Mon LayJuly 24, 20191min2380
ခရီးသွားတဲ့အခါ အမျိုးသားနဲ့ အမျိုးသမီးတို့ဟာ style ချင်းမတူကြပါဘူး။ အဲဒါကို ဟာသပုံလေးနဲ့ တင်ပြထားခြင်းဖြစ်ပါတယ်။ ရယ်မောခြင်းဖြင့် ပျော်ရွှင်နိုင်ကြပါစေ။ https://www.facebook.com/travelemperor1/?tn=kF&tn-str=kF


Mon LayJuly 22, 20191min2400
လေယာဉ်စီးတဲ့အခါ Luggage ဖိုးကီလိုမဝယ်ဘဲ Hand Carry 7ကီလိုပဲ ယူသွားမယ်ဆိုရင်..ဘာတွေကိုဘယ်လိုသယ်ပြီးယူသွားရမလဲလို့ chat box မှာ လာမေးကြတဲ့သူများကို ဒီကနေပဲ..ပြန်ဖြေပေးလိုက်ပါမယ်နော် #လက်ဆွဲ ခရီးဆောင်အိတ်ခပ်ကြီးကြီးယူပါ (ရကီလိုလောက်ပဲထင်ရတဲ့အိတ်) (သို့) hand carry သာသာရှိတဲ့ luggage အသေးယူပါ ပုံထဲမှာတော့ မွန်လေးက လက်ဆွဲခရီးဆောင်အိတ်လေးပဲပြပေးထားပါတယ်။ အကြီးဆိုဒ်ထင်နေမှာစိုးလို့ပါ။ အဲ့အိတ်ထဲမှာ အဝတ်အစားတွေထည့်ပါ။ အဝတ်အစားထည့်တဲ့အခါမှာလည်း အရှည်လိုက်ကြီးမထည့်ပါနဲ့။ အလိပ်လိုက်ခေါက်ပြီးထည့်ပါ။ အတွင်းခံတွေကိုလည်း အဲ့အတိုင်းထည့်ပါ။ နေရာပိုချောင်သွားအောင်ပါ။ #အကြီးတွေကိုအသေးဖြစ်အောင်ုလပ်ပါ။ ပြောချင်တာက အလှပြင်ပစ္စည်းဘူးကြီးတွေကို အသေးလေးဖြစ်အောင် ဘူးသေးလေးတွေထဲထည့်ပြီးသယ်ပါ။ (ဒီစာကိုဖတ်တဲ့သူကမိန်းကလေးဆိုရင်ပေါ့နော်) ပုံထဲမှာလည်းပြထားပါတယ်။ အမျိုးသားတွေဆိုလည်း မျက်နှာသစ်ဆေးတု့ိကို အသေးဘူးလေးတွေနဲ့ပြောင်းထည့်ပါ။ ပြီးရင် ပလပ်စတစ်အိတ်နဲ့လုံအောင် ဒါမှမဟုတ် အပြင်မှာ အသင့်ရောင်းပေးနေတဲ့ ပလပ်စတစ်အိတ်တွေနဲ့ထည့်ယူပါ။ ပုံမှာပြထားပါတယ်။ #စလင်းဘတ်အိတ်အကြီးလည်းကို်င်ပါ မယူချင်လည်းရပါတယ်။ ယူစေချင်တာကတော့ လက်ဆွဲအိတ်ထဲမဆန့်ရင် အဲ့စလင်းဘတ်အိတ်အကြီးထဲလည်းထည့်လိို့ရအောင်ပါ။ […]


