အံ့ဖွယ်ကို ဖန်ဆင်းတတ်သူတွေထဲမှာဆိုရင် သဘာဝ တရားကြီးဟာ ပရော်ဖက်ဆာ ဒေါက်တာကြီးပါပဲ။ အခုလည်း ကြည့်ပါ။ မျောက်ရဲ့မျက်နှာ ပုံသဏ္ဍာန် ဖြစ်နေတဲ့ သစ်ခွပန်းတွေကို မြင်တွေ့ရပါလိမ့်မယ်။ ဒါဟာ ကွန်ပျူတာနဲ့ ပြုပြင် တည်းဖြတ်ထားတာ မဟုတ်ဘူး။ မျိုးစပ် ဖန်တီးယူထားတာ မဟုတ်ဘူး။ တကယ့် အစစ်အမှန် သဘာဝ တရားက ဖြစ်တည်လာတဲ့ အံ့ဖွယ် ပေါင်းစည်းမှု သရုပ်ပါပဲ။ ဒီအံ့ဖွယ် မျောက်မျက်နှာနဲ့တူတဲ့ သစ်ခွတွေကို အီကွေဒေါနဲ့ ပီရူးနိုင်ငံ အရှေ့တောင်ပိုင်း ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ၁၀၀ဝ မှ ၂၀၀၀ဝ ကြားမှာ ရှိတဲ့ တိမ်တွေ ဖုံးလွှမ်းနေတဲ့ သစ်တောများ အတွင်းမှာ တွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။ ဟိုရှေးရှေးတုန်းက လူအများဟာလည်း ဒီထူးထူးဆန်းဆန်း သစ်ခွပန်းတွေကို တွေ့မြင်ခဲ့ဖူးခြင်း မရှိခဲ့ကြပါဘူး။ […]


– – – – – – – – – – – – +++++++++++++++++++++++ ၁။ ခြင် (Mosquito)   ရိုးရိုး အမြင်အားဖြင့် ကြည့်မယ်ဆိုရင် ” ခြင် ဆိုတဲ့ အကောင်တွေက ဘာအန္တရာယ် ရှိလို့လဲ ..? ” ဆိုပြီး မေးခွန်း ထုတ်နိုင်ပါတယ်။ ဟုတ်ကဲ့ …။ ခြင်တွေက အရွယ်အစားအားဖြင့် လူတစ်ယောက်ရဲ့ လက်သည်းခွံလောက်တောင် မရှိပါဘူး။ လာကိုက်သလား …၊ ဖြတ်ခနဲ ရိုက်သတ်လိုက်ရုံပါပဲ။ ဒါပေမယ့် ခြင်ဆိုတဲ့ အကောင်တွေက တကယ့်ရောဂါပိုးတွေကို သယ်ဆောင် ထားကြပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာ့ လူသတ်သမား အကြီးစားတွေ လို့တောင်မှ သတ်မှတ်ထားကြပါသေးတယ်။ ခြင်တွေ […]


+++++++++++++++++++++++++++++++ ကျုပ်ကို … တချို့က ပြောကြတယ် ….. မျက်နှာထား ခပ်တည်တည်နဲ့ မာနကြီး တစ်ခွဲသားနဲ့ကောင် … တဲ့ …။   ကျုပ်ကို … တချို့က ပြောကြတယ် ….. ရွှတ်နောက်နောက် ပုံစံနဲ့ အတော် ရီရတဲ့ ကောင် … တဲ့ …။   ကျုပ်ကို … တချို့က ပြောကြတယ် ….. ဘာဆို ဘာမှ မသိ၊ မတတ်တဲ့ ခပ်ချာချာ၊ ခပ်တုံးတုံး ကောင်ပဲ … တဲ့ …။   ကျုပ်ကို … တချို့က ပြောကြတယ် ….. ဒီကောင်က ခပ်အေးအေးလေး နေတတ်တယ် … တဲ့ …။ […]


