manawphyulayJuly 11, 20191min7257
မင်္ဂလာပါ သဂျီးနှင့် ရွာသူရွာသားအပေါင်းတို့… မရောက်တာ ကြာ အလည်တစ်ခေါက် ရောက်လို့လာခဲ့ …. မတွေ့ခဲ့ အရင်မျက်နှာများ ဘယ်ဝယ် ဘယ်ဆီ ရောက်နေသည်မသိ မှန်းဆခက်ပါဘိ….. မနောဖြူလေး


kaiJuly 8, 20191min3224
Los Angeles မှာ ကျင်းပခဲ့တဲ့ အောင်ရင်၊ အိမ့်ချစ်၊ ဂူျဝယ်၊ ဇွဲပြည့်တို့ စင်တင်တေးဂီတ ဖျော်ဖြေပွဲ။ အဖေများနေ့၊ မြန်မာမွတ်စလင်များရဲ့ အစ်ထွက်Prtluck ပွဲ သတင်းများ။ Texas ပြည်နယ်၊ Amarillo မြို့က ဇေယျသုခဓမ္မရိပ်သာ သာသနာ့ဝိပုလကာရီသိမ်တော်ကြီး ၊ ဝေနေယျသုခဓမ္မဗိမာန်ကျောင်းလွှတ်ပူဇာသဘင်။ အာဇာနည်ခေါင်းဆောင်ကြီးဦးရာဇတ်၏သားငယ် ဦးလှကြည်၏ အာဇာနည်နေ့အထိမ်းအမှတ်စကားများ။ တေးသံရှင် Jewelနဲ့ အမေးအဖြေ။ မောင်စွမ်းရည်၏ ပန်းချီဆရာ၊ ကာယဆရာ၊ လက်သမားဆရာ။ မသန္တာအောင်(ဆေးပညာဘွဲ့) ရဲ့ ကိုယ်ဝန်ဆောင်ခြင်းနှင့်အဆစ်အမြစ်ရောဂါများ။ မောင်မိုးညိုရဲ့ DIY နိုင်ကြသော မြန်မာများအဖြစ် ဆောင်းပါး။ ဇူလိုင်လအလှပန်းအဖြစ် Kathy Chen လစဉ်ဖော်ပြ နေကျ ဆရာမိုျးကျော်မြင့်၏ အင်္ဂလိပ်စာသင်ကြားရေးဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ဗေဒင်သုတ၊ အစားအသောက်နှင့် သုတ/ရသ စုံလင်စ ွာ၊ […]


Mon LayJuly 6, 20193min3270
Sea Walker ဆိုတာ ရေ အောက်ကြမ်းပြင်မှာလမ်းလျှောက်ပြီး နီမိုငါးလေးတွေကို အနီးကပ်ကြည့်တဲ့ Activity ပါ။ မွန်လေးဘာလီသွားတုန်းကတော့ လုပ်ခဲ့တယ်။ အရမ်းမိုက်တယ်။ အစာလည်းကျွေးလို့ရတယ်။ ကိုယ်ဖြင့်ကျွေးချင်ပါတယ်။ မှတ်တမ်းတင်ဓါတ်ပုံရိုက်နေရတာကလက်တစ်ဖက်၊ ကျန်လက်တစ်ဖက်ကလည်း တန်းကိုကိုင်ထားရလို့ မကျွေးခဲ့ရဘူး။ #Sea Walker လုပ်နို်င်တဲ့နေရာများ အရှေ ့တောင်အာရှမှာ Sea walker လုပ်မယ်ဆို #Thailand Bangkok ကိုသွားရမယ်။ Pattaya ကမ်းခြေမှာရှိပါတယ်။ #Vietnam Hoi an ကိုသွားရမယ်။ Cham ကျွန်းမှာရှိပါတယ်။ #Indonesia Bali ကိုသွားရမယ်။ Tanjung Benoa ကမ်းခြေမှာ ရှိပါတယ်။ အရင်ကဆိုသူက တံငါရွာသာသာပဲ။ ခုကျမှ ဇိမ်ခံဟိုတယ်တွေ၊ ကမ်းခြေမှာ ဆော့ဖို့ water activities တွေလုပ်လာလို့ပိုပြီးစည်ကားလာတယ်ပြောပါတယ်။ ကိုယ်တွေအဖွဲ့ထဲက ၂ယောက်က […]


