Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မကြီးကျယ်

aye.kkFebruary 12, 20121min2998

ကျမအမမကြီးကျယ်သည် အသန့်အပြန့်လွန်စွာကြိုက်နှစ်သက်ပြီး အလှအပလည်းအလွန်အမင်းနှစ်သက်ခါ နာမည်နှင့်လိုက်အောင်ပင်အစစအရာရာကြီးကျယ် သည့်သူတစ်ယောက်ဖြစ်ပါသည်။
ရုပ်ရည်လည်းလွန်စွာချောမောလှပသည့်သူဖြစ်ပါသည်၊တစ်မြို ့လုံးကလည်းရွှေမင်းသ္မီးလေးဟု ပင်တင်စားခေါ်ဝေါ်ကြပါသည်။ အဖေဖြစ်သူကပင်…ကျမအမမကြီးကျယ်အား သူ့ ့ဂုဏ်သတင်းနှင့်သူလာသည့်သူဟုပြောဆိုခါ ရွှေမင်းသ္မီး အမည်နာမအားကြိုက်နှစ်သက်သဖြင့် ထိုအမည်နာမကိုခွင့်ပြုမှည့်ခေါ်ပေးခဲ့ပါသည်။တစ်မြို့ ့လုံးကလည်းကျမအစ်မမကြီးကျယ် အားမသိသူမရှိသလောက်ပင်ဖြစ်ပါသည်။
(ကလေးနှင့်ခွေးကအစဟုပြောလျှင်တောင်ရပါသည်) ကျမအမနှင့်ကျမတို့ ့အတူတွဲသွားကြလျှင် ကျမအားအိမ်ဖော်လားဟုပင်အမေးခံရပါသည်။ ကျမကသာမာန်ရိုးရိုးဘဲနေထိုင်ဝတ်စားတတ်ခါ ဆံပင်ကဘိုကေအမြင့်နှင့်နေတတ်သူတယောက်ဖြစ်ပါသည်။ အစ်မမကြီးကျယ်ကား အိုမီဂါဆံပင်ပုံစံ(ဂုတ်ဝဲ) ထားပီး အင်္ကျီအဝတ်အစားမှအစ ခေတ်ဆန်စွာဝတ်စားဆင်ယင် ကါအမြဲနေထိုင်တတ်သဖြင့် တချို ့ကညီအမဟု မထင်ကြသည့်အပြင် အိမ်ဖော်ဟုအထင်မှားကြပါသည်။ (အစ်မမကြီးကျယ်က ကျမထက်ရုပ်ရည်သာလွန်ခါ လွန်စွာချောမောလှပ၍လည်းဖြစ်ပါမည်)
အမေကလည်း ကျမအစ်မမကြီးကျယ်အား ချစ်အားပိုရခါ အရိပ်တကြည့်ကြည့်နှင့်ပင် ဖြစ်ပါသည်။ အမေက..ကျမအားညီအစ်မဖြစ်တာတောင် ရုပ်ရည်ခြင်းကွဲပြားခါခြားနား၍ လာကြသည်။ သ္မီးကအရင်ဘဝက သင်္ကန်း၊ဆွမ်းအလှူ ဒါနပြုခဲ့တာနည်းပါး၍ဖြစ်မည်ဟုပြောဆိုပါသည်။ အစ်မမကြီးကျယ်လို အသားအရေချောမောလှပချင်ပါက ယခုဘဝတွင်ဆွမ်း၊သင်္ကန်းတို့အားကိုယ်တိုင်ကိုယ်ကျ(ကိုယ်ထိလက်ရောက်) ကပ်လှူခါဒါနများများပြုပါဟုပြောဆိုပါသည်။ အမေသည် ဥပုသ်ကျောင်းသွားသည့်အခါတိုင်း၌လည်းကျမတို့ ညီအစ်မအားအမြဲတစေခေါ်သွားတတ်ပါသည်။ ဘုန်းကြီးကျောင်းရောက်ပါကလည်းကျမတို့ညီအစ်မအား ကုသိုလ်ရရှိရန် ဘုန်းကြီးများသုံးသည့် ကုဋီအိမ်(ရေအိမ်)အား သန့်ရှင်းဆေးကြောခိုင်းပါသည်။ အိမ်ကလုပ်သည့်အုန်းလက်တံမျက်စည်းဖြင့်ယူသွားပီးသွားလှူ၍ ဘုန်းကြီကျောင်းပတ်ဝန်းကျင်တဝိုက်တို့ အားတံမျက်စည်းလှဲခါကုသိုလ်ယူခိုင်းတတ်ပါသည်။ ထိုအခါမျိုးဆိုလျှင်အစ်မမကြီးကျယ်က ဟိုနားယောင်ယောင်ဒီနားယောင်ယောင် လုပ်တတ်ခြင်းပင်ဖြစ်ပါသည်။ ကျမကအမေ့အားတိုင်လျှင် ညီအစ်မခြင်းအရင်းကြီးဖြစ်ခါတွက်ကပ်မနေနဲ့ဟုပြောပြီး ကိုယ်ဘဲပြန်အဆူခံရတတ်ပါသည်။
အမေသည် အစ်မမကြီးကျယ်အား ရွှေငွေရတနာ လက်ဝတ်လက်စားတို့အားဒီဇိုင်းပုံစံ အမျိုးမျိုးတို့ဖြင့်တစ်လတစ်ခါမရိုးနိုင်
အောင် ပင်ဆင်ယင်ပေးပါသည်။ (နီလာ၊ပတ္တမြား၊မြ၊ကျောက်စိမ်း၊မရိုးနိုင်အောင်ပါပင်)….
အမေသည်သူ့၏ မိဘလက်ထက်ဆင်မြန်းပေးခဲ့သည့် စိန်ထည်ကအစပင်ပေးဝတ်ခါ ဆင်ယင်ပေးပါသည်၊ကျမကိုမူသာမာန်မျှုသာ အမေကဆင်ပါသည်။ အစ်မမကြီးကျယ်သည်မောင်နှမအားလုံးထဲတွင်အလိုလိုက်ခံရသူလည်း ဖြစ်ပါသည်။ ထိုကြောင့်ပင်ကြီးကျယ်သွားတာလား ဟုပြောရမလိုတောင်ပင်ဖြစ်ပါသည်။ အစားစားရာတွင်လည်းချေးထူသည် ၊ အိမ်အကူတို့က အသုတ်လုပ်ကျွေးသည့်အခါမျိုးဆိုလျှင် သူတို့၏ လက်အားပလပ်စတစ်ဖြင့်စွပ်ပြီးမှသာသုပ်ခိုင်းတတ်ပါသည်။ လမ်းဘေးအစားအသောက်ဆိုင်တို့ဆိုလျှင် ယောင်၍မျှပင်မစားပါ ။ အဝတ်အစားဝတ်ဆင်တာက အစအနောက်တိုင်းစတိုင်သာဆင်ယင်ဝတ်စားပါသည်။ အပ်ချုပ်ဆိုင်ကလည်းအစ်မမကြီးကျယ်အတွက် ဟုဆိုခါ နိုင်ငံခြားမှကတ်တလောက်ဒီဇိုင်းပုံစံစာအုပ်တို့အား တစ်လတစ်ခါမှာယူပေးရပါသည်။ တောမှာမွေး၍သာတော်တော့၏။ ပိတ်ကတော့အဆင့်မြင့်ဆုံး တန်ဘိုးအမြင့်ဆုံး ဈေးအကြီးဆုံးကိုမှသာဝယ်ဝတ်တတ်ပါသည်။ အဖေကချစ်သဖြင့်အစွမ်းကုန်အလိုလိုက်ပါသည်။ကျမနှင့် အစ်မမကြီးကျယ်တို့တစ်ခါတွင်ကျိုက်ထီးရိုးဘုရားဖူး အတူတူသွားဖူးဘူးပါသည်။ အမေက..အစ်မမကြီးကျယ်အား ဘုရားသွားလျှင်ဘောင်းဘီမဝတ်ဆင်ပါနှင့်ဟုတားမြစ်ခါ မယူသွားနှင့်ဟုပြောဆိုပါသည်။ အစ်မမကြီးကျယ်ကားခိုးဝှက်၍ယူထည့်သွားခဲ့မှန်း ကျမကနောက်မှသိရသည်။ ဘုရားဖူးပြီးအပြန်တွင် အစ်မမကြီးကျယ်သည် ရင်ပြင်တော်အဆင်းနားလေးတွင် ဆိုင်တစ်ဆိုင်ထဲဝင်ခါ ရေအိမ်တွင်ဝင်၍ အပေါ်ထမီအားချွတ်ပြီးထွက်လာမှသာ အထဲမှာခေါင်းလောင်းဘောင်းဘီတထပ်အားထပ်ဝတ်ထားထား