Mon LayJuly 20, 20192min1900
ဘာလီမှာ ဒန်းစီးခဲ့တာလေးပါ.. အကြာကြီးစီးချင်ခဲ့တာ..လက်တွေခိုင်ခိုင်မမြဲခဲ့လို့..အကြာကြီးမစီးခဲ့ရဘူး။ အုန်းပင်၂ပင်ကို ကြိုးနဲ့ချည်ပြီး ပုခက်လုပ်ထားတာ။ ငယ်ငယ်ကပုခက်စီးခဲ့သလို။ ဒါမဲ့သူက အောက်မှာ ချောင်းရှိပြီး အရှေ့ဘက်မှာ သစ်ပင်တွေအုံ့ဆိုင်းနေတဲ့ မြင်ကွင်းကိုမြင်ရတာ..ဘာနဲ့မှမလဲနိုင်။ တချို့က အဲ့မြင်ကွင်းကိုကြည့်ပြီးဒန်းစီးကြတယ်။ တချို့ အဲ့မြင်ကွင်းကိုကျောခိုင်းပြီးစီးကြတယ်။ အမှန်က မြင်ကွင်းကိုကြည့်ပြီး စီးရတာပိုမိုက်တာ။ လူတော့တန်းစီရတယ်။သူကဒန်းစီး တာတင်ဘယ် ကမလဲ..ငှက်သိုက်တို့၊ ကျောက်တောင်ပေါ်မှာတပ်ရိုက်တာတို့၊ အိပ်ယာပေါ်တို့၊ ဆိုဖာပေါ်တို့တောင်ပါသေးတာ။ ပြုတ်ကျမှာပေါ့ဆိုပြီးလည်း မထင်လိုက်ပါနဲ့။ Safety ဖြစ်အောင် ခါးမှာ ကြိုးစည်းပေးပါတယ်။ မတော်တဆပြုတ်ကျခဲ့လို့ရှိလည်း အဲ့ကြိုးက ခါးမှာစည်းပေးထားလို့ လူကိုတော့ဆွဲထားလိုက်မှာပါ။ ပြီးတော့ Insurance ပါပါတယ်။ ဘာလီရောက်ခဲ့မယ်ဆို စီးဖြစ်အောင်စီးခဲ့ပါလို့။ Bali Swing လို့ခေါ်ပါတယ်။ ကြောက်စရာတစ်စက်မှမရှိပါဘူး။ သဘာဝတောတောင်အလှကိုခံစားလို့ရတယ်။ #bali #swing


Mon LayJuly 18, 20196min2340
စင်ကာပူနိုင်ငံဆိုတာ မြန်မာနိုင်ငံနဲ့ယှဉ်ရင် မြေပုံမှာ အစက်ကလေးသာသာပဲရှိတာပါ။ လည်ပတ်စရာနေရာရယ်လို့ သိပ်ကောင်းကောင်းရှိလှတာမဟုတ်ပါဘူး။ ဒါပေမဲ့ အိုင်ဒီယာကောင်းတော့ ရှိတာလေးနဲ့ အလှဆင် ဆိုသလို ရှိတဲ့မြေပေါ်မှာ လည်းတို်က်တာတွေဆောက်တဲ့အပြင် မြေအောက်မှာပါ..တစ်နေရာနဲ့တစ်နေရာကို ကူးလို့ရအောင် လမ်းတွေ..ရှော့ပင်းတွေဆောက်ပြီး သွားလို့ရအောင်လုပ်ထားတာပါ။ မြေပေါ်ကျတော့လည်း အပင်တွေကို နေရာတိုင်းနီးပါးလိုက်စိုက်ထားတာတွေ့ခဲ့ရပါတယ်။ လမ်းတွေမှာလည်း..အမှိုက်ဆိုတာသစ်ရွက်ကလွဲပြီးဘာမှမရှိ။ ကွမ်းတံတွေးဆိုတာ အဝေးဆုံးမှာ..အဲလောက်ထိသန့်ရှင်းသပ်ရပ်နေတဲ့နိုင်ငံလေးပါ။ လမ်းဖြတ်ကူးမယ်ဆိုရင်လည်းကူးလို့ရတယ်ဆိုတဲ့ ဆိုင်းကိုပြထားမှဖြတ်ကူးရပါတယ်။ မဟုတ်ရင် ဒါဏ်ငွေ (၃သောင်း)ကောက်ပါတယ်။ အဲလိုသေးကွေးတဲ့နိုင်ငံလေးဆိုတော့..တိုးတက်တာမြန်တာလည်းမပြောနဲ့လေ။ အိမ်သေးသေးလေးမှာနေပြီး သန့်ရှင်းရေးလုပ်ရတာနဲ့ အိမ်ကြီးကြီးမှာနေပြီးသန့်ရှင်းရေးလုပ်ရတာနဲ့တောင် မတူဘူးလေနော်..ဒါပေမဲ့ အိမ်ကြီးကြီးမှာနေတဲ့ ကိုုယ်တွေနိုင်ငံလည်း တစ်နေ့နေ့တော့ စင်ကာပူလိုဖြစ်လာခဲ့ရင်တော့အကောင်းဆုံးပေါ့။ ပြောလက်စနဲ့ တခြားတိုးတက်ထားတာလေးတွေလည်း လေ့လာသလောက် ပြန်ရှယ်ချင်ပါတယ်။ အဲဒါကတော့ လမ်းပန်းဆက်သွယ်ရေးပါ။ သူတို့နိုင်ငံမှာ လမ်းပန်းဆက်သွယ်ရေးဆို ဘတ်စ်ကားနဲ့ မြေအောက်ရထား MRT ကိုပိုသုံးကြပါတယ်။ ဘတ်စ်ကားဆို ၁ထပ်ကားလည်းရှိသလို..၂ထပ်ကားလည်းရှိတယ်။ ၂ထပ်ကားစီးခဲ့တဲ့ အတွေ့အကြုံအသေးစိတ်ကို video နဲ့စာနဲ့ […]


