ကို ၿပံဳးMarch 17, 20131min2074
(မြန်မာ နိုင်ငံအတွင်းရှိ တရုတ်စီးပွားရေး လုပ်ငန်းများ၊ တရုတ်-မြန်မာ နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ နှင့် ပတ်သတ်ပြီး ပြောင်းလဲ လာနိုင်သော တရုတ်-မြန်မာ ဆက်ဆံရေး အကြောင်း ရေးသားထားသော ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်)           မြန်မာ့ဒီမိုကရေစီရထားကြီး  ၂ နှစ်ခန့်ခုတ်မောင်းခရီးနှင်ခဲ့ပြီဖြစ်ရာ ယနေ့တွင် ခလုတ်ကန်သင်းများသော၊ အကွေ့အကောက်များသော၊ လမ်းအစိတ်အပိုင်းတစ်ခုသို့ရောက်ရှိဖြတ်သန်းရလျက်ရှိနေသည်။ ရည်မှန်းချက် ဘူတာသို့ရောက်ရန် ဤလမ်း၊ ဤနေရာ၊ ဤအချိုးအကွေ့တို့အား မဖြစ်မနေဖြတ်သန်းရမည်ဖြစ်သည်။ အတိမ်းအစောင်းမခံသည့်ကာလအတွင်း ဂီယာအချိန်းအပြောင်းနှင့် စီယာရင်အထိန်းအကြောင်း မှန်မှသာရှေ့ခရီးကို ဆက်နိုင်မည့်သဘောဖြစ်သည်။ ဆိုလိုသည်မှာ ခလုတ်ကန်သင်းနှင့်တူသော စိန်ခေါ်မှုများကို ဖြတ်သန်းနိုင်ရန် အတွက် အခြေအနေအရပ်ရပ်ကို မှန်ကန်စွာသိမြင်သုံးသပ်၍ အန္တရာယ်ကင်းသောဆုံးဖြတ်မှုမျိုးကို ရွေးချယ်နိုင်ရန် လိုအပ်ခြင်းဖြစ်သည်။ နယ်နိမိတ်အရှည်လျားဆုံးထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံကြီးနှင့် မြန်မာနိုင်ငံတို့ကာလရှည်လျားစွာ ချစ်ကြည်မှုတည်ဆောက်နိုင်ခဲ့သည်ဆိုသည်ကို မငြင်းနိုင်သော်လည်း လက်ရှိအခြေအနေများအရ အရှေ့ဘက်က […]


အနမ်းဆိုတာ ချစ်သူနှစ်ယောက်အမှတ်တရ အတူရှိနေခဲ့တဲ့အချိန်လေးတွေကို ဘယ်တော့မှမမေ့တော့အောင် မော်ကွန်းထိုးပေးတဲ့ သင်္ကေတလေးတစ်ခုဖြစ်ပါတယ်။ အနောက်တိုင်း သုတေသီတွေက စိတ်ဖိစီးတဲ့ဒဏ်ကို အကြီးအကျယ်ခံစားနေရတဲ့ ဝေဒနာရှင်တွေတောင် ချစ်သူရဲ့အနမ်းကြောင့် အားအင်သစ်တွေ တိုးပွားလန်းဆန်း လာတယ်လို့ ထောက်ခံထားကြတာပါ ဒီတော့ ပူလောင်တဲ့၊ ရမ္မက်ဆန်တဲ့အနမ်းတွေကို ခဏလောက်မေ့ထားပြီး ယစ်မူးကြည်မွေ့စရာ ရင်ခုန်သံလေးတွေကို ပိုင်ဆိုင်စေမယ့် အနမ်းလေးတွေကို ခုလိုမျိုးအမျိုးအစားခွဲကြည့်ြ ကရအောင်။၁။ နတ်သမီးအနမ်း ချိုမြိန်ပြီး သက်သောင့်သက်သာရှိစေတဲ့ အနမ်းလို့ အချစ်ကျမ်းဆရာတွေက အဓိပ္ပာယ်ဖွင့်ကြပါတယ်။ ဒီအနမ်းဟာ ကိုယ့်ချစ်သူရဲ့မျက်လုံးအထက်နားကို ခပ်ဖွဖွလေးနမ်းတာကို ဆိုလိုပါသတဲ့။ တချို့ကလည်း ရှက်စနိုးမှေးမှိတ်ထားတဲ့ချစ်သူရဲ့ မျက်ဝန်းလေးတွေကို ယုယုယယနမ်းတာကို ခေါ်တာပါလို့ပြောကြပြန်တယ်။ ၂။ ပါးပြင်အနမ်း နေရာတကာမှာတွေ့နိုင်တဲ့ အနမ်းတစ်ခုပါ။မိဘတွေကလည်း သားသမီးလေးတွေကို နမ်းကြတာတွေ့ဖူးကြမှာပေါ့။ အဓိပ္ပာယ်ကတော့ နူးနူးညံ့ညံ့ချစ်မြတ်နိုးတယ်လို့ ကိုယ်အမူအယာနဲ့ဖော်ပြတဲ့သဘောမျိုးပါပဲ။ ချစ်သူချင်းဆိုရင်တော့ ‘မင်းကို တကယ်ချစ်တာပါ’လို့ ပါးစပ်ကမပြောဘဲ အနမ်းနဲ့အသိပေးလိုက်တာဆိုရင်လည်း […]