မှန်းကျမကသိရပါတော့သည်။ ကျမကရှက်လွန်းသဖြင့်အစ်မမကြီးကျယ်အား ထိုပုံစံနှင့်ဝတ်စားထားပါကအတူတူမသွားချင်ဟုပြောလျှင်မရပါ ရန်ဖြစ်လာကြရပါသည်။ ကျမကအစ်မနှင့်ကခပ်ခွါခွါမလှမ်းမကမ်းမှနေပီးသွားခဲ့ပါသည် ။ ကျမအစ်မမကြီးကျယ်အား…လမ်းတစ်လျှောက်လုံးတွေ့ ့သမျှလူရွယ်များကလည်း နိုင်ငံမှားဆင်းလာသလားဟုပြောဆိုကြပါသည် ။ နိုင်ငံခြားသူဟုထင်မှတ်ခါ ဘိုလိုနှုတ်ဆက်သူတွေနှင့် လည်းတွေ ့ကြရပါသည်။ တချို ့ကလည်း နိုင်ငံခြားသူဟုပင်တကယ်ထင်မှတ်ကြပါသည် ။ ထိုသို့အထင်ခံရမှုကိုလည်း ကျမအမ မကြီးကျယ်ကအလွန် သဘောကျနှစ်ခြိုက်ခါသာ ရယ်မောပျော်ရွှင်၍နေပါသည်။သူကလည်း ဘိုလိုပြန်နှုတ်ဆက်နေပါသည်။ တချို့ဘုရာဖူးခရီးသည်လူရွယ်များက အစ်မ၏ဝတ်စားဆင်ယင်မှုအား ကြည့်ပီး၊အကောင်ကြီးကြီးသားသ္မီးလား၊ဝန်ကြီးတစ်ဦးဦး၏ သားသ္မီးလားဟုပင်ထင်မှတ်ကြခါ အနားမသီရဲပဲ ထင်ကြေးအမျိုးမျိုးပေးသွားကြပါသည်။ ကျမအစ်မမကြီးကျယ်က အမေဆင်ထားပေးသည့် လက်ဝတ်ရတနာဒီဇိုင်းပုံစံအလှဆုံးတို့အားရွေးကာဝတ်ဆင်ထားသည့်အပြင် ရွှေခြေချင်းအသေးစားအားလည်း ခြေမျက်စေ့နားဝတ်ဆင်ထားသေးသည်။ ဘုရားဖူးလူရွှယ်အချင်းချင်းတချို့ကလည်း မစ..မနောက်..မေပြောင်ရန်နှင့် ဘုရားဖူးလာတာလိပ်ဥတူးမိခါမှ ကံမကောင်းပါကအချုပ်ထဲရောက်မှာစိုးရသည်ဟု ပြောဆိုကြပါသည်။ အစ်မမကြီးကျယ်က အရပ်ကလည်းအလွန်မြင့်ပီး.. အသားကလည်းဖြူဆွတ်၊ခြေသလုံးပေါင်တံများက
ဖြောင့်စင်းနေခါ၊ဝတ်ထားတာ ကလည်းခေါင်းလောင်းအင်္ကျီ(လက်စက)ခေါင်းလောင်းဘောင်းဘီ (နို့နှစ်ရောင်)ဝမ်းဆက် ဝတ်ဆင်ထားခါအချိုးကျနေသည့်အတွက် အမမကြီးကျယ်၏အလှမှာအထင်းသားပေါ်လွင်နေသည့်အပြင် နိုင်ငံခြားသူဟုထင်မှတ်မှားကြခြင်းဖြစ်ပါသည်။ (ထိုအချိန်၁၉၇၃ခုနှစ်လောက်ကထိုသို့ဝတ်စားဆင်ယင်မှုမျိုးကမရှိသလောက်ရှားပါး၍ဖြစ်ပါမည်)အသက်ကြီးသူများကလည်း နိုင်ငံခြားသူဟုထင်မှတ်ကြခါ ဘုရားသို့ဘောင်းဘီဝတ်နှင့် လာရောက်ဘုရားဖူးတာမသင့် စကဒ်ဝတ်သင့်သည် စကဒ်ဆိုကလည်း ဒူးဂေါင်းအောက်အရှည်မျိုးပေးဝတ်သင့်သည် ဂေါပကလူကြီးများမှစည်းကမ်းအမိန့်ထုတ်ပေးသင့်သည်ဟု