Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဗရမ်းသပွတ် ဂေဇက် ( ၆ – ၁၂ )

လင်းဝေFebruary 10, 20121min90814

တော်တော်တော့ လွဲနေပါပြီကော။ နိုင်ငံခြားသား က ကျူးလွန်တာကို အရေးယူဖို့ ရဲအရေးမပိုင်ဘူး ဆိုတာ ဘယ်ဥပဒေမှာတုန်း။ တကယ်လား… တကယ်ဆိုရင် လက်ရှိလွှတ်တော်ကျင်းပနေတုန်း အခုချက်ချင်းဖျက်တာ ပြင်တာလုပ်စမ်းပါ အဲဒီ ဥပဒေကို။ လုပ်စမ်းပါဦး ဦးသိန်းညွန့်ရယ်၊ ဦးရွှေမန်းရယ်။ ဥပမာ ဆိုပါတော့ နိုင်ငံခြားသား က ကိုယ့်ကိုသတ်မလို့ လုပ်နေတာကို ရဲခေါ်လိုက်တယ်။ ရဲကလာပြီး သူတို့ ရဲအရေးမပိုင်တဲ့ အမှု ဆိုပြီး ပြန်သွားမှာလား။ ဥပဒေ နားလည်ကျွမ်းကျင်သူများက ရှင်းပြတာကို နာခံချင်ပါရဲ့။ ဘယ်အကြောင်းကြောင့် ဒါကို ပြောနေရသလဲ ဆိုတာ က အခုရက်ပိုင်းဖြစ်သွားတဲ့ အောခစ်ဟိုတယ် က မိန်းကလေးကို ပါးရိုက်တဲ့ ဂျပန် ကြောင့်ပါပဲ။

ဂျပန်တစ်ယောက်က ညဘက် ဟိုတယ်ကို ကြက်မ ခေါ်လာတဲ့အတွက် ဧည့်ကြိုကောင်တာက စစ်ဆေးတဲ့ မိန်းကလေးကို အဲဒီ တဏှာကောင်ဂျပန်က ပါးရိုက်လိုက်ပါသတဲ့ဗျာ။ အမှန်တော့ ရန်ကုန်မှာ ဟိုတယ်တိုင်းလိုလို ညွှန်ကြားချက်ကိုလိုက်နာရလို့လား မသိပါဘူး ညဘက် ဧည့်သည်တွေ ခေါ်လာတဲ့ မိန်းကလေးများကို (ကြက်မများ) မှတ်ပုံတင် တောင်းပါတယ်တဲ့။ မှတ်ပုံတင်နံပါတ်မှတ်ပြီး အိုင်ဒန်တီဖိုင်း လုပ်ထားလေ့ရှိတာမျိုးပါ။ ရဲစခန်း ဒါမှမဟုတ် ဧည့်စာရင်းကိုပါ အသိပေးရသလားတော့မသိပါဘူး။(ချီးထုပ်ရေးရာစီမံခန့်ခွဲမှု သောက်တလွဲ မှတ်တမ်းများ မှာ ရှာကြည့်မှပဲ သေချာသိလိမ့်မယ်။) အခုဖြစ်သွားတဲ့ ဖြစ်ပျက်ပုံကို မသိသေးသူများအတွက် ပြန်ငှလိုက်ပါတယ်။(ရှယ်တယ် ရှယ်တယ်နဲ့ မြန်မာစကားလုံး ငှ လေး ပျောက်သွားမှာ စိုးလို့ )