(၅) နှစ်အရွယ် ကလေးလေးက အိုဘားမားဆံပင်ကို ကိုင်ကြည့်ချင်ပါတယ် ဆိုပြီး ခွင့်တောင်းလို့ အိုဘားမားက ကလေး ကိုင်ကြည့်လို့ ရအောင်ဆိုပြီး သူ့ရဲ့ ခေါင်းကို ငုံ့ပေးခဲ့ပါတယ်။ ပုံထဲက အတိုင်းပါပဲ။ ကိုင်း .. ဒါဖြင့် … ကျုပ်တို့ သမ္မတကြီး ဆိုရင်ကောဗျာ ….. 😀 _________________________ ဒါက မြန်မာတွေအတွက် အခြားသတင်းတစ်ခု … Fox News က ဖော်ပြခဲ့တာ …   အမေ ရိကန် မရိန်းတပ် ထဲတွင် ဂုဏ်ထူးဆောင် ဆု ရရှိသူ မြန်မာ နိုင်ငံသား မြန်မာ လူမျိုး တစ်ဦး တာဝန် ထမ်းဆောင် လျက် ရှိကြောင်း Fox News က […]


ကျွန်တော်တို့ သူများ ရေးထားတဲ့ ပို့စ်ကို ယူသုံးချင်ရင် ပို့စ်ပိုင်ရှင်ဆီက ခွင့်ပြုချက် တောင်းရပါလိမ့်မယ်။ သူက ခွင့်ပြုတယ် ဆိုမှသာ တရားဝင် ကော်ပီ ဖြစ်မှာပါ။ ခရက်ဒစ် ပေးပြီး ယူသုံးရင်လည်း ရနိုင်ပါတယ်။ ခွင့်ပြုချက်လည်း မတောင်း၊ ခရက်ဒစ်လည်း မပေးဘဲနဲ့ ကိုယ်တိုင်ရေးထားတာလိုလို ခပ်တည်တည် ယူသုံးလိုက်ရင်တော့ ခိုးယူခြင်း ပြစ်မှု မြောက်ပါတယ်။ ဒါကတော့ ပို့စ်ကော်ပီယူခြင်း အကြောင်းပါ။ ပို့စ်တွေကို ယူသုံးသလိုပဲ အခြားဆိုက်တစ်ခုခုမှာ တင်ထားတဲ့ ပုံတွေကို ယူသုံးချင်တယ် ဆိုရင်လည်း ခရက်ဒစ်ပေးပြီး သုံးကြရမှာပါ။ ဒီထက် ပိုကောင်းတာကတော့ ပုံရဲ့ URL ကို တိုက်ရိုက် ယူသုံးလိုက်တာပါပဲ။ ကျွန်တော်တို့ အင်တာနက်ပေါ်က ပုံတွေကို ယူသုံးချင်တဲ့အခါ အဲဒီပုံကို Download ချ၊ ပြီးရင် […]


ဘီလူးအင်း ……… ဘီလူးအင်း ဆိုတာ လောကီ ပညာရပ် ဖြစ်တဲ့ အင်း အမျိုးအစား တစ်မျိုးပဲ ဖြစ်ပါတယ်။ အင်းကွက် ရေးတယ်၊ အင်းကွက် ဆွဲတယ် ဆိုတဲ့ စကားတွေကိုလည်း ကြားဖူးနားဝ ရှိကြပါလိမ့်မယ်။ အင်းရေးတဲ့အခါမှာ အရာဝတ္ထု တစ်မျိုးမျိုးပေါ်မှာ ရေးကြပါတယ်။ တစ်ချို့က စက္ကူ စာရွက်ပေါ်မှာ၊ တစ်ချို့က သစ်သား ပျဉ်ချပ်ပေါ်မှာ၊ တစ်ချို့က နံရံပေါ်မှာ စသည်ဖြင့် ရေးကြလေ့ ရှိပါတယ်။ အခု ဘီလူးအင်း ကိုတော့ သိမ်ဝင်တဲ့အခါမှာထားတဲ့ သပိတ်ရဲ့ ကွဲသွားတဲ့ အပိုင်းအစ တစ်ခုပေါ်မှာ ရေးဆွဲ ထားခဲ့ခြင်း ဖြစ်ပါတယ်။ ဘုရား သာသနာမှာ ကိုရင် အဖြစ်ကနေ အသက်ပြည့်လို့ ရဟန်း အဖြစ်ကို ပြောင်းတဲ့အခါမျိုးမှာ သိမ်မှာ သွားပြီး […]


