လိုချင်တာကကြက်သားဟင်းတစ်ခွက် ရောက်လာတာက –! !!!!!
ဟိုတလောကပဲ ဧရာဝတီရဲ.အကြောင်းတွေဆူဆူညံညံကြားလိုက်ရတော.မေ.ထားတာမဟုတ်ပေမဲ. မေ.တေ.တေ.ဖြစ်
နေတဲ.ဧရာဝတီနဲ.ပတ်သက်တာလေးတခုသွားသတိယမိတယ်—ကြာတော.ကြာခဲ.ပါပြီလေ လွန်ခဲ.တဲ.အနှစ် ၂ဝ ကျော်
တုန်းကပါ ။။တိတိကျကျပြောရရင် ၁၉၈၉-၉ဝ လောက်ကပါ။။။
ဆာမိရဲ.ကျောင်းနေဘက်တယောက်ကမြောင်းမြကပါ—-အခုတော.လဲ တစ်မိသားစုလုံး နာဂစ်ခေါ်ရာ ပါသွားခဲ.ပါပြီ။
သူ.မိဘတွေက မြောင်းမြ ၊ လပွတ္တာ ၊တို.ကနေဆားတွေကိုစက်လှေနဲ.တင်ပြီး ဧရာဝတီမြစ်ရိုးတလျောက် တရွာဝင်
တမြို.ထွက်နဲ.ဆားရောင်းကြပါတယ်–အညာကသင်.တော်ရာကုန်တွေကိုပြန်တင်ပြီးမြစ်ဝကျွန်းပေါ်ကိုစုန်ဆင်းကြတယ်။
ကိုယ်ပိုင်စက်လှေဆိုတော.တွက်ချေကိုက်တာပေါ.။ဆာမိလည်းလူငယ်ဘာသာ ဘာဝ စိတ်လေလွင်.နေတဲ.အချိန်မှာ
မြောင်းမြကနေ သူတို.ရဲ.အညာဆန်စက်လှေကြီးနဲ.အတူလိုက်သွားခဲ.ပါတယ်—။
အတွေ.အကြုံလည်းရ ဗဟုသုတလည်းတိုး ဆိုတဲ.သဘောပေါ. ။ဒီလိုနဲ.တခုသောသာယာတဲ.နေ.လည်မှာဆာမီနဲ.
သူငယ်ချင်းတို.ဟာ အညာခရီးစတင်ခဲ.ကြပါတော.တယ်—စက်လှေပေါ်မှာက လှေသူကြီးနဲ.အလုပ်သမားကသုံးယောက်၊
ဆာမီတို.ကနှစ်ယောက် ၊ပေါင်းခြောက်ယောက်ပေါ. ၊လှေသူကြီးကရခိုင်လူမျိုး —စကားလဲဝဲတယ် အသားလဲမဲတယ်–
ငရုပ်သီးနဲ.ငပိကတော.ထမင်းပွဲတိုင်းပါတယ်—သူ.မိန်းမသာမေ.ချင်မေ.မယ် ငပိတော.မေ.မယ်မထင်ဘူး—
ခရီးအစကတော.ပျော်စရာပဲဗျို.—သွေးကြောတွေလိုရှုတ်ရှက်ခတ်နေတဲ.မြစ်ဝကျွန်းပေါ်ရဲ.မြစ်ချောင်းတွေကို လှေသဂျီးက
ကျွမ်းကျင်စွာဖြတ်ကျော်ရင်း မြစ်ဧရာပေါ်ကို ဆန်တက်ခဲ.ပါတယ်—-ကုန်ချိန် ၂၀၀၀ဝ ကျော်တင်ထားတဲ.စက်လှေဆို
တော.လဲ တအိအိနဲ.ပေါ.–။ဆာမိတို.လည်း အိပ်လိုက် စားလိုက် ငေးလိုက် တွေးလိုက်နဲ.ပေါ.။ပြဿနာကတော.
သုံးရက်မြောက်တဲ.နေ.မှာစတာဗျို. ။
တမနက်စောစော ဆာမိတယောက်ဗိုက်ရစ်ပါလေရော—ဒါနဲ. လှေသဂျီးကိုအိမ်သာမေးတော. လှေအနောက်ဘက်ကို
မေးငေါ.ပြတယ်–။သွားကြည်.တော.လည်းဘာမှမတွေ.ဘူး–။ဒါနဲ. အလုပ်သမားကောင်လေးကိုမေးတော. ဒီလိုတဲ.ဗျာ
လှေပေါ်မှာကအိမ်သာရယ်လို.သပ်သပ်မှတ်မှတ်မထားဘူး–လှေအနောက်ဘက်မှာဆောင်.ကြောင်.ထိုင်၊ပြုတ်မကျအောင်
တန်းလေးကိုကိုင်ပြီး—-ဘလော လိုက်ရုံဘဲတဲ.ဗျာ—-သေပါပြီ ။။။ကြီးကျယ်တာမဟုတ်ပေမဲ. ဒီလိုကြီးတော.လည်း
ဘယ်သွားတတ်မလဲ–ဒီလိုနဲ. ဆာမိလည်း ငါးရက်လောက်ဝမ်းချုုပ်သွားခဲ.ပါတယ်–ငါးရက်နောက်ပိုင်းမှာတော. —-
မနက်မိုး မလင်းခင်ထ ၊ လူမြင်အောင်အသာလေးလှေအနောက်ဘက်ကိုသွားပြီး —-ကိစ္စရှင်းရပါတော.တယ်–။
အတော်တော.ဆိုးတယ်ဗျို.—မှောင်မှောင်မဲမဲထဲမှာ တိုင်လေးဖက်ပြီး မမြင်မကန်းနဲ.ဆိုတော.–ကိုယ်.အီး ကိုယ်.ပြန်
ပေမှာစိုးရတာကတမျိုး ၊ လှေပေါ်မှာ ကျန်ခဲ.မှာစိုးရတာကတမျိုး ၊ လှိုင်းအပုတ် လှေအလှုပ်မှာ ရေထဲပြုတ်ကျမှာကြောက်
ရတာကတမျိုးနဲ.တော် တော.ကိုရင်မောရပါတယ်—မတတ်နိုင်ဘူးလေ—သူ.အရပ်နဲ. သူ.ဇတ်—။
အညာဆန်လှေကြီးကတော.တအိအိဘဲဗျ–ရွာသေးရင်ခဏနားတယ် ရွာကြီးရင်နေ.တဝက်နားတယ် တချို.ရွာတွေမှာဆို
ညအိပ်တယ် ။ စက်လှေရောက်တာနဲ.ရွာထဲကလူတွေကသိပြီးသား–ဆားဝယ်မဲ.လူတွေကအလျှိုအလျှိုရောက်လာကြတာပဲ
ဆားကို ပိုက်ဆံပေးပြီးလဲဝယ်တယ် ဒေသထွက်ကုန်တွေနဲ.လဲတဲ.အခါလဲတယ် ။ရွာတွေက ကမ်းစပ်တလျောက်တည်ထား
တာဆိုတော.အထူးအသိပေးစရာမလိုပါဘူး ။လှေဆိုက်တာနဲ.ကြေငြာပြီးသားပဲ—မြစ်ကမ်းတလျောက်တွေ.ရတဲ. ထုံးဖြူ
ဖြူစေတီလေးတွေကလဲ ကြည်ညိုဘွယ်ဆွပ်ပျံ.ဖွယ်ပါ။ မြစ်ဧရာရဲ. သဘာဝအလှကတော. ပြောလို.ကုန်နိုင်မယ်မထင်ဘူး–။
အဲ –ဒုတိယပြဿနာကတော. အစားအသောက်ပဲဗျို.–ရခိုင်လှေသမားအဖွဲ.က ဘာချက်ချက် ငရုပ်သီးနဲ.ငပိမပါရင်
မပြီးဘူး–ပါလာတဲ.ဘဲဥလဲကုန် ငါး ဆိုတာကလဲလှေဆိုက်မှတံငါတွေဆီကပြန်ဝယ်ရတာ—လှေပေါ်မှာက ပဲနဲ.ငပိ
ငခြောက်ဆိုတော.ဆာမိလည်းကြာတော.ငြီးငွေ.လာတာပေါ.–သူတို.ချက်တာကဟင်းရွက်ကြော်လည်းငပိထည်.တယ် ၊
ငါးဟင်းချက်လဲ ငပိပါတယ် ၊ဒီလိုငရုပ်သီး ငပိ တွေနဲ.လုံးထွေးနေရင်းအသားဟင်းလေးတခွက်တော.တမိပါတယ်—-။
ဖြစ်ချင်တော. ဆင်ပေါင်ဝဲမြို.နားကရွာလေးမှာရပ်ရင်းနဲ.စက်လှေပျက်ပါလေရော—-။ပန်ကာရေယက်ပိုင်းကဖြစ်ပုံရတယ်
တစ်ညလောက်အိပ်ရမယ်ဆိုပဲ–ဆာမိလည်း ဆင်ပေါင်ဝဲရောက်ရင်ဟင်းဝယ်စားမယ်လို.စိတ်ကူးထားတာ ၊ဆင်ပေါင်ဝဲ
မရောက်ခင်စက်လှေပျက်တော. မချင်.မရဲဖြစ်ရတာပေါ.—။
တိုက်တိုက်ဆိုင်ဆိုင်ဘဲဗျာ –အဲဒီနေ.ညနေစောင်းလောက်မှာမြစ်ကမ်းပေါ်ကအော်သံကြားလိုက်တယ်–
” ဟင်းစားယူကြအုံးမလား ” တဲ. ။ ဘာပြောကောင်းမလဲ ဆာမိလဲအားရပါးရ ကုန်းပတ်ပေါ် ပြေးတက်ပြီး—-
” ယူမယ် ယူမယ် ” လို. ကျယ်ကျယ်အော်ပြီး လက်ထောင်လိုက်တယ် ။ဆာမိတို.နားမှာရပ်ထားတဲ.လှေကလည်း
လှမ်းမှာသံကြားလိုက်ရတယ်–ဆာမိတို.တော.ဒီညအူစိုပြီပေါ.၊ငတ်သမျှအတိုးချပြီးစားလိုက်မယ်လို.စိတ်ကူးရင်းလာပို.မဲ.
ဟင်းစားကိုစောင်.မျှော်နေမိပါတော.တယ်–။တောရွာဆိုတော.အခြားအသားမလွယ်လောက်ပါဘူး—လွယ်လွယ်ရတဲ.
ကြက်သားဟင်းပဲဖြစ်လိမ်.မယ်လို.မျှော်လင်.ရင်းနဲ.——–။
ဒီလိုနဲ. —မှောင်စပျိုးလို. လှေတွေလဲမီးထွန်းချိန်ရောက်ရော မြစ်ကမ်းပေါ်ကလူတစ်စုလှေထဲဆင်းလာကြတယ်–။
ဦးဆောင်လာသူက ညနေတုန်းကဟင်းစားလိုက်မေးတဲ.သူ——–။လှေဝမ်းထဲလဲရောက်ရောသူ.နောက်မှာရပ်နေတဲ.
အမျိုးသမီးနှစ်ယောက်ထဲကတစ်ယောက်ကို ဆာမိတို.ဘက်တွန်းပို.ရင်း——-
” ရော.– မှာထားတဲ. ဟင်းစား ” တဲ. အာဘား အဘား ဒါလားဟင်းစား——။
အင်း—ခက်တော.နေပြီ ။လိုချင်တာက ကြက်သားဟင်းတစ်ခွက် ရောက်လာတာကဟင်းစား ကြက်- —။
ကဲ —– ဘာဆက်လုပ်ကြမလဲ –ပြော ——။
(ဝေးလံသီခေါင်သော ဧရာဝတီမြစ်ကမ်းဘေးမှ ဟင်းစားဖြစ်နေသူများသို.)
32 comments
windtalker
February 23, 2012 at 8:12 pm
အဲဒါလဲ စားလို ့မြိန်လောက်ပါတယ်ဗျ
ကိုဆာမိ ရ ။ ပေါက်ဖော်များသိသွားလို ့ကတော့
အာဇာနည် လို နေရာခဏလဲချင်တယ် ဇွတ်လုပ်နေမယ် ။
surmi
February 23, 2012 at 10:10 pm
ကိုပေရေ …အဲဒီကြက်ကပြုတ်မနူးကြီးနော် …..။
ဒေါ်စိန်ပေါက်ကတော. ဘီအီးနဲ.များ မြည်းချင်မလားဘဲ ….။
MaMa
February 23, 2012 at 10:30 pm
ဒါဆိုရင် ကျမတို့မြို့ကို ဆားလာရောင်းခဲ့တဲ့ ကိုဆွာမိ ရွာထဲရောက်လာတာကိုးးးးးး 😆
မြောင်းမြက ဆားလှေအပြင် ကြာဇံတွေကိုလည်း အဲဒီလို လှေနဲ့ တစ်မြို့ဝင် တစ်မြို့ထွက် လိုက်ရောင်းတတ်သေးတယ်။
surmi
February 23, 2012 at 10:51 pm
အော် …..အခုမှ မိတ်ဟောင်းဆွေဟောင်းတွေ လာတွေ.ရတာပဲ …။
မှတ်မိပြီ ဆား ၁ပိဿာနဲ. မြေပဲယိုတစ်ထုတ်လာလဲတာ မမ ဖြစ်နေတာကိုး ..။အဲဒီတုန်းက
ဝတ်ထားတာ ဂါဝန်အပြာလေးလားလို. ။။။။
Khin Latt
February 24, 2012 at 6:16 am
ကိုဆွာမိ ဇာတ်လမ်းလေးက ရီရမလို ငိုရမလို ပါဘဲ။
အဲလို ဇာတ်လမ်းတွေ ကို
“ကျွန်တော်က ဒီမိသားစုမှာ ငယ်ငယ်ကတည်းက ကြီးလာတာ။ ကျွန်တော့် ညီအစ်ကိုမောင်နှမတွေရဲ့ ခံစားချက်တွေ၊ အလွှာအသီးသီးက ဝေဒနာတွေကို ကျွန်တော်က သိတယ်။”
လို့ ပြောနေတာ ကိုယ်တော်တို့ က သိသိကြီး နဲ့ ဘာမှလုပ်မပေးတာ အံ့ပါ့တော်။
ငါဒီလိုပြောလိုက်လို့ လူတွေ ကြွေသွားမယ် တွေးနေလားမသိပါဘူး။ 👿
အခု အဲဒါမျိုးကို “တောမှာသွားပြော” လို့တောင် ပြောလို့မရတော့ဘူး။
စောဒီးနော် ကိုဆွာမိ။
ကျွန်မ ဟိုဘက် က အရှိန် မကုန်သေးလို့။
Khin Latt
February 24, 2012 at 6:18 am
စောဒီး ကိုဆာမိ (ကိုဆွာမိ လို့ ပြောမိလို့) 😀
နှူးဘာဂိုဏ်းချုပ်
February 24, 2012 at 6:36 am
ကြာတော့ နည်းနည်းကြာဘာဘီ ….
ရန်ကုန်မြို့လယ်ခေါင် က လူတန်းစားတသိုက် ကတော့ အနှီ ဖိနပ်စီးသောကြက်ကို…
စကားဝှက်နဲ့ အသားစိမ်း ဒါမှမဟုတ် ဆူရှီ ဟု ခေါ်ပါကြောင်း…
ဒါနဲ့ စကားမစပ် … ရွာသားတယောက် ဆူရှီဆိုင်ဖွင့်မယ်ဆိုလား …
ရန်ကုန်ရောက်ရင် သွား စား ဦးမှ…. အာဟိ…
😀
ခင်တဲ့
ဂီ
water-melon
February 24, 2012 at 7:20 am
ကို ဆာမိရေ
အမွေးမပါတဲ့ ကြက်သားဟင်းတစ်ခွက်လောက်
Shwe Tike Soe
February 24, 2012 at 11:33 am
ဘာလဲ ဖရဲသီးနင် ဖရဲသီးနဲ. တွဲစားမလို.လား
ba gyi
February 24, 2012 at 9:31 am
ကတော့ ကိုဆာမိကြီးက၊ စားချင်စောကြီးပြီး၊မရှင်းမရှင်းပြောလိုက်လို့များလား၊
ဟင်းစား နဲ့ စားတဲ့ဟင်းကိုလေ။
Ma Ei
February 24, 2012 at 9:55 am
(လိုချင်တာက ကြက်သားဟင်းတစ်ခွက် ရောက်လာတာကဟင်းစား ကြက်- —။
ကဲ —– ဘာဆက်လုပ်ကြမလဲ –ပြော ——။)
အင်း—ခက်တော.နေပြီ ။
ကိုဆာမိဘဲ ဆက်ပြောပါတော့……….
htet way
February 24, 2012 at 10:18 am
ကို ဆာမိရေ
အင်း စိတ်မကောင်းပါဘူးဗျာကျွန်တော်က ခင်ဗျားစာကို ရီလိုက်ပါတယ်
ရယ်စရာကိုး
နောက်ဦးဦးပါလေရာစကားသွားသတိရပြီး
သနား…လိုက်..တာဗျာ..ဟိုမပြေလည်တဲ့ မိန်းကလေးတွေဘဝကို
သ..နား… တယ်..ဗျာ
စိန်ပေါက်ပေါက်
February 24, 2012 at 10:20 am
မရ ရတာ စားလိုက်ပေါ့ဂျာ
ကုန်ကျငွေကို ဆားနဲ ့လဲစားလိုက်..ရှင်းနေတာဘဲ
မောင်ပေဆို လာထား..လာထား.ပဲ
ကိုပေါက်(မန္တလေး)
February 24, 2012 at 10:29 am
မိဂီ မန်းလေးလာခဲ့ ြ? က် ညည်းကို အဝကျွေးလွတ်လိုက်မယ်နော်.
surmi
February 24, 2012 at 10:35 am
ိအရီးလတ်ရေ …အရီးလတ်ကွန်မန်.တစ်ခုကိုဖတ်မိရာကပြန်သတိယမိတာပါ ။
ဒီရွာတွေကိုအရီးလတ်ရောက်ဖူးတော. ဘယ်လောက်ခေါင်လဲဆိုတာသိမှာဘဲနော်။
ဆာမိဖြစ်ဖြစ်ဆွာမိဖြစ်ဖြစ်အရေးမကြီးပါဘူး ။မစွာမိဘူးဆိုတော်ပါပြီ ဟဲ ဟဲ ..။
ဂီဂီရေ …ရန်ကုန်ဆူရှီကတော.ကြာလေ များများလာလေဘဲ ဈေးလဲပေါတယ်
ဆူရှီ ကိုပြောတာနော် ။ဟို ဟာကတော. …?
ဖရဲမှာတဲ. ဟင်းအတွက်လွယ်ပါတယ် ၊—-ပါမပါတော.အာမ မခံဘူးနော်။
ရှင်းအောင်တော.ပြောတာဘဲဘကြီးရာ ….အဲဒီမှာကိုက အဲဒီလိုဖြစ်နေတာ ….။
မအိရေ ….ဆာမိဆက်ပြောရင် ……ရင် ရင် ……..??????
surmi
February 24, 2012 at 10:48 am
ကိုထက်ဝေးရေ …..အမှန်ဘဲ အဲဒီတုန်းကမျက်ရည်ထွက်မတတ်ရီခဲ.ဘူးပေမဲ.တကယ်တော.ဗျာ….
ရွှေစက်တော်ဘုရားပွဲကအကြောင်းတွေလဲ ရေးချင်သေးတယ် -…
ဒေါ်စိန်ပေါက်ရဲ. အဲဒီမှာက ဆားကပိုဈေးကြီး တယ်ဗျ ။။။။
ကိုပေါက်ကြက် ကပြုတ်ရင်နူးတာသေချာရဲ.လားဗျ ဟဲ ဟဲ ။။။
ahnyartamar
February 24, 2012 at 11:09 am
hinn…………possible……….all are struggle for life.
nozomi
February 24, 2012 at 11:32 am
ကိုဆာမိ ဒီပုံအတိုင်းဆို ဇာတ်လမ်းကောင်းလေးတွေ အများကြီး ကျန်ဦးမယ် ဗျ
ဆက်ရေးဗျာ
ကျွန်တော်လဲ အဲဒီလိုခရီးမျိုးသွားဘူးတယ်
အညာဆန် သင်္ဘောနဲ့ အောက်က ဆန်တွေတင်ပြီး အညာပြန်တာ ကို အကြုံလိုက်သွားတာ ၁ဝ ညအိပ် ၁၁ ရက်ကြာတယ်
ကျွန်တော်သွားတုန်းကတော့ မြစ်ထဲက လှေလေးတွေဆီက ငါးဝယ်တာတော့ မှတ်မိတယ် ညနေစောင်းဆို အနီးဆုံး တစ်နေရာမှာ အိပ်ကြတယ် ညဘက် လေတဟူးဟူးတိုက်နေတဲ့ မော်တော် ခေါင်မိုးပေါ်တက်ထိုင်ရတဲ့ အရသာကတော့ မမေ့နိုင်စရာပဲ
နောက်မှတ်မိတာ တစ်ခုက တချို့ သင်္ဘောသားတွေက ရောက်တဲ့ နေရာမှာ ကိုဆာမိပြောတဲ့ ဟင်းစားရတဲ့ အိမ်တွေ သွားကြတယ် ၊ နောက်နေ့သူတို့ပြောတာ ကြားမှ သိရတယ် ကိစ္စပြီးလို့ ပိုက်ဆံပေးတော့ တရားမဝင်ကြေငြာထားတဲ့ ပိုက်ဆံ ပေးခဲ့တာတဲ့ ဟိုက မှောင်မှောင်ကြီးထဲ ဘယ်သိမလဲ အဲဒါက တော်တော်ကြာပြီ
မနှစ်က အဲဒါမျိုး တစ်ခု ထပ်ကြားရတယ် ဗျို့ ၊ ကာရာအိုကေဆိုင်တစ်ခုမှာ ကောင်မလေးကို နိုင်ငံခြားသားက ဒေါ်လာပေးသွားတယ် ၊ ကောင်မလေးက ပျော်နေတာပေါ့ ၊ နောက် ရောင်းရင် မြန်မာငွေ ဘယ်လောက်ရမလဲ သိတဲ့သူ ပြကြည့်တော့ မိုနိုပိုလီ လို ကစားပွဲတွေမှာ ကစားတဲ့ ပိုက်ဆံတွေ ဖြစ်နေတယ်တဲ့
ကဲ ဘယ်သူကို အပြစ်တင်ကြမလဲ
Shwe Tike Soe
February 24, 2012 at 11:36 am
အော်ကိုဆာမိ ဟင်းစားကြီးနဲ. တွေ.သွားရှာတာပေါ့…….. အဲဒီကြက်သားဟင်းစားက ဆီပြန်လား ရေလုံပြုတ်လားဟင်… ဟဟဟဟဟဟဟ
ဗဟုသုတလဲရ ရီလဲ ရီရတယ်ဗျာ….. လှေနောက်မှာ အိမ်သာတက်တာ ပိုရီရတယ်.. ကိုဆာမိကို နောက်မှာ -င်တုံးလုံးလေးနဲ. ဟဟဟဟဟဟဟ 😀
စတာနော..
ကြောင်ကြီး
February 24, 2012 at 11:51 am
အဲဒေါ့ အားနာနာနဲ့ တီးလိုက်တယ် ဆိုပေါဒေါ့.. ဘယ်နှပွဲစားခဲ့သလဲ…။
etone
February 24, 2012 at 11:55 am
ဖတ်ကောင်းကောင်းနဲ့ ဖတ်လာတာ … နောက်ဆုံးရောက်မှ … ဇာတ်လမ်းက ဂလိုကိုးဆိုပြီးပြောင်းသွားတော့တယ် … ဟီး 😀
ဒီလိုကိစ္စတွေက … နေရာတိုင်းမှာ ရှိတတ်ပါလားဆိုတာ အခုမှပဲ သိတော့တယ် …
တောသူဆိုတာ တကယ့်ကို ရိုးတယ် ဆိုတဲ့စကား … ဘယ်များရောက်သွားပါလိမ့် 🙄
surmi
February 24, 2012 at 12:12 pm
တောသူအစစ်ကတော.ရိုးမှာပါဗျာ ၊အခုဟာမျိုးတွေက နယ်လှည်.တွေဖြစ်ဖို.များပါတယ်..။
အင်း …..ပြောရင်းနဲ. သုတေသနများဖြစ်သွားပြီလားပဲ …..။
အားနာလို.မရဘူးကိုကြောင်ရေ ……လေးလုံးထီပေါက်သွားမှဖြင်. ….။
surmi
February 24, 2012 at 12:02 pm
ကိုနိုဇိုပြောတဲ. အတိုင်းပဲ တချို.ကသိပ်ယုတ်မာတယ်….။ကားသမားတွေအဆိုးဆုံး …
သင်္ဘောဆိပ် ကားဂိတ်ဆိုတာသိတဲ.အတိုင်းပဲ ၊ ကျွန်တော်တို.ခရီးက တစ်လလောက်ကြာတယ်ဗျ။
တိုက်တိုက်ဆိုင်ဆိုင် ကိုရွှေတိုက်ရေ …..ကျွန်တော်လည်းရေးရင်းတနဲ. ရွာထဲကဓတ်ပုံဆရာတွေကို
သတိယနေတာ …..အိမ်သာတက်တုန်းများရိုက်ပြီးတင်လိုက်ရင် သေပြီဗျို. ….။
memeseku
February 24, 2012 at 5:29 pm
ဒို့များ ချောင်းသာသွား တုန်က ရေထဲထိလိုက်ပြီး ပရိုမိုး ရှင်းလုပ် နေသေးတယ်… အဲ့ဒါနဲ့သနားလို့ သူပြောတာလေးပဲနားထောင်လိုက်ပါတယ်.. ဘာတဲ. သူတို့ ၂ ယောက်ထဲနဲ. ဒို့တဝိုင်းလုံးကို ( ၈ ယောက် ) ဟင်းစားပေးမယ်တဲ. အဲ.ဒိထဲက အားနာနာနဲ. no thanks ပါလို့..
သတိ.. ရွာသားများသာဖတ်ရန်..
ရွာသူများ အနီမပေးရ …
ရှက်ထှာ 🙂
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 24, 2012 at 8:11 pm
ကိုဆာမိရေ ငိုအားက ရယ်အားထက်ပိုသန်ရပါမယ်။သနားစရာပါဗျာ တကယ်ကို ဗဟုသုတနည်းလိုက်ကြပုံတွေ
(၁)အိမ်သာမရှိ၍ မြစ်ထဲပါ ချရခြင်း
(၂)ငွေကို အလွယ်လိုချင်၍ ဟင်းစားလုပ်စားနေရခြင်း
ကျနော်တို ့နိုင်ငံသားတွေအဖို ့ရုန်းကန်ကြရအုံးမှာဘဲ။ကျေးဇူးပါ ကိုဆာမိရေ။
အကိုရဲ ့အတွေ ့အကြုံလေးက တကယ့်ကိုစိတ်ဝင်စားစရာပါ။
surmi
February 24, 2012 at 11:30 pm
memeseku …ရေ ..ချောင်းသာမှာ လာရောင်းတာလေးက ဈေးနှုံးတော.ချိုသားဗျ နော။
သံတွဲကိုသန်းထွဋ် ရေ ……ရုန်းစရာတွေများလွန်းလို. ဘယ်ကစရမှန်းတောင်မသိဘူး။
ဒီရေကိုဘဲ ညစ်ညမ်းစေပြီး ဒီရေကိုဘဲပြန်သောက်နေရတာဆိုတော. ။။။။။
kai
April 9, 2013 at 3:13 am
ဆိုတော့.. ဆေတန်ငရဲတွင်းသက်ဆင်းလေသတည်းပေါ့နော… :kwi:
CR to ဒွန်ရော်နယ်..
ကျုပ်အတွေ့အကြုံကျတော့.. ကျောင်းတွေပိတ်ထားတုံး.. အစိုးရပိုင်ရေနံသင်္ဘောတွေလိုက်ပြင်တဲ့.. စက်ပြင်ဖြစ်ဖူးသဗျ..။ သင်္ဘောလိုက်မလားဆိုပြီး.. အတွေ့အကြုံရအောင် လုပ်တာပါ..။
ဒါတောင်.. အဲဒီခေတ်က.. တရက် အစိတ်ရတာ..။ မနည်းဘူး..
အဲဒါပင်လယ်ဝဖက်ထွက်ရင်.. ရွာတွေထဲကသမ္ဗာန်လေးတွေနဲ့.. စက်ပြင်နေတဲ့သဘောင်္ကြီးနားကပ်လာပြီး.. (ကရင်ဆာမိစာသားအတိုင်းဆို) ဟင်းစားယူမလားမေးကြတယ်..
ကျောင်းစိမ်းလေးနဲ့ကျောင်းဆရာမ.. ကျောင်းသူ..စသဖြင့်.. ကြက်.. အဲ..အဲ.. လူအကောင်လိုက်ကြီးတွေထဲက.. ရွေးဖို့.. စုံနေတာပဲ…။
ဒီပို့စ်လေးရှေ့ပြန်ပို့ရင်း.. အမှတ်တရ…
(မြို့ပြနှင့်နီးသော ပင်လယ်ကူးသင်္ဘောများဝင်ထွက်သည့် ပင်လယ်ဝ..ရန်ကုန်မြစ်ကမ်းဘေးမှ ဟင်းစားဖြစ်နေသူများသို.)
surmi
April 9, 2013 at 8:51 am
သဂျီးလည်းတော်တော်စုံတာပဲနော ဟဲဟဲ
ခုထိလည်း တချို ့နေရာတွေမှာဒီလိုပါပဲ
ပြောရရင်မကောင်းဖြစ်လွန်းလို ့ ။
ဒါနဲ ့ …..ကျောင်းစိမ်းဝတ်ထားတာကတော ့ ဈေးကွက်သဘောအရဗျ
ဒီလိုလေ ကျောင်းသူဆိုဈေးပိုရတတ်လို ့ပါ
ရန်ကုန်အနီးတဝိုက်က တက္ကသိုလ်တွေအနီးမှာဆိုရင် ကားသမားတွေကို
ဈေးကွက်လာရှာတဲ ့သူတွေက ကျောင်းသူဆိုပြီးပြောတတ်ကြပါတယ်
ဘောကတော ့ လတ်ဆပ်သေးတယ်ပေါ ့ဗျာ
အဲဒီလို အဲဒီလို :kwi:
kai
April 9, 2013 at 9:04 am
အဟမ်း.. သိကြပါတယ်..။
အဲဒီတုံးကတော့.. (မှတ်မှတ်ရရ).. သဘောင်္ကဆြာတွေက.. အိပ်တွေဆွဲခြင်းတွေကိုပါ..အထောက်အထားရှာမွှေတာဗျ..
မန်းရေနံမြေဖက်.. ဧရာဝတီကနေတက်နေတဲ့..သဘောင်္သားတွေလေ…။ ဟင်းစားကျွမ်းတဲ့ဆရာ့ဆရာတွေပါ.. :kwi:
ရီစရာပြောရရင်..
စက်ပြင်တွေဆိုတော့.. သင်္ဘောဒီဇယ်အလကားထုတ်လို့ရတာမို့.. နောက်တနေ့မနက်အိ်မ်အပြန်ဆို.. ဒီဇယ်တပုံး..တညစာဆားဗစ်စ်ခပေးလိုက်တာ..
ဆရာမခင်မျာ.. စားအုံးဆီပုံးလေးလိုလိုဘာလိုလိုနဲ့..ဆွဲပြီးအိ်မ်ပြန်ရရှာတာ..။
ဝမ်းနည်းစရာပြောရရင်..
ကျုပ်စက်ပြင်လုပ်ခဲ့တဲ့.. စက်ဆရာအုပ်စုတအုပ်လုံးလိုလိုက.. သဘောင်္အင်ဂျင်ခန်းပေါက်ကွဲပြီး… အကုန်လိုလိုသေသွားခဲ့ပါပြီ..
အနှစ် ၁၅နှစ်မက. ၂ဝလောက်တောင်ရှိရော့မယ်..။
အိုဘယ့်ဘဝ…သံသရာ..။ :buu:
ကိုပေါက်(မန္တလေး)
April 9, 2013 at 9:43 am
မန်းလေးမှာတော့ ညပိုင်းဆို 84လမ်း 35-37ကြား ဆိုင်ကယ်ပါတယ် ဟန်းဖုန်းပါတယ်။
စိတ်ဝင်စားလောက်ရင်ဟွန်းသံပေးပြီးကျော်ပြီးလှည့်ကြည့်တယ်။
အဲဒီနားက မင်္ဂလားခန်းမနားမှာ မျိုးကြီးသီချင်းဆိုနေသူတွေလဲရှိတယ်။
(ဒီကစောင့်နေသူလေ…………..)
မနက်နဲ့နေ့လည်မှာတော့ 26ဘီလမ်း ကျုံးနံဘေး မြို့တော်ခန်းမအရှေ့ဘက်နား ရယ်
75-76 ကြားရယ်မှာ အုတ်ခုံပေါ်ထိုင်ပြီး အသံတိတ် မျက်လုံးလေးနဲ့စကားပြောသူတွေရှိပါ့။
အဲဒါကတော့ အတောင်ပံပါပြီး မပျံနိုင်တဲ့အကောင်တွေနဲ့ အမျိုးတော်သူတွေပါဘဲ။
ြ? က်
surmi
April 9, 2013 at 10:06 am
ကဲ ကြာသလားလို ့ ကိုကြီးပေါက်ရေ
ရန်ကုန်နဲ ့ မန်းလေးပေါင်းပြီး နှစ်ယောက်တစ်အိမ်မက်ရေးလိုက်ကြစို ့
ဘယ်လိုလဲ ? 🙂
ပဲခူးအကြောင်းပါအဆစ်ထည် ့ပေးမယ်ဗျာ
Novy
April 9, 2013 at 10:44 am
ကိုဆာမိရဲ့ အဖြစ်ကိုမျက်စိထဲမြင်ရောင်ပြီးအားရပါးရရီလိုက်ပါတယ်
အခုမှပဲ ဒီအသုံးအနှုန်းကိုကြားဘူးတယ်
ဘာတဲ့ ” ဟင်းစားယူကြအုံးမလား” တဲ့