panpanOctober 14, 20101min1001
*(၁) ဒုက္ခပေးတဲ့အကောင် * ဝန်ကြီးများရုံးသို့ လူငယ်တစ်ဦး အလုပ်လာလျှောက်သည်။ အိမ်သာသန့်ရှင်းရေးလုပ်သားနေရာ သာ လစ်လပ်နေသည်ဖြစ်သဖြင့် လုပ်လိုက လုပ်နိုင်ကြောင်းလူငယ်အား ပြောသည်။ လူငယ်က သဘောတူလိုက်ပြီး အလုပ်လုပ်ရင်း သီချင်းနားထောင်နိုင်ရန် အိမ်သာထဲတွင် ကက်ဆက်တစ်ခုထည့်ထားလိုက်သည်။ လူငယ်ပထမဆုံးအလုပ်စဆင်းသည့်နေ့ဖြစ်သည်။ ဝန်ကြီးရုံးသို့ ဝန်ကြီးတစ်ဦးရောက်လာပြီး အိမ်သာဘယ်မှာလဲဟု လူငယ်အားမေးရာ လူငယ်က ဝန်ကြီးကို အိမ်သာသို့ လိုက်ပို့ပေးသည်။ အိမ်သာခန်းထဲသို့ ဝန်ကြီးဝင်သွားသောအခါ ကတ်ဆက်ကို လူငယ်ဖွင့်လိုက်သည်။ မြန်မာပြည်သိန်းတန်၏ “ ရိုင်းတဲ့စင်ယော်´´သီချင်းသံ ငြိမ့်ညောင်းစွာ ပေါ်ထွက်လာသည်။ မကြာမီ အိမ်သာခန်းထဲမှ စောစောကဝန်ကြီးထွက်လာသည်။ “မောင်ရင် ဒီမှာ အလုပ်လုပ်နေတာ ကြာပလား´´ “ဒီနေ့ ပထမနေ့ပါခင်ဗျ´´ “အေး မင်းကိုရာထူးတိုးပေးရမယ်´´ မကြာမီ နောက်အရာရှိကြီးတစ်ဦး ရောက်လာသည်၊ အိမ်သာခန်းထဲ အရာရှိကြီးရှိနေစဉ် တွံတေးသိန်းတံ၏ “အသီးတစ်ရာ အညှာတစ်ခု´´ […]

56751913.jpg

panpanOctober 14, 20101min690
ဝမ်းသာစရာပါပဲ။ ၆၉ရက်တောင် ပိတ်မိနေရာက ပြန်ကယ်လို့ လွတ်မြောက်လာနိုင်ပြီ။ အောက်ကစာက ချီလီသမ္မတက နောက်ဆုံးလွတ်မြောက်လာတဲ့ မိုင်းလုပ်သားကို ပြောတာပါ။ → ‘You brought your shift out like a good captain,’ Chilean President Sebastian Pinera tells Luis Urzua, who was the last miner to surface, ending a 69-day ordeal.


