ခပ်ချာချာ ပဒုမ္မာရဲ ့ ကိုယ်တိုင်ရေး ဖြောင့်ချက်(၁)
အခုခေတ်လူငယ်တွေရဲ ့ မျက်စိရှေ့ကို ရောက်မယ့် ဒီလိုနေရာမျိုးမှာ ကိုယ်ချာတဲ့အကြာင်း ရေးရမှာ အမှန်တော့ ရှက်မိပါတယ် ။
ဒါပေမယ့် လောကကြီးမယ် ငါလိုချာတဲ့ အဖွားကြီးတွေ လည်းရှိအုံးမှာပါဘဲ ။
လူငယ်တွေဘက်က ခပ်ချာချာ အဖွားကြီးတွေပေါ် ညှာတာမှုလေးရှိစေချင်လို့ရယ်
၊ကိုယ်အပြစ်ကိုယ် ဝန်ခံချင်လို့ရယ် ဒီစာလေး ရေးလိုက်မိပါတယ် ။
ခုလိုတိုးတက်နေတဲ ့ခေတ်ကြီးမှာ လူတိုင်းဟာ အင်္ဂလိပ်စာအခြေခံ ၊ ကွန်ပျူတာအခြေခံ ၊
အိမ်သုံးလျှပ်စစ်ပစ္စည်းသုံးစွဲနည်းအခြေခံ ( ဖြစ်နိုင်ရင်တော ့ရုံးသုံးပါပေါ ့ ) ၊
အိမ်သုံးဆေးဝါးအခြေခံ ၊ ရေကူးခြင်း အပြင်
ကားမောင်းလေးပါတတ်သင် ့တယ်လို ့ကျွန်မယူဆပါတယ် (သတိ- ကားပိုင်ရှိဖို ့ပြောခြင်းမဟုတ်ပါ ။ )
ကျန်တာတွေကို ဝ လုံးတန်းကနေ ကကြီးခကွေးတန်းရောက်အောင်လေ ့လာနေပေမဲ ့ ကျွန်မ ကားမောင်းမတတ်ခဲ ့ပါဘူး ။
ကျောင်းနေစဉ် ၁၈ နှစ်ကျော်ကတည်းက အမြော်အမြင်ရှိတဲ ့ကျွန်မအစ်ကိုက
ကျွန်မတို ့ညီအစ်မတတွေကို ဆရာတစ်ယောက်ခေါ်ပြီး
သူ ့ရဲ ့စကိုဒါကားစုတ်လေးနဲ ့သင်ပေးခိုင်းပါတယ် ။
အဲဒီအချိန် ကားတွေက Manual လည်းဖြစ် ကိုယ်ကလည်းချာတော ့
မီးပွိုင် ့နဲ ့ကုန်းတက်များကြုံရင်တော ့ဇောချွေးကိုပျံရတော ့တာပါဘဲ ။
နည်းနည်းလေးတီးမိခေါက်မိသွားတဲ ့အချိန်မှာ ဟုတ်တိပတ်တိကားလမ်းပေါ်တက်မောင်းပြီး
အမေ ့ကိုဘုရားလိုက်ပို ့ဖို ့ကြိုးစားပါတယ် ။ ကံဆိုးချင်တော ့ Surprise check
နဲ ့တိုးပြီး ပြဿနာကိုရေလောင်းလိုက်ရတာ ကျွန်မမှာ မော်တော်ပီကယ်ဖိုးဘီးယား (Phobia) ရသွားပါတော့ တယ် ။
အဲဒီကတည်းကကြောက်ပြီး တစ်မြို ့လုံးမှာ ဘုရားလှည့်ရင် တစ်လမ်းကျော်ရောက်တိုင်း တစ်ခါတွန်းနှိုးရတဲ ့ဘုရားကားရယ် ၊
မီးသတ်ကားရယ် ၊ တစ်မြို ့လုံးသူလာရင် နှာခေါင်းပိတ်ထားရတဲ့ မြူနီစီပါယ်က
မိလ္လာသိမ်းတဲ ့ကားရယ် ၃ စီးဘဲရှိတဲ ့ဇာတိမြို ့လေးမှာဘဲ မိုတိုကာဝေရာမဏိ လုပ်နေပါတယ် ။
တစ်နှစ်တစ်ခါ ရန်ကုန်ကိုအလည်လာလို ့သူများမိန်းကလေးတွေ ကားမောင်းသွားတာတွေ ့ရင်တော ့
အားကျပြီး ၁ ရက်လောက်တက်မောင်းကြည့် ၊
ပြီးရင်တောပြန်သွားဆိုတော ့ လိုင်စင်သာ သက်တမ်းရင့်လာတယ် ကျွန်မကတော ့ကားမောင်းမတတ်ခဲ ့ပါဘူး ။
ကျွန်မရဲ ့ယာဉ်မောင်းလိုင်စင်သက်တမ်းကလည်းမနည်းတော ့ဘူးရှင် ့။
ကညနတို့ မြင်သာတို ့ဆိုတာ ဘယ်နေမှန်းမသိဘဲ ၊
တိုင်ဝင်ရတယ်ဆိုတာ အိမ်တိုင်လားလို ့မေးရမဲ ့ကျွန်မမှာ ယာဉ်မောင်းလိုင်စင်က အနီလျှောက်ချင်ရင်တောင်ရပြီရှင် ့။
ရန်ကုန်ကိုပြောင်းလာပြီးတော ့လည်း အလုပ်သွားအလုပ်ပြန် အစ်ကို့ကားနဲ ့ဘဲသွားပါတယ် ။
ကားမကြုံရင် ပြည်သူပိုင်ဘတ်စ်ကားကြီးဖြစ်ဖြစ် ၊ Taxi စီးလိုက်ပါတယ် ။
အစ်ကိုမရှိတဲ ့အခါတော ့ တူလေးကလိုက်ပို ့ပေးပါတယ် ။
ဒီနှစ်ထဲမှာ အားကိုးရတဲ ့တူလေးကလည်းကျောင်းသွားတက် ၊
အစ်ကိုကလည်းခရီးထွက်တော ့ကျွန်မမှာကိုယ် ့ဒူးကိုယ့်ချွန်ရပါတော ့တယ် ။
အခုခေတ်ကားတွေက Auto Gear ဆိုတော ့ကျွန်မအတွက် ဘုရားမတာပါဘဲ ။
ကားမထွက်ခင် ဘုရားစာရွတ် ၊ မောင်းနေတုံးလည်းဘေးဘီလုံးဝ ငဲ ့မကြည့်စတမ်း ၊ရှေ့သို့စနစ်နဲ့ မောင်းပါတယ်။
Back ဆုတ် ၊ Parking ထိုးရင် အနီးပတ်ဝန်းကျင်ရဲ ့
ဆရာမရေ ဆုတ်ဆုတ်တို့၊ခေါက်ထားတု့ိဆိုတဲ့ အားပေးမှုခံယူပြီး လိုရာခရီးကိုရဲဆေးတင်သွားရပါတယ် ။
ကျွန်မကားမောင်းရင် တိုက်မိမှာစိုးလို ့ ကီလို ၄ဝ ထက်ပိုမမောင်းပါဘူး ။
ယာဉ်ကြောတစ်ခုက တစ်ခုကို တတ်နိုင်သလောက်မပြောင်းဘဲ တသမတ်ဘဲမောင်းပါတယ် ။
