စင်ကာပူကနာမည်ကြီးကစားကွင်းဖြစ်တဲ့ Universal Studio ကို ခရီးသွားတဲ့သူတိုင်းသိကြမယ်လို့ထင်ပါတယ်။ အာရှမှာ ဂျပန်နဲ့ စင်ကာပူကလွဲရင် ကျန်တဲ့နေရာမှာ Universal Studio မရှိပါဘူး။ ကလေးရော လူကြီးရော ကြိုက်ကြမယ့် ကစားကွင်းအကြီးကြီးပါ။ သူ့မှာ ကစားကွင်းအပြင် show ပွဲတွေလည်းရှိလို့ အရမ်းကိုမိုက်တယ်။ သူ့ကိုသွားမယ်ဆိုရင်တော့ တစ်ရက်လောက်တော့ အချိန်ပေးရတယ်။ အရမ်းလည်းတန်းစီရသလို စီးစရာတွေရော ကြည့်စရာ show တွေရော အများကြီးရှိနေတာပါ။ ဒီတော့အထဲမှာပျော်စရာကောင်းတဲ့ ride တွေ၊ show ပွဲတွေရှိတယ်တာ မရောက်ဖူးသေးတဲ့သူများ ရောက်ဖူးသွားအောင် မွန်လေးက စာရေးရင်းခေါ်သွားပေးမယ်နော်။ လက်မှတ်ဝယ်မယ်ဆို အရင်ဆုံး USS ကိုသွားမယ်ဆို ဝင်ကြေးရှိလို့လက်မှတ်ဝယ်ရပါမယ်။ မွန်လေးတို့သွားတုန်းကတော့ သယ်ရင်းကကြိုဝယ်ပေးထားလို့။ ရန်ကုန်ကနေ တိုးတွေဆီကဝယ်သွားလို့ရသလို ဒီလင့် https://www.rwsentosa.com/en/attractions/universal-studios-singapore/tickets မှာလည်း ဝယ်လို့ရပါတယ်။ တစ်ရက်ထဲပဲသွားမယ်ဆိုရင်တော့ တန်းမစီရအောင် Express […]