kaiJuly 18, 20191min2521


manawphyulayJuly 11, 20191min7057
မင်္ဂလာပါ သဂျီးနှင့် ရွာသူရွာသားအပေါင်းတို့… မရောက်တာ ကြာ အလည်တစ်ခေါက် ရောက်လို့လာခဲ့ …. မတွေ့ခဲ့ အရင်မျက်နှာများ ဘယ်ဝယ် ဘယ်ဆီ ရောက်နေသည်မသိ မှန်းဆခက်ပါဘိ….. မနောဖြူလေး


kaiJuly 8, 20191min3114
Los Angeles မှာ ကျင်းပခဲ့တဲ့ အောင်ရင်၊ အိမ့်ချစ်၊ ဂူျဝယ်၊ ဇွဲပြည့်တို့ စင်တင်တေးဂီတ ဖျော်ဖြေပွဲ။ အဖေများနေ့၊ မြန်မာမွတ်စလင်များရဲ့ အစ်ထွက်Prtluck ပွဲ သတင်းများ။ Texas ပြည်နယ်၊ Amarillo မြို့က ဇေယျသုခဓမ္မရိပ်သာ သာသနာ့ဝိပုလကာရီသိမ်တော်ကြီး ၊ ဝေနေယျသုခဓမ္မဗိမာန်ကျောင်းလွှတ်ပူဇာသဘင်။ အာဇာနည်ခေါင်းဆောင်ကြီးဦးရာဇတ်၏သားငယ် ဦးလှကြည်၏ အာဇာနည်နေ့အထိမ်းအမှတ်စကားများ။ တေးသံရှင် Jewelနဲ့ အမေးအဖြေ။ မောင်စွမ်းရည်၏ ပန်းချီဆရာ၊ ကာယဆရာ၊ လက်သမားဆရာ။ မသန္တာအောင်(ဆေးပညာဘွဲ့) ရဲ့ ကိုယ်ဝန်ဆောင်ခြင်းနှင့်အဆစ်အမြစ်ရောဂါများ။ မောင်မိုးညိုရဲ့ DIY နိုင်ကြသော မြန်မာများအဖြစ် ဆောင်းပါး။ ဇူလိုင်လအလှပန်းအဖြစ် Kathy Chen လစဉ်ဖော်ပြ နေကျ ဆရာမိုျးကျော်မြင့်၏ အင်္ဂလိပ်စာသင်ကြားရေးဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ဗေဒင်သုတ၊ အစားအသောက်နှင့် သုတ/ရသ စုံလင်စ ွာ၊ […]