ရန်ကုုန် ဟော်တယ်တခုုက ဝန်ထမ်းအမျိုးသမီးကုို ပါးရုိုက်ခဲ့တဲ့ ဂျပန်အမျိုးသားကုို အစိုုးရက ပြည်နှင်ဒဏ်ပေးပြီး နောင်မြန်မာနုိုင်ငံလာခွင့် ဗီဇာပါ ရာသက်ပန် ပိတ်ပင်ခဲ့ပါတယ်။
ဇန္နဝါရီ ၂၈ ရက်နေ့က ရန်ကုုန်ဟော်တယ်ဝန်ထမ်း ဒေါ်အေးအေးကြည်ကုို ပါးရုိုက်ခဲ့တဲ့ ဂျပန်အမျိုးသား Mr. Okahashi Takashi (မစ္စတာ အိုကာဟရှိ တာကရှိ) ကုို ပြည်နှင်ဒဏ်ပေးဖိုု့ ရဲချုပ်ကနေ အမျိုးသားကာကွယ်ရေးနဲ့ လုုံခြုံရေးကောင်စီ (ကာလုုံ) ကုို တင်ပြခဲ့ရာ ကာလုုံက သဘောတူခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုုန် ဂျပန်သံရုုံးကပါ ဟော်တယ်ကုို တရားစွဲတဲ့အတွက် ရဲချုပ်က ကာလုုံကုို တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကြီးမှူးတဲ့ ကာလုုံရဲ့ ဆုုံးဖြတ်ချက်အရ Mr. Takashi ကုို နာမယ်ပျက်စာရင်းသွင်းထားပြီး နောင် မြန်မာနုိုင်ငံဝင်ခွင့် မည်သည့်ဗီဇာကုိုမှ ထုုတ်မပေးရန် ဆုုံးဖြတ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ မြန်မာအမျိုးသမီးတဦးကို စော်ကားတဲ့ နိုင်ငံခြားသားကို ထိထိရောက်ရောက် အရေးယူတာ ဦးသိန်းစိန်အစိုးရတက်ပြီးနောက်ပိုင်း ကာလုံအဖွဲ့ရဲ့ ပထမဆုံး လုပ်ရပ်ဖြစ်ပါတယ်။

နောက်တစ်ယောက်က ထပ်ပြီး ငှ ထားတာလေးကတော့

“ ဒီအဖြစ်အပျက်ကလေးကို သိစေချင်ပါတယ်..ဒို့ရဲ့ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ရဲ့ ဖြစ်ရပ်မှန် လေးပါ။
28.1.2012 ရက်နေ့မှာ ကိုယ့် သူငယ်ချင်းတာဝန်ယူနေတဲ့ ဟိုတယ်ရဲ့ လုပ်ငန်းခွင်မှာ တည်းခိုသူဂျပန်တစ်ယောက် ရဲ့ ရိုက်နှက် စော်ကားမှုကို ခံခဲ့ရပါတယ်။ ဟိုတယ် Management မှ အမှုဖွင့် အရေးယူဖို့ ဆောင်ရွက်တဲ့ အခါမှာ ရဲအရာရှိတွေ လာရောက်စစ်ဆေးပြီး နှိုင်ငံခြားသား နဲ့ပတ်သက်တဲ့ အမှုဖြစ်နေတဲ့ အတွက် ကြောင့် ရဲ အရေးမပိုင်တဲ့ အမှုလို့ ပြောဆိုခဲ့ကြပါတယ်။ဒီအခါမှာ ကိုယ့်သူငယ်ချင်းရဲ့ တောင်းဆို မှုကြောင့် ဟိုတယ် General Manager မှ ဂျပန် သံရုံးကို အကြောင်းကြားပေးခဲ့တယ်။

ဂျပန် သံရုံးက စကာပြန် တစ်ယောက်နှင့် ရဲ့ အရာရှိတွေ ရောက်လာပြီး တရားလို ကိုတရားခံတစ်ယောက် အဖြစ် ပြန်ဆက်ဆံသွားတယ်လို့ သိခဲ့ရပါတယ်။နှစ်ရက် လောက်ကြာမှာ အမှု လာဖွင့်ရန် အကြောင်းကြားသောကြောင့် ကိုယ့်သူငယ်ချင်း ကို ဟိုတယ်က ဆက်သွယ်ပြီး သွားခဲ့ကြတယ်။