kaiJune 28, 20191min3803
အမေရိကန်တို့သည် ၁၉၆ဝ ဝန်းကျင်က အခြားယဉ်ကျေးမှုစီးကြောင်းဖောက် ဟစ်ပီHippieလမ်းသစ်ဆောက်ခဲ့သည်။ ခိုျင်းနီးစ်တို့လည်း ယဉ်ကျေးမှုတော်လှန်ရေး(文化大革命 ၁၉၆၆-၇၆) လုပ်ခဲ့သည်။ နိပွန်၌လည်း ၁၉ရာစုကထဲက မဲဂျီဘုရင်မှ ပြုပြင်ပြောင်းလဲရေး明治維新လုပ်ခဲ့ကြသည်။ ဂျာမဏီပြည်သားတို့ ‌ဝေမာယဉ်ကျေးမှုWeimar cultureဖြင့် ဝိဇ္ဇာနှင့်သိပ္ပံကိုပေါင်းကာ ၂ဝရာစုဦး၌ တိုးတက်ပြောင်းလဲရေးလမ်းပေါ်တက်ဖူးပါသည်။ ယခုသူတို့အားလုံးကမ္ဘာ့စီးပွားရေး ၁၂၃၄များဖြစ်ကြကုန်၏။ “Peace, Love and Happiness(and sex, drugs & rock’n’roll )” ကမ္ဘာစစ်ကြီးပြီး‌နောက် ချမ်းသာလာကြသောအမေရိက၏ဓနအင်အားသည် အလယ်လတ်တန်းစားတို့ကိုလည်း လူသစ်ယဉ်ကျေးမှုသစ်တမိုျးသို့မွေးထုတ်ပေးခဲ့ပါသည်။ ငြိမ်းချမ်းခြင်း။ချစ်ခြင်းနှင့်ပျော်ရွှင်ခြင်းတို့ ဘုံဘဝ‌ရောက်ကုန်ကာ ၁၉၆ဝ ဝန်းကျင်တွင်ဆန်ဖရန်စစ္စကိုမြို့မှအစပြု၍ ဟစ်ပီယဉ်ကျေးမှုပေါ်ခဲ့သည်။ အမေရိက၏ ဟစ်ပီသည် ဗီယက်နမ်စစ်ဆန့်ကျင်ရေးလုပ်ရင်း လူမည်းတို့၏လူ့အခွင့်အရေးလှုပ်ရှားမှုလမ်းပေါ်တက်ချသွားရကား ပန်းနှင့်လွှမ်းသော သူတို့၏အချစ်သည် လိင်တူချစ်ခြင်းနှင့်အနုပညာအသစ်အဆန်းများလည်ဖန်တီးနိုင်ခဲ့ပါသည်။ ဟစ်ပီ၏မိခင်သဘာဝအတိုင်းစီးမျောခြင်းနှင့် ဖက်ရှင်တို့က ကမ္ဘာကိုလည်းပြောင်းပေးခဲ့သည်။ ယခု၇ဝတန်းအထက်ရောက်နေကြပြီဖြစ်သော အမေရိကန်တို့သည် ဟစ်ပီတို့၏ တန်ပြန်ယဉ်ကျေးမှုကို သိမှီဖြတ်ခဲ့သူများချည်းတည်း။ “သင့်တခြမ်းအား […]