panpanOctober 14, 201015min1630
မေးလ်ထဲကရထားတာပါ။ ဓမ္မဒါနပြုပါတယ်။ သင့်တော်သော အချိန်၌ တရားနာယူခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပေ၏။ တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏။ တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏။ တရား၌ မွေ့လျော်ခြင်းသည် မွေ့လျော်ခြင်းအားလုံးကို အောင်နိုင်၏။ တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အလုံးစုံသောဆင်းရဲကို အောင်နိုင်၏။ ဆက်လက်မျှဝေ ကုသိုလ်ခြွေကြဖို့လည်း တိုက်တွန်းပါတယ် ခင်ဗျာ.. လေးစားရိုသေစွာဖြင့် http://www.dhammaonline.org/ ပိုင်းလော့ဆရာတော်၊ အရှင်ပုညာနန္ဒ၊ အရှင်အာဒိစ္စရံသီ တို့၏ တရားတော်များ http://theinngu.org/ သဲအင်းဂူဆရာတော် http://www.mahasi.org.mm/ မဟာစည်ဆရာတော်-၁ http://www.mahasi.org/ မဟာစည်ဆရာတော်-၂ http://www.dhammaceti.org/home.htm ဘုန်းဘုန်းဦးကောသလ္လ (လင့်ပျက်နေ) http://www.dhammadutabago.net/ အရှင်ပညိဿရ-ဓမ္မဒူတ http://www.shweparami.net/ အရှင်ဆန္ဒာဓိက http://www.yawainwe.net/ အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ) -၁ http://yawainwe.blogspot.com/ အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ) -၂ http://mettashin.com/ အရှင်ဇဝန […]


panpanOctober 14, 201016min910
စိတ်ဝင်စားသူများအတွက်။ မေးလ်ထဲကရတာလေးပါ။ CALL FOR FELLOWSHIP Overview: The 13th Asia Pacific Next Generation (APNG) Camp will be held on 21-25 February 2011 at the Hong Kong Convention and Exhibition Center in Wanchai North, Hong Kong. The 13th Camp will be held in conjunction with APRICOT-APAN 2011, the first ever joint event of APRICOT and APAN making […]


lovesickkalaySeptember 4, 20101min1044
မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်ထမ်းစားနေကြသည်ဖြစ်ရာ ထမ်းစားပြီး ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။ (၁) ဆေးလိပ်မသောက်ပါနှင့်။ ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမ်းစားပြီးစီးကရက်တစ်လိပ်သောက် ခြင်းသည် စီးကရက် ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။ (၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။ ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက ထမ်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ တစ်နာရီအလိုတွင်သာစားသုံးသင့်သည်။ (၃)လက်ဖက်ရည်မသောက်ပါနှင့်။ လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၎င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ်အစာချေရန် အခက်ခဲဖြစ်စေသည်။ (၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။ ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း(တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည် ဝမ်းအတွင်းရှိ အူကိုခေါက်စေသည်။ (၅) ရေမချိုးပါနှင့်။ ထမ်းစားပြီးရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် […]


zaylayJuly 27, 20101min860
ငယ်ငယ်တုန်းက ဆိုးလွန်းလို့ ကျွန်တော်မကြာခဏ ထိခိုက်ဒဏ်ရာရတယ်။ အနာတရဖြစ်တိုင်း မေမေကို ကျွန်တော်ငိုငိုယိုယိုနဲ့ လိုက်ရှာတိုင်း မေမေက ကျွန်တော့်ကို ချိုချဉ်တစ်လုံးပေးပြီး “မငိုနဲ့သား .. ချိုချဉ်စားလိုက်ရင် မနာတော့ဘူး” လို့ အမြဲပြောတတ်တယ်။ မေမေပေးတဲ့ချိုချဉ်လေးငုံ့ပြီး ကျွန်တော် ဆက်ပြေးလွှား ဆော့ကစားတတ်ခဲ့တယ်။ ကျောင်းပြီးတဲ့နှစ်မှာ ကျွန်တော်နဲ့(၂)နှစ်ကြာ ချစ်ကြိုက်ခဲ့တဲ့ကောင်မလေး ကျွန်တော့်ကိုထားသွားခဲ့တယ်။ ဆုံးရှုံးဝမ်းနည်းတဲ့နွံထဲ မဆယ်တင်နိုင်လောက်အောင် ကျွန်တော်နစ်ခဲ့ရတယ်။ “ငယ်ငယ်တုန်းကလို ဒဏ်ရာတွေကိုကုပေးတဲ့ ချိုချဉ်လေးရှိနိုင်သေးရင် သိပ်ကောင်းမှာပဲ” လို့ မေမေကို ဝမ်းပန်းတနည်း ကျွန်တော်ပြောဖြစ်ခဲ့တယ်။ ရုံးပိတ်ရက် မနက်ခင်းတစ်ခုမှာ ဖုန်းသံကြောင့် ကျွန်တော်နိုးလာခဲ့တယ်။ မေမေက သူ့ထမင်းထုပ် မေ့ကျန်ခဲ့လို့ သူအလုပ်ရှိရာ ဆေးရုံကို လာပို့ပေးဖို့ ကျွန်တော့်ကိုဖုန်းဆက်တာဖြစ်တယ်။ မေမေပြောတဲ့အတိုင်း ဆေးရုံဆောင်သုံးထပ်က ပြင်ပထိခိုက်ဒဏ်ရာကုဆောင်ကို ကျွန်တော်ရောက်လာခဲ့တယ်။ အဆောင်မှာ လက်ကျိုးသူ၊ ပေါင်ပြတ်သူတွေနဲ့ ပြည့်နေတယ်။ […]