အစရှိသည်တို့အားပြောဆိုခါသွားကြပါသည်။ ကျမမှာထိုစကားအမျိုးမျိုးတို့အား စိတ်ရှုပ်စွာကြားသိရသည့်အတွက် စိတ်ဆင်းရဲကြီးစွာနှင့်သာပြန်ဆင်းလာခဲ့ရပါသည် ။ အစ်မမကြီးကျယ်က သူ့ကိုသူလူအထင်ကြီးအောင်ပင်မက နိုင်ငံခြားသူဟုထင်မှတ်ရလောက်ပင် ပုံမှားရိုက်ခါ ရှိူးထုတ်ရမှုအား နှလုံးပီတိ ဂွမ်းဆီထိနေသလားတော့ မသိပါ..ဘုရားဖူးကုသိုလ်ရဘို့ထက် ရှိူးထုတ်ရတာကိုအလွန်ကျေနပ်ပျော်ရွှင်၍နေပါတော့သည် ။ ကျမအား…အစ်မမကြီးကျယ်ကဘောင်းဘီဝတ်ဆင်မှုအား အမေနှင့်တိုင်မပြောရန်နှုတ်ပိတ်ခိုင်းထားပါသေးသည် ၊ အစ်မမကြီးကျယ်က ကျမအားဗိုလ်ကျအနိုင်ယူသည်ဟုမြင်နေမိပါသည်။ အိမ်ပြန်ရောက်လျှင် အစ်ကိုက..ကျမအား နင့်အမနောက်ယင်ကောင်တွေ တလောင်းလောင်းလိုက်မလာကြဘူးလားဟုမေးပါတော့သည်။ အစ်ကိုပြောသည့်စကားအဓိပါယ်အားကျမနားမလည်ပါဘဲ ဒုံးဝေးရခါ ကျမမှာတစ်လမ်းလုံးပင်စိတ်ဆင်းရဲကိုယ်ဆင်းစွာ ဖြင့့်ပြန်လာရသည်၊ဘုရားဖူးတာကုသိုလ်ရပါသည်။ အစ်မမကြီးကျယ်နှင့်ပြန်လာရတာငရဲရသည်နောင်တွင် အမနှင့်ကျမဘယ်ကိုမှမသွားချင်ပါဟုပြောခါဝမ်းနည်းလာပြီး အိမ်ပေါ်ထပ်အတက်လှေခါးနားတွင် သွားပြီးထိုင်ငိုနေမိပါသည်။ အစ်ကိုကကျမအားလာ၍ချော့မော့ခါ အမေ့ကိုတော့ဘာမှမပြန်ပြောပါနဲ့အစ်မမကြီးကျယ်အား အစ်ကိုဆုံးမမည်။ သူကအစ်ကိုလုပ်တာမှန်သမျှကိုအတုလိုက်ခိုးသည်၊ အစ်ကိုဖလဲပင်(ရယ်ဒီမိတ်)ဘောင်းဘီဝယ်ဝတ်တာမြင်၍ သူကအစ်ကို့အားအတုခိုးခါခေါင်းလောင်းဘောင်းဘီပုံစံအား အပ်ချုပ်ဆိုင်သွား၍အပ်ခါချုပ်လုပ်ဝတ်ဆင်သည်။ သူအဲဒီလိုငါလုပ်သလိုလိုက်လုပ်နေလို့ကတော့.. ဖားတု၍ခရုခုန်ကခရုအိုင်ပျက်ရုံသာရှိမည်။ သူခေါင်းလောင်းဘောင်းဘီချုပ်ထားတာ ဘုရားသွားလျှင်ဝတ်မှာစိုး၍ အမေကမယူသွားရန်တားမြစ်တာ အစ်ကိုကြားပါသည်၊အမေမသိအောင်သူခိုးထည့်ထားသဖြင့် အစ်ကိုကလည်းသူမသိအောင်ပြန်ထုတ်ထားခါ ဘောင်းဘီအားဖွက်ထားခဲ့မိသည်။ ဒါကိုသူသိသွားလားမပြောတတ်ပါ။ ချက်ခြင်းမသွားနိုင်ဘဲဟိုအကြာင်းဒီအကြောင်းပြနဲ့ သွားရမယ့်အရေးမသွားနိုင်ဘဲအချိန်ဆွဲနေခဲ့တာကိုး.။ ညီမတို့သွားပြီးနင့်အမဘောင်းဘီက ငါထားထားသည့်နေရာမှာမရှိတော့ဘူး။ဒါကြောင့်ညီမလေး ကိုအစ်ကိုကအစ်မမကြီးကျယ်နောက်က ယင်ကောင်တွေတလောင်းလောင်းလိုက်မလာဘူးလားလို့ မေးတာပါဟုပြောပြပါသည်။ အညှီရှီရာယင်အုံလာသည် နင့်အမကဘုရားသွားဖူးတာမဟုတ်ပဲ ရှိုးသွားထုတ်တာနှင့်တူနေသည် မိန်းကလေးဖြစ်ပြီးငါ့ကိုအတုခိုးခါဘောင်းဘီ သွားချုပ်ထားသည်။ဘုရားဖူသွားတာတော့ဝတ်မသွားသင့်ပါ အနေအထိုင်မတတ်ရင်ယောက်ျားလေးတွေက စခြင်နောက်ခြင်ကြမှာငါသိတယ်၊ငါစိတ်ပူမိတယ်။ မစ.. မနောက်ရဲတာတောင်မှအကဲ့ရဲ ့ခံခဲ့ရမှာတော့အသေအချာဘဲဟုအစ်ကိုက လည်းသူ့အထင်ကိုပြောပြပါတော့သည် ။ ညီမစိတ်ဆင်းရဲပြီးငိုမနေပါနှင့်ဟု ဆိုပီးချော့မော့ပါသည်။ ဘာပဲပြောပြောတစ်အိမ်လုံးမှာငါ့ညီမကအလိမ္မာဆုံးပါဘဲဟုဆိုခါ အစ်ကိုကကျမအားချီးမွမ်းပြောဆိုပါသည်။ အစ်ကိုသိသွား၍အစ်မအားဆုံးမလျှင်..အမကကျမအားပြန်ပြောသည်မှာရှေ့ဆောင်နွားလားဖြောင့်ဖြောင့်မ သွားလျှင်ငယ်နွားငါကဖြောင့်ဖြောင့်မလိုက်နိုင်ဟုဆိုပါတော့သည်။အစ်ကိုနှင့်အစ်မမကြီးကျယ်တို့အားကြည့်ခါ ကျမကတရားကျနေမိပါတော့သည်။
ကျမကအစ်မမကြီးကျယ်နှင့် အစစအရာရာကွာခြားနေမှုတို့အားရင်ထဲတွင်ခံစားနေရသဖြင့် ဘကြီးအားတစ်ရက်တွင်ဖြစ်ကြောင်းကုန်စင်တို့အား ရင်ဖွင့်ခါပြောပြမိပါသည်။ ဘကြီးကကျမအားအားဆုံးမသည်မှာ..အစ်မမကြီးကျယ်က အတိတ်ဘဝက အဟောင်းစားသည့်သူသာဖြစ်သည်။ သူ့ပြုလုပ်ထားခဲ့သည့်ရှေးကကုသိုလ်ရှိသဖြင့် အသားအရေလှပချောမောခါပြေပြစ်သည်၊ယခု ဘဝကုသိုလ်ထပ်မံပြုထားခြင်းမရှိပါက လာမည့်သံသရာဘဝတွင်သ္မီးမျှ လောက်ကံမကောင်းနိုင်ပါ၊သ္မီးအခုပြုထားသော ကုသိုလ်ရှိပါလျှင် နောင်သံသရာတွင်သာမက လက်ရှိဘဝမှာပါ အကျိုးခံစားရမည်ကမုချအမှန်ပင်ဖြစ်သည်။ အစ်မမကြီးကျယ်က မိဘတို့ထံတွင်အကြွေးလာတောင်းသူဖြစ်၍ ကုသိုလ်အရှိန်အဟုန်မကုန်ဆုံးသရွေ ့ကံအကျိုးပေးကောင်းမွန်နေပေမယ့် ရေရှည်တွင်ကံမကောင်းနိုင်ပါ သ္မီးကမိဘတို့အားစိတ်ထားကောင်းမွန်စွာဖြင့်ပြုမူနေထိုင်လျှင် သ္မီးပြုထားသည့်ကောင်းမှုကုသိုလ်ကံတို့က ယခုဘဝတွင်သာမက နောင်ဘဝတွင်အထိကောင်းပါသည်။ သ္မီးအမအားလည်းဘကြီးဆုံးမပါဦးမည်ဟု ဆိုပါတော့သတည်း။
(ဝေဖန်ထင်မြင်ချက်များအားတောင်းခံအပ်ပါသည်)

8 comments

  • Khin Latt

    February 13, 2012 at 3:54 am

    အစ်မအေး ရေ
    အစ်မ ရေးတဲ့ ဘဝ ဇာတ်ကြောင်း လေးတွေ က မရိုးနိုင်အောင်ပါဘဲ။
    ရုပ်ချောတယ် လို့ ပြောခံရတဲ့ မိန်းကလေးတိုင်းဟာ သူတို့ကို လှသည်ထက်လှအောင် ပြင်လေ့ရှိတာ ဓမ္မတာ လို့ ထင်တာပါဘဲ။
    အဲဒီခေတ်က မိန်းကလေး ဘောင်းဘီရှည် ဝတ်တာ အတော်လေးကို ဟော့ရှော့ လို့ သတ်မှတ်ကြ တာ ကလား။
    အစ်မ ကြားက အနေခက်နေမှာကိုလဲ တွေးကြည့်မိပါရဲ့။
    အစ်မ ရဲ့ အစ်မကို ဝေဖန်ကြည့် ရင် ဘောင်းဘီ ကို ဘုရားမဟုတ်ဘဲ တစ်ခြား သွားမှ ဝတ်သင့်ပါတယ်။
    လူငယ် သဘာဝ ဆိုပေမဲ့ အမေ့ စကား ကို တော့နားထောင် သင့်တယ် ထင်ပါတယ်။

    ဒါပေမဲ့ အစ်မ အမေ ကလဲ ဆုံးမပဲ့ပြင် ကောင်းတာ အပြင် ဘကြီး က လဲ “ရုပ်လှဖို့ထက် စိတ်လှဖို့ အကြောင်း” သွန်သင် မယ် ဆိုတော့ နဲနဲ အရွယ်လေးရလာချိန် မှာတော့ တည်ငြိမ် သွားမယ် လို့ တွေးမိပါတယ်။

    ဆက်ပါဦး အစ်မရေ။ 🙂

  • koaung

    February 13, 2012 at 4:54 am

    မမြဲသောတရားသည်သာ တည်မြဲသောသဘောရှိ၏ ဖြစ်ခြင်း ပျက်ခြင်း တို့တွင်အခြေခံသော ရုပ်ခံတာတို့တွင် တပ်မက်ခြင်းစွဲလမ်းခြင်းများသည် အခိုက်အတန့်သောအချိန်ကာလတခုအထိသာဖြစ်၏
    (ဘားဂလစ် အသုံးပြုရသည်ဖြစ်၍သတ်ပုံမှားပါကခွင့်လွှတ်ပါရန်)

  • ဆူး

    February 13, 2012 at 10:46 am

    အခု လတ်တလော ဆူး လည်း ပတ်ဝန်းကျင်မှာ အဟောင်းစားကို တွေ့နေရတယ်။ အလှအပ စီးပွားဥစ္စာ ဩဇာ အာဏာ ထင်ပေါ်ကျော်ကြားမှု ပြည့်စုံတယ်လို့ ပြောလို့ ရတယ်။
    အတိတ်က အကျိုးပေး ကောင်းလို့ ကောင်းစားနေတာ အမြဲ ကောင်းလိမ့်မယ် ထင်နေတယ်။
    အကျိုးပေးကောင်းတော့ အလုပ်မရှိလည်း အေးဆေး နေရတော့ ပျင်းနေပုံရတယ်။ သူများ ကိစ္စတွေ စိတ်ဝင်စားပြီး အချင်းချင်း စိတ်ဝမ်းကွဲအောင် လုပ်တဲ့ စကားတွေ ပလီပလာနဲ့ ငြိမ်ငြိမ်နေ မပတ်သတ်လည်း အတင်းကို အစပ်အဆက်မရှိ ယုံတမ်းတွေနဲ့ အမျိုးစုံ စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်တတ်တယ်။

    ဘာသာရေး နဲ့ ပတ်သတ်လို့ သေချာ မသိခင်ကတော့ သူနဲ့ ပြိုင်မိုက်ဖို့ ကြိုးစားခဲ့ပေမဲ့..
    အခု အချိန်မှာတော့ ကိုယ့်ထက် စာရင်းဇယားပိုင်ပိုင် နိုင်နိုင်နဲ့ သေချာ ကိုင်တွယ်တတ်တဲ့ ကံကြမ္မာကြီး ကို ငါပြုခဲ့လို့ ခံရတာ.. ပြုသူ အသစ် ဖြစ်သူ အဟောင်းမို့.. ဒီလို လူတွေကို အာရုံထားရတာ စိတ်အကြည်ဓါတ်တွေ နောက်ကျိတာပဲ အဖတ်တင်လို့.. အချိန်ပေးပြီး စိတ်ထဲမှာ တွေးကို မတွေးမိအောင် နေတယ်။

  • ဦးဦးပါလေရာ

    February 13, 2012 at 11:18 am

    ပိုစ့်အလိုအရ သံသရာနဲ့ ကံရဲ့အကျိုးပေးကို ယုံကြည်တဲ့သဘောရှိလို့ စိတ်ထဲပေါ်တာလေး ဝင်ပြောပါမယ်။

    ကာမာဝစရကုသိုလ်တွေကြောင့် ကံတွေက အကျိုးပေးရာမှာ ဆင့်ကဲဆင့်ကဲ ကြောင်းကျိုးပြုသွားတာမို့ နားလည်ဘို့လဲခက် ကောင်းမကောင်း မုချဆုံးဖြတ်ဘို့လဲ ခက်ပါတယ်။

    ကံကောင်းလို့ ရုပ်ချော ဥစ္စာပေါသူတွေဟာ အသိက လက်မဦးရင် အဲဒီ အဆင်းဥစ္စာတို့ကိုအကြောင်းပြုပြီး နှစ်သက်တဲ့ တဏှာလဲဖြစ်တယ်၊ အလွန်နှစ်သက်တဲ့ ဝိရာဂလဲဖြစ်တယ်၊ အဲဒါကြောင့် မာနလဲဖြစ်တယ်၊ အတိမာနလဲဖြစ်တယ်၊ ဆက်လိုက်တော့ အတွေးအခေါ်တွေလွဲ၊ အကြံအစည်တွေလွဲ တာဖြစ်တတ်ပါတယ်။ အဲသလိုဆိုတော့ ရုပ်ချောဥစ္စာပေါတာ ကံကောင်းတာလို့တောင် ပြောရခက်ခက်ပါပဲ။

    ကိုယ့်ကိုယ်ကို ဥပမပေးရရင် ဦးပါလေရာဆိုသူဟာ ဥပတိဝိပတ္တိလို့ပြောလောက်အောင် ရုပ်အဆင်းညံ့ဖျင်းပါတယ်။
    အင်း … အရပ်လိုပြောတော့ အရပ်ပုပြီး ရုပ်မလှဘူးဆိုပါစို့ …။

    အဲဒါ ငယ်ငယ်တုန်းက တော်တော်စိတ်အနှောက်အယှက်ဖြစ်တယ်။
    သူ့သူငယ်ချင်းတယောက်ကတော့ အဲဒါနဲ့ဆန့်ကျင်ဘက်-
    ဖြူဖြူ ချောချော ရုပ်ဖြောင့်ဖြောင့် စတိုင်ကျကျ၊ “ ရေလည်မိုက် ” တယ်…
    ဆယ်တန်းအောင်ပြီးလို့ တက္ကသိုလ်မတက်ခင်မှာတင် ရည်းစားလေးယောက်ထားဘူးတယ်။
    ငယ်ငယ်တုန်းကတော့ သူ့ကိုအားကျလိုက်တာ…..

    အခုအဘိုးကြီးဖြစ် (လေးဆယ့်ခွန်) လာတော့ သူနဲ့ကိုယ်နဲ့ လဲလို့ရမယ်ဆိုရင်လဲ..
    လုံးဝ လုံးဝ လုံးဝ မလဲလိုတော့ပါဗျား………။
    သူ့ဘက်က အလိုက်ပေးမယ်ဆိုရင်တောင် ပြန်အမ်းပြီး ငြင်းလိုက်ဦးမှာပါလို့ ………။

  • ကြောင်ကြီး

    February 13, 2012 at 12:24 pm

    သဂျီးလေသဂျီး….။ ပြောဒေါ့ဘူး.. 🙄

  • စိန်ပေါက်ပေါက်

    February 13, 2012 at 3:30 pm

    ဟီး..ဟီး..
    ဘကြီးပြောတာ အဟောင်းစား ဆိုပဲ
    တားတို ့လဲ အဟောင်းစားချင်လိုက်ပါဘိ 😀
    အန်တီအေးရေ..
    တတ်နိုင်သလောက် ကိုယ်က ကြားထဲက အကုသလိုလ် မရအောင်သာ ဂရုစိုက်ပါဗျာ
    ဒီခေတ်မှာ အဟောင်းစားတွေတော်တော်ပေါတယ်..

  • aye.kk

    February 13, 2012 at 10:38 pm

    မလတ်,…
    ထင်မြင်ချက်လေးနဲ့အားပေးစကားအတွက်ကျေးဇူးပါ။
    ကိုအောင်,..ကျေးဇူးပါ။
    ဆူး…နေတတ်မှကျေနပ်စရာဖြစ်ရတယ်..
    တစ်ခါတစ်ခါကျတော့လေ..
    ကိုယ်လည်းလေလူကီလူသားပေမို့ဆိုပြီးဖြစ်မိခဲ့တယ်။
    ဦးဦးပါလေရာ,…မှတ်သားစရာမို့ကျေးဇူးပါ။
    ကိုကြောင်ကြီး..ပြောပါ၊အချင်းချင်းအားနာရမယ့်သူမဟုတ်ပါဘူး။
    ကိုစိန်ပေါက်ပေါက်…
    အဟာင်းစားထားတာမရှိခဲ့တော့…
    အကောင်းစားမနေခဲ့ရပါဘူး..
    မောင်နှမချင်းတူပေမယ့်..
    ကုသိုလ်ကကွာခြားခဲ့ကြတယ်။

  • padonmar

    February 13, 2012 at 11:29 pm

    ရှေးကကောင်းလို့ အခုကောင်းပါသည်၊
    ရှေးကဆိုးလို့ အခုဆိုးပါသည်၊
    နောင်မဆိုးအောင် ခုကောင်းပါတော့မည်တဲ့။
    ကံ-ကံ၏အကျိုးကို တကယ်ယုံရင် ဘာအဆိုးမှ မလုပ်ချင်တော့ပါဘူး။
    (ဒီစာတွေ သူကြီးမမြင်ပါစေနဲ့ဗျို့)

Leave a Reply