Mon LayJune 28, 20192min59592
ခန်းမအဆုံးတွင် ကွယ်လွန် သူ မောင်ကျော်ဇင်ဝင်း၏ ရုပ်အ လောင်းထားရှိပြီး ပတ်ချာလည် တွင် အနက်ရောင်အကျႌဝတ်ဆင် ထားသည့် LGBT (လိင်စိတ်ကွဲ ပြားတိမ်းညွတ်သူ)များနှင့် သ တင်းမီဒီယာမှ ဓာတ်ပုံဆရာများ  ဝိုင်းအုံနေသည်။အရပ်အမောင်းအားဖြင့် ခြောက်ပေအထက်ရှိပြီး ကြည့် ကောင်းနေသည့် လူငယ်နှစ်ဦး သည် မောင်ကျော်ဇင်ဝင်း၏ ရုပ် အလောင်းကို လူအများအကြား တိုးဝှေ့ကြည့်ရှုပြီးနောက်  တစ် ယောက်နှင့် တစ်ယောက်ပွေ့ဖက် ကာ အသံတိတ်ငိုကြွေးတော့ သည်။ #credit from 7 days news စိတ်မကောင်းစွာနဲ့ သတင်းတစ်ခုကိုဖတ်လိုက်ရပါတယ်။ ဖတ်တာအားမရသေးလို့ facebook ထဲမှာပါ ဝင်ဖတ်ဖြစ်ခဲ့ပါတယ်။ သူများ LGBT ဖြစ်နေတာကို အတင်းလိုက်မေးတဲ့မိန်းမကိုလည်း human right ဆိုတာဘာလဲလို့သိအောင်စာတွေဖတ်စေချင်တယ်။ ပြီးတော့ ဘဝပေးမကောင်းလို့ ဖြစ်လာတဲ့ သူတွေကို […]


Mon LayJune 27, 20192min3200
စွန်းရှီဆိုလို့ ဘာလဲသိချင်နေပြီလား။ ပြောပြပေးမယ်..ဖြည်းဖြည်းပေါ့။ မပြောခင် တစ်ခုလောက်မေးချင်တယ်။ ခု ဗိုက်ဆာနေပြီလား။ အပြင်ဘက်ကိုလည်းလှမ်းကြည့်လိုက်ပါဦး။ မိုးတွေကောရွာနေလား..အဲ့၂ခုလုံးစုံနေပြီဆိုရင်တော့..ကဲထ..၂ခုစလုံးနဲ့အရမ်းလိုက်ဖက်ညီတဲ့ဆိုင်လေးသွားကြမယ်။ မ နေ့ကမိုးအေးအေးနဲ့..သယ်ရင်းနဲ့ ၂ယောက် မုန့်ထွက်စားကြမယ်ဆိုပြီး ချိန်းကြတယ်လေ။ ဘယ်ဆိုင်စားရင်ကောင်းမလဲပေါ့နော်။ စားနေရကျဆို်င်ဆို ၂ယောက်စလုံးကမစားချင်။ မစားဖူးသေးတဲ့ ဆိုင်ပဲစားကြမယ်ဆိုပြီးရှာတော့ သယ်ရင်းက သူတို့မြောက်ဒဂုံမှာ ဆိုင်သစ်ရှိတယ်တဲ့။ မိုးတွင်းနဲ့လည်းလိုက်ဖက်တဲ့ hot potဆိုင်တဲ့။ ကိုယ်သိပ်ကြိုက်တာပေါ့ hot potဆို။ ပြီးတော့ နင်ကြိုက်တဲ့ ဝက်ဦးနှောက်ပါရတာနော်တဲ့..အိုကေမှာစိုပြေပြီပဲပေါ့။ ဒီတော့ ရုံးဆင်းတာနဲ့ အပြေးကေးလ မြောက်ဒဂုံကိုပြေးခဲ့တာပေါ့ကွယ်။ ဆိုင်နာမည် စွမ်းရှီ။ တရုတ်နာမည်က Shuang Xi. တည်နေရာ မြောက်ဒဂုံ ပင်လုံလမ်းမကြီး။ဆက်သွယ်ရေးမှတ်တိုင် အနီးပါ။ ဖုန်း 09251915169၊ 09891495881။ Shuang Xi Hot Pot buffet ကနေ ခုဆို ဒုတ်ထိုး […]