ဟိုရောက်တော့ ရဲ့ အရာရှိများကပါးရိုက်ခံရတာ ဒါဏ်ရာရှိလား၊ သွေးထွက်လား ဆေးစာ လုပ်ပြီးပြီလားလို့ ဆီးကြိုမေးချင်ခံရတယ်လို့သိရပါတယ်။ မိန်းခလေး တစ်ယောက်ရဲ့ ကာအိင်္နြေအဇော်ကား ခံရတဲ့ ဖြစ်ရပ်ကို ဒီလို မေးချင်းခံရတာ ကြောင့် ဪ ငါ့တို့နိုင်ငံမှာကိုယ့် နိုင်ငံသားတစ်ယောက် စော်ကားခံရတာကိုတောင် ဆေးစာလိုပါသလားလို့ မေးပြီး တိုင်းတပါးသားကို ကာကွယ်ဖို့စဉ်းစားနေသေးတယ်လို ့ရင်ထုမနာတွေး
မိကြောင်း ပြန်လည်ဖွင့်ပြောခဲ့ပါတယ်။ ရှက်ရှက်နဲ့ ဖြစ်ရပ်မှန်ကို ပြောပြီးတော့ လည်း ပါးရိုက်ခံရတဲ့ ဆေးစာပါမှ အမှုဖွင့်လို့ ရတယ်ဆိုသော ကြောင့် ရန်ကုန် ဆေးရုံကြီးမှာ မျက်နှာ ငယ်စွာနဲ့ လူအများကြားမှာ ဆရာဝန် ထံပြောဆိုပြီး ဆေးစာ ယူခဲ့ပေးရပြန်ပါတယ်။ ”

တလောကလည်း ကပ္ပလီမ နှစ်ယောက်က လှည်းတန်းမှာ ဈေးတန်းထဲ တွေ့ရာလူတွေကို ပါးရိုက်တဲ့အမှုမှာလည်း ရဲစခန်းသွားတိုင်တော့ ဒါက လဝက လုပ်ရမှာဆိုပြီး ပုတ်ထုတ်လိုက်သတဲ့။(ပိုက်ဆံမရဘဲ တိုင်ပတ်မယ့်ကိစ္စဆိုတော့ အမြန်ပုတ်ထုတ်တာပေါ့)။ နောက်ဆုံးတော့ ဂျာနယ်တွေမှာပါလားပြီး အော်ကြက်ဖြစ်လာမှသာ လဝက ဥပဒေအရ အရေးယူလိုက်တယ်တဲ့။(ဗီဇာသက်တမ်းကုန်နေလို့ဆိုပဲ။) ကျန်တဲ့ ပါးရိုက်တဲ့အမှုကိုတော့ ဘာမှ မလုပ်လိုက်ပါဘူး။ ကဲ ကောင်းပါသေးရဲ့လား။ လာပါလိမ့်မယ် နိုင်ငံခြားသားတွေအများကြီး။ ဒီလိုသာ ရဲမကြောက်ရဘူး၊ ရဲတွေကသာ နိုင်ငံခြားသားကို ကြောက်တာမှန်းသိသွားရင် အကုန်သေမယ်။ အဲဒီအချိန် ကာလုံကော ရဲချုပ်ကော အမှုတွေများလာလွန်းလို့ ဒီလို ဘယ်ဂရုစိုက်နိုင်ပါ့မတုန်း။ ရဲ မှ အားမကိုးရ ရင် ဘယ်ခွေးတွေ အားကိုးရမတုန်း။ ဆဲချင်လာပြီ သောက်ကျွန်စိတ်နဲ့ ကောင်တွေကို။

နိုင်ငံခြားသား ဖြစ်နေလို့ လုပ်သမျှကို ရဲအရေးမပိုင်တာလား မိန်းကလေးကိုပါးရိုက်တဲ့ ကိစ္စက ရဲအရေးမိပိုင်တာလား။
ဒါမှမဟုတ် နိုင်ငံခြားသားဖြစ်နေလို့ သွားမထိရဲတားလား။ နိုင်ငံခြားသားနဲ့ ပတ်သက်ရင် အရေးယူတာတွေ စွတ်မလုပ်ဖို့အထက်က ညွှန်ကြားချက်တွေများရှိနေလို့လား။
ဥပဒေ ဆိုတာ တိုင်းနိုင်ငံတစ်ခုရဲ့ အချုပ်အခြာအာဏာပိုင်နယ်မြေအတွင်းမှာ မည်သူ့ကိုမဆို တူညီစွာ သက်ရောက်မှုရှိတယ်ဆိုတာ မဟုတ်ဘူးလား။
တကယ်လို့ မြန်မာလူမျိုးတစ်ယောက်က အလားတူ အပြုအမူမျိုးပြုလုပ်ရင်ကော ရဲတွေက ဒီလိုပဲ ကြည့်နေမှာလား။