Mon LayJuly 6, 20193min3170
Sea Walker ဆိုတာ ရေ အောက်ကြမ်းပြင်မှာလမ်းလျှောက်ပြီး နီမိုငါးလေးတွေကို အနီးကပ်ကြည့်တဲ့ Activity ပါ။ မွန်လေးဘာလီသွားတုန်းကတော့ လုပ်ခဲ့တယ်။ အရမ်းမိုက်တယ်။ အစာလည်းကျွေးလို့ရတယ်။ ကိုယ်ဖြင့်ကျွေးချင်ပါတယ်။ မှတ်တမ်းတင်ဓါတ်ပုံရိုက်နေရတာကလက်တစ်ဖက်၊ ကျန်လက်တစ်ဖက်ကလည်း တန်းကိုကိုင်ထားရလို့ မကျွေးခဲ့ရဘူး။ #Sea Walker လုပ်နို်င်တဲ့နေရာများ အရှေ ့တောင်အာရှမှာ Sea walker လုပ်မယ်ဆို #Thailand Bangkok ကိုသွားရမယ်။ Pattaya ကမ်းခြေမှာရှိပါတယ်။ #Vietnam Hoi an ကိုသွားရမယ်။ Cham ကျွန်းမှာရှိပါတယ်။ #Indonesia Bali ကိုသွားရမယ်။ Tanjung Benoa ကမ်းခြေမှာ ရှိပါတယ်။ အရင်ကဆိုသူက တံငါရွာသာသာပဲ။ ခုကျမှ ဇိမ်ခံဟိုတယ်တွေ၊ ကမ်းခြေမှာ ဆော့ဖို့ water activities တွေလုပ်လာလို့ပိုပြီးစည်ကားလာတယ်ပြောပါတယ်။ ကိုယ်တွေအဖွဲ့ထဲက ၂ယောက်က […]


kaiJune 28, 20191min3633
အမေရိကန်တို့သည် ၁၉၆ဝ ဝန်းကျင်က အခြားယဉ်ကျေးမှုစီးကြောင်းဖောက် ဟစ်ပီHippieလမ်းသစ်ဆောက်ခဲ့သည်။ ခိုျင်းနီးစ်တို့လည်း ယဉ်ကျေးမှုတော်လှန်ရေး(文化大革命 ၁၉၆၆-၇၆) လုပ်ခဲ့သည်။ နိပွန်၌လည်း ၁၉ရာစုကထဲက မဲဂျီဘုရင်မှ ပြုပြင်ပြောင်းလဲရေး明治維新လုပ်ခဲ့ကြသည်။ ဂျာမဏီပြည်သားတို့ ‌ဝေမာယဉ်ကျေးမှုWeimar cultureဖြင့် ဝိဇ္ဇာနှင့်သိပ္ပံကိုပေါင်းကာ ၂ဝရာစုဦး၌ တိုးတက်ပြောင်းလဲရေးလမ်းပေါ်တက်ဖူးပါသည်။ ယခုသူတို့အားလုံးကမ္ဘာ့စီးပွားရေး ၁၂၃၄များဖြစ်ကြကုန်၏။ “Peace, Love and Happiness(and sex, drugs & rock’n’roll )” ကမ္ဘာစစ်ကြီးပြီး‌နောက် ချမ်းသာလာကြသောအမေရိက၏ဓနအင်အားသည် အလယ်လတ်တန်းစားတို့ကိုလည်း လူသစ်ယဉ်ကျေးမှုသစ်တမိုျးသို့မွေးထုတ်ပေးခဲ့ပါသည်။ ငြိမ်းချမ်းခြင်း။ချစ်ခြင်းနှင့်ပျော်ရွှင်ခြင်းတို့ ဘုံဘဝ‌ရောက်ကုန်ကာ ၁၉၆ဝ ဝန်းကျင်တွင်ဆန်ဖရန်စစ္စကိုမြို့မှအစပြု၍ ဟစ်ပီယဉ်ကျေးမှုပေါ်ခဲ့သည်။ အမေရိက၏ ဟစ်ပီသည် ဗီယက်နမ်စစ်ဆန့်ကျင်ရေးလုပ်ရင်း လူမည်းတို့၏လူ့အခွင့်အရေးလှုပ်ရှားမှုလမ်းပေါ်တက်ချသွားရကား ပန်းနှင့်လွှမ်းသော သူတို့၏အချစ်သည် လိင်တူချစ်ခြင်းနှင့်အနုပညာအသစ်အဆန်းများလည်ဖန်တီးနိုင်ခဲ့ပါသည်။ ဟစ်ပီ၏မိခင်သဘာဝအတိုင်းစီးမျောခြင်းနှင့် ဖက်ရှင်တို့က ကမ္ဘာကိုလည်းပြောင်းပေးခဲ့သည်။ ယခု၇ဝတန်းအထက်ရောက်နေကြပြီဖြစ်သော အမေရိကန်တို့သည် ဟစ်ပီတို့၏ တန်ပြန်ယဉ်ကျေးမှုကို သိမှီဖြတ်ခဲ့သူများချည်းတည်း။ “သင့်တခြမ်းအား […]