kaiJune 27, 20194min3932
ďťż ďťż အရင်လက Compare and contrast paragraph လေးတွေ ရေးတတ်လာအောင် Winners and Loser ဆိုတဲ့ နမူနာ paragraph လေးကိုဖော်ပြပေးခဲ့ပါတယ်။ စာဖတ်သူတွေကမြန်မာပီပီ ဉာဏ်ရည်ထက်မြတ်ကြတော့ နမူနာလေးတစ်ခုလောက်နဲ့ဘဲ Compare and contrast paragraph တို့ကို ကောင်းကောင်းရေးတတ်သွားလောက်ပါပြီ။ ဒါပေမဲ့ ထပ်မံပြီးလေ့ကျင့်ကြပါဆိုလျှင် မည်သူမျှ ငြင်းကြလိမ့်မည် မထင်ပါ။ practice makes perfect ဆိုတာ အားလုံးကြားဖူးကြပါလိမ့်မယ်။ ဒီတော့ ဒီလမှာ Givers and Takers ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ Paragraph လေးတစ်ပုဒ် ထပ်ပြီးရေးကြရအောင်။ ဦးစွာပထမ topic sentence လေးကိုရေးရမှာပါ။ အားလုံးမှတ်မိကြပါတယ်နော် ။ ဆိုပါစို့ There are three […]


Mon LayJune 26, 20191min19802
ဒီတစ်ခါရေးတဲ့ ပို့စ်က တော့ ခရီးသွား ပို့စ် မဟုတ်ပါဘူး။ မွန်လေးရဲ ့ ခရီးသွားပို့စ်အောက်မှာ သူများတွေက ဒီလိုခရီးတွေသွားပြီး ပျော်ဖို့ ကောင်းလိုက်တာ..ငါတို့မှာကျ အဲလိုပျော်ရွှင်မှု တောင်မရှိပါလားလို့ လာမန့်သွားတဲ့သူကိုမြင်ပြီး ရေးချင်စိတ်ပေါက်သွားလို့ ပျော်ရွှင်မှုဆိုတာ ဘာလဲလို့ ပြန်ရှယ်ချင်တာပါ။ ပျော်ရွင်မှု ့ဆိုတာ ကိုယ်တိုင်ဖန်တီးယူမှရတာမျိုးပါ။ တစ်နည်းအားဖြင့် ကိုယ့်ကို ဘယ်အရာ ကပျော်ရွှင်စေနိုင်လဲ၊ ကိုယ်ဘာလုပ်လိုက်ရင် ပျော်သွားသလဲပေါ့နော်။ အဲလိုဆန်းစစ် တတ် ရင်..ပျော်ရွှင်မှုဆိုတာရှိလာမှာပါ။ အဲဒါကလည်း ကိုယ့်ရဲ ့ဝါသနာကိုအခြေခံလိမ့်မယ်လု့ိ မွန်လေးကတော့ထင်တယ်။ ဥပမာ..အဆိုတော်တွေဆို..သီချင်းဆိုနေရတာကိုက သူ့ရဲ ့ဝါသနာတစ်ခုလိုဖြစ်ပြီး ကိုယ်လုပ်ချင် တာလုပ်နေရတော့ ပျော်နေတာ…ပျော်ရလို့ကို သီချင်းဆိုတာမျိုးပေ့ါ။ အခကြေးငွေရလို့ ဆိုတဲ့သူ ကတော့ တမျိုးပေါ့။ မွန်လေးဆို စာဖတ်၊စာရေးရတာ ဝါသနာပါတယ်။ ဘယ်လိုဝါသနာပါသွားလဲဆိုရင် ရတန်းနှစ် လောက်တုန်းက တီဗွီမှာ ကိုရီးယားကား […]