စိတ်မရှည်တဲ ့ကားတွေက ဘယ်ကဟွန်းတီးပြီးကျော်လိုက် ၊ ညာကဟွန်းတီးပြီးကျော်လိုက်နဲ ့အားပေးသွားကြလေရဲ ့။
ဘေးကနေ ဂူးဂူးဂဲဂဲမြည်ပြီး ခေါင်းကြီးကိုယ့်ဘက် ထိုးလာတတ်တဲ ၊့
ယာဉ်ကြောနှစ်ကြောလောက်ကို အပိုင်ယူ မြွေလိမ်မြွေကောက်သွားတတ်တဲ ့ဘတ်စ်ကားကြီးတွေကိုလည်း ကျွန်မကြောက်ပါတယ် ။
ရှေ့ကသွားနေရင်း လမ်းဘေးကတားတဲ ့လူရှိရင် Signal မပြဘဲ ဖြတ်ကနဲ ရပ်တတ်တဲ ့ Taxi တွေကိုလည်း ကျွန်မလန့်ပါတယ် ။
ဝူးကနဲဆို ဘေးကနေ ကပ်ပွတ်သွားတတ်တဲ ့ စတစ်ကာမည်းမည်း ကပ်ထားတဲ့ ့နောက်ဆုံးပေါ် ကားသစ်ကြီးတွေလည်း ကျွန်မ ဒူးတုန်ပါတယ် ။
ကားခေါင်မိုးပေါ် မီးနီမီးပြာတွေနဲ ့သေနတ်ကြီးချိန်ထားတဲ ့ကားတွေဆိုလည်း ဝေါင်ဝေါင်ရှေးပါတယ်။
နောက်ကြည့်မှန်မပါ ၊ ရောင်ပြန်ပြားမပါနဲ ့စီးနေကြတဲ ့စက်ဘီးတွေ ကိုယ့်ဘက်ယိုင်လာမှာလည်း စိုးမိပါတယ် ။
ကားတွေကြားမှာ ဟိုဝင်ဒီထွက်လုပ်ပြီး ပွတ်မိသွားရင် ပြဿနာရှာတတ်တဲ ့ဆိုက်ဂျဲရိုးတွေကိုလည်း ရွံ့ပါတယ် ။
ကားလမ်းမပေါ် ဖြတ်ပြေးကြတဲ ့၊ စွန်လိုက်ကြတဲ ့၊ ဘောကန်ကြတဲ ့ကလေးတွေကိုမြင်ရင်လည်း ဘုရားတမိပါတယ် ။
ဘယ်ခွေးမှ လူမထင်ဘူးဆိုပြီး ယိုင်တိယိုင်တိုင် အမူးသမားတွေကိုလည်း ဝေရာမဏိပါရှင့်။
အဲဒီလိုအကြောက်တရားတွေဖိစီးခံရပြီး တုန်တုန်ချိချိနဲ ့ကားစုတ်ကလေးမောင်းနေတဲ ့အဖွားကြီးများတွေ ့ရင်
ဒို ့ရွာထဲကအန်တီဖြစ်မှာဘဲလို ့တွေးပြီး ညှာတာကြပါလို ့တောင်းပန်ချင်ပါတယ် ။
မတော်တဆများ ပွတ်မိတိုက်မိခဲ ့ရင်လည်းလျော်ကြေး မတောင်းကြနဲ ့ပေါ ့။ အန်တီကတော ့လူသေ အောင်မတိုက်ပါဘူးနော ့။
အဲဒီလို ခပ်ချာချာ ကျွန်မကားမောင်းသွားတုန်း ပြဿနာလေးတစ်ခုနဲ ့တိုးပါတယ် ။
41 comments
MaMa
February 9, 2012 at 7:24 pm
ခပ်သော့သော့ ဖတ်လိုက်တာ ခပ်ချောချော ပဒုမ္မာ ဖြစ်သွားတယ်။
padonmar
February 10, 2012 at 12:58 am
မမရယ်
ကိုယ့်အချင်းချင်းပင့်နေတာလား၊အိုဘာပဲဖြစ်ဖြစ် မှန်တာပြောတာ ပြောပါစေတော့လေ။:D
windtalker
February 10, 2012 at 8:24 pm
ကိုယ့်ကားကိုယ်မောင်း
ကိုယ့်ဆိုင်ကယ် ကိုယ်စီး
အင်း..
ကိုယ်သွားလိုရာတော့ ရောက်မှာပါ
ဟီဟိ
စတာပါခင်ဂျ
အားပေးသွားပါတယ် ခင်ဂျ
water-melon
February 9, 2012 at 7:28 pm
ကြာဖူးတာကတော့ အသက် ၅ဝ ကျော်လာရင် စိတ်ဖိစီးမှုများတတ်တယ်ဗျ
ကျွန်တော်တို့ မန်းလေးမှာကတော့ ဆိုင်ကယ်မောင်းရင် တွန့်ဆုတ်၊ကြောက်၊လန့်၊ရှိန်နေရင် ကိုယ်အတိုက်ခံရတယ်ဗျ
မန်းလေးကတော့ အထာနပ်မှရတာဗျ။
ကျွန်တော်တို့လည်း အသက်ကြီးလာရင် မပဒုမ္မာလိုနေမှာထင်တယ်
ကြောက်ပြီးတော့ ကားပေါ်ရှူးတော့ ပေါက်မချလောက်ပါဘူး
စိန်ပေါက်ပေါက်
February 10, 2012 at 1:36 pm
ခင်ဗျားက ရှူရှူး အကြောင်းပြော
အောက်ကတစ်ယောက်ကလဲ အီအီးအကြောင်းပြောနဲ ့ ဘယ်လိုဖြစ်နေကြတာလဲဗျ
ရေးထားတာက ကားအကြောင်း
ခင်ဗျားတို ့ပြောတာက ရှူရှူးနဲ ့ အီအီး အကြောင်း ဘာမှလဲ မဆိုင်ဘူး
ပြောရင် ဗိုက်နာလာပြန်ဘီ
ပြေးလိုက်ဦးမယ်..
ဗျစ်.ဘစ်..ဗလစ်..ဘွတ်စ်..
စိန်ပေါက်ပေါက်
February 9, 2012 at 7:34 pm
ဟုတ်ပါတယ် အကိုရေ
ကျနော်တို ့ ကား မောင်းတုန်းကလဲ တစ်ဘက်ကိုပဲ ဆွဲဆွဲသွားတယ်ဗျာ..
သူဆွဲလိုက် ကိုယ်တည့်လိုက်နဲ ့လက်တွေကိုညောင်းလို ့
ကုန်းတက်ဆိုလဲ တက်ရတာ ဒူးတွေကို ညောင်းနေတာပါပဲ ဟောဟဲဟောဟဲ လျှာပါထွက်ပါပကောဗျာ
ဘယ်လိုပြဿနာတက်လဲဆိုတာတော့ မနက်ဖြန်မှ ဆက်ဖတ်တော့မယ်နော
ခု အီအီးပါချင်လို ့ ပြေးပြီဗျာ
ဗျစ်..ဘစ်.ဗွစ်စ်…ဗလစ်စ်.