zaylayJuly 27, 20101min1010
“လူ´´ ဖြစ်ရန်တန်သော ကုသိုလ်ရှိပြီး “လူဘဝ´´ ကိုရရှိခဲ့သောကြောင့် ကုသိုလ်နှင့်သာရှင်သန်ပြီး ကုသိုလ်နှင့်သာ ပြန်နိုင်ရန်အတွက် ဆရာတော်တပါး၏ အောက်ပါအတိုင်း လမ်းညွှန်ဆုံးမခဲ့ပါသည် (က) ခင်ပွန်းကြီး(၁၀)ပါးကိုမပြစ်မှားသင့် ခင်ပွန်းကြီး (၁၀) ပါးမှာ ၁။ မြတ်စွာဘုရားရှင် ၂။ ပစ္စေ္စ္စကဗုဒ္ဒါ ၃။ အဂ္ဂသာဝက၊ မဟာသာဝကအရှင်မြတ် ၄။ ရဟန္တာ ၅။ မိခင် ၆။ ဖခင် ၇။ ပညာသင်ကြားပေးသောဆရာသမား ၈။ သီလဂုဏ်၊ ပညာဂုဏ်၊ သမာဓိဂုဏ်ရှိသော ရဟန်းလူပုဂ္ဂိုလ် ၉။ တရား ဓမ္မဟောပြောပြသသော ဆရာသမား ၁၀။ ထမင်းတလုပ် ရေတမုတ် အစရှိသည့် ပစ္စည်းများပေးကမ်းဘူးခဲ့သော ကျေးဇူးရှင် စသည့် ခင်ပွန်းကြီး(၁၀)ပါးကိုပြစ်မှားမိပါက ပစ္စုပ္မန်၌လည်း အကျိုးမပေး၊ သံသရာ၌လည်း ဒုက္ခ အဖုံဖုံရောက်ပေမည်။ ဘုရားဟော ကျမ်းဂန်များတွင်လည်းကောင်း၊ […]


zaylayJuly 27, 20101min20915
1. တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါ ယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ် “သိတံ” လို့ ခေါ်တယ်။ 2. တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်နှစ် “ဟာသ” လို့ခေါ်တယ်။ 3. တစ်ချို့မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက်ရှေ့ရောက်ရင် ကြောက်ပြ၊ စိုးထိတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး “ဘယ”တဲ့။ 4. တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။ လျှာတစ်လစ်ထုတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက်နံပါတ်လေး “လဇ္ဇ” လို့ခေါ်တယ်။ 5. တစ်ချို့မိန်းကလေးတွေကျတော့ စကားကို မကြားတစ်ကြားဖြစ်အောင်လုပ်ပြောတတ်တယ်။ အဲ့ဒါကတော့ ညှို့ချက်နံပါတ်ငါး “မန္ဓဝါစာ” လို့ခေါ်တယ်။ 6. မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် “အဒေက္ခဏာ”တဲ့။ 7. မျက်ရည်ကျပြတာက […]


zaylayJuly 27, 20101min800
ပုဂံခေတ်က ပုပ္ပားတောင် နိဒါန်း ဘူမိဗေဒပညာရှင်တို့အဆိုအရ ပုပ္ပားတောင်သည် လွန်ခဲ့သောအနှစ် (၁၅) သန်းလောက်က ပေါ်ထွန်းလာကြောင်း သိရှိရပါသည် (Dr. Nyi Nyi, “Burma One Million Years Ago”, The Working People’s Daily, March 15, 1964 Sunday Supplement)။ မြန်မာရာဇဝင်ဆရာတို့ကလည်း ပုပ္ပားတောင် ပေါ်ပေါက်ခဲ့ပုံကို ဂေါတမဗုဒ္ဓဘုရားရှင်၏ ဗျာဒိတ်တော်နှင့်တွဲ၍ ဖော်ပြခဲ့ဖူးပါသည်။ ရာဇဝင်ဆရာကြီး ဦးကုလားက ဘုရားသခင် သည် ငါးဝါအရ၌ သုနာပရန္တနှင့် တမ္ပဒီပတို့သို့ ကြွတော်မူလာခဲ့ပြီး ဖိုဦးတောင်ထိပ်၌ ရပ်တော်မူ၍ သာသနာ (၁ဝ၁) ခုတွင် ပုပ္ပားတောင်မြေမှ စုန့်စုန့်ပေါ်မည်ဟု ဗျာဒိတ်ထားခဲ့ကြောင်း ကို ယင်း၏ မဟာရာဇဝင်တော်ကြီးတွင် ဖော်ပြ ထားခဲ့သည် (ကုလား၊ […]