Mon LayJune 22, 20194min3502
ဘာလီဆိုတာ တကယ်တမ်းသွားလည်မယ်ဆို..၁ပတ်နဲ့လည်းမလောက်၊ ၁လလောက်နေရင်တောင် လောက်ချင်လောက်မှာ။ အဲလောက် ကျွန်းသေးလေးလေးမှာ လည်စရာတွေပြည့်နေတာပါ။ ဘာလီဆိုတာတကယ်က အရမ်းကိုလှတဲ့နေရာလေးတွေတစ်စုတစ်စည်းတည်း ရှိနေတဲ့နေရာလေးပါ.. ဘုရားကျောင်းတွေအကြောင်းပဲလေ့လာချင်သလား..ရှိတယ်။ကမ်းခြေမှာပဲ..လွတ်လွတ်လပ်လပ်နေချင်လား..အေးဆေး။ နားအေးပါးအေးတိတ်တိတ်ဆိတ်ဆိတ်နဲ့ပတ်ဝန်းကျင်စိမ်းစိမ်းစိုစိုလေးတွေပဲငေးပြီးကြည့်ချင်လား..ရတယ်။ ပြီးတော့ ဓါတ်ပုံရိုက်တာဝါသနာပါတဲ့သူတွေအတွက် instagram တို့ facebook တို့ပေါ်တင်လိုက်တာနဲ့..လှလိုက်တာ..wow လို့မန့်ခံရမယ့်နေရာလေးတွေတအားရှိတော့..မြန်မာလူမျိုးတွေသွားသင့်တဲ့နေရာတစ်ခုပါ။ အဲတော့ ဘာလီရောက်သွားတဲ့အခါ..ဘယ်နေရာလေးတွေကို အဓိကထားသွားသင့်ပြီး ဓါတ်ဖမ်းသင့်တာကို မွန်လေးကပြောပြပေးချင်ပါတယ်။ #Ubud Monkey Forest🐵🙈 Monkey Forest က မျောက်အကောင်ရေအများဆုံးနဲ့ ဘာလီမျောက်တွေကို စနစ်တကျထိမ်းသိမ်းအကာအကွယ်ပေးထားတဲ့နေရာပါ။ မျောက်တွေက လူယဉ်နေပြီ မြင်မြင်သမျှ လိုက်လုပါတယ်. လုံးဝမကြောက် ဘူး။ အိတ်တွေကို ဖွင့်ပြီးသေချာခိုးတတ်တယ်။ ဒါပေမဲ့ မျောက် သချိုင်္င်း၊ holly water လည်း ရှိသလို ရေတံခွန်တွေလည်းပောတယ်။ ဒါကြောင့်လည်ပတ်ဖို့ကောင်းတဲ့နေရာတစ်ခုပါ။ #Uluwatu Temple ဘာလီရောက်မှတော့ မသွားမဖြစ်ရောက်အောင်သွားရမယ့် နေရာလေးတစ်ခုပါ။ […]


Mon LayJune 19, 20192min33800
ဟနွိုင်းဆိုတာ ဗီယက်နမ်ရ ဲ့မြို့တော်ပါ။ ဘွန်ချာဆိုတာ ဗီယက်နမ် ရိုးရာ အစားအစာ ပါ။ အဲနေရာကို မွန်လေးတို့ ဟနွိုင်းသွားတုန်းက မသွားမဖြစ်သွားရမယ့် နေရာအဖြစ်အနေနဲ့ သွားရောက်စားသောက်ခဲ့ပါတယ်။ အမှန်က အဲ့စားသောက်ဆိုင်က အရင်ကလမ်းဘေးစားသောက်ဆိုင်သာသာပဲတဲ့။ အမေရိကန်သမ္မတ လာရောက်စားသောက်ပြီးတော့မှ အဲ့ဆိုင်ကအထပ်ပေါင်းများစွာရှိလာ တာတဲ့။ ဒုတိယထပ်မှာတော့ အိုဘားမားစားခဲ့လို့ စားခဲ့တဲ့နေရာ၊ အိုဘားမား ထိုင်ခဲ့တဲ ့ စားပွဲ ထိုင်ခုံ နဲ ့ ပန်းကန် တွေအားလုံး မှန်ဘောင်နဲ့သေသေချာချာ အမှတ်တရထားထားလေရဲ့။ ဓါတ်ပုံကိုလည်း နံရံမှာ ချိတ်ထားသေးတာတွေ့ခဲ့ပါတယ်။ #အိုဘားမားလာစားချိန် ဘာရက်အိုဘားမားအဲ့ဆိုင်မှာ လာစားတုန်းကဆို ဆိုင်ရှင်က သူလာလို့လာ မှန်းတောင် မသိဘူးတဲ့။ အိုဘားမားက ဆိုင်ထဲဝင်၊ ပလတ်စတစ်ခွေးခြေခုံကိုဆွဲပြီး ဗီယက်နမ်ရဲ့ နာမည်ကျော် ဘန်ချာ စားစရာကို မှာစားချိန်ကျမှ သူ ကြက်သေသေသွားခဲ့ပါတယ်တဲ့။ […]


