ကျွန်မလေးစားမိတဲ ့ကျွန်မရဲ ့ဓမ္မမိတ်ဆွေကို စာစီကုံးရေးဖွဲ ့ရပါလျင်၊ရေးကုန်မည်မထင်ပါ။ ကျွန်မပင်စင်ယူပြီးနောက်ပိုင်း၊ရိပ်သာဝင်ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ။ မရည်ရွယ်ပါဘဲ၊ရိပ်သာမှာဆုံခဲ့ကြပါတယ်။ တစ်နှစ်နီးပါးအားထုတ်တဲ့ကျွန်မနဲ ့၊(၂)နှစ်ကျော်(၃)နီးပါးကြာမြင့်အောင် အားထုတ်ခဲ့တဲ့သူ ့ကို၊ကျွန်မထက်ပိုအားထုတ်နိုင်ခဲ့တာကို သိရပြန်တော့ ကျွန်မအနေနဲ ့က၊သူ ့အပေါ်မှာလေးစားပြီးရင်း၊လေးစားရပါတယ်။ တစ်နှစ်နီးပါးရိပ်သာမှာနေခဲ့တာမို ့၊ရာသီဥတုသုံးလီနဲ ့ညီမျှမှုရှိတဲ့အစားအသောက် အသုံးအဆောင်တွေ၊တစ်နှစ်ပတ်လုံးလိုလို၊လှူဒါန်းနေတာတွေကိုလည်း၊ ကျွန်မကိုယ်တိုင် မြင်တွေ ့ခဲ့ရပါတယ်။ ရာသီအလိုက်၊လိုက်လျောညီထွေအောင်လှူတတ်တာကိုလည်း၊ကျွန်မအနေနဲ ့ သူ ့အပေါ်မှာလေးစားလို ့မဆုံးနိုင်ပါဘူး။ ဆောင်းဦးမှာအအေးဓါတ်ဝင်လာတာနဲ ့၊တရားအားထုတ်နေကြတဲ့၊ရဟန်း,ယောဂီ,သီလရှင်, ဝေယျာဝစ္စအဖွဲ ့နဲ ့ကျောင်းမှာရှိတဲ့၊ရဟန်း,ယောဂီ,သံဃာအကုန်၊တစ်ကျောင်းလုံးအတွက် အဝတ်အထည်(အနွေးထည်)၊စောင်၊သဘက်၊ခြေအိပ်အဆုံး၊လှူဒါန်းပါတယ်။ ဆွမ်းကတော့ အကြိမ်ကြိမ်ကပ်ပြီး၊အမြဲလိုလိုကုသိုလ်ယူနေတာမို ့၊သူဆွမ်းကပ်လှူတိုင်းလည်း ကျွန်မကိုကုသိုလ်ရအောင်၊အတူတကွကပ်လှူစေခဲ့ပါတယ်။ သူနဲ ့ကျွန်မ၊ရိပ်သာအတူတူဝင်ဖြစ်တဲ့ကာလတွေမှာ၊ အမှတ်တရဖြစ်ဆုံးက၊ကျွန်မမွေးနေ ့ပါ။ကျွန်မမွေးနေ ့မှာ၊အမှတ်တရအဖြစ် ပရိတ်ကြီး(၁၁)သုတ်၊တရားစာအုပ်တွေကို၊သူကိုယ်တိုင်မှာပေးပြီး၊ကျောင်းကယောဂီအကုန်၊ တရားစာအုပ်အလှူ(ဓမ္မဒါန)ပြုလုပ်ပေးတာပါ။ ကျွန်မကိုဆရာတော်ကိုယ်တိုင်ကသီလရှင်ဝတ်ပေးတော့၊သူလည်းမနေနိုင်ကုသိုလ်ပါဝင်ပြန်ပါတယ်။ သူ ့အနေနဲ ့သီလရှင်ဝတ်ပေးခဲ့တာတွေလည်း အများကြီးရှိနေခဲ့တာ၊မျက်မြင်တွေ ့ခဲ့ရပြန်ပါတယ်။ သူ ရဟန်းပြုပေးခဲ့တာတွေလည်းမနည်းပါဘူး။ လူ ့ဘဝနေရတဲ့အခိုက်ကလေးမှာ၊သူက ကုသိုလ်တွေကိုသာရအောင်စုဆောင်းနေ တာမို ့၊ကျွန်မစိတ်ထဲမှာသူ ့အပေါ်အားရကျေနပ်မိတဲ့အပြင်၊သူကကျွန်မအတွက် လေးစားအတုယူစရာ,အားကျစရာကောင်းတဲ့သူဖြစ်နေပါတယ်။ ကျွန်မရိပ်သာကနေသူ ့ထက်အရင်စောထွက်လာတာမို ့၊ဥပုသ်နေ ့တွေလိုမျိုးမှာ သူကကျွန်မကိုတွေ ့တဲ့အခါတိုင်း၊ထပ်မံပြီး ရိပ်သာပြန်ဝင်ဖို ့ကိုလည်း၊အမြဲလိုလို တိုက်တွန်းနိူးဆော်ပြန်ပါတယ်။ သူနဲ ့အတူတူလည်း၊ကျွန်မကိုသာသနာပြုလိုက်လုပ်နိုင်ဖို ့တောင်းဆိုပါသေးတယ်။ သူ ့ရည်ရွယ်ချက်တွေထဲမှာ၊သူပိုင်ဆိုင်တဲ့မြေတွေပေါ်မှာနဲ ့၊ရိပ်သာတွေမှာ သာသနိက အဆောက်အဦတွေဆောက်လုပ်လှူဒါန်းပြီး၊သာသနာပြန် ့ပွားအောင်လုပ်ကိုင်နိုင်ဖို ့ပါဘဲ။ သူရိပ်သာကပြန်ထွက်လာရင်လည်း၊သူအားရပါးရ၊စီးပွားထပ်ရှာပြီးရသမျှတွေကို ဘာသာရေးမှာအသုံးချချင်ကြောင်း၊သူပြောပြလို ့ကျွန်မသိရပါတယ်။ သူ […]