Mon LayJune 28, 20192min59422
ခန်းမအဆုံးတွင် ကွယ်လွန် သူ မောင်ကျော်ဇင်ဝင်း၏ ရုပ်အ လောင်းထားရှိပြီး ပတ်ချာလည် တွင် အနက်ရောင်အကျႌဝတ်ဆင် ထားသည့် LGBT (လိင်စိတ်ကွဲ ပြားတိမ်းညွတ်သူ)များနှင့် သ တင်းမီဒီယာမှ ဓာတ်ပုံဆရာများ  ဝိုင်းအုံနေသည်။အရပ်အမောင်းအားဖြင့် ခြောက်ပေအထက်ရှိပြီး ကြည့် ကောင်းနေသည့် လူငယ်နှစ်ဦး သည် မောင်ကျော်ဇင်ဝင်း၏ ရုပ် အလောင်းကို လူအများအကြား တိုးဝှေ့ကြည့်ရှုပြီးနောက်  တစ် ယောက်နှင့် တစ်ယောက်ပွေ့ဖက် ကာ အသံတိတ်ငိုကြွေးတော့ သည်။ #credit from 7 days news စိတ်မကောင်းစွာနဲ့ သတင်းတစ်ခုကိုဖတ်လိုက်ရပါတယ်။ ဖတ်တာအားမရသေးလို့ facebook ထဲမှာပါ ဝင်ဖတ်ဖြစ်ခဲ့ပါတယ်။ သူများ LGBT ဖြစ်နေတာကို အတင်းလိုက်မေးတဲ့မိန်းမကိုလည်း human right ဆိုတာဘာလဲလို့သိအောင်စာတွေဖတ်စေချင်တယ်။ ပြီးတော့ ဘဝပေးမကောင်းလို့ ဖြစ်လာတဲ့ သူတွေကို […]


Mon LayJune 27, 20192min3110
စွန်းရှီဆိုလို့ ဘာလဲသိချင်နေပြီလား။ ပြောပြပေးမယ်..ဖြည်းဖြည်းပေါ့။ မပြောခင် တစ်ခုလောက်မေးချင်တယ်။ ခု ဗိုက်ဆာနေပြီလား။ အပြင်ဘက်ကိုလည်းလှမ်းကြည့်လိုက်ပါဦး။ မိုးတွေကောရွာနေလား..အဲ့၂ခုလုံးစုံနေပြီဆိုရင်တော့..ကဲထ..၂ခုစလုံးနဲ့အရမ်းလိုက်ဖက်ညီတဲ့ဆိုင်လေးသွားကြမယ်။ မ နေ့ကမိုးအေးအေးနဲ့..သယ်ရင်းနဲ့ ၂ယောက် မုန့်ထွက်စားကြမယ်ဆိုပြီး ချိန်းကြတယ်လေ။ ဘယ်ဆိုင်စားရင်ကောင်းမလဲပေါ့နော်။ စားနေရကျဆို်င်ဆို ၂ယောက်စလုံးကမစားချင်။ မစားဖူးသေးတဲ့ ဆိုင်ပဲစားကြမယ်ဆိုပြီးရှာတော့ သယ်ရင်းက သူတို့မြောက်ဒဂုံမှာ ဆိုင်သစ်ရှိတယ်တဲ့။ မိုးတွင်းနဲ့လည်းလိုက်ဖက်တဲ့ hot potဆိုင်တဲ့။ ကိုယ်သိပ်ကြိုက်တာပေါ့ hot potဆို။ ပြီးတော့ နင်ကြိုက်တဲ့ ဝက်ဦးနှောက်ပါရတာနော်တဲ့..အိုကေမှာစိုပြေပြီပဲပေါ့။ ဒီတော့ ရုံးဆင်းတာနဲ့ အပြေးကေးလ မြောက်ဒဂုံကိုပြေးခဲ့တာပေါ့ကွယ်။ ဆိုင်နာမည် စွမ်းရှီ။ တရုတ်နာမည်က Shuang Xi. တည်နေရာ မြောက်ဒဂုံ ပင်လုံလမ်းမကြီး။ဆက်သွယ်ရေးမှတ်တိုင် အနီးပါ။ ဖုန်း 09251915169၊ 09891495881။ Shuang Xi Hot Pot buffet ကနေ ခုဆို ဒုတ်ထိုး […]