# လေယာဉ်လက်မှတ်ဗီဇာ မလိုအပ်တဲ့နိုင်ငံတွေဆိုရင် သူ့ကိုအရင်စဉ်းစားတယ်။ အနည်းဆုံး ၃လ မှ ၆လလောက်ကို လေယာဉ်လက်မှတ် ဝယ်ထားမယ်ဆိုရင် ဈေးချိုစွာနဲ့ ရရှိနိုင်ပါတယ်။ အဲလိုင်းကိုလည်း ဘယ်အဲလိုင်းက promotion တွေချနေလည်း မေးပါ။ ဗီဇာလို တဲ့နိုင်ငံကျ ဗီဇာအရင်လျှောက်ပါ။ အဲလိုင်းမှာ ဘွတ်ကင် ဖောင်ယူပါ။ ဗီဇာကျမှ လေယာဉ်လက် မှတ်ဝယ်ပါ။ #ရာသီဥတု ကိုယ်သွားမယ့် နေရာရဲ့ရာသီဥတုကိုအင်တာနက်ကနေရှာပါ။ အဲကျမှ ကိုယ်သွားမယ့်နေ ရာက အေးရင် အနွေးထည်တွေယူသွားလို့ရသလို ပူတယ်ဆိုရင်လည်း ပေါ့ပေါ့ပါးပါးလေးတွေ၊ မိုးရွာတတ်တယ်ဆိုရင်လည်း rain coat အပါးလေးတွေ တခါတည်းယူ သွားလို့ရအောင် ပါ။ #ဟိုတယ် မိုတယ် အင်း 🏩🏦🏡🏠🏣သူလဲတူတူပါပဲကြိုတင်ဘွတ်လုပ်ထားမယ်ဆိုရင် ဈေးနှုန်းသက်သာစွာရနိုင်ပါတယ်။အနည်းဆုံး ၁လ မှ ၃လ ထိ ကြိုတင် ဝယ်ယူထားရင် အတော်ပါပဲ။ […]


