တရုပ်လုပ်လား ဂျပန်လုပ်လား ဘာစီးမှာလဲ
တရုပ်လုပ် cheery QQ3 ကပေါ့ပေါ့ ပါးပါး
အသစ်စက်စက် ဈေးလည်းပေါပေါ..
ဒါပေမဲ့ ဖင်ထောင်အောင် မောင်းရင် အန္တရာယ်…

ဂျပန်ကား Mark II ရွှေငါးက လှလှပပကြွကြွ ရွရွ
အဟောင်းပေမဲ့ ဈေးကကောင်း
ဒါပေမဲ့ သူလဲ အန္တရာယ်…..

ကဲ ဒီလိုဆို ဘာကား စီးမလဲ
တရုပ်လုပ် လား…ဂျပန်လုပ်လား..
ဘာစီးစီးပါ အန္တရာယ်ကင်းအောင်.
မောင်းကြမယ်ဆိုရင်……။
17 comments
Harumoto
February 9, 2012 at 4:11 pm
ကျန်ခဲ့ပြန်ပြီ..
သူကြီးရေ ဖြည့်ပေးပါနော်
Title က “တရုပ်လုပ်လား ဂျပန်လုပ်လား ဘာစီးမှာလဲ “ဖြစ်ပါသည်။
စိန်ပေါက်ပေါက်
February 9, 2012 at 4:33 pm
ဘသူပဲ လုပ်လုပ် ကောင်းကောင်းလုပ် ..ဟုတ်ပါဘူး.ကောင်းကောင်းမောင်း
သေချာမမောင်းရင် အေးချမ်းမေသီချင်းလို တစ်စဆီ ကျိုးပဲ့သွားလိမ့်မယ် ဟရို ့
water-melon
February 9, 2012 at 5:34 pm
တော်ပြီ ဂျပန်လုပ် လည်းမစီးဘူး တရုတ်လုပ် လည်းမစီးဘူး
ပြည်တွင်းဖြစ် လမ်းကြိတ်စက် ဝယ်ပြီးစီးမယ်။
အန္တရယ်ကင်းတယ်
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 9, 2012 at 6:31 pm
ဒို့ကတော့ လမ်းကြိတ်စက် ချီးဘူး။
ချက်ကြီးပဲ စီးမယ် … ဟီဟိ …
water-melon
February 9, 2012 at 6:40 pm
ဟဲ့ဟဲ့ ချက်ကြီးက proxy ကျော်မှနော့ 😀
laypai
February 10, 2012 at 3:27 pm
လမ်းကြိတ်စက်လည်း တုံးလုံး လှဲဖူးတယ် နော်။
မကြာခင်ကပဲ ၉ မိုင်မှာ လမ်းပြင်တဲ့ ရက်၊ တရုတ်ပြည်က စွယ်တော် ကမ္ဘာအေး မှာ အပူဇော် ခံတဲ့ ရက် ပေါ့၊ နေ့ ရက် မ မှတ်မိတော့ လို့။
တုံးလုံး လှဲ လို့ ကရိန်း နဲ့ ပြန်ထူ နေကြတာ။
ကင်မရာ မရှိ လို့၊ ရှိ ရင် အထူးအဆန်းမို့ ရိုက်ယူပြီး နီးစပ်ရာ လူ ပြချင်တာ။
အတိသဉ္ဇာ နာဂရ ချစ်သူ
February 9, 2012 at 6:56 pm
ဂျပန်အဟောင်းက တရုတ်ဖြစ်အသစ်ထက်တော့ အဆမနည်းဘူးသာပါတယ်။
ဂျပန်ဘဲ စီးမယ်။
True Answer
February 10, 2012 at 7:55 am
ဂျပန်ကော တရုတ်ကော မစီးနိုင်သေးပါဘူးဗျာ….
FattyCat
February 10, 2012 at 9:08 am
ကားဆိုတာ…သူ့အရှိန်နဲ့သူမောင်းရတယ်လို့ ကျွန်တော်ယူဆတယ်ဗျ….