padonmar
February 10, 2012 at 1:48 am
မမရယ်
ကိုယ့်အချင်းချင်းပင့်နေတာလား၊အိုဘာပဲဖြစ်ဖြစ် မှန်တာပြောတာ ပြောပါစေတော့လေ။:D
မဖရဲ၊ဒေါ်ပေါက်ပေါက်
အန်ကယ်လည်း ရှူးပေါက်ချတဲ့ အီအီးပါချတဲ့ အဆင့်တော့ မရောက်မိသေးတာတော်သေးတာပေါ့လို့ ကိုယ်ကိုကိုယ် ဖြေသိမ့်လိုက်ရပါတယ်ကွယ်။
ဝေဝေ၊Pooch၊သည်းနုအေး
ဒေါ်ဒေါ့်လို phobia သမားတွေ ရှိနေပါသေးလား။အသင်းဖွဲ့လို့တောင်ရပြီကွ။
Child On Board လို့ sticker ကပ်သလို Beginner on Board လို့ ကပ်ပြီး ဖြည်းဖြည်းမောင်း ကြည့်ရှောင်ကြ အလျော်မတောင်းနဲ့ အခွင့်အရေးရရင်ကောင်းမယ်နော်။
ခုခေတ်ကလေးတွေက သိလွယ်တတ်လွယ် ကားတွေကလည်းပေါလာပြီဆိုတော့ (ကားပေါတာလေ၊ဈေးပေါတာမဆိုလိုပါ) သူတို့က ကားလမ်းပေါ် တဝီဝီနေကြတော့မယ်လေ။
ချာသောသူကိုကြင်နာပါလို့ မရဲတရဲလေးပြောကြည့်တာပါ။
ကိုဘလက်
ဒရိုင်ဘာခေါ်ရတဲ့ဒုက္ခ ကြုံရင်တော့ ရေးပြအုံးမယ်။
ကျွန်မကို ကိုဘလက်ထက်ငယ်တယ် ထင်ရတယ်လို့များ ရေးလိုက်မိလို့ကတော့ တစ်သက်လုံးကို ကြာဇံကြော် စားရစေ့မယ်။
ဆရာထက်ရယ်
ကျွန်မတို့ ဧရာဝတီသားတွေဆိုတာ ရေသာကူးတတ်တာ၊ကားတို့ဆိုင်ကယ်တို့ဆိုတာ ကျွန်မတို့နဲ့ အဝေးကြီး၊ကုန်းလမ်းပေါက်တာ ဘာကြာသေးလို့လဲ။ကျွန်မက ရန်ကုန်ပြောင်းလာနေလို့သာ ဒါတွေနဲ့ နီးစပ်ရတာပါ။ဒါတောင် ဒီလို တုန်ချိချိနဲ့ ရွေ့နိုင်ဖို့ ၁ဝနှစ်မကအားထည့်ရတာ။ကိုယ့်ကိုကိုယ်လည်း အားမရလို့ ဒီစာရေးဖြစ်တာ။ခွေကိုင်ရတာ စိတ်ပင်ပန်းလွန်းလို့ပါ။
ပုပု
လမ်းကြိတ်စက်ရော သံချပ်ကာကားရော စီးမယ်လေ။
ဒါဆိုဘယ်ခွေးမှ လူထင်စရာမလိုတော့ဘူးပေါ့။
တီချာကြီးရှင့်
ကျွန်မအစ်ကိုများကလည်း ဒီလိုပဲပြောကြပါတယ်။ရှေ့မှာ ကကြိုးကကြောင်မောင်းနေရင် အဲဒါ မိန်းမဖြစ်ဖြစ် အဖိုးကြီးတွေဖြစ်ဖြစ်ပဲမလွဲဘူးတဲ့။
တီချာကြီးအားပေးတာ သူများအားပေးတာထက် ပိုအားရှိပါတယ်။(ဖားထားတာ၊မန်းလေးလာရင် ထမင်းစားကောင်းအောင်)
မလတ်ရေ၊
ဟုတ်တယ်၊ကျွန်မတို့ ကျောင်းတက်ချိန်က သူတို့တွေကို အသည်းစွဲပေါ့၊
Brooke Shield? က Times မှာ မျက်နှာဖုံးတောင်ပါခဲ့သေးတယ်။သဘာဝမျက်ခုံး ၆ပေမရပ်နဲ့။
ကိုဆာမိ
လိုင်းကားကြီး၂စီး ကြားက ထွက်လာတဲ့လူတွေ၊လမ်းပေါ်မှာ ကျောပေးပြီးအေးဆေးသွားနေကြတဲ့သူတွေ၊
မလွတ်တလွတ်ဖြတ်ပြေးတဲ့သူတွေ အများကြီးပါပဲ၊AKKO လည်းရေးသွားသေးတယ်လေ။
weiwei
February 9, 2012 at 7:34 pm
ကျွန်မက ပိုဆိုးတာပေါ့ .. အလွန်ချာပဲ …
ကျွန်မကားမောင်းလိုင်စင်ကို လိုင်စင်အဖြူလို့ အိမ်ကအစ်ကိုက နောက်လေ့ရှိတယ် … ကားမောင်း လိုင်စင်ရပြီးကထဲက တစ်ခါပဲ မြို့တစ်ပတ်ပတ်မောင်း အိမ်ပြန်လာတော့ ခြံစည်းရိုးအုတ်တိုင်ကို တိုက်မိပြီးကထဲက ကြောက်သွားတယ် … မျက်စိကလဲ မကောင်းတော့ မမောင်းရဲတော့ဘူး …
အတိသဉ္ဇာ နာဂရ ချစ်သူ
February 9, 2012 at 7:59 pm
တကယ်ကို အရေးကောင်းတဲ့ မမပဒုမ္မာရယ်ပါလား။
ဘယ်လို ပြဿနာမျိုးလဲ သိချင်ပီဗျ။
pooch
February 9, 2012 at 8:01 pm
ဒေါ်ဒေါ်ရေ ကျမလည်း ၃ ခါ ၄ ခါလောက် မောင်းပြီး ကြောက်ဒူးတုန်ပြီး ဆက်မမောင်းတော့ပါဘူး။
ခုလို လမ်းရှုပ်ပုံ ကျမ တွန့်ဆုတ်တွန့်ဆုတ်နဲ့တော့ ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်မှာစိုးလို့ပါ။
ဒေါ်ဒေါ်ကတောင် မောင်းရဲသေးတယ် ။ အားကျလိုက်တာ ။ 🙁
blackchaw
February 9, 2012 at 8:32 pm
အစ်မရေ။
တနင်္ဂနွေအလှူတော့ လိုက်ခဲ့ပါ ခင်ဗျာ။
ကျွန်တော် လာကြိုပေးပါ့မယ်။
ရန်ကုန်မြို့မှာတော့ ကားမမောင်းပါနဲ့ အစ်မရေ။
ဒရိုင်ဘာ တစ်ယောက်သာ ခန့်ထားလိုက်ပါ။
အဲဒါအကောင်းဆုံးပါခင်ဗျာ။
စကားမစပ်
အစ်မက ကျွန်တော့်နဲ့ ရွယ်တူလောက်ပဲ ထင်ရပါတယ်ခင်ဗျ။
ရှိလှ ၄၃ သို့မဟုတ် ၄၄ ပေါ့ဗျာ။
ကျွန်တော် ခန့်မှန်းတာ နီးစပ်ပါတယ်နော့။
မဒမ်ဘလက်ကတော့ ဒီရက်ပိုင်း
ကြာကြာစံဖို့ဆိုလား၊ ကြာဇံကြော်ချည့် ကျွေးနေတော့တာပဲ အစ်မရေ။
မိုက်ကယ်ဂျော်နီငပွ
February 9, 2012 at 8:45 pm
အန်တီခင်ဗျ
ဟိုဒါကြီးဝယ်စီးပါလားခင်ဗျ
ဗေလေချာ ( လမ်းကြိတ်စက် )
မိုက်ကယ်ဂျော်နီငပွ
February 9, 2012 at 8:46 pm
ဘယ်ခွေးမှ လူထင်စရာမလိုတော့ဘူး
သံဂျပ်ကားက လွဲရင်ပေါ့
Khin Latt
February 9, 2012 at 10:09 pm
မှတ်သွားပါတယ် ဘပွ ရယ်။ 😉
Thel Nu Aye
February 9, 2012 at 9:02 pm
ဟုတ်ပရှင်။ ကျွန်မလဲကားမောင်းရင် နံပါတ် ၂ နဲ့ပဲတလမ်းလုံးသွားတယ်။ ရှေ့ကားရပ်ရင် လိုက် ရပ်တယ်။ ကျော်မတက်ဘူး။ လမ်းလယ်ကနေနံပါတ် ၂ တက်မောင်းတယ်။ Taxi တွေ မေတ္တာပို့လွန်း လို့အခုတော့မမောင်းရဲတော့ပါ။ မမပဒုမ္မာကအရမ်းတော်ပါတယ်။
htet way
February 9, 2012 at 9:26 pm
တကယ်တော်သူတွေက ကိုယ်ကို ကိုယ် နိမ့်ချတတ်ပါတယ်
ဒေါက်တာတစ်ယောက် ဆိုတာ သိပ်တော်လိုဖြစ်တာပါ။
ကျွန်တော်က ကားလည်းမမောင်းတတ် ဆိုင်ကယ်လည်းမစီးတတ်
ဒေါက်တာရေ ကားမောင်းနိုင်တာတင် လေးစားပါတယ်၊ စာရေးလည်းကောင်းပါတယ်။
TTNU
February 9, 2012 at 9:47 pm
ပဒုမ္မာရေ…
အရေးအတွေးလေးတွေ ကြိုက်တယ်ကွယ်။
(ကျွန်မမှာ မော်တော်ပီကယ်ဖိုးဘီးယား (Phobia) ရသွားပါတော့တယ်)
(ဇာတိမြို ့လေးမှာဘဲ မိုတိုကာဝေရာမဏိ လုပ်နေပါတယ်)
(တိုင်ဝင်ရတယ်ဆိုတာ အိမ်တိုင်လားလို ့မေးရမဲ ့ကျွန်မမှာ)
(ဆရာမရေ ဆုတ်ဆုတ်တို့၊ခေါက်ထားတု့ိဆိုတဲ့ အားပေးမှုခံယူပြီး)
စတဲ့ အရေးလေးတွေ ဖိအားလေးတွေ ကြိုက်တယ်တော့။
ရှေ ့ကကား ခပ်ဆဆမောင်းနေရင် သားတို့ပြောလေ့ရှိတယ်။
အမျိုးသမီးမောင်းတာဖြစ်ရမယ်တဲ့။
အခုခေတ်အခါ အသက်လေးရလာရင် ဘာမှမမောင်းတာကောင်းတယ်။
လူငယ်တွေ မောင်းကြတာ ဆိုင်ကယ်ရောကားရော UFO မောင်းသလား
ထင်ရတယ် ပဒုမ္မာရေ။ ဝှီးခနဲနေတာလေ။
Khin Latt
February 9, 2012 at 10:06 pm
အစ်မ ပဒုမ္မာ
မျက်စိ ထဲမှာ ရုပ်ရှင်ပြသကဲ့သို့ ကွင်းကွင်းကွက်ကွက် ပါဘဲ။
ပြုံးပြုံးကြီးလုပ်ကာ ဖတ်သွားခဲ့ပါသည်။ 😀
သို့သော်လည်း မြန်မာပြည်တွင် ကားမောင်းတတ်ပါက ကမ္ဘာ့နေရာ အများမှာ အေးဆေးစွာမောင်းနိုင်ပြီဟု ဂုဏ်ယူလိုက်ပါ အစ်မ ပဒုမ္မာ ရေ့။
တစ်ချို့ ဆို ဖော်မြူလာဝမ်း ကို ကမ္ဘာ့ ကားပြိုင်ပွဲ ဒရိုင်ဘာ များတောင် လက်ဖျားခါသွားအောင် မောင်းနိုင်ကြပါရဲ့။
မမ လို ဘဲ ကျွန်မလဲ ခပ်ချောချော ဟု ဖတ်လိုက်မိပါကြောင်း။
ထို့ကြောင့် ခပ်ချောချော အဖွားကြီး လို့သာ ထားလိုက်ပါတော့။
ကျွန်မတို့ က ဖီဘီကိတ် တို့၊ ဘရွတ်ရှီးတို့၊ စင်ဒီခရော့ဖို့ဒ် တို့ နဲ့ သိပ်မကွာလောက်ပါဘူးလေ။
မဟုတ်လား။ 😉
Khin Latt
February 10, 2012 at 8:43 pm
စာကျ ကျန် ခဲ့၍ အဓိပ္ပါယ်လွဲ နေ သမို့ “ကျကျန်ခဲ့ သော စာလုံး” ကို ပြန်ထည့်ခွင့်ပြုပါ နော်။
တကယ်တော့ မြန်မာပြည်မှ ကားမောင်းသူ (အထူးသဖြင့် အမြန်ကားမောင်းသူ) များ အလွန် လက်သွက်ခြင်းကို ဖော်ဆို လို ခဲ့ခြင်းဖြစ်ပါသည်ရှင့်။ 😉
——————-
သို့သော်လည်း မြန်မာပြည်တွင် ကားမောင်းတတ်ပါက ကမ္ဘာ့နေရာ အများမှာ ” ပြိုင်ပွဲဝင်ကားများ” ကို အေးဆေးစွာမောင်းနိုင်ပြီဟု ဂုဏ်ယူလိုက်ပါ အစ်မ ပဒုမ္မာ ရေ့။
တစ်ချို့ ဆို ” ဖော်မြူလာဝမ်း က” ကမ္ဘာ့ ကားပြိုင်ပွဲ ဒရိုင်ဘာ များတောင် လက်ဖျားခါသွားအောင် မောင်းနိုင်ကြပါရဲ့။
——————–
surmi
February 9, 2012 at 11:31 pm
မပဒုမ္မာရေ —ရှောင်ရန်နောက်တစ်ခုရှိသေးတယ်ဗျ—အဲဒါကျွန်တော်အကြာက်ဆုံးပဲ–
ကားလမ်းကူးရင်လေ ကားလာမဲ.ဘက်ကိုမကြည်.ဘဲ ကားမလာမဲ.ဘက်ကိုကြည်.ကူးတာ
အစ်မကြုံဘူးမှာပါ—နောက်ပြီး ကားကြားထဲကရုတ်တရက်ဖြတ်ထွက်ကြတာ–ပြောရရင်
အများကြီးဘဲဗျို. အစ်မဘဲဆက်ပြောတော.—
padonmar
February 10, 2012 at 2:08 am
အတိသဉ္ဇာ နာဂရ ချစ်သူရေ
ကိုးနတ်ရှင်ခွင့်ပြုရင်တော့ မနက်ဖန်အဲဒီပြဿနာ အကြောင်းတင်မယ်နော်။
(၁)နဲ့(၂) ကျွန်မပေးချင်တဲ့ message မတူလို့ ခွဲတင်တာပါ။point လိုချင်လို့ မဟုတ်ပါဘူးနော်။
inz@ghi
February 10, 2012 at 7:17 am
အယ်. …
ဦးကြာ …လူဇိုး ..
အကောင်းအောက်မေ့လို့ဖတ်လာတာ …
အောက်ဆုံးကျမှ သိတော့တယ် …
ဆိုလိုရင်းကို ပြောပါဒယ်….
သများတို့ကို ရုတ်ရုတ် ရုတ်ရုတ်တော့ မလုပ်နဲ့ .ကားနဲ့တိုက်ပစ်မယ်
လျော်ကြေးမတောင်းနဲ့နော် ကပါသေး….စိတ်ချ မသေဇေယဘူး တဲ့ ….
တော်ဘီ စိတ်ထိခိယက်တွားဘီ ….။
စိန်ပေါက်ရေ. ..ယောင်းမရေ ..ညည်း ရှောက်သီးဆေးပြား ထွက်ရောင်းတဲ့အခါ
အော်တို ဂီယာနဲ့ တုန်ချိချိ အဖိုးဂျီးဒွေ သတိထားပါကွယ် …..
ခင်တဲ့
လေဒီဂီဂီ
Shwe Tike Soe
February 10, 2012 at 9:47 am
အော် မမပဒုမ္မာ ရယ် အစ်မ ပို.စ်ဖတ်ပြီး ကားလိုက်စီးရတာ ရင်မောတာ…… ဟုတ်ပ အဲလိုပဲ ဖြေးဖြေးမောင်းပေါ့အစ်မရယ်…
ကိုယ့်ကိုယ်ကို ခပ်ချာချာလို.မပြောပါနဲ.. ကဗျာဆန်ဆန်လေးပြောပါ………
ခေတ်နဲ.လိုက်မမှီသော အပျိုကြီး ကျွန်မ .. ကားမောင်းနှေးတယ်… ကြောက်စိတ်ပြင်းတယ်.. တိုက်ရင်လျော်မယ်.. အတိုက်ခံချင်ဘေးရှောင်……. ဒါပဲပေါ့….ဟဟဟဟဟဟဟ 😀
Novy
February 10, 2012 at 11:04 am
မပဒုမ္မာက အပျိုကြီးဆိုတာ အခုတော့သိသွားပြီ ;p
မနို လည်း အရင်ကဆို no.2 ဂီယာလောက်နဲ့ပဲမောင်းပါတယ်
ကုန်းတက်ဆိုရင် စက်ရပ်သွားတပ်သေးတယ်
ဒါပေမဲ့ အားမလျော့ပါနဲ့ မောင်းပါများရင် အကျင်ရပြီ အစဉ်ပြေသွားပါလိမ့်မယ်
နောက်. ကိုယ့် အရှေ့မှာ ဖြေးဖြေးလေးမောင်းနေတဲ့ကားတွေ့ရင်
မပဒုမ္မာ ကားလားလို့ အရင် ကြည့်ပြီးမှ ကျော်ပါ့မယ်
nozomi
February 10, 2012 at 11:18 am
အန်တီပဒုံမာခင်ဗျာ
(တူမလေးတွေ ပါတဲ့ ပို့စ် ဖတ်ပြီးကတဲ က အဲဒီလို ခေါ်ချင်စိတ်ကို ပေါက်နေတော့တာ ခွေးလွွှတ်နော် )
ကျန်တာတွေ အကုန်ရတယ် ၊ မော်တော်ကားပဲ နဲနဲလိုတယ် ဆိုကတဲက တော်တော် တော်တာပဲ ၊ ကျွန်တော်တွေ့ဘူးတဲ့ လူကြီးတွေကတော့ စလောင်းဖွင့်တာ ဒီလိုပါ ဆိုတာကို သုံးခေါက်လောက်သင်ရတယ် ၊ နောက် နာရီဝက်ဆို မေ့ရော ( အဲဒါလဲ ဒေါက်တိုပဲနော် ) လူကြီးတွေကျ စိုးရိမ်စိတ်တွေကများသွားပြီး ဒါလုပ်ရင် ပျက်သွားမလား မှားသွားမလား နဲ့ လူငယ်ကတော့ အဲဒီလို ကြောက်ရကောင်းမှန်းမသိတော့ သင်ရတာ ပိုလွယ်တယ်
အန်တီလေး ကောင်းမောင်းချိန် ပူရသလို ရန်ကုန်မှာ မောင်းနေတဲ့ လူတိုင်း ပူကြမယ်ထင်တာပဲ ၊ ငါ မှန်တယ် ဆိုပြီး အေးအေးဆေးဆေး နေလို့ မရဘူး ဘယ်အချိန် ဘယ်လိုကျေးဇူးရှင် ဘယ်နေရာကပေါ်လာမလဲ အမြဲသတိရှိတဲ့ စိတ်နဲ့ စောင့်နေရတယ်
အန်တီလေး ရဲ့ နောက်ပို့စ် ကို စောင့်ဖတ်နေပါမယ် အန်တီလေး ခင်ဗျာ
ကြောင်ကြီး
February 10, 2012 at 11:58 am
ကျနော်လည်း ကွက်ခနဲ ဖတ်လိုက်တာ ခပ်ချောချော ပဒုမ္မာ ခေါင်းစဉ်တပ်ထားတယ်ထင်လို့ ဆပ်ပြာကြော်ငြာမယ် ဝင်နောက်အုံးမလို့ အန်တီမမရဲ့ကွန်းမန့်ဖတ်ပြီးမှ မဟုတ်မှန်းသိတယ်…
အန်တီပဒုမ္မာ အဲသလောက် ကြောက်တတ်ရင် အကြံတခုပေးမယ်။ လိုရာလည်းရောက် အန္တရယ်လည်းကင်းအောင် တင့်ကားဝယ်စီး..မောင်းချင်တဲ့ အမြန်နှုန်းလည်းဖြစ်တယ်၊ ကားခြင်းတိုက်လို့ ကိုယ်နာမှာလည်း မပူရဘူး… ကိုယ်ကိုလာရန်စမှာလည်း မကြောက်ရဘူး…။ မကျေနပ်ရင် အမြာက်နဲ့ထုလို့လည်း ရဒယ်….။
Moe Z
February 10, 2012 at 11:59 am
အန်တီပဒုမ္မာရေ ရန်ကုန်မှာကတော်သေးတယ်
မိုးစက်အထင်တော့ မန္တလေးမှာပိုဆိုးတယ် စက်ဘီးတွေဆိုင်ကယ်တွေကြားထဲ ရင်တမမနဲ့ စွန့်စားခန်းထွက်ရသလိုပဲ၊ အန်တီ့ရဲ့ ပြဿနာလေး ကိုလည်းသိချင်ပါတယ် 🙂
FattyCat
February 10, 2012 at 12:02 pm
ရန်ကုန်မြို့ထဲမှာ ကားစမောင်းတော့…
၁၉၉၉ ခုနှစ်လောက်ဖြစ်မယ်….ကျွန်တော့အိပ်ထဲမှာ ပိုက်ဆံ၃သောင်းလောက်ရှာထည့်ပြီး စမ်းမောင်းပါတယ်…
ကားမောင်းတာ အရမ်းကြောက်ရင်လဲ ပြသနာရှိပါတယ်….
အရမ်း ရဲရင်လဲ ပြသနာရှိပါတယ်…
အဲဒါကြောင့် ကိုယ့်ကိုကိုယ်ယုံကြည်မှု အပြည့်ရှိအောင် ကြိုးစားပြီးတော့ ကားမောင်းပါနော်…
ပြိုင်ကားလေးနဲ့ ကြောင်ဝတုတ်
Arkar11
February 10, 2012 at 12:19 pm
မမရေ…မောင်းသာမောင်း…ဘာမှအားမငယ်နဲ့..မမလိုမောင်းတဲ့သူတွေရန်ကုန်မှာ အများကြီးဘဲ…ကျွန်တော်ကတော့ ရှေ့ကားမောင်းတဲ့သူက lady ဆိုရင် ကပ်မလိုက်ရဲဘူူး…..ညာအချက်ပြပြီး ဘယ်ကွေ့တတ်ကြလို့… 🙂
ကိုပေါက်(မန္တလေး)
February 10, 2012 at 1:21 pm
ကျနော်ကတော့ ကားမမောင်းတတ်တော့ ဒါတွေမသိဘူး။
မန်းလေးသား ဆိုင်ကယ်နဲ့ဘဲသွားတယ်။
အကြိုအကြား ကနေ လိုရာသွားနိုင်အောင်
ဇွတ်တိုးတာဘဲ။
မန်းလေးသား ညှိနိုင်းမူ့နဲ့ဘဲ လမ်းပေါ်သွားနေပါတယ်။
မန်းလေးလာမောင်းပါ့လာ းမပဒုမ္မာရေ
awra-cho
February 10, 2012 at 3:25 pm
မန္တလေး က မမတွေ၊ ဘွားဘွားတွေ ဆို ဂျစ်ကားပဲ စီးတယ်။ ကျောင်းပို့ကျောင်းကြို ဂျစ်ကားနဲ့ ပဲ လုပ်တယ်။
အေးဆေးပဲ။ လွတ်လား ခေါင်းလေး ထွက် ကြည့်လိ်ုက်၊ ကားက တိုတော့ သေးတော့ ကျဉ်းလဲ လွတ်တယ်။ မလွတ်လဲ ဘာအရေးလဲ ဆေးပွန်းပွန်း ပိန်ပိန် စက်မှုဇုန် တစ်ခုလုံး ရှိတယ်။ ဖြည်းဖြည်းတော့ မောင်းပေါ့။ ခေါင်းဖြူ ပေသီး စာ မိတွားမယ်။
kai
February 10, 2012 at 4:05 pm
အင်း…
အယ်လ်အေမှာတော့..
… မြန်မာပြည်မှာကားမောင်းကျွမ်းပါတယ်ပြောလေ.. ကယ်လီဖိုးနီးယားလိုင်စင်ရဖို့ခက်လေလို့ပြောရမယ်….
အဲဒီလိုနဲ့.. ၃-၄ခါဖြေရတဲ့သူတွေ အများကြီးတွေ့ဖူးတယ်..။
ဆိုတော့..
မြန်မာပြည်မှာ.. ကားယဉ်ကျေးမှု.. ကားစည်းကမ်းမရှိ..မသိ..နားမလည်ကြသေးဘူးထင်ကြောင်း…
ဆိုတော့… တိတိကျကျ စည်းကမ်းနဲ့မောင်းချင်သူတွေအတွက်… ခက်ခဲနေကြောင်း…
ကံကောင်းနေတာက.. ကားအရှိန်တွေအရမ်းနှေးသမို့.. တခုတခုဆို.. သိပ်မကြီးမားကြဘူးထင်ကြောင်း…
ရန်ကုန်-တိုကျို-အယ်လ်အေ ကားမောင်းလာခဲ့ဖူးသူတဦးအနေနဲ့..သုံးသပ်ပါရစေခင်ဗျ…။ 😆
ကိုပေါက်(မန္တလေး)
February 10, 2012 at 4:29 pm
သူကြီး မန်းလေးတွင် မြန်မြန်မောင်းဘို့အလွန်ခက်ပါသည်။
လမ်းသေးသေး ကားများများ ဆိုင်ကယ်ရှုပ်ရှုပ် စက်ဘီးကလဲနောက်မဆုတ်
လူကလဲလမ်းပေါ်သလား။
ထို့ကြောင့်
စည်းကမ်းဆိုသည်ထက် တစ်ဦးနဲ့တစ်ဦးအလိုအလျောက်နားလည်
စွာသဘောပေါက်ညှိနိုင်းမူ့နှင့်မောင်းနှင်နေကြောင်းသတင်းကောင်းပါးအပ်ပါသည်။
အကယ်၍များ သူကြိးမန်းလေးအလည်လာမည်ဆိုပါက
ကျနော်ဆိုင်ကယ်နောက်တွင်ထိုင်ခိုင်း၍မန်းလေးမြို့အနှံ့လိုက်ပြပါမည်။
အလည်လာသူ ဘလက်ချောကတော့ ဆိုင်ကယ်နောက်လိုက်ရမှာကြောက်၍
သွားလေရာရာ သူ့ကားကိုယူလာပါသည်။
aye.kk
February 10, 2012 at 5:54 pm
u.s.a,ကသူငယ်ချင်းတက္ကသိုလ်ဝင်တန်းအဆင့်မှာ..
ရေကူးနဲ့ကားမောင်းတတ်ရတယ်..မသင်မနေရသင်ကြရတယ်။
မမပဒုမ္မာပြောလိုက်တော့..ကျမတို့ရဲ့ခေါက်ရိုးကျိုးနေတဲ့ပညာရေးစနစ်ကိုစိတ်မကောင်းဖြစ်မိတယ်။
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 10, 2012 at 7:10 pm
သားက အလုပ်သွားရင် စက်ဘီးနဲ့သွားဒါ ..
အန်တီ သားကို တိုက်မိလို့ကတော့ လျော်ကြေးတော့ တောင်းဖူး ..
ဆေးဒန်းတော့ ပို့ပေးရမယ်နော် … 😀 😀
nature
February 10, 2012 at 8:37 pm
ကားမောင်းဆိုတာ ကျွမ်းကျင်အောင် များများမောင်းပေးရတယ်။ မောင်းမဲ့လမ်းတွေ အချိန်တွေ ကြိုအကြောင်းကြားထားနော်။ 🙂
pu ma
February 10, 2012 at 9:09 pm
တို့ကတော့တက်စီပဲစီးတယ်
ရောက်တဲ့နေရာဆင်းသွားလှည့်ကြည့်စရာမလိုပါနော့
padonmar
February 11, 2012 at 2:56 am
ဂီဂီ
မမက အကိုကြီး၊မလတ်က လော့ဒ်လတ်၊ဆူးက ကိုဆူးဖြစ်တော့ အင်းငါတော့ ဘယ်လို နာမည်သစ်ကင်ပွန်းတပ်ပွဲ လုပ်ခံရပါ့မလဲလို့ တွေးနေတာ၊အန်ကယ်ဒုံ လား ဘဘမာ ဖြစ်မလားလို့လေ။
ဦးကြာဆိုတော့ ဂီဂီ့ဉာဏ် ကြီးကြီးတော့ လက်ဖျားခါရော။ညည်းယောင်းမ ရှောက်သီးဆေးပြားရောင်းတာတွေ့ရင်တော့ မကျိုးမပဲ့ရုံလေးတိုက်ပါ့မယ်။
ရွှေတိုက်၊ Novy
တိုက်ရင် မလျော်ဘူးလို့ ကြိုပြီးကြေငြာထားတာနော်။ 😀
တူလေး ကိုနို
ကိုနိုဇိုမီရေးပြမှပဲ ဟင်ငါလည်း စလောင်းမဖွင့်တတ်တဲ့ ဒေါက်တိုပါလားလို့ သိတော့တယ်။ကြည့်နေမကျတော့ တကယ်မသိဘူး၊ဖွင့်ကြည့်ချင်ရင် လိုင်းတွေ မှတ်တဲ့ စာအုပ်ဖွင့်ရင်ဖွင့်၊ဒါမှမဟုတ် အိမ်က ကလေးမတွေ ဖွင့်ခိုင်းရတယ်။
ဦးကြောင်
ပုပုနဲ့ အကြံတူပဲနော် လမ်းကြိတ်စက်ရယ် သံချပ်ကာကားရယ် တင့်ကားရယ်၊
ကိုကြောင်ဝတုတ်၊အာကာ11
အားပေးစကားလေးတွေအတွက် ကျေးကျေးပါနော်။ကိုယ်တစ်ယောက်တည်းအတွက် အားပေးတာမဟုတ်ပဲ ကြောက်တတ်တဲ့ အမျိုးသမီးထုကြီးကိုပါ အားပေးတယ်လို့ ခံယူပါတယ်။
မိုးဇက်၊ကိုပေါက်၊awra-cho
မန်းလေးရောက်ရင်တော့ ဆိုင်ကယ်ပဲစီးမှာပေါ့၊ရှောင်လွယ်တိမ်းလွယ်၊
စက်မှုဇုံဂျစ်က မောင်းကောင်းစီးကောင်း တိုက်မပူရတာ ဟုတ်ပါတယ်။ ကျွန်မကိုယ်ပိုင်ကားစီးနိုင်ရင် ဂျစ်ကားဝယ်စီးဖို့ မှတ်ထားရမယ်။အခုက သူများကားမောင်းရတာဆိုတော့ ပိုသတိထားရတာပေါ့။
Pu ma
taxi ကအမြဲဆို ပိုက်ပိုက် မခံနိုင်ဘူးလေ။
အံဇာတုံးကို အန်တီတိုက်မိရင် သိအောင် သားသားစက်ဘီးမှာ အနန္တစကြဝဋ္ဌာမဟာရာဇာ ကပ်ထားနော်။
ဆေးခန်းမပို့ရအောင် အသေတိုက်လိုက်မယ်။ဟို တရုတ်သတင်းထဲကလိုပေါ့။
ဆရာနေချား
ရှောင်ရင် မလွတ်ဘူး၊မရှောင်ရင် လွတ်တယ် ဆိုတာ ကြားဖူးတယ်မလား
padonmar
February 11, 2012 at 3:13 am
အေးကေရေ
မသင်မနေရ ပညာရေးမှာ ကျွန်မတို့ငယ်ငယ်က ပန်းချီ၊အားကစား၊အိမ်တွင်းမှု/စက်မှု ပါတယ်နော်။
အခြေခံ တီးမိခေါက်မိတော့ရှိအောင်သင်ကြရပါတယ်။ဂီတတော့ တူရိယာ အခက်အခဲကြောင့်လားမသိဘူး။မသင်ခဲ့ရဘူး။ကျွန်မအဖေပြောပြတာ တရုတ်ကျောင်းတွေမှာ ကလေးတိုင်း ဒိုရေမီဖာ သင်ရတယ်။တူရိယာ တစ်ခုခုသင်ရတယ်လို့ပြောပြပါတယ်။
သူကြီးရှင့်
ကားယဉ်ကျေးမှု၊ကားစည်းကမ်းတွေ အကြောင်း ပြောပြကြစေချင်လို့လည်း ဒီစာရေးဖြစ်တာပါ။
သူကြီး အချိန်ရရင် US ,Tokyo က ကားယဉ်ကျေးမှု အကြောင်းရေးပေးစေချင်ပါတယ်။
ကျွန်မကြားဖူးနားဝ မှာ
California တစ်ခုတည်းမှာ မီးနီစဉ် ကားရှင်းရင် Right-turn ကွေ့ခွင့်ပေးထားတယ်လို့ ကြားဖူးပါတယ်။
နောက် လမ်းဆုံမှာ ကားတွေ first come first drive တစ်စီးနဲ့ တစ်စီး ကြည့်ပြီး ထွက်ကြရတယ်၊လမ်းဆုံတိုင်းမှာ ဘီး၄ဘီးလုံ့းရပ်ရတယ်။
လမ်းကူးတဲ့သူရှိရင် ရပ်ပေးရတယ်။ခါးပတ်မပတ်မနေရ၊ကလေးပါရင် ကလေး ထိုင်ခုံလေးသတ်သတ်ပါရတယ်။pick up နောက်ခန်းမှာ လူမလိုက်ရ၊
ကားတွေလိုင်စင်ဝင်ရင် ကားမီးက သူတပါးကားမောင်းသူရဲ့ မျက်စိကို ပင့်ထိုးထားသလို မဖြစ်အောင် ချိန်ထားပေးရတယ်။ စသဖြင့် စသဖြင့် ပေါ့
ဟုတ်မဟုတ်တော့ မသိဘူး။
ဒီကလူတွေလည်း လိုက်နာသင့်တာ လိုက်နာရအောင် ဗဟုသုတအဖြစ် post လေးရေးပေးပါလို့ တောင်းဆိုပါရစေ။
kai
February 11, 2012 at 7:06 am
ဒီထဲပဲ အရင်ဖြေလိုက်မယ်..။
ယူအက်စ်ကားက.. ဒရိုင်ဘာခုံက.. ဘယ်ဖက်ရှိပြီး.. ကားက.. ညာဖက်ကပ်မောင်းစံနစ်ပါ..။
ဂျပန်က ပြောင်းပြန်ဖြစ်ပါတယ်..။
– မီးနီနေလည်း ကားရှင်းရင် Right-turn ကွေ့ခွင့်ပေးထားတာ… ကယ်လီဖိုးနီးယားတခုထဲတော့မဟုတ်ဖူး..။
စတိတ်အားလုံးလိုလိုရတယ်ထင်တယ်..။ တခြားစတိတ်တွေ.. အဲလိုပဲမောင်းနေတာ… 🙂
နယူးယောက်မြို့တော့မရဘူးလို့ သိထားပါတယ်..။
– နောက် လမ်းဆုံမှာ ကားတွေ first come first drive တစ်စီးနဲ့ တစ်စီး ကြည့်ပြီး ထွက်ကြရတယ်၊ လမ်းဆုံတိုင်းမှာ မျဉ်းဖြူတားထားရင်.. ဘီး၄ဘီးလုံးရပ်ရတယ်။
တကယ်လို့ မီးပွိုင့်ပျက်နေလည်း.. အလိုက်တသိနဲ့.. စည်းကမ်းလိုက်နာကြပါတယ်..။
လမ်းဆုံမှာ.. အရင်ဘီးရပ်တဲ့သူ.. အရင်ဦးစားပေးထွက်ရတာပါ…။
မလုကြပါဘူး..။ … လက်ထုတ်ပြပြီး ..မင်းအရင်သွားဟေ့.. ရက်စ်ပက်ပြိုင်ပေးနေတတ်တာတွေလည်း.. ရှိပါတယ်..။
– လမ်းကူးတဲ့သူရှိရင် ရပ်ပေးရပါတယ်။ ဘယ်နေရာမဆို.. ဘယ်အကြောင်းပြချက်မဆိုပါပဲ..။
လူကထိပ်တန်းဦးစားပေးပါ..။
– ကားဘီးလှိမ့်တာနဲ့.. ထိုင်ခုံခါးပတ်မပတ်မနေရပါ..။ မိရင်ရဲဖမ်းပါတယ်…။ တစ်ကက်ရပါမယ်..။
– ကလေးပါရင် ကလေး ထိုင်ခုံလေးသတ်သတ်ပါရတယ်။ အသက်အရွယ်(ကိုယ်အလေးချိန်) လိုက်ပြီး.. ခုံအနေအထား..ပုံစံပြောင်းပါတယ်..။
မွေးစကလေးတွေဆို.. နောက်ခန်းမှာ.. ပြောင်းပြန်ခုံလေးရှိမှ ..မောင်းလို့ရပါတယ်..။ ဥပဒေဖြစ်လို့.. ကလေးမွေးပြီး ဆေးရုံကဆင်းရင်.. ကလေးခုံရှိမရှိ.. နာစ့်ကလိုက်ကြည့်ပါတယ်..။ မဝယ်ရသေးရင်.. ကလေးကိုဆေးရုံက မပေးပါဘူး..။
– pick up နောက်ခန်းမှာ လူမလိုက်ရပါ..။ ခါးပါတ်မရှိလို့ပေါ့..။
– ကားတွေလိုင်စင်ဝင်ရင် ကားမီးက သူတပါးကားမောင်းသူရဲ့ မျက်စိကို ပင့်ထိုးထားသလို မဖြစ်အောင် ချိန်ထားပေးရတယ်။ မီးခိုးထွက်နှုန်းကို ချိန်ရပါတယ်..။
ပျက်နေ..ချိန်လို့မရရင်.. ကားကိုမောင်းခွင့်မပေးပါ…။
– ကားတိုင်း.. အာမခံမဝယ်မနေရဖြစ်ပါတယ်..။ မဝယ်တာဖမ်းမိရင်.. ဒဏ်ကြေးချပါတယ.်.။ တနှစ်ကို သာမန်လူက ကားတစီး ၁ထောင်လောက်တော့ အသာလေးကုန်တာပေါ့…။
– အယ်လ်အေဖရီးဝေးမှာ.. (သာမန်အားဖြင့်) အမြန်ဆုံး ၆၅မိုင်. ကန့်သတ်.မောင်းရတာပါ..။ နှေးရင်လမ်းလမ်းကြောင်းပိတ်မှုနဲ့..ဖမ်းပါတယ်..။ မြန်ရင်လည်း.. အမြန်မှုနဲ့တစ်ကက်ရပါတယ်..။
( ကျုပ်တော့.. ရဲလစ်ရင် ..၈ဝ အသာလေးပဲ.. 😆 )
– မီးပွိုင့်တွေမှာ.. ကားလမ်းမပေါ်. ဆင်ဆာတွေချထားပြီး.. ကားအသွားအလာနဲ့..မီးပွိုင့်ကိုထိန်းချုပ်ထားပါတယ်..။ ကားမရှိရင်.. မီးပွိူင့်နီထားတာမျိုး.. ကားများရင်.. မြန်မြန်စိမ်းပေးတာမျိုးပေါ့…
– ရဲကား၊ မီးသတ်ကား၊ လူနာတင်ကား ဥဩဆွဲလာရင်.. တွေ့တဲ့နေရာကနေ လမ်းဘေးကပ်ထိုးရပ်ရပါတယ်.။ လမ်းဘေးမမှီရင်လည်း.. လမ်းမအလယ်ရပ်လို့ရပါတယ်..။
– carpool lane လို့ခေါ်တဲ့.. အထူးလမ်းကြောင်းတွေရှိပြီး ကားတစင်း..ဒရိုင်ဘာတယောက်နဲ့တက်မောင်းခွင့်မရှိပါ..။
–
ဆူး
February 11, 2012 at 12:07 pm
ခပ်ချောချော အန်တီ ပဒုမ္မာရဲ့ ပိုစ်ကို ဖတ်မှ သွားသတိရမိတယ်.. အရင်က လူကုံတန်တွေ မင်းမျိုးမင်းနွယ်တွေ အထာရသ (စာလုံးပေါင်း မှားနိုင်) ၁၈ ရပ် သင်ကြားရတယ်တဲ့..
ဒီခေတ်မှာတော့ တန်း တခု မှီအောင်လို့ ကားမောင်း ရေကူး ဘာသာ စကား ဂီတ စသဖြင့် သင်ကြားပေးကြပါတယ်။
ဆူး ငယ်ငယ်ကတော့ ကျောင်းစာ နဲ့ ကျောင်းပြန် ကစားတာကလွဲပြီး ဘာပညာ အပိုဆု မှ မသင်ခဲ့ရပါဘူး။
ကျောင်းမှာ စန္ဒယား တီးတတ်တဲ့ သူငယ်ချင်းတွေ တွေ့တော့ အားကျမိတယ်။ ပန်းချီ ကောင်းကောင်း ဆွဲတတ်တဲ့ သူတွေ့တော့လည်း အားကျမိပြန်ကော.. ဂျွှမ်းဘားတို့ အေရိုးဗစ်တို့ လုပ်နိုင်တယ် ဆိုပြီး ကြွားဝါပြီး ဂျွမ်းထိုးပြတော့လည်း သူတို့လို တတ်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိပြန်တယ်။
ငါက ကျောင်းပိတ်ရက်မှာ မိဘတွေနဲ့ ရေသွားကူးတယ် ဆိုတော့.. ရေကူးလေးလည်း တတ်ချင်မိတယ်။
စိလုပ်မလေးတွေက ကျောင်းမှာ တလုပ်စာ သင်တဲ့ အကြောင်းနဲ့ တလုပ်ကျောင်းနဲ့ ခရီးထွက်ရတာ ဘယ်လို ပျော်စရာ ကောင်းကြောင်း ပြောသံကြားတော့ စိတ်ကူးနဲ့တောင် သူတို့လို မှန်းလို့ မရခဲ့ဘူး။
သူများတွေ ငယ်တုန်းမှာ ပညာတွေ စုံနေအောင် တတ်တော့ အားကျပေမဲ့ ၁ဝတန်းအောင်မှ တရုတ်စာလေး မတောက်တခေါက်သင်ပြီး တရုတ်မတွေနဲ့ပေါင်းပြီး သူတို့ တရုတ်လို ပြောတာ နားထောင်ပြီး ဟို တခွန်း ဒီတခွန်း လျှောက်ပြောရင်း နည်းနည်း ပြောတတ် ဆိုတတ်လာတယ်။ တနေကုန် အလုပ်မရှိ စလောင်းက တရုတ်လိုင်း တနေကုန် ဖွင့်ပြီး ထိုင်ကြည့်ရင်းနဲ့ တရုတ်သံကတော့ နည်းနည်း ကွဲကွဲပြားပြား နားလည် သယောင်တော့ ရှိလာတယ်။ အသက် ၁၈နှစ်မှာ လိုင်စင် လုပ်ရတော့ သင်မောင်း လိုင်စင်လုပ်ပြီး လိုင်စင်ရပေမဲ့ ကားပေးမမောင်းကြဘူး။ အသက်ကလည်း ငယ်တယ် စိတ်ကလည်း ဆတ်တယ် ဘာညာပေါ့.. နောက်တော့ မဖြစ်မနေ မောင်းတော့လည်း မောင်းလို့ အဆင်ပြေသွားတာပါပဲ.. ပြသနာ တခုကတော့ လမ်းမမှတ်မိတတ်တာပါပဲ။ လမ်းဆုံတွေကြရင် လမ်းမှားမှား သွားတတ်တယ်။
ကောင်းတာ တချက်ကတော့ ဘယ်နေရာ ရောက်ရောက် အိမ်ရောက်အောင်တော့ ပြန်တတ်တယ် အိမ်ကနေ သွားတတ်တယ်။
သွားစရာ ၂ခု ဖြစ်နေလို့ လမ်းကနေ ဆက်တိုက်သွားရရင်တော့ ပြသနာ နီးရက်နဲ့ ဝေး.. မဆုံနိုင်လို့ ဆွေး ဆိုတဲ့ သီချင်းလေးလိုပဲ.. ဖြစ်တတ်တယ်။
ရွာထဲက အေကေကေအို တောင် တခါ ပြောဖူးတယ်.. မဆူး က ကိုယ်တိုင် မောင်းတာ မဟုတ်ပဲ program သွင်းထားတာလားတဲ့.. အဲလို အနောက်ခံရဖူးတယ်။
ကားပေါ်မှာ သိတဲ့ လူတွေကတော့ အထာသိတော့ ကိစ္စ မရှိဘူး တစိမ်းပါလာရင်တော့ သွားချင်တဲ့ နေရာ ငါ မသိဘူး လမ်းသာညွန်ပေး ရောက်အောင် မောင်းပေးမယ်လို့ ပြောလေ့ရှိတယ်။
ဆူး လည်း အန်တီ လိုပဲ ခပ်ချောချော ရယ်ပါ… အားမငယ်နဲ့ အန်တီ.. အန်တီလို ခပ်ချောချော နောက်တယောက် လောကကြီးမှာ ရှိသေးကြောင်း လာရောက် အားပေး ထောက်ခံသွားတယ်။ ဟိဟိ