Mon LayJune 11, 20195min4144
ရန်ကုန် Walking Tour လို့ ပြောလိုက်ရင် Tour လုပ်ငန်းမှာ လုပ်နေတဲ့သူတွေနဲ့တော့ မစိမ်းပေမယ့် တခြားပြင်ပလောက လူတွေဆိုရင်တော့ စိမ်းနေမယ်ထင်ပါတယ်။ ဘယ်လို?? ရန်ကုန်မှာ လမ်းလျှောက်တဲ့ တိုး ဟုတ်လား..ဘယ်မှာလည်စရာရှိလို့လဲ ဆိုပြီး ရန်ကုန်မှာနေတဲ့ သူတွေက နယ်ဘက်တွေကို ခရီးတွေထွက်သွားတတ်ကြတယ်။ အမှန်တကယ်တော့ မွန်လေး တို့နေနေတဲ့ ရန်ကုန်မြို့ပေါ်မှာလည်း လည်ချင်စရာတွေ ၊လေ့လာစရာ ဗဟုသုတတွေ အများကြီး ရှိလို့နေတယ်ဆိုတာ မွန်လေးလည်း တိုးလုပ်ငန်းလုပ်မှ နိုင်ငံခြားသားဧည့်သည်တွေ ကိုခရီးစဉ်တွေဆွဲပေးရင်း သိခဲ့ရပါတယ်။ စာတွေလိုက်ဖတ်တာအားမရလို့ ကိုယ်ကိုယ်တိုင် လေ့လာဥိီးမယ်ဆိုပြီး တစ်နေ့တော့ သွားလည်ပတ်ဖြစ်ခဲ့ပါတယ်။ သူများကိုကိုယ်ကပြောပြချင်ရင် ကိုယ်ကအရင်သိအောင်လုပ်ရတယ်လေ..ဟုတ်တယ်မှတ်လား ဒီတော့ အားတဲ့တစ်နေ့မှာ မွန်လေး ရန်ကုန် walking tour လေးစခဲ့ပါတယ်။ #ဆူးလေဘုရား မြန်မာနိုင်ငံရှိထင်ရှားသော စေတီပုထိုးတို့တွင် အပါအဝင်ဖြစ်ပြီး လေးဆူ […]


kaiJune 10, 20193min115012
San Francisco Bay Area အဋ္ဌမအကြိမ်မြောက် မြန်မာမိသားစုများရဲ့သင်္ကြန်ပ ွဲတော်။Burmese American Medical Association ရဲ့ နှစ်ပတ်လည်ညစာစားပ ွဲ။Burmese American Dental Association ရဲ့ 18th Annual Banquet Dinner မျက်နှာဖုံးသတင်းများ။San Francisco မှ Asia Pacific American Heritage Month မှာ သ ွားရောက်ဖျော်ဖြေခဲ့တဲ့ မြန်မာ့ရွှေအိုးစည်အဖ ွဲ့။မောင်စ ွမ်းရည်ရဲ့ နော်တာဒိမ်း- ဝတ်ကျောင်းတော်ကြီးမီးလောင်ခြင်း ဆောင်းပါး။မောင်မိုးညိုရဲ့ Retirement ပ ွဲမဝင်ခင်အပြင်ကကျင်းပ။တိမ်မည်းရဲ လျှင်မြန်လျှပ်လက် 5G ဆိုတာ။ဂီတပညာရှင်ဆောင်းဦးလှိုင်နဲ့ အ မေးအ ဖြေ။June အလှပန်း မျိုးဟေမာန်ဝင့်။မသန္တာအောင်(ဆေးပညာ ဘ ွဲ့)ရဲ့ အရွတ်နှင့်အဆစ်အရည်အိပ်ရောင်ရောင်များTendonitis and bursitis ဆေးပညာဆောင်းပါး။လစဉ်ဖော်ပြ […]