အရမ်းအမြန်မောင်းရင်လဲ အန္တရာယ်ရှိနိုင်သလို…အရမ်းနှေးနှေးမောင်းပြန်ရင်လဲ အန္တရာယ်ရှိနိုင်ပြန်ရောဗျ…
အမြန်လမ်းမကြီးတွေပေါ်တက်ပြီး…ကီလို (၄၀)လောက်မောင်းတာနဲ့
မြို့တွင်းလမ်းတွေမှာ ကီလို (၁၀၀)လောက်မောင်းတာဟာ အန္တရာယ်ရှိတာခြင်း အတူတူပါပဲ…
တစ်နေ့က Nissan 370Z ကြီးကို ကီလို(၂၀)လောက်နဲ့ ရှေ့ကပိတ်ပြီး မောင်းနေလို့
ဘေးနားကပ်ပြီး ပြောခဲ့သေးတယ်…မောင်းနေတဲ့ကားလေးကို အားနာပါလို့….
Shwe Tike Soe
February 10, 2012 at 10:22 am
အမေအမွေပေးထားတဲ့ ခြေထောက်နဲ.ပဲ လမ်းလျှောက်ပဲသွားပါတော့မယ်ဗျ…… အန္တရာယ်များလိုက်ကြတာ ဖြေးဖြေးညင်ညင်သာသာ မောင်းကြမှပေါ့.နော…..
kyeemite
February 10, 2012 at 2:37 pm
ဘာမှစီးဘူး မဟရူမိုတိုရေ…စိတ်ကုန်လို့ပါတော်..
ခင်တဲ့…မကြီးမိုက်
Harumoto
February 10, 2012 at 4:42 pm
ဟယ်တော်… ဘယ်ကလုပ်လုပ် မစီးဘူးပေါ့..
ဒါဆို..များတို့လို ဘစ်ကားစီးတဲ့ အုပ်စု လား
လမ်းလျှောက်တဲ့ အုပ်စုလား…
ဘယ် အုပ်စုလဲ ဟင်……
ခင်လို့စတာပါ..စိတ်ဆိုးနဲ့နော်…..
Harumoto……။
KoNyeinChan
February 10, 2012 at 5:11 pm
ခေါင်းစဉ် စာသားကြည့်ပြီး မတူတဲ့အမြင်နဲ ့ကြည့်လိုက်တော့ ပို ့စ်ပိုင်ရှင်ကို ပြန်မေးစရာမေးခွန်းတစ်ခုပေါ်လာတယ်
ကို/မ Harumoto အပါအဝင် မိသားစုတစ်ခုလုံး ဘာလုပ်စီးကြတာလဲ လို ့
Harumoto
February 10, 2012 at 9:59 pm
ဟယ်တော်… များတို့က အမေရိကန် လုပ် အကြိုက်ဆုံးလေ
အမေရိကန် ကားကတောင့်တယ်..
များတို့ ဂျော်ရကီးတွေ စီးတဲ့ ချော်ရကီးဂျစ် စီးတာလေ…ငှဲ ငှဲ….
4L power ဆိုတော့ အာပါးပါး ဆွဲသလားမမေးနဲ့
ကိုကို အားရင် နေရာတခုရှိတယ် လိုက်စီး မလား ဟိဟိ..
မီးတို့ က အုပ်စု ကောင်းပါတယ် ကိုကိုရယ်..
ကိုကိုကျေနပ်စေရမယ်…ဟိဟိ။
KoNyeinChan
February 12, 2012 at 10:01 am
နင်ပြီး ငါ့အလှည့် ဆိုဒါမျိုးကိုကြောက်တာ 😀 တစ်ယောက်တစ်လှည့် မောင်းတာကိုပြောတာပါ 🙂
mg mg
February 21, 2012 at 7:25 pm
စာကြွင်းကျန်ခဲ့သလားလို့ထပ်ဖြည့်ပေးလိုက်ပါတယ်။
သတိ-စာလိမ်(ပြောင်းပြန်)မဖတ်ရ
Harumoto
February 21, 2012 at 9:01 pm
အဲ စုက္ခဘဲ.. ပြောင်းပြန်ဖတ်စော့မှ စုက္ခနဲ့ လှလှနဲ့တွေစော့တာပါပဲ..
အားလုံးကစော့နော်ကစော့..တွေးမိဖတ်မိရင်လဲ… မဖတ်မိသလိုနေကြပါနော်….
အားနာစလာတွေ ဖစ်ကုန်ဘီ….