ပထမအကြိမ်အနေနဲ့ စိမ်းလဲ့တင်ကိုရောက်ခဲ့ပြီးသကာလမှာတော့ ဒုတိယအကြိမ်အနေနဲ့ စိမ်းလဲ့တင်ကိုရောက်လို့လာခဲ့ပါတယ်။ ပထမအကြိမ်က သစ်ပင်တွေအုံ ့အုံ့ဆိုင်းဆိုင်းရှိတဲ့နေရာရယ်၊ King Kong ရုပ်ထုကြီးရှိတဲ့နေရာရယ် အဲ့ဘက်ခြမ်းကိုရောက်ခဲ့တယ်ပေါ့။ ဒီလင့်မှာကြည့်ပေးပါ။ https://www.facebook.com/travelemperor1/posts/2358358674447140 ခုဒုတိယအကြိမ်ပြန်ရောက်ခဲ့တော့ ရှားပါးတိရိစာ္ဆန်နဲ့ သားရဲတိရိစာ္ဆန်လေးတွေသွားကြည့်ဖြစ်ခဲ့ပါတယ်။ အရင်ဦးဆုံးတွေခဲ့တာ ဆင်လေးတွေပါ။ အစာကျွေးလို့ရတယ်။ သိပ်ချစ်ဖို့ကောင်းတဲ့ ဝက်ဝံလေးတွေလည်းရှိတယ်။ ဘယ်လောက်တောင်ချစ်ဖို့ကောင်းသလဲဆို..မွန်လေးကိုယ့်ဖာသာ selfie ဆွဲတာကို သူတို့၂ကောင်ကပါ ပါချင်လို့ အတင်းပြူးတူးပြဲတဲနဲ့ မတ်တပ်ထရပ်လိုရပ်။ ပြီးတော့ ဖျံလေးတွေလည်းချစ်ဖို့ကောင်းတယ်။ နောက်ကျားသစ်ကြီးကချစ်ဖို့ကောင်း ကို်ယ်ဓါတ်ပုံရိုက်တော့ သူကမျက်လုံးမှိတ်ပြလေရဲ ့..တကယ်တကယ်သိလား..video ထဲမှာကြည့်ပေးနော်..ကိုယ်တကယ်အဲ့ပုံကိုအမိအရဖမ်းရိုက်မိခဲ့တာ။ ယုန်လေးတွေလည်းရှိတယ်။ မျောက်ကလေးတွေရော။ တစ်ခေါက်လောက်တော့ အဲ့မှာညအိပ်ဖို့သွားပါဦးမယ်။ #စိမ်းလဲ့တင် #sanelettinresort #nature #adventureland #sanelettinhotel&naturalresort #sanelettinnaturalresort #review