ဒီလို စဉ်းစားမိရင်း ကဗျာလေးတစ်ပုဒ် ဂျပန်ကို ဂုဏ်ပြုသောအားဖြင့် ဟိုက္ကူ ဆန်ဆန် ဖွဲ့ကြည့်မိပါတယ်။

လားပေါင်းများစွာ စဉ်းစားမိရာ
လား လား လား လား
လတ်ဆတ်သတ်တော့ လားရာ လွဲလား
လွဲရာ လားလား လားချင်ရာလား
လားတွေ များစွာ ဆိုင်ရာလူများကို
စီး စေချင်မိ လားပေါင်းများစွာ။

14 comments

  • စိန်ပေါက်ပေါက်

    February 10, 2012 at 4:02 pm

    လား..လား..လား..
    ပေါင်းများစွာ စီးစေချင်ပါတယ်..အဲလေ..လားရှားပါးမှုတွေဖြစ်ကုန်ပါဦးမယ်..တခြားဟာစီးခိုင်းပါလားဟင်
    တစ်ဂယ်ဆို ငတင်း ဖာဂေါင်း ဂျပန်ကို အနဲဆုံး နားပန်တစ်ချက်လောက်တော့ ကျင်းပြီးမှ ပြန်လွှတ်သင့်တာ

    • windtalker

      February 10, 2012 at 8:18 pm

      ရန်ကုန်လူမိုက် ၊ “ လမ်းမချော် ဖိုးပေါက် ” ကို ငှားပြီး ရိုက်ခိုင်းမယ်ကွာ ။
      ချကွာ

  • blackchaw

    February 10, 2012 at 4:12 pm

    ဖတ်သွားပြီဗျို့။
    ဥပဒေဖေါက်ဖျက်သူ ကို ဘယ်လူမျိုးဖြစ်ပါစေ
    ပြတ်ပြတ်သားသား အရေးယူ သင့်ပါတယ်။

  • pooch

    February 10, 2012 at 4:33 pm

    ဒီလိုအမှုမှာ ရဲအရေးမပိုင်ဘူးဆိုတဲ့ ရဲတွေက ကိုယ့်လူမျိုးအချင်းချင်းဆို ပြပါလိမ့်မယ် ပါဝါတွေ အာဏာတွေ အသားကုန်၊ နင်းလို့ရတာ အကုန်နင်း ညှစ်လို့ရတာ အကုန်ညှစ်။ နိုင်ငံခြားသားဆို ဘာတွေကြောက်ပြီး ဘာတွေ မထိရဲတာလဲမသိ။ လုပ်ပိုင်ခွင့်ရှိတဲ့ သူက ဥပဒေအရ အရေးယူရမှာကို ကြောက်နေတာဆိုတော့ ပြည်သူပြည်သားများက ဘယ်သူ့အားကိုးရမှာလဲ ။

    ရှေ့လျှောက် ဒီအတိုင်းသာသွားလို့ ကတော့ မလွယ်ဘူး။ ကိုယ့်လူမျိုးကို စောင့်ရှောက်ရမဲ့ဟာ သူက ပြန်ကြောက်နေတော့ မခက်ပေဘူးလား။

  • သိပ်ကိုမှန်ပါတယ်

    ကိုယ့်ဆီကိုလာတဲ့သူကို မစော်ကားမိအောင်အားလုံးမှာတာဝန်ရှိသလို
    လာတဲ့ဧည့်သည်ကလဲ အိမ်ရှင်ကိုစော်ကားရင် ထိရောက်စွာတုန့်ပြန်နိုင်တဲ့
    ဥပဒေရှိသင့်ပါတယ်။
    ဒါမှ မျှတပါမယ်။
    “သူ့ဆိုရင်တော့ ထိလို့မရဘူး”ဆိုတဲ့ကိစ္စများ မြန်မာပြည်မှာချုပ်ငြိမ်းသင့်ပြီထင်ပါကြောင်း
    ထပ်လောင်း၍ဝင်ပွားလိုက်ပါသည်။