zaylayJuly 27, 20101min690
ုဗ္ဗ မုဉ္စ အပရစေတနာ ဆိုတာ.. ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေ အားလုံးလိုလို ဒါနပြုခြင်းနဲ့ ပတ်သက်ပြီး ပုဗ္ဗ မုဉ္စ အပရ စေတနာ ဆိုတာလေးကို ကြားဖူးကြမှာပါ.. ဒါပေမယ့် ဘာကိုဆိုလိုတယ် အဓိပ္ပါယ်ကဘာဆိုတာကို တော်တော်များများ သိကြမှာ မဟုတ်ဘူးလို့ထင်ပါတယ်.. ကျနော်လည်း အရင်ကမသိခဲ့ပါဘူး ဆရာတော် အရှင်ဇနကာဘိဝံသရေးသားတဲ့ ကိုယ်ကျင့်အဘိဓမ္မာကျမ်းထဲမှာ ဖတ်လိုက်ရလို့ အားလုံးကိုလည်း သိစေချင်တဲ့ စေတနာနဲ့ ပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျာ…. ပုဗ္ဗစေတနာ အလှူတစ်မျိုးကို လှူဒါန်းရာ၌ ပုဗ္ဗစေတနာ ၊ မုဉ္စစေတနာ ၊ အပရစေတနာ ဟု ၃ မျိုးရနိူင်၏ ။ ထို့တွင် အလှူပေးမည်ဟု ကြံစည်ကာ ထိုအလှူနှင့်ဆိုင်သော ပစ္စည်းများကို ရှာဖွေစုဆောင်း နေသော အခါမှစ၍ မလှူမီ ေ့ရှအဖို့၌ ဖြစ်သမျှကုသိုလ်စေတနာတွေသည် […]


zaylayJuly 27, 20101min740
… To: ဒါလေးဖတ်ကြည့်ပါ။ဟုတ်တယ်နော်… စိတ်တို၊ ဒေါသဖြစ်ဖို့ …… ရှေ့ရက်က အိမ်ပြန်တဲ့ဘတ်စ်ကား ဂိတ်ခဏထိုးရပ်တာနဲ့ ခရီးသည်တွေ တပြုံကြီးတိုးတက်လာခဲ့တယ်။ ကျွန်မဘေးမှာလာရပ်တဲ့ ရုံးဆင်းစစုံတွဲတစ်တွဲက ကျွန်မအကြည့်ကို ဖမ်းစားထားခဲ့တယ်။ လူများတာကြောင့် ကောင်လေးက သူ့လက်မောင်းနဲ့ ကောင်မလေးလက်ကို မကြာခဏချိတ်နေခဲ့တယ်။ ပြီးတော့ အသံတိုးလေးနဲ့ “ပင်ပန်းခဲ့ပြီလား? ခဏနေကျရင် ဘာစားချင်လဲ?” လို့ မေးနေခဲ့တယ်။ ကောင်လေးအပြောကို ကောင်မလေးက စိတ်မရှည်သလိုနဲ့ “စိတ်ရှုပ်လိုက်တာ… ဘာစားမယ်ဆိုတာ အရင်ဆုံးဖြတ်မထားဘူးလား! ခင့်ကိုပဲ အမြဲမေးနေတော့တာပဲ”လို့ ပြန်ဖြေတယ်။ ကောင်လေးက အပြစ်ရှိသူတစ်ယောက်လို ခေါင်းလေးငုံ့ပြီး ကျွန်မစိတ်ထဲမှာ အစဉ်မှတ်မိနေစေမယ့် စကားတစ်ခွန်းကို ပြောခဲ့တယ်။ “ခင်ကို အမြဲမေးရတာက ခင်ကြိုက်တာကို မောင်လိုက်စားမလို့ပါ။ ပြီးတော့ ခင်ကျေနပ်သွားတဲ့အပြုံးကို မောင်မြင်ချင်လို့၊ နောက်ပြီး အလုပ်မှာ အဆင်မပြေခဲ့တာတွေ ခင်ခဏမေ့ထားနိုင်ဖို့ပါ။ အလုပ်ထဲထိ […]