပုံမပေါ်ဘူး…ဟို ၃ ယောက်ကပြောခိုင်းတိုင်းပြောရအောင်သူက ကလေးလဲမဟုတ် ကောင်းတဲ့ကိစ္စလဲမဟုတ် …
    မိအေးတော့ ၂ ခါနာဖို့မြင်ယောင်သေး…

  • ကြောင်ကြီး

    April 27, 2012 at 10:02 am

    သဂျီးပြောသလို လွှတ်တော်ထဲမှ မတိုင်ဒါကိုးကွဲ့ …အခု ဘယ်နှယ်လုပ်မလဲ အကူညီကောင်းလို့ တရားခံဖြစ်ရပြီ။ နောက်ဆို အစိုးရကို မတိုင်နဲ့.. အင်တာနက်ပေါ်တင်လိုက် အဲဒါစိတ်အချရဆုံး.. ရဲဆိုဒဲ့ကောင်မျိုးတွေဂ သောက်ကျင့်မကောင်းဘူး။

Leave a Reply