WordPress မှာ Blog (Free) တစ်ခု တည်ဆောက်ဖို့အတွက် ပထမဆုံး WordPress.Com ကို သွားပါ ………. ။ SignUp လုပ်ရန် – ၁။ Get Started Here ဆိုတဲ့ Button အောက်က Sign up now ဆိုတဲ့ link ကို နှိပ်ပါ။ ၂။ Username နေရာမှာ ကိုယ်ပေးချင်တဲ့ နာမည်ကို ပေးပါ။ (Login ဝင်သည့်အခါ သုံးရမည့် နာမည်ဖြစ်သည်။) ၃။ Password နေရာမှာ ကိုယ်ပေးချင်တဲ့ Password ကို ပေးပါ။ (Login ဝင်သည့်အခါ သုံးရမည့် password ဖြစ်သည်။) ၄။ Comfirm နေရာမှာ အပေါ်မှာ […]


ညဉ့်၏အဆုံး နောက်နေ့ရောက်လာရသည်။ အပူချည်းလည်း ရှိမနေ၊ အပူ၏ တွဲဖက်အနေဖြင့် အအေးရှိနေသည်။ သုခ၏ နောက်ခံ အဖြည့်ဒုက္ခရှိနေသည်။ အဆိုးနောက်ခံ မရှိက အကောင်းသည် ကြွမလာနိုင်ပေ။ အတိုရှိမှ အရှည်၏ တိုင်းတာမှု ဖြစ်နိုင်သည်။ အဝေး၏ အကွာအဝေးကို အနီးဖြင့်သာ မှန်းဆနိုင်သည်။ အမှောင်မရှိဘဲ အလင်းဖြစ်မလာနိုင်ပေ။ အနိမ့်ကို ထောက်၍ အမြင့်ဖြစ်လာသည်။ လူ့ဘဝ၌လည်း အကောင်း အဆိုး၊ အတက် အကျ၊ အလင်း အမှောင်ဟူ၍ ဆန့်ကျင်ဘက် သဘောတရားနှစ်ခု ဒွန်တွဲနေသည်။ မွေးကတည်းကစပြီး မြေပေါ် ခေါင်းချသည်အထိ သူတော်ကောင်းစိတ်မွေးသွားသည့် ပုဂ္ဂိုလ်မျိုး မရှိမဟုတ်ပေ။ ယင်းကဲ့သို့သော ပုဂ္ဂိုလ်များအတွက်မူ အထူးပြောဖွယ် မလိုပေ။ သို့ရာတွင် ဘဝ၏ တစ်စုံတစ်ခုသော ကာလအတွင်း၌ အဆိုးဖြင့် စာရင်းပိတ်ပြီး ယင်းအဆိုး၏နောက်ပိုင်း၌ အကောင်းပေါ်လာလျှင် […]


လက်တွေ့မှ ယုံကြည်တတ်သော ကျောင်းဆရာ တစ်ယောက်သည် စာတတ်၊ ပေတတ် ဆရာတော်ကြီး တစ်ပါးအား ဤသို့ လျောက်ထားလေသည်။ ကျောင်းဆရာ ။ ။ အရှင်ဘုရား … တပည့်တော် တစ်ခုလောက် မေးလျောက်ပါရစေ ဘုရား။ ဆရာတော် ။ ။ မေးပါ ကျောင်းဆရာ။ ကျောင်းဆရာ ။ ။ တပည့်တော် မေးမှာက အရှင်ဘုရားတို့ ဟောဟောနေတဲ့ နတ်ပြည်ဆိုတာ၊ ပြီးတော့ ငရဲပြည်ဆိုတာ တကယ် ရှိလို့လား ဘုရား။ တပည့်တော်ကတော့ လက်တွေ့သမားဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် မယုံဘူး ဘုရား။ နတ်ပြည်နဲ့ မြှောက်ပြီး၊ ငရဲပြည်နဲ့ ခြောက်တာလို့ပဲ ထင်တယ် ဘုရား။ ဆရာတော် ။ ။ ဘုန်းကြီးတို့က မြှောက်တာ၊ ခြောက်တာ […]


ဒီနေ့ Dailymail.co.uk မှာ ဖတ်ရင်းနဲ့ ဒီသတင်းလေးတွေ့လို့ သတင်းထဲက ပုံတွေကို ကူးတင်ပေးလိုက်တာပါ။ သတင်း အပြည့်အစုံကိုတော့ သူ့ရဲ့ မူရင်း ဝက်ဘ်ဆိုက်မှာပဲ သွားဖတ်လိုက်ကြပါဗျာ။ အောက်ဆုံးမှာ လင့်ပေးထားပါတယ်။ Powertrekk – How it works from PowerTrekk on Vimeo. Read Full Story@ DailyMail


တစ်နှစ်ရဲ့တန်ဖိုးကို သိချင်ရင် စာမေးပွဲကျတဲ့ ကျောင်းသားကို မေးကြည့်ပါ ။ တစ်လရဲ့တန်ဖိုးကို သိချင်ရင် လ မစေ့ဘဲ ကလေးမွေးတဲ့ မိခင်ကို မေးကြည့်ပါ။ တစ်ပတ်ရဲ့တန်ဖိုးကို သိချင်ရင် အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာကို မေးကြည့်ပါ။ တစ်ရက်ရဲ့တန်ဖိုးကို သိချင်ရင် ကလေးခြောက်ယောက်ကို ရှာကျွေးနေရတဲ့ နေ့စား အလုပ်သမားကို မေးကြည့်ပါ။ တစ်နာရီရဲ့တန်ဖိုးကို သိချင်ရင် ဆုံစည်းခွင့်ကို စောင့်နေကြတဲ့ ချစ်သူများကို မေးကြည့်ပါ။ တစ်မိနစ်ရဲ့တန်ဖိုးကို သိချင်ရင် ရထားမမီလိုက်တဲ့ ခရီးသည်ကို မေးကြည့်ပါ။ တစ်စက္ကန့်ရဲ့တန်ဖိုးကို သိချင်ရင် ယာဉ်တိုက်မှုနဲ့ သီသီလေးလွဲသွားတဲ့ ဒရိုင်ဘာကို မေးကြည့်ပါ။ တစ်မီလီစက္ကန့်ရဲ့တန်ဖိုးကို သိချင်ရင် အိုလံပစ် ငွေ တံဆိပ်ဆုရှင်ကို မေးကြည့်ပါ။ စာရေးဆရာ ကျော်ဝင်း ၏ နှစ်ဆယ့်တစ်ရာစု သားရွှေဥ စာအုပ်မှ […]


မွန်းကြပ်လှတဲ့ မြို့ပြရဲ့ အငွေ့အသက်တွေကြားမှာ ကျင်လည် ကျက်စားရင်း တောအရပ်ဆီက ငြိမ်းအေးလှတဲ့ အမေ့အိမ်လေးကိုသာ ကျွန်တော်မှာ အရမ်း မှန်းဆ၊ တမ်းတ၊ လွမ်းရတယ် ….. အမေ ‘မိသားစုအတွက် အထောက်အပံ့ရပါစေ’ … ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ မြို့ကြီးပြကြီးအလယ်မှာ ရုန်းကန်လှုပ်ရှားရင်းက စိတ်တွေ တအားမွန်းကြပ်လာတဲ့အခါမျိုးမှာ အမေ့ရင်ခွင်ဆီကိုသာ ပြေးလို့လာလိုက်ချင်ပါတယ် ….. အမေ ‘ဘုရား၊ တရား၊ သံဃာကို မမေ့ပါနဲ့’ … တဲ့ အမေ မှာလိုက်တဲ့စကား ကျွန်တော့်ဦးထိပ်မှာ တင်ထားဆဲပါ … အမေ လူတွေများလွန်းလှတဲ့ ရန်ကုန်ဆိုတဲ့ မြို့ကြီးမှာ ရွှေတိဂုံဘုရားကို ဖူးမြင်ရပြန်တော့လည်း ကျွန်တော့်မှာ ကြည်နူးမဆုံးဖြစ်ရပါတယ် ….. အမေ ညဘက် အိပ်ရာဝင်ခါနီးတိုင်းမှာလည်း အမေ့ကို ကျွန်တော် ရှိခိုးဦးချမြဲပါပဲ …. […]