  • water-melon

    February 10, 2012 at 5:09 pm

    ဒို့ပြည်ကြီး မှန်ကန်တဲ့ လမ်းဘက်ကို လျှောက်လှန်းနေရင် ဂုဏ်ယူပါကြောင်း
    ပြည်သူ/သား တွေကို ကာကွယ်တဲ့ ဥပဒေထုတ်သင့်ပါကြောင်း
    မြန်မာပြည်ကြီးတိုးတက်ပါစေ။

  • koaung

    February 10, 2012 at 6:09 pm

    အနှစ်သက်ဆုံးပဲဗျိုး ဒီကဗျာကို

  • inz@ghi

    February 10, 2012 at 7:40 pm

    လား လား လား လား …..
    အားပေးသွားတယ် တီတီလင်းရေ….

    တီတီလင်း …အိုင်ဒီယာဒွေ …ဘယ်ကလာတာ လားးးးး ဟင်…
    ရေးပီးတော့ကော ..ဘယ်သွားမလို့ လားးးးးးးးးး

    (လား နဲ့ လဲ ကို ငယ်ငယ်က ဖလှယ်သုံးပီး သများတို့ ဗရုတ်ကျခဲ့တာလေး အမှတ်တရပါ…)

    ခင်တဲ့
    လေဒီဂီဂီ

  • စေပိုင်ထွဋ် (ပုသိမ်)

    February 10, 2012 at 8:02 pm

    ဒီကဗျာလေး မိုက်တယ်
    နိုင်ငံတကာ စံချိန်မှီ ဟိဟိ။။
    လားပေါင်းများစွာ စဉ်းစားမိရာ
    (လား လား လား လား
    လတ်ဆတ်သတ်တော့ လားရာ လွဲလား
    လွဲရာ လားလား လားချင်ရာလား
    လားတွေ များစွာ ဆိုင်ရာလူများကို
    စီး စေချင်မိ လားပေါင်းများစွာ။)

  • MaMa

    February 10, 2012 at 9:00 pm

    သိပ်တော့မဆန်းဘူး ကိုလင်းမြွေရေ။ ကိုယ်တိုင် ကြုံဖူးလို့။
    အလုပ်လျှောက်ဖို့ အကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံစာလိုတော့ ရဝတ မှာ သွားတောင်းတယ်။
    သူတို့နဲ့ မဆိုင်ဘူး။ ရဲစခန်း သွားတဲ့။
    ရဲစခန်းသွားတော့ ရပ်ကွက်က ထောက်ခံရမှာတဲ့။
    အရောင်းအဝယ်လုပ်တော့ ငွေပေးပြီး ပစ္စည်းမရတော့ ရဲစခန်းသွားတိုင်တယ်။
    ရဲအရေးမပို်င်ဘူးတဲ့။
    🙁

    • Thel Nu Aye

      February 10, 2012 at 10:19 pm

      ရဲအရေးက နှစ်လုံး၊ သုံးလုံး၊ တစ်လုံး၊ အနှိပ်ခန်း၊ ကာရာအိုကေသာပိုင်ကြောင်းပါ။

  • surmi

    February 10, 2012 at 10:54 pm

    ရွာထဲမှာလဲရဲရှိတယ်နော်–တိုးတိုး-။

  • shwe tallatr

    February 10, 2012 at 11:40 pm

    မြန်မာပြည်ထဲ နိုင်ငံခြားသားအဝင်နည်းမှာစိုးလို. ဟော်တယ်နဲ.ခရီးသွားလုပ်ငန်းတွေထိခိုက်မှာစိုးလို.လား
    ကိုယ်.ဆီကလူတွေဘာဖြစ်ဖြစ်တဲ.လား မော်ဒန်ကဗျာပဲစပ်လိုက်တော.မယ် လားစီး……

  • padonmar

    February 11, 2012 at 4:11 am

    “အစိုုးရက ပြည်နှင်ဒဏ်ပေးပြီး နောင်မြန်မာနုိုင်ငံလာခွင့် ဗီဇာပါ ရာသက်ပန် ပိတ်ပင်ခဲ့ပါတယ်။”
    မီဒီယာကြောင့်ရလာတဲ့ ရလာဒ်ပါ။ ဒီလိုပဲ ဖြစ်သင့်ပါတယ